What is edX?
Discord Server for self learners is now opened!
What is edX?
Edx အကြောင်း ကို Learner တို့ သိရှိပြီးကြပြီလား?🧐
edX ဟာဆိုရင် Harvard University နဲ့ Massachusetts Institute of Technology မှတည်ထောင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျိုးအမြတ်မယူတဲ့ အွန်လိုင်း သင်ယူမှုပလက်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။ edX မှာဘာသာစကား ၃၄ မျိုးကျော်နဲ့ သင်တန်းများစွာရှိပြီးတော့ နိုင်ငံပေါင်း ၇၀ ကျော်မှ သင်ယူသူ ၄၅ သန်းကျော်ရှိပါတယ်။ အပြန်အလှန်အကျိုးပြုပြီး ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ သင်တန်းတွေကို ကမ်းလှမ်းဖို့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ကုမ္ပဏီတွေနဲ့ပါပူးပေါင်းဆောင်ရွက်နေပါတယ်နော်။
ရရှိနိုင်တဲ့အတန်းပေါင်း ၃၀၀၀ ကျော်နဲ့ edX မှာအဆင့်အားလုံးကနေ သင်ယူသူတွေအတွက် ပရိုဂရမ်များစွာလည်းရှိပါတယ်။ Global Freshman Academy က Arizona State University နဲ့ ပူးပေါင်းပြီးတော့ အသုံးပြုသူတွေကို ကျောင်းမှာတက်ရောက်ရတဲ့ဘွဲ့ကြိုကျောင်းသားတွေလိုမျိုး တူညီတဲ့ သင်တန်းတွေကို တက်ရောက်နိုင်ပြီး အတန်းအောင်မြင်ပြီးတဲ့နောက်မှာ ခရက်ဒစ်ကို ရယူနိုင်ပါတယ်နော်။ ဒါ့အပြင် edX ဟာဆိုရင် အွန်လိုင်းမာစတာဘွဲ့အစီအစဉ်တွေဖြစ်တဲ့ Boston တက္ကသိုလ်ကနေ MBA ပရိုဂရမ် သို့မဟုတ် Purdue တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာပရိုဂရမ်တွေကိုပါပံ့ပိုးပေးထားပါသေးတယ်နော်။
edX ဟာ များစွာတဲ့ရွေးချယ်မှုတွေကိုပါကမ်းလှမ်းထားပါတယ်နော်။ အရွယ်ရောက်ပြီးသူတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ MicroBachelors ပရိုဂရမ်ဟာဆိုရင် သုံးစွဲသူတွေကို လွှဲပြောင်းနိုင်တဲ့ ကောလိပ်ခရက်ဒစ်ကို ရရှိနေစဉ်တွင် ၎င်းတို့ရဲ့ကိုယ်ပိုင်နှုန်းကို လေ့လာနိုင်စေပါတယ်။ MicroMasters ပရိုဂရမ်ဟာ သုံးစွဲသူမျတွေကို အဆင့်မြင့်ဒီဂရီတစ်ခုဆီကို ရရှိနိုင်ဖို့ထိပါ လုပ်ဆောင်ပေးထားပါတယ်။
edX မှာအသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားတဲ့ သုံးစွဲသူတွေအတွက် ပရော်ဖက်ရှင်နယ် လက်မှတ်ပရိုဂရမ်တွေနဲ့ အမှုဆောင်ပညာရေးသင်တန်းတွေလည်းရှိပါသေးတယ်။ ပရော်ဖက်ရှင်နယ်လက်မှတ်ပရိုဂရမ်တစ်ခုမှာ ကျောင်းသားတွေက ဘာသာရပ်တစ်ခုကို ရွေးချယ်ပြီး အထောက်အထားတစ်ခုရရှိဖို့ ၎င်းတို့ရဲ့ကိုယ်ပိုင်အရှိန်အဟုန်နဲ့ လေ့လာကြပါတယ်။ အမှုဆောင်ပညာရေးသင်တန်းတွေက မန်နေဂျာများ၊ ခေါင်းဆောင်များ သို့မဟုတ် ဆုံးဖြတ်ချက်ချနိုင်သော သူတွေအတွက် ရည်ရွယ်ထားပါတယ်။ ရွေးချယ်စရာတွေထဲမှာတော့ Babson College မှ ခေါင်းဆောင်တွေအတွက် စီးပွားရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအခြေခံများနဲ့ Columbia University မှ ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းရှင်များပါရှိပါတယ်နော်။😮😮
အခုလို Educational Website တစ်ခုဖြစ်တဲ့ edX အကြောင်းကို Learner တို့သိရှိစေဖို့မျှဝေပေးလိုက်ပါတယ်နော်😉။ edX အကြောင်း ထပ်မံသိရှိချင်တယ် ဒါမှမဟုတ် အခြားသော Educational Websites တွေကိုပါသိရှိချင်လိုမယ်ဆို အောက်မှာပေးထားတဲ့ Survey form link မှာပြောပြပေးနိုင်ပါတယ်နော်။ Form link ကအမြဲဖွင့်ထားတာမို့လို့ ကြိုက်တဲ့အချိန်တိုင်းပြောပြပေးနိုင်ပါတယ်နော်။
Learn more about edX here.
Survey form link : https://forms.gle/U8EY9mJTTEhcKfDFA
Anything you would like to suggest to Learners Platform: https://forms.gle/aMQ6TxG8J7uvGMjr5
အသစ်သစ်သော အကြောင်းအရာများကို အချိန်နဲ့ တပြေးညီ သိရှိစေဖို့ page ကို Like & Follow လုပ်ထားနိုင်ပါတယ်။