ခေါင်းစဉ်များ
ဖုန်းကိုသူများကိုခဏပေးကိုင်ရတော့မယ်ဆိုရင်
(သေချာဖတ်ပေးပါ တစ်ချိန်အသုံးဝင်ပါလိမ့်မယ်)
Xiaomi ဖုန်းတွေမှာ Second Space ဆိုပြီး အရမ်းအသုံးဝင်တဲ့ လုပ်ဆောင်ချက် တခု ပါပါတယ်။အဲတာဖွင့်ထားရင် ကိုယ်သုံးထားတဲ့ အကောင့်တွေ နဲ့ဒေတာတွေကိုမမြင်ရပါဘူး။တနည်းပြောရရင် ကိုယ့်အကောင့်ကိုသူများသုံးလို့မရပါဘူး။ဘယ်လိုလုပ်ရမလဲဆိုတော့
Xiaomi ဖုန်းတွေမှာဆိုရင်
Settings >> Special features >> Second space
မှာသွားလုပ်လို့ရပါတယ်
Samaung နဲ့ Huawei ဖုန်းတွေမှာဆိုရင်
Settings >> Add user or profile >> User >> OK
သတိပြုရန်
မိမိဖုန်းကို Pin Lock သို့ လက်ဗွေစနစ် နှင့်ပိတ်ထားပါ
VPN နဲ့ Facebook သုံးရတာလည်း အဆင်မပြေဘူး
Location တွေခဏခဏပြောင်းလွန်းလို့ Account Lock ကျသွားတယ်
ဘယ်လိုလုပ်ကြမလဲဆိုသူတွေအတွက်
၂ ခုလုံးအဆင်ပြေစေမယ့် ဟာကတော့ Opera Brower ကို အသုံးပြုပြီး Facebook အသုံးပြုနိုင်တာပါပဲ
မြန်လည်းမြန်တယ် Lock ကျမှာလည်းမပူရဘူး ကဲဘာလိုသေးလဲ?
Opera Mini နဲ့တင်အဆင်ပြေပါတယ်နော် ...
Opera Mini (16 Mb)
https://play.google.com/store/apps/details...
Opera browser with free VPN
https://play.google.com/store/apps/details...
အချင်းချင်းလက်တို့လိုက်ကြပါအုံးနော် ...
ဆရာဝန်တွေနည်းပါးသွားလို့ ဆေးကုသမှုအကြောင်း၊ ကျန်းမာရေးအကြောင်း၊ ကိုယ့်ရောဂါ ကိုယ်သောက်နေတဲ့ဆေးဝါးစသဖြင့် ကျန်းမာရေးနဲ့ဆေးပညာအကြောင်းအရာတွေကို သိရှိဖို့အတွက် အခက်အခဲဖြစ်နေတယ်ဆိုရင်
www.hellosayarwon.com ကိုအသုံးပြုပြီး ကိုယ်ရှာချင်တာကို မြန်မာလိုရှာဖွေနိုင်ပါတယ်။
ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ် ဖုန်းနဲ့ပဲဖြစ်ဖြစ် အဲဒီကိုသွားလိုက်ရင် ညာဘက်ထောင့်အပေါ်နားလေးမှာ မှန်ဘီလူးပုံလေးရှိပါတယ်။ အဲဒါကိုနှိပ်ပြီး အလိုရှိရာ ရှာဖွေနိုင်ပါတယ်။
Android Phone များအတွက် ဒီမှာ Download လုပ်နိုင်ပါတယ်
https://play.google.com/store/apps/details...
ဆေးပညာအကြောင်းအရာတွေ ရှာဖွေဖို့ ခက်ခဲနေတယ်ဆိုရင် အသုံးပြုနိုင်ပါတယ်။
Facebook အလွန်အကျွံသုံးတာကို ဘယ်လိုနည်းလမ်းကောင်းလေးတွေနဲ့ ရပ်ကြမလဲ?
Facebook မသုံးရမနေနိုင်တဲ့ထဲမှာ ကိုယ်လည်းပါနေပြီလား?
Facebook ကို ပုံမှန်သုံးတာက ကိုယ့်အတွက် အသုံးဝင်ပေမယ့် လိုအပ်တာထက်သုံးမိနေပြီဆိုရင်တော့ ဒါပြဿနာရှိပါတယ်။
မလိုအပ်တဲ့ အချက်အလက်တွေ တွေ၊ Post တွေ၊ ကြေငြာ တွေနဲ့ Video တွေက Facebook ကိုမကြည့်ရမနေနိုင်ဖြစ်အောင်၊ ဆွဲခေါ်နေပါတယ်။ အဲ့ဒါကြောင့်လည်း ဒီ Facebook စာမျက်နှာတွေပေါ်မှာပဲ အချိန်တွေအများကြီး ကုန်ဖြစ်နေတယ်။
ဒါကြောင့်အောက်ကအချက်လေးတွေနဲ့ ကြိုးစားကြည့်ပါ
၁။ Notification တွေကိုပိတ်ထားပါ
၂။ သုံးပြီးတဲ့အခါ Log Out လုပ်ထားပါ
၃။ Facebook မှာမရှာပဲ Search Engine ကိုတခြား Browser ပြောင်းသုံးကြည့်ပါ။
၄။ ဖုန်းကို အိပ်ရာနဲ့ အတတ်နိုင်ဆုံးဝေးတဲ့နေရာမှာထားပါ
၅။ Facebook သုံးတဲ့အချိန်ကို ကန့်သတ်ပါ
Notification တွေကိုပိတ်ထားပါ
တစ်နေ့ တစ်နေ့ အလုပ်လုပ်နေတုန်း၊ အိပ်နေတုန်း Notification တွေ တဒေါင်ဒေါင်နဲ့ တက်လာတဲ့အခါ စပ်စုလိုစိတ်ကို ပိုဖြစ်စေသလို ဖုန်းကိုလည်း ခဏခဏယူကြည့်စေတယ်။
ဘယ်သူကိုယ့်ကို Message ပို့ထားလဲ၊ ဘယ်သူကိုယ့်ပုံကို Love ထားလဲဆိုပြီး Facebook ကို ခဏခဏဖွင့်ကြည့်ပြီး သုံးနေစေတတ်တယ်။ အဲ့တော့ Notification ကိုပိတ်ထားလိုက်တော့ အလုပ်လည်း ဖြောင့်ဖြောင့်လုပ်လို့ရတယ်၊ ဖုန်းကိုလည်း သွားသွားဖွင့်မကြည့်မိတော့ဘူးပေါ့။
သုံးပြီးတဲ့အခါ Log Out လုပ်ထားပါ
Log Out လုပ်ပြီးရင်က ပြန်ဝင်ဖို့ဆို နည်းနည်း အချိန်ကုန်ပြီး အလုပ်ရှုပ်ပါတယ်။ အဲ့ဒါကြောင့် Log Out လုပ်ထားခြင်းအားဖြင့် ခဏခဏဝင်ကြည့်ဖို့လိုလည်း အားမစိုက်ချင်တော့ အသုံးပြုတာလျော့ကျသွားလိမ့်မယ်။
Search Engine ကိုတခြား Browser ပြောင်းသုံးကြည့်ပါ။
Facebook မှာသွားရှာရင် မလိုအပ်တဲ့ Page တွေဝင်ကြည့်လိုက်၊ Newsfeed တွေပွတ်လိုက်နဲ့ အချိန်က ကုန်မှန်းမသိကုန်ရော။ အဲ့ဒါကြောင့် တစ်ခုခုအတွက် Search မှာရှာချင်ရင် တခြား Chrome တို့လို Browser သုံးပြီး Google တို့လို Search Engine ကိုပဲသုံးပြီးရှာပါ။
ဖုန်းကို အိပ်ရာနဲ့ အတတ်နိုင်ဆုံးဝေးတဲ့နေရာမှာထားပါ
Facebook စွဲလမ်းသူတွေတိုင်းမှာရှိတဲ့အကျင့်ဆိုးကဒီဟာပါ။ ဖုန်းကို ညအိပ်ယာဝင်ခါနီးလည်းသုံးတယ်။ ပြီးရင် ကုတင်ပေါ်မှာထားပြီးအိပ်တယ်။ အိပ်ရာနိုးရင်လည်းတန်းမထသေးပဲ ဖုန်းကိုစဖွင့်ပြီး Facebook ဝင်ကြည့်တယ်။ အဲ့လိုလုပ်မှတော့ Addict မဖြစ်တော့ပဲနေမလား။ ဒီလို Auto ဖြစ်နေတဲ့ အကျင့်တစ်ခုကို ဖျောက်ဖို့ဆို ဖုန်းကို အိပ်ရာနဲ့ ခပ်ဝေးဝေးမှာထားဖို့ မမေ့နဲ့နော်။
"ဟက်ကာ" ရန်မှ ကာကွယ်နိုင်ဖို့ "Android" ဖုန်းသုံးသူတွေ အလွယ်တကူ လုပ်ဆောင်နိုင်မယ့် အချက်လေးချက်
Android စမတ်ဖုန်း အသုံးပြုသူများအနေဖြင့် ဟက်ကာတွေရဲ့ရန်ကနေ အလွယ်တကူ ကာကွယ်နိုင်အောင် အလွယ်တကူ လုပ်နိုင်မယ့် လုပ်ဆောင်ချက်ကလေးတွေလည်း ရှိနေပါတယ်။
(1) ဖုန်း Update အမြဲလုပ်ပါ။
ပထမဆုံးလုပ်ရမယ့်အရာကတော့ စာဖတ်သူအသုံးပြုနေတဲ့ စမတ်ဖုန်းကို Update ပုံမှန်လုပ်ပေးဖို့ ဖြစ်ပါတယ်။ စမတ်ဖုန်းကုမ္ပဏီများဟာ သူတို့ရဲ့ဖုန်းများကို Update ပုံမှန်ပေးလေ့ ရှိပါတယ်။ ပြောရမယ်ဆိုရင် စမတ်ဖုန်းကုမ္ပဏီများဟာ အသုံးပြုသူများအား စနစ်သစ်များသုံးနိုင်အောင် လုပ်ဆောင်ပေးတဲ့အနေနဲ့ရော ဟက်ကာတွေရန် ဝေးအောင် လုံခြုံရေးတိုးမြှင့်ပေးမှုကိုပါ ဆော့ဝဲလ် Update မှာ ထည့်သွင်းပေးလေ့ ရှိပါတယ်။
(2) Password Manager App တစ်ခုခုကို သုံးပါ။
သင့် စမတ်ဖုန်းလုံခြုံရေး ပိုမိုကောင်းမွန်လာဖို့ Password Manager တစ်ခုကို အသုံးပြုဖို့ လိုပါတယ်။ Password Manager တစ်ခုခုကို ဒေါင်းလော့ခ်လုပ်ကာ အသုံးပြုမှုကြောင့် အသုံးပြုသူအနေဖြင့် အွန်လိုင်းသုံးထားတဲ့ Password နှင့် အကောင့်များကို ထိန်းချုပ်နိုင်ပါမယ်။
(3) Antivirus App တစ်ခုခုသုံးပါ။
Android စမတ်ဖုန်းများမှာ အသုံးပြုနိုင်တဲ့ Bitdefender Mobile Security မှ Norton Mobile Security အထိ ဒေါင်းလော့ခ်ရယူ အသုံးပြုနိုင်တဲ့ App တွေ အများကြီး ရှိပါတယ်။ ယင်းလုံခြုံရေးဆော့ဝဲလ်များက ဖုန်းအတွင်းသို့ ဝင်ရောက်လာမယ့် ဗိုင်းရပ်စ်များကို ကာကွယ်ပေးမယ့်အပြင် Malware များကိုလည်း ရှင်းလင်းပေးပါမယ်။
(xiaomi ဖုန်းတွေမှာ Security Application ပါပါတယ်)
(4) မှန်းဆရခက်ခဲတဲ့ Password သုံးပါ။
စမတ်ဖုန်းအသုံးပြုသူအများစုက Password ပေးတဲ့အခါ သုံညခြောက်လုံး၊ တစ်ခြောက်လုံး၊ တစ်နှစ်သုံးလေးငါးခြောက် စတဲ့ အလွယ်တကူ မှတ်မိလွယ်တဲ့ Password သုံးတတ်ကြပါတယ်။ ယင်း Password များက ဟက်ကာတွေ အလွယ်တကူ မှန်းဆနိုင်တဲ့ Password များဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အသုံးပြုသူများအနေဖြင့် ကိုယ့်အကောင့် Password ကို မကြာခဏဆိုသလို ပြောင်းသင့်သလို Password ကိုလည်း မှန်းဆရ လွယ်ကူစေပါတယ်။ အထူးသဖြင့် အသုံးပြုသူများအနေဖြင့် မွေးနေ့၊ Annivasary ရက်တွေ မပါဝင်တဲ့ Password ကို ပေးသင့်ပါတယ်။
Messenger မှာ ပြန်အလှန်စကားပြောကြတဲ့အခါ ပြောပြီးသား Message တွေက မဖျက်မချင်း ကျန်ရှိနေတာပါ။
Messenger မှာ end-to-end encrypted conversation အနေနဲ့ Set လုပ်ထားရင်တော့ အပြန်အလှန်ပြောထားတာတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း အလိုအလျောက် ဖျက်ပေးသွားမှာ ဖြစ်ပါတယ်။
.
၁။ end-to-end encrypted conversation ပြုလုပ်မယ့် တစ်ဖက်အကောင့်ရဲ့ အပေါ် ညာဘက်ထောင့်က Secure icon ကို နှိပ်ပါ။
၂။ ပုံမှာပြထားတဲ့ Start end-to-end encrypted chat ဆိုတာကို နှိပ်ပါ။
၃။ Text box ထဲက အနီရောင်နဲ့ နာရီပုံလေးကို နှိပ်ပြီး (၁၂ နာရီအကြာမှာ ပျက်သွားစေချင်လား၊ ဒါမှမဟုတ် ၂၄ အကြာမှာ ပျက်သွားစေချင်လား) ကိုယ်ကြိုက်တဲ့ အချိန်ကို ရွေးလိုက်ပါ။
.
သင့်ရဲ့ Messenger မှာ ဒီလုပ်ဆောင်ချက်ကို မတွေ့ရဘူးဆိုရင် Messenger နောက်ဆုံးဗားရှင်းကို Google Play က တစ်ဆင့် Download ဆွဲယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Messenger Lite မှာလည်း ဒီလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးထားခြင်း မရှိတာကိုလည်း သတိပြုရပါမယ်။ အခုဖော်ပြထားတဲ့ end-to-end encrypted conversation ကို Android နဲ့ iOS တို့ရဲ့ Messenger app တွေမှာပဲ ထောက်ပံ့ထားတာဖြစ်တဲ့အတွက် Facebook chat ဒါမှမဟုတ် messenger.com တွေမှာ ရရှိမှာ မဟုတ်ပါဘူး။ ဒီလုပ်ဆောင်ချက်မှာ Messages, Pictures, Stickers, Videos နဲ့ Video recording တွေ အပြန်အလှန်ပေးပို့နိုင်ပါတယ်။ ဒါပေမယ့် end-to-end encrypted conversation ဟာ Group messages, Gifs, Voice ဒါမှမဟုတ် Video calling နဲ့ Payments တွေအတွက် ထောက်ပံ့ထားခြင်း မရှိတာသေးပါဘူး။
"သင့်ဖုန်း မျက်နှာပြင်ကနေတစ်ဆင့် ဘက်တီးရီးယားပိုး (ကိုဗစ်) တွေ ကူးစက်နိုင်သလား"
တစ်ကယ်လို့သင့်ဖုန်းမျက်နှာပြင် ဒါမှမဟုတ် delivery ပစ္စည်းတွေရဲ့မျက်နှာပြင် ဖိနပ် အင်္ကျီ အစရှိတဲ့ထိတွေ့ပါများတဲ့ မျက်နှာပြင် တွေကနေတစ်ဆင့် ကူးစက်နိုင်သလားလို့ စိုးရိမ်နေရင်တော့ ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီလို ထိတွေ့ပါများတဲ့ မျက်နှာပြင်တွေဟာ ဘက်တီးရီယားပိုးတွေ ကူးသန်းသွားလာဖို့အတွက် အဓိကအကြောင်းအရင်းတော့ မဟုတ်ပေမဲ့ သင့်ဖုန်း ဒါမှမဟုတ် ဖုန်းကာဗာတွေမှာရှိတဲ့ ရောဂါပိုးမွှားတွေဟာ သင့်ရဲ့မျက်နှာနဲ့ လက်ကို ကူးပြောင်းသွားဖို့ အလားအလာတော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ် ထိတွေ့မှု အများဆုံးဖြစ်နေတဲ့ အရာဟာ သင့်ဖုန်းရဲ့ မျက်နှာပြင် ဖြစ်နေလို့ပါ။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ RNA ဟာ အစောပိုင်း လေ့လာတွေ့ရှိချက်တွေအရ ဗိုင်းရပ်စ်ဟာ မျက်နှာပြင်တွေ ပေါ်မှာအသက်ရှင်သန်နိုင်ဖို့ အခွင့်အရေးရှိပြီး သင့်နေ့စဉ်သုံးနေတဲ့ဖုန်းမှာ ကိုးရက်အထိ အသက်ရှင်သန်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီထက်ပိုကြာသွားရင် ဗိုင်းရပ်စ်က သင့်ဆီကိုကူးစက်နိုင်တယ်ဆိုတာ လုံလောက်တဲ့ သက်သေအထောက်အထား မပြနိုင်သေးပါဘူး။
ယခုအခါမှာ ကိုရိုနာဗိုင်းရပ်စ် ဟာ ကမ္ဘာအနှံ့ကို ပျံ့နှံ့နေပြီး လက်ကိုပုံမှန်ဆေးပြီး မျက်နှာကို ကာကွယ်ထားတာ အကောင်းဆုံးပါ။ ကိုယ်အမြဲတမ်း ကိုင်နေတဲ့ ဖုန်းကိုလည်း နေ့စဉ် ပုံမှန်သန့်ရှင်းရေး လုပ်တာလည်းအကောင်းဆုံးပါပဲ။
ဖုန်းသန့်ရေးလုပ်မယ်ဆို အထူးသတိထားရန်မှာ မိမိဖုန်းမျက်နှာပြင်အား Spray ဖျန်းခြင်းများ အထူး ရှော်ရှားရန် လိုအပ်ပါသည် ။
ဖုန်းမျက်နှာပြင်သန့်ရှင်းဖို့ Alcohol Pad ပိတ်စလေးတွေက အထူးသင့်လျှော်ပါသည် ။
ဆင်းမ်ကတ်တွေကို ဧပြီ ၃၀ ရက်နောက်ဆုံးထားကာ မှတ်ပုံတင်ရမှာဖြစ်ပြီး တည်ဆဲဥပဒေအရ ထုတ်ပေးထားသော သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြု/နိုင်ငံသားစိစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား)၊ နိုင်ငံခြားသာများအတွက် Passport တစ်ခုခုနဲ့ ၂ ကတ်ထက်ပိုကာ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ် တွေကို ဧပြီ ၃၀ ရက်နောက်ပိုင်းမှာ Call Center ကိုခေါ်ဆိုနိုင်ခြင်းမှ လွဲကာ အထွက်ခေါ်ဆိုမှုကို ပိတ်သိမ်းသွားမှာဖြစ်တယ်လို့သိရပါတယ်။
မှတ်ပုံတင်ထားခြင်းရှိမရှိကို MPT Sim Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *601# ကိုလည်းကောင်း၊ Telenor SIM Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *979*3*3# ကိုလည်းကောင်း၊ Ooredoo SIM Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *666# ကိုလည်းကောင်း၊ MyTel SIM Card ကိုင်ဆောင်ထားသူတွေအနေနဲ့ *966# ကိုလည်းကောင်း ခေါ်ဆိုကာ စစ်ဆေးနိုင်ပါတယ်။
MPT မှတ်ပုံတင်ရန် Link
Ooredoo မှတ်ပုံတင်ရန် Link
https://ooredoo.com.mm/portal/mm/simreg
Telenor မှတ်ပုံတင်ရန် Link
"ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေဖို့ ဖုန်းကိုဘယ်လို သန့်ရှင်းအောင်ထားမလဲ"
စစ်တမ်းတွေအရ COVID-19 လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျက်နှာပြင်တွေပေါ်မှာ ကိုးရက်ကြာ ရှင်သန်နိုင်ကြပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ ရှိနေနိုင်ပါတယ်။ စမတ်ဖုန်းတွေဟာ သင့်ရဲ့လက်နဲ့ မျက်နှာနဲ့ အစဉ်အမြဲ ထိတွေ့နေရပါတယ်။ ဒါကြောင့် ဖုန်းပေါ်က ဗိုင်းရပ်စ်နဲ့ ရောဂါပိုးမွှားတွေကလည်း သင့်မျက်နှာပေါ် အလွယ်တကူ ရောက်လာမှာပါ။
ဖုန်းတွေကို ကိုင်တွယ်ပြီးတာနဲ့ လက်ဆေးတာက သင်နဲ့သင်ချစ်တဲ့သူတွေဆီ ဗိုင်းရပ်စ်ရောက်ရှိပြန့်ပွားမှုကို တားဆီးနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်နိုင်တဲ့ အီလက်ထရောနစ်ထုတ်ကုန်နဲ့ စမတ်ဖုန်းကို ပိုးသတ်ထားသင့်ပါတယ်။
ဖုန်းကို ဘယ်လိုသန့်ရှင်းအောင်လုပ်မလဲအပြင် ဖုန်းမျက်နှာပြင်ပေါ်က လက်ဗွေရာတွေ၊ port တွေက သဲနဲ့ချည်စတွေ သန့်ရှင်းတာ၊ မျက်နှာပြင်ကို ဘယ်လိုသန့်ရှင်းအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရေစိုခံတဲ့ ဖုန်းတွေကိုလည်း ဘယ်လိုထိန်းသိမ်းမလဲဆိုတာ ပြောပြပေးမှာပါ။
ဖုန်းကို သန့်ရှင်းရေးလုပ်ပါ
အပြင်မှာ တံခါးလက်ကိုင် ဒါမှမဟုတ် ဈေးဝယ်တွန်းလှည်းကို ထိတွေ့ပြီးနောက် ဖုန်းကို အသုံးပြုပြီးနောက် အယ်လ်ကိုဟောပါဝင်တဲ့အရည်နဲ့ သန့်ရှင်းရေးမလုပ်ပါနဲ့။ စမတ်ဖုန်းရဲ့ display နဲ့ အခြား port တွေကို ထိခိုက်နိုင်ပါတယ်။ တချို့ဝက်ဘ်ဆိုက်တွေကတော့ အယ်လ်ကိုဟောနဲ့ ရေရောစပ်ပြီး ဖုန်းကို သန့်ရှင်းဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ထုတ်ကုန်မထိခိုက်စေဖို့ အဲဒီလမ်းညွှန်ချက်အတိုင်း ပြုလုပ်ဖို့ အားမပေးလိုပါဘူး။ Apple ကတော့ iPhone ကို ၇၀ ရာခိုင်နှုန်း isopropyl alcohol ပါတဲ့ ဆေးရည်ဒါမှမဟုတ် Clorox နဲ့ သန့်ရှင်းနိုင်တယ်လို့ ပြောထားပါတယ်။ ဒါမှမဟုတ်လည်း PhoneSoap ထုတ်ကုန်လိုမျိုး UV light နဲ့ သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ UV light ကုမ္ပဏီရဲ့ ထုတ်ကုန်က ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှား ၉၉.၉ ရာခိုင်နှုန်း ကို သတ်နိုင်တယ်လို့ ပြောထားပါတယ်။
ဖုန်းပေါ်က လက်ဗွေရာကို သန့်ရှင်းရေးလုပ်ပါ
သင့်အရေပြားပေါ်မှာ အဆီတွေ အဆက်မပြတ်ထွက်နေတာကြောင့် ဖုန်းပေါ်က လက်ဗွေရာတွေကို တားဆီးဖို့ ခက်ခဲပါတယ်။ ဖုန်းကို ကိုင်တွယ်အသုံးပြုလိုက်တဲ့ အချိန်တိုင်း လက်ဗွေတွေက ထင်ကျန်နေမှာပါ။ ဖုန်းမျက်နှာပြင်ပေါ်က လက်ဗွေရာတွေ သန့်ရှင်းအလုံခြုံဆုံးနဲ့ ထိရောက်စွာ အသုံးပြုမယ်ဆို microfiber အဝတ်စကို သုံးစွဲသင့်ပါတယ်။ တကယ်လို့ မျက်နှာပြင်ကို အလွန်အမြန် သန့်စင်မယ်ဆိုရင်တော့ microfiber အဝတ်စကို ရေမွှေးလိုမျိုး ပေါင်းခံထားတဲ့ အယ်လ်ကိုဟောစွတ်ပြီး မျက်နှာပြင်ကို သုတ်ပေးရပါမယ်။ ဖုန်းကျောဘက်နဲ့ ဘေးဘက်ကိုလည်း အလားတူ နည်းလမ်းအတိုင်း သန့်ရှင်းရေးလုပ်နိုင်ပါတယ်။
သဲနဲ့ အစအနတွေ ဖယ်ရှားပါ
ဖုန်းက port တွေမှာ သဲနဲ့ ဖုန်အစအနတွေ ကပ်ငြိလေ့ရှိပါတယ်။ Port ထဲက သဲနဲ့ ဖုန်အစအနတွေကို Scotch တံဆိပ်တိပ်ကပ်ပြီး ဖယ်ရှားနိုင်ပါတယ်။ ဖုန်းရဲ့ စပီကာနဲ့ ခေါက်ရာတွေကတစ်ဆင့် port အတွင်းထဲ တိပ်ကပ်ပြီး ဆွဲခွာလိုက်တာနဲ့ သဲနဲ့ ဖုန်အစအနကို ဆွဲထုတ်ပေးနိုင်ပါတယ်။ စပီကာမှာ ကပ်ငြိနေတဲ့ ဖုန်တွေကတော့ သွားကြားထိုးတံ ဒါမှမဟုတ် tool တွေနဲ့ သန့်ရှင်းနိုင်ပါတယ်။
မိတ်ကပ်အပြည့် လိမ်းကျံထားတဲ့ အမျိုးသမီးတွေ ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင်မှာ မိတ်ကပ်တွေ စွန်းထင်းသွားမှာပါ။ ဖုန်းပေါ်က မိတ်ကပ်တွေကို ဖယ်ရှားဖို့ အမျိုးသမီးတွေ သုံးလေ့ရှိတဲ့ မိတ်ကပ်ဖျက်ဆေးကို အသုံးမပြုသင့်ပါဘူး။ ဖုန်းမှာလည်း ကိုယ်ပိုင် မိတ်ကပ်ဖျက်ဆေးရှိပါတယ်။ Whoosh လိုမျိုး ထုတ်ကုန်က ဖုန်းမျက်နှာပြင်ပေါ်က မိတ်ကပ်တွေကို ဖျက်ပေးနိုင်ပါတယ်။ Whoosh မှာ အယ်လ်ကိုဟော၊ ကလိုရင်း၊ အမိုးနီးယား ဒါမှမဟုတ် ဖော့စ်ဖရိတ်မပါဝင်တဲ့အတွက် စမတ်ဖုန်း မျက်နှာပြင် coating ကိုမထိခိုက်စေပါဘူး။
IP67 နဲ့အထက် အသိအမှတ်ပြုခံထားရတဲ့ ဖုန်းတွေဟာ ရေစိုခံနိုင်ပါတယ်။ iPhone 7 နဲ့ Galaxy S ဖုန်းသစ်တွေကလည်း ရေအောက် ၃ ပေမှာ မိနစ် ၃၀ အထိ ရေဖိအားကို ခံနိုင်ရည်ရှိပါတယ်။ အဲဒီဖုန်းတွေကို အဝတ်စိုတွေနဲ့ သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ အဝတ်စိုနဲ့ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ခြောက်သွေ့တဲ့ အဝတ်နဲ့ သုတ်ပေးရပါမယ်။ စပီကာနဲ့ port တွေကိုလည်း ခြောက်သွေ့အောင် လုပ်ပေးဖို့ လိုပါတယ်။
ဖုန်းကို ပြတင်းပေါက်သန့်ရှင်းရေး ဆေးရည်၊ မီးဖိုချောင်သုံး သန့်ရှင်းရေးပစ္စည်း၊ တာဝါစက္ကူ၊ ရှာလကာရည်၊ မိတ်ကပ်ဖျက်ဆေး၊ လက်ဆေးဆပ်ပြာတို့နဲ့ မဆေးကြောဖို့ အကြံပြုလိုပါတယ်။
source: internet journal
.
Covid-19 ကူးစက်ရောဂါဟာ ကမ္ဘာတစ်ဝှမ်း အရှိန်အဟုန်နဲ့ ပျံ့နှံ့လာချိန်မှာ အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ အွန်လိုင်းမှာ ဘာတွေမျှဝေနေလဲဆိုတာ အထူးသတိချပ်ဖို့ လိုလာပါတယ်။ အတည်မပြုထားတဲ့ မှားမှန် မသေချာတဲ့ အချက်အလက်တွေဟာ လူတွေကို စိတ်ရှုပ်ထွေးမှုတွေ ဖြစ်စေရုံမျှမက မလိုလားအပ်တဲ့ စိုးရိမ် ကြောက်ရွံ့စိတ်တွေကို ဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ မလိုလားအပ်တဲ့ စိုးရိမ်ကြောက်ရွံ့စိတ်တွေကို လိုက်ဖြန့်နေသလို ဖြစ်စေနိုင်တာဖြစ်ပါတယ်။ မှန်ကန်ကြောင်း အတည်ပြုပြီးသား သတင်းအချက်အလက်ကိုပဲ မျှဝေမိအောင် သတိထားရင်း သတင်းအမှား ပျံ့နှံ့ရောက်ရှိမှု လျှော့ချနိုင်ဖို့ ကူညီပေးရမယ့် တာဝန်ဟာ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီရဲ့ တာဝန်ဖြစ်ပါတယ်။
.
ကိုယ့်ရဲ့ သတင်းစဉ်မှာ မြင်လိုက်ရတဲ့ အကြောင်းအရာတစ်ခုခုကို share နှိပ်ပြီး မမျှဝေခင် အလွယ်တကူ စစ်ဆေးနိုင်တဲ့ အချက် (၅) ချက်ကို Facebook က ထုတ်ပြန်ပေးထားကို ဖော်ပြပေးလိုက်ပါတယ်။
.
အဆင့် (၁) – ပိုစ့် (Post) အကြောင်းအရာကို သုံးသပ်ပါ
.
သတင်းခေါင်းစဉ်ကို အရင်လေ့လာပါ။ သတင်းအမှားတွေဟာ စာဖတ်သူရဲ့ အာရုံစိုက်လာအောင် စိတ်လှုပ်ရှား စရာ သတင်းခေါင်းစဉ်ပေးပြီး တမင် စာလုံးအကြီး၊ အာမေဍိတ် (!!!) အမှတ်အသားတွေ ထည့်သုံးထားတတ် ပါတယ်။ စိတ်ဝင်စားအောင် သာသာထိုးထိုး ရေးထားတဲ့ သတင်းခေါင်းစဉ်၊ မယုံချင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချက်အလက်ဟာ – မယုံချင်စရာကောင်းမှန်း သိသာပါတယ်။
.
သတင်းကို တင်ထားတဲ့ ဝက်ဘ်ဆိုက်နာမည်နဲ့ လိပ်စာ (URL) ကို ကြည့်ပါ။ သံသယဖြစ်စရာ ဝက်ဘ်ဆိုက် နာမည်နဲ့ URL တွေဟာ တကယ့်နာမည်ကြီး သတင်းဌာနတွေရဲ့ နာမည်နဲ့ ဆင်တူယိုးမှားဖြစ်အောင် “l” အယ်လ်အသေးနေရာမှာ “I” အိုင် အကြီးနဲ့ ရေးထားတာမျိုး၊ “o” အိုနေရာမှာ “0” သုညနဲ့ ပေါင်းထားတာမျိုး စတဲ့ အများမမြင်သာ သတိမထားမိတဲ့ ဆင်တူရိုးမှားတွေ လုပ်ထားတတ်ပါတယ်။ မှန်ကန်ယုံကြည်ရတဲ့ သတင်းဌာန ဟုတ် မဟုတ် မသေချာဘူးဆိုရင်တော့ မိမိအနေနဲ့ browser Window အသစ်တစ်ခုမှာ သတင်းဌာန အစစ်တွေရဲ့ URL နဲ့ ယှဉ်ကြည့်ပြီး မှန်၊ မမှန် စစ်ဆေးဆုံးဖြတ်နိုင်ပါတယ်။
.
အဆင့် (၂) – ဝက်ဘ်ဆိုက်ကို လေ့လာဆန်းစစ်ပါ
.
ပိုစ့်မှာပါလာတဲ့လင့်ခ် (Link) ကို နှိပ်ပြီး သတင်းဖတ်တော့မယ်ဆို ရင် သတင်းတင်ထားတဲ့ စာမျက်နှာကို အရင်စစ်ဆေးပါ။ စာရေးသူရဲ့ နာမည်ကို ကြည့်ပြီး သူ၊ သူမ က ယုံကြည်ရတဲ့ သတင်းရင်းမြစ်က ဟုတ်ရဲ့လား။ တခြားရော ဘာတွေရေးထားတာရှိလဲဆိုတာ လေ့လာပါ။ အဲဒီဝက်ဘ်ဆိုက်ရဲ့ ‘About’ နေရာမှာ ရေးထားတဲ့ သူတို့ ဝက်ဘ်ဆိုက်အကြောင်း၊ အဖွဲ့အစည်းအကြောင်းကို စစ်ဆေးတာကလည်း နည်းလမ်းကောင်းတစ်ခုလို့ Facebook က ဆိုထားပါတယ်။ ထပ်ပြီး သတင်းတင်ထားတဲ့ အချိန်နဲ့ နေ့စွဲဟာ ပုံမှန်အတိုင်း စနစ်တကျရှိရဲ့လား ဆိုတာ သတိပြုသင့်ပါတယ်။ သတင်းဆောင်းပါး တင်ဆက်ပုံက စနစ်တကျ၊ သပ်သပ်ရပ်ရပ် မရှိဘဲ ပုံမှန်မရှိဘူး။ သတင်းစာမျက်နှာ အပြင်အဆင်ကလည်း ဟန်ပန်မကျတဲ့အပြင် စာလုံးပေါင်းအမှား ပါနေတတ်ပါတယ်။ သတင်းအတုတင်လေ့ရှိတဲ့ ဝက်ဘ်ဆိုက်တွေဟာ ဒီလို အသေးစိတ်အချက်တွေကို ဂရုစိုက်လေ့ မရှိပါဘူး။ စာမှာပါတဲ့ ပုံနဲ့ ဗီဒီယိုတွေကလည်း လှည့်စားဖို့ပြုပြင်ထားတာမျိုး ဖြစ်နေတတ်လို့ သံသယနဲ့ သေချာစစ်ဆေးကြည့်သင့်ပါတယ်။
.
အကြောင်းအရာတစ်ခုထဲမှာ ကျွမ်းကျင်သူကိုရည်ညွှန်းထားတဲ့အပြင် သူတို့ပြောစကားဆိုပြီး ထည့်ရေးထားမယ်။ ဒါပေမဲ့ နာမည်တော့မပါဘူး။ ဥပမာ – “နာမည်ကြီး ကျွမ်းကျင်သူတစ်ဦးက ပြောသည်” ဆိုတာမျိုးပါ။ ဒါက သတင်းအမှားတစ်ခုမှာ တွေ့ရတတ်ပါတယ်။ ထပ်ပြီး တခြားသတင်းအကြောင်းအရာတွေကို မှီငြမ်းရေးသားထားတာလားဆိုတာ သေသေချာချာ စစ်ဆေးပါ။ ဒါမှမဟုတ် ရေးတဲ့သူ ထည့်သုံးထားတဲ့ အချက်အလက်တွေ မှန်ကန်တိကျမှု ရှိ၊ မရှိ ဆိုတာ စစ်ဆေးပါ။
.
ဆက်လက်ပြီး တခြားသတင်းရင်းမြစ်တွေကို ထည့်သွင်းဖော်ပြထားလားဆိုတာ စစ်ဆေးပါ။ ဒီ အကြောင်းအရာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေက ယုံကြည်ရတဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန (MOHS) တို့ကနေ တရားဝင်ထုတ်ပြန်ထားခြင်း ရှိ၊ မရှိစစ်ဆေးပါ။ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ တရားဝင် ထုတ်ပြန်ချက်တွေ စုံစုံလင်လင်ထည့်ထားရင်တော့ သတင်းအကြောင်းအရာ အမှန်ဖြစ်နိုင်ခြေ များပါတယ်။
.
COVID-19 အချက်အလက်တွေကိုပဲ ရယူပါ
.
ဒီအချက်ကို လိုက်နာမယ်ဆိုရင် ကိုယ်ဖတ်ရှု့မျှဝေနေတဲ့ သတင်းအချက်အလက်တွေက မှန်ကန်တိကျတဲ့ တရားဝင် ထုတ်ပြန်ချက်တွေဆိုတာ စိတ်ချနိုင်ပြီ ဖြစ်ပါတယ်။ နောက်ဆုံးရ သတင်းအချက်အလက်တွေကို
.
အောက်ဖော်ပြပါ နေရာတွေကနေ တိုက်ရိုက်ကြည့်ရှု့လေ့လာနိုင်ပါတယ်။
.
● MOHS တရားဝင် Facebook စာမျက်နှာ – www.facebook.com/MinistryOfHealthAndSportsMyanmar
.
● ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS) COVID-19 ဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်များ – http://mohs.gov.mm/Main/content/publication/2019-ncov
.
● မြန်မာနိုင်ငံဆိုင်ရာ WHO အဖွဲ့ – https://www.who.int/myanmar
.
နိဂုံးချုပ်ရမယ်ဆိုရင် မိမိအနေနဲ့ အွန်လိုင်းပေါ်မှာ ဘယ်လို အကြောင်းအရာကို ဖတ်နေလဲဆိုတာနဲ့ ယုံကြည် စိတ်ချရပြီး မှန်ကန်တယ်လို့ ကိုယ်တိုင် သိထား၊ ယုံကြည်ထားတဲ့ သတင်းမျိုးကိုပဲ မျှဝေနေတာလားဆိုတာ အလေးအနက် စဉ်းစားကြည့်ဖို့ လိုပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အချက်တွေကို လက်တွေ့ စပြီး အသုံးချဖို့ တိုက်တွန်းပါတယ်။ တကယ်လို့ သတင်းအမှားဖြစ်နိုင်တဲ့ ပိုစ့် (Post) တစ်ခုကို တွေ့ပြီဆိုရင် အဲဒီ့ပို့စ့် (Post) ရဲ့ ညာဘက်ထိပ်က အစက်လေး (၃) စက် ( … ) ကိုနှိပ်၊ အကူအညီရယူရန် သို့မဟုတ် တိုင်ကြားရန် ကို ဝင်ရောက်ပြီး သတင်းအမှား ဆိုတာ တိုင်ကြားပေးဖို့ ချီတုံချတုံဖြစ်မနေဖို့ကိုလည်း Facebook က ဆိုထားပါတယ်။
.
ပို့စ် (Post) တစ်ခုကို ဘယ်လိုတိုင်ကြားရမလဲဆိုတာ အသေးစိတ် ပိုပြီး သိချင်ရင် Facebook ရဲ့ Help Center မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် – https://www.facebook.com/help/1380418588640631/
.
သတင်းအမှားကို ဘယ်လိုစစ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးလည်း https://www.facebook.com/help/188118808357379 မှာ အသေးစိတ်ထပ်ပြီး လေ့လာနိုင်မှာဖြစ်ပါတယ်။
Credit : internet Journal