What is Code.org?
Discord Server for self learners is now opened!
What is Code.org?
Code.org အကြောင်း ကို Learner တို့ သိရှိပြီးကြပြီလား?🧐
Code.org ဆိုတာကတော့ အွန်လိုင်းသင်ယူမှုပလပ်ဖောင်းတစ်ခုဖြစ်ပြီးတော့ တစ်စိတ်တစ်ပိုင်းအဖြစ် ကွန်ပျူတာသိပ္ပံဘာသာရပ်ကို သင်ယူခွင့်ရနိုင်စေဖို့ မျှော်မှန်းချက်အတွက် ရည်ရွယ်ထားတဲ့ အကျိုးအမြတ်မယူတဲ့ ပညာရေး ဆန်းသစ်တီထွင်မှု အဖွဲ့အစည်းတစ်ခုဖြစ်ပဲဖြစ်ပါတယ်။
Code.org ဟာဆိုရင် အခြားကိုယ်စားပြုအဖွဲ့များမှ လူငယ်တွေနဲ့ ကျောင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုကို တိုးမြှင့်ခြင်းအပေါ် အာရုံစိုက်ပေးပြီးတော့ ကျောင်းတွေမှာ ကွန်ပျူတာသိပ္ပံပညာကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အကြီးဆုံးကျောင်းခရိုင်တွေမှာ K-12 ကွန်ပျူတာသိပ္ပံသင်ရိုးညွှန်းတမ်းကို ဦးဆောင်ပံ့ပိုးပေးသူဖြစ်တဲ့ Code.org ဟာကမ္ဘာပေါ် မှာရှိတဲ့ ကျောင်းသားအားလုံးရဲ့ ၁၅% ကျော်ပါဝင်တဲ့ နှစ်စဉ် Hour of Code လှုပ်ရှားမှုကိုလည်း စီစဉ်ပေးပါသေးတယ်။ Code.org ကို Microsoft၊ Amazon၊ Google နဲ့ အခြားသော အလှူရှင်များစွာ အပါအဝင် အခြားသော အလှူရှင်တွေကပါ ပံ့ပိုးပေးထားပါတယ်နော်။
2013 ခုနှစ်မှာ Code.org ကို အမြွှာညီအကို Hadi နှင့် Ali Partovi တို့က ကွန်ပျူတာသိပ္ပံကို မြှင့်တင်တဲ့ ဗီဒီယိုနဲ့ စတင်ခဲ့တာပါ။ ထိုဗီဒီယိုက YouTube မှာတစ်ရက်အတွင်း နံပါတ် ၁ ဖြစ်လာပြီး ကျောင်းပေါင်း 15,000 က Code.org ဆီကနေ အကူအညီတောင်းခံခဲ့ကြပါတယ်။ အဲ့ဒီ့အချိန်ကစပြီး၊ Code.org ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လှုပ်ရှားမှုတွေကို ပံ့ပိုးပေးတဲ့ အဖွဲ့အစည်း အပြည့်အစုံကို တည်ဆောက်ဖို့ စေတနာ့ဝန်ထမ်းတွေကနေမှ အဖွဲ့စည်းအဖြစ် တိုးချဲ့လုပ်ဆောင်လာခဲ့ပါသည်။ ကံကောင်းသူအနည်းငယ်မျှသာမဟုတ်ဘဲ အရည်အသွေးရှိတဲ့ ကွန်ပျူတာသိပ္ပံပညာရေးကို ကလေးတိုင်း ရရှိသင့်တယ်လို့ Code.org က Founder တွေကယုံကြည်ကြပါတယ်။😇🤯
အခုလို Educational Website တစ်ခုဖြစ်တဲ့ Code.org အကြောင်းကို Learner တို့သိရှိစေဖို့မျှဝေပေးလိုက်ပါတယ်နော်😉။ Code.org အကြောင်း ထပ်မံသိရှိချင်တယ်
ဒါမှမဟုတ် အခြားသော Educational Websites တွေကိုပါသိရှိချင်လိုမယ်ဆို အောက်မှာပေးထားတဲ့ Survey form link မှာပြောပြပေးနိုင်ပါတယ်နော်။ Form link ကအမြဲဖွင့်ထားတာမို့လို့ ကြိုက်တဲ့အချိန်တိုင်းပြောပြပေးနိုင်ပါတယ်နော်။
Survey form link : https://forms.gle/U8EY9mJTTEhcKfDFA
Anything you would like to suggest to Learners Platform: https://forms.gle/aMQ6TxG8J7uvGMjr5
အသစ်သစ်သော အကြောင်းအရာများကို အချိန်နဲ့ တပြေးညီ သိရှိစေဖို့ page ကို Like & Follow လုပ်ထားနိုင်ပါတယ်။