ဖုန်းတစ်လုံးဝယ်မယ်ဆို ဘယ်လိုအချက်တွေကို ကြည့်ဝယ်သင့်လဲ?
ဖုန်း အသစ်တစ်လုံးဝယ်ဖို့ စဉ်းစားနေပြီလား။ ဘယ်ဖုန်းအမျိုးအစားကို သဘောကျနေမိပြီလဲ။ ဝယ်ဖို့ကြံနေတဲ့ ဖုန်းအမျိုးအစားက ကိုယ့်လိုအပ်ချက်နဲ့ တကယ် ကိုက်ရဲ့လားဆိုတာရော စစ်ကြည့်ပြီးပြီလား။ ဖုန်းအသစ်မဝယ်ခင် စစ်ကြည့်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးမှာမို့ ဖတ်ကြည့်လိုက်ပါဦးနော်။
မျက်နှာပြင်အမျိုးအစား
ပထမဆုံးအနေနဲ့ ဖုန်းမျက်နှာပြင် အမျိုးအစားပါ။ မျက်နှာပြင် အမျိုးအစား မကောင်းရင် ရေရှည်သုံးဖို့ အဆင်မပြေနိုင်ပါဘူး။ မျက်လုံးထိခိုက်နိုင်ခြေလည်း ပိုများတဲ့အပြင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ကြည့်ရတာလည်း အဆင်မပြေပါဘူး။ ဂိမ်းဆော့တဲ့သူတွေအတွက်လည်း အရည်အသွေးကောင်းတဲ့ မျက်နှာပြင် အမျိုးအစားကို လိုအပ်တာမို့ အရွယ်အစားနဲ့ အမျိုးအစားကို စစ်ဆေး ဝယ်ယူသင့်ပါတယ်။
ဘထ္ထရီ
ဖုန်းတစ်လုံးအတွက် ဘထ္ထရီက သိပ်အရေးပါပါတယ်။ ဘထ္ထရီ သိုလှောင်မှု ပမာဏ နည်းတဲ့အခါ အားကုန်လွယ်ပြီး အလုပ်မတွင်နိုင်ပါဘူး။ အကယ်၍ ကိုယ်က တစ်နေကုန် သုံးနေတတ်တဲ့သူဆိုရင်တော့ သိုလှောင်မှု ပမာဏများတာတင်မက အားသွင်းမြန်တာကိုပါ ရွေးသင့်ပါတယ်။ ခုနောက်ပိုင်း ဖုန်းတွေမှာ fast charging စနစ် ပါဝင်လာပါပြီ။
သိုလှောင်မှု
သိုလှောင်မှု ပမာဏကတော့ ကျွန်တော်တို့အတွက် အရေးပါဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဂိမ်းတွေ၊ တခြားဖိုင်တွေ အစရှိသဖြင့် မျိုးစုံကို တစ်နေရာထဲ သိမ်းဆည်းနိုင်ဖို့အတွက် သိုလှောင်မှု ပမာဏများတဲ့ ဖုန်းတစ်လုံးကတော့ မရှိမဖြစ်လိုတာပါပဲ။
RAM
Random Access Memory (RAM) နည်းတဲ့ဖုန်းတစ်လုံးကက အလုပ် လုပ်ဆောင်မှု နှေးကွေးနိုင်ပါတယ်။ RAM ပမာဏနည်းတာက အလုပ်လုပ်ရတဲ့နေရာကျဉ်းတယ်ဆိုတဲ့သဘောနဲ့ ဆင်တူပါတယ်။ ခုနောက်ပိုင်းဖုန်းတွေမှာ RAM 2GB အောက် ရောက်နေရင် သိပ်အဆင်မပြေနိုင်ပါဘူး။
ကင်မရာ
ဒီနေ့ခေတ်မှာ ကင်မရာကို သတ်သတ်ကြီး ဝယ်မနေကြတော့ဘဲ ဖုန်းကင်မရာကိုပဲ အလေးထား ဝယ်ယူလာကြတာကို တွေ့ရပါတယ်။ နောက်ပိုင်း စမတ်ဖုန်းတွေကလည်း ကင်မရာကို ပိုကောင်းအောင် ပြုလုပ်လာတာမို့ ကင်မရာ အရည်အသွေးကောင်းတဲ့ အမျိုးအစားကို ဝယ်ယူဖို့က သိပ်မခက်ခဲတော့ပါဘူး။ ကိုယ်က ဓာတ်ပုံရိုက်ရတာကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ ကင်မရာ ပိုကောင်းတဲ့ဖုန်းကိုဝယ်ဖို့ အကြံပြုချင်ပါတယ်။
အပေါ်ကအချက်တွေအပြင် ကိုယ်သဘောကျတဲ့ပုံစံတွေကိုလည်း ထည့်စဉ်းစားပြီး ရွေးချယ်နိုင်ပါသေးတယ်။ ဥပမာ – ကြိုးမဲ့ အားသွင်းစနစ်၊ စတူဒီယို စပီကာ၊ 5G/4G/3G၊ အရောင်၊ CPU အစရှိသဖြင့်ပေါ့။
ဖုန်းတွေကလည်းအမြဲတမ်းအသစ်ထွက်နေတာမို့ ဖုန်းဝယ်ရင် ကိုယ့်အတွက် ကိုင်လို့ အဆင်ပြေတာပဲ ရွေးချယ်ဝယ်ယူသင့်သလို ကိုယ်က ဘာတွေသုံးချင်တာလဲဆိုတာ သေချာစဉ်းစားပြီး ဆုံးဖြတ် ပြီးမှဝယ်သင့်ပါတယ် ပိုက်ဆံဆိုတာက ကလွယ်လွယ်ရှာမရဘူးလေ ဟုတ်တယ်ဟုတ်?
KS Mobile မှမိသားစုဝင်တွေကလည်း လူကြီးမင်းတို့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဖုန်းကို စိတ်ရှည်လက်ရှည် ရှင်းပြပြီးဝန်ဆောင်မူပေးနေတာမို့လို့ မဝယ်ဖြစ်ရင်တောင်လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်နော်...
"တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် မောင်လေးညီမလေးတွေအတွက် Share ပေးဖို့မမေ့နဲ့နော်"
စာမေးပွဲမဖြေခင်ည
သင်ဟာ စာမေးပွဲအတွက် ကောင်းကောင်း ပြင်ဆင်ခဲ့မယ်ဆိုရင် စာမေးပွဲမတိုင်ခင်ညမှာ စိတ်ဖိစီးမှု သိပ်ရှိလှမှာ မဟုတ်ပါဘူး။ အမှန်တကယ် ပြောရရင်တော့ သင့်အနေနဲ့ စိတ်အေးလက်အေးအနည်းငယ်ရှိနေပြီး နောက်တစ်နေ့ အရေးကြီးတဲ့ ရက်အတွက် စီစဉ်ဖို့ အချိန်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အကြံပြုလိုတာကတော့
၁။ မှတ်စုများ ပြန်ကြည့်ပါ။
၂။ လွယ်အိတ်ကို အသင့်ပြင်ထားပါ။ စာမေးပွဲခန်းကို ယူသွားရမဲ့ ပစ္စည်းများကိုအသင့်ပြင်ထားပါ။ ဘောပင်၊ ခဲတံ၊ ရေပုလင်း၊ နာရီ၊ စာမေးပွဲ ဖြေခွင့်ကဒ်ပြား။
ဘောပင်၊ ခဲတံ စသည်ကို ဘယ်နည်းနှင့်မဆို အနည်းဆုံး (၂) ချောင်း နဲ့အထက် ယူသွားပါ။ ခဲဖျက် ဖျက်၍မဲသွားခြင်းမရှိသည့် ခဲဖျက်ကောင်းကောင်းလေးကိုဝယ်ပါ။
၃။ အိပ်ယာမဝင်မီ သင်နှစ်သက်ရာ အလုပ်တစ်ခုခုကို လုပ်ပါ။ ဥပမာ - သီချင်းနားထောင်ခြင်း၊ တီဗွီကြည့်ခြင်း စသဖြင့်ပေါ့။ ဒီလိုလုပ်ခြင်းက သင့်စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မည်။
၄။ အိပ်ယာစောစောဝင်ပြီး အိပ်ရေး၀၀အိပ်ပါ။
စာမေးပွဲမဖြေမီညမှာ နောက်အကျဆုံး ည၁၁ နာရီခန့်လောက်အထိသာ စာကျက်၍စောစောအိပ်ပါ။ အအိပ်မက်သူဖြစ်ပါက ပို၍စောစောအိပ်ပါ။ ထိုညတွင်ညဉ့်နက်သန်းခေါင်အထိစာမကျက်ပါနှင့်။
စာမေးပွဲနေ့
စာမေးပွဲဖြေရမဲ့နေ့ရောက်လာပါပြီ။ အခုဖော်ပြမဲ့ အကြံပြုချက်တွေကတော့ သင့်ကို အကောင်းဆုံး ဖြေဆိုနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။
၁။ သင်ဟာ စာမေးပွဲကို မနက်ပိုင်းမှာ ဖြေရမှာဆိုရင် စောစောအိပ်ရာထပြီး နံနက်အစာပြေစာ(breakfast) ကို ကောင်းကောင်းစားပါ။ ဒါက အားအင်ဖြစ်စေပါတယ်။
စာမေးပွဲခန်းထဲတွင်ဗိုက်ဆာခြင်းသည် စာဖြေသူအတွက် အားအင်လျော့ပါးစေသည့်အနှောင့်အယှက်ဖြစ်သောကြောင့် အစားအသောက်ကို ပြည့်ပြည့်ဝဝစားလာခဲ့ပါ။ အထူးသတိပြုရမည့်အချက်မှာ ဘဲဥ၊ ကြက်ဥ မစားပါနှင့်။ ဦးနှောက်အာရုံကြောကို ထိုင်းမှိုင်းစေသည့်အတွက်ကြောင့်ရှောင်ရှားသင့်သည်ဟုဆိုပါသည်။
၂။ လိုအပ်တဲ့ ပစ္စည်းတွေ ယူသွားဖို့ မမေ့ပါနှင့်။
လက်ပတ်နာရီပတ်သွားပါ။ ကံမကောင်းစွာဖြင့် မိမိဖြေရမည့်စာမေးပွဲခန်းထဲမှာနာရီမရှိလျှင် အချိန်ကြည့်မရသောကြောင့် ဖြေရတာစိတ်မအေးရသည်ကအနှောင့်အယှက်ဖြစ်စေပါသည်။ အချိန်မှန်အောင်သေချာအချိန်တိုက်သွားပါ။
၃။ ကျောင်းကို စောစောသွားပါ။ ကျောင်းရောက်ဖို့ အချိန်လုံလုံလောက်လောက် ယူပါ။ နောက်ကျလျှင် သင့်အနေဖြင့် ပိုပြီး စိတ်လှုပ်ရှားပါလိမ့်မယ်။ ၄။ သင်ဘယ်အခန်းမှာ ဖြေရမယ်ဆိုတာကို စစ်ဆေးပါ။
၅။ စာမေးပွဲမစခင် ရေအိမ် (toilet) သွားပါ။
၆။ စိတ်လှုပ်ရှားနေပါက မျက်စိမှိတ်ပြီး အသက်ကို ပြင်းပြင်း ၄-၅ ကြိမ်လောက်ရှူသွင်းပါ။
၇။ ဘာလုပ်ရမယ်ဆိုတာကို ဆရာက ရှင်းပြနေတဲ့အခါမှာ အာရုံစိုက်ပြီး နားထောင်ပါ။
၈။ ညွှန်ကြားချက်များကို သေသေချာချာဖတ်ပါ။ နားမလည်ပါက ဆရာကို မေးပါ။
၉။ မေးခွန်လွှာကို ဖတ်ပြီး ကဏ္ဍတစ်ခုစီအတွက် အချိန်ဘယ်လောက်ပေးနိုင်မယ်ဆိုတာကို တွက်ကြည့် ပါ။ သင် သတ်မှတ်လိုက်တဲ့အချိန်တွေကို မေးခွန်းလွှာပေါ်မှာ ရေးသားပါ။ ဒီလိုလုပ်ခြင်းဖြင့် အချိန်ကို စီစဉ်ယူ နိုင်ပါတယ်။
၁၀။ နာရီကိုကြည့်ပြီး အနည်းဆုံး ၅ မိနစ် ၁၀ မိနစ်အလိုမှာ အားလုံးကိုအပြီးသတ်ပြီးစစ်ဖို့အချိန်ချန်လိုက်ပါ။
၁၁။ စစ်ဆေးလွှာပေါ်မှာ သင့်နာမည်ကို ရေးပါ။
၁၂။ ဖြစ်နိုင်ရင် အလွယ်ဆုံး မေးခွန်းက စဖြေပါ။ ဒါမှလည်း စိတ်သက်သက်သာသာရှိမှာပါ။
၁၃။ ဖြေလို့ပြီးရင်တော့ အဖြေတွေကို သေသေချာချာပြန်စစ်ပါ။
၁၄။ ရေးဖြေပြီးပါက မိမိအရေးအသားကို သေသေချာချာစစ်ဆေးပြီး အမှားရှာပြီး ပြင်ပါ။
ဒီနှစ် ဆယ်တန်း ဖြေမယ့် ကျောင်းသူ/ကျောင်းသားများ ကျက်ထားသော စာများသာ ပါပြီး စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ကြပါစေလို့ KS Mobile မိသားစုမှ ဆုတောင်းပေးပါတယ်နော် ... ကျန်းမာရေး လည်းဂရုစိုက်ကြပါနော် ..
Xiaomi ဖုန်းတွေအသုံးပြုတိုင်း Ads ကြော်ငြာဝင်တာတွေကို မိမိအနေနဲ့ ကန့်သတ်လျှော့ချနိုင်ပါတယ်။ တချို့ကို ပိတ်ထားနိုင်သလို Browsing history တွေကို ကန့်သတ်တာမျိုးတွေ လုပ်ထားနိုင်မှာလည်းဖြစ်ပါတယ်။ မိမိရဲ့ Xiaomi ဖုန်းက MIUI 11 ဗားရှင်းဆိုရင်တော့ အလွယ်တကူ ကြော်ငြာတွေကို ကန့်သတ်နိုင်မှာဖြစ်သလို မိမိဖုန်းက MIUI 11 မဟုတ်ရင်လည်း update လုပ်ကာ ခုနည်းလမ်းအတိုင်း ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။
MIUI 11 ကို သုံးနေတာဆိုရင်တော့ ဖုန်းရဲ့ Settings စနစ်ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Mi Account>Privacy ကို ရွေးလိုက်ပါ။ Privacy စနစ်ထဲကိုရောက်ရင်တော့ System Ads ဆိုတဲ့စာသားဘေးနားက ခလုတ် toggle ကို ပိတ်ထားပြီး ကြော်ငြာတွေကို ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။
ဆက်ပြီး MIUI 10 ဗားရှင်းနဲ့ MIUI 10 အောက်ဗားရှင်းတွေသုံးနေတဲ့သူတွေ အနေနဲ့ကတော့ MIUI 11 လိုမျိုး ခလုတ်တစ်ချက်နှိပ် ကြော်ငြာတွေကို ကန့်သတ်ထားနိုင်မှာမဟုတ်ပေမယ့် အောက်ဖော်ပြပါ နည်းလမ်းတွေအတိုင်း ကန့်သတ်ထားနိုင်ပါတယ်။
MSA App ကို ပိတ်ထားပါ
MSA ဆိုတာကတော့ MIUI System Ads ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ App ကိုတော့ ဖုန်းထဲကနေ uninstall လုပ်လို့မရပါဘူး။ ဒါပေမဲ့ Settings ထဲကနေ Authorization and Revocation စနစ်ကို ပိတ်ဖို့အတါက် Revoke ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ MSA စနစ်ကို အောင်မြင်စွာပိတ်ပြီးပြီဆိုတဲ့ စာသား ပေါ်လာမှာ ဖြစ်ပါတယ်။
ဒါကတော့ Browsing history ထဲက အချက်အလက်ပေါ်မူတည်ပြီး ဖုန်းကနေ Privacy ကြော်ငြာတွေကို မဝင်အောင် ပိတ်ထားနိုင်ပါတယ်။ အရင်ဆုံး Settings စနစ်ကိုသွားပါ။ ပြီးရင်တော့ Additional Settings>Privacy>Ad Services ထဲကို သွားလိုက်ပါ။ Ad Services စနစ်ထဲကိုရောက်သွားရင်တော့ Personalized Ad recommendations ဆိုတဲ့စာသားဘေးနားက ခလုတ်လေးကို ပိတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ Privacy ကြော်ငြာအကြံပြုချက်ကို ပိတ်ထားပြီးဖြစ်ပါတယ်။
Mi Security App ကို ဖွင့်ပြီး ညာဘက်ထိပ်ပိုင်း မြင်ကွင်းအပေါ်ထောင့်နားက cog icon ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ Recommendations အကြံပြုချက်ဆိုတဲ့ စာသားဘေးနားက ခလုတ်ကိုပိတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ Mi Security App ရဲ့ ကြော်ငြာတွေကို Disable လုပ်ပြီးပြီပဲဖြစ်ပါတယ်။
Mi ဗီဒီယိုစနစ်မှာ ကြော်ငြာတွေကို ပိတ်ထားပါ
ထပ်ပြီးတော့ Mi ဗီဒီယို App ကို ဖွင့်ပြီး Account menu ကို ရှာပါ။ ပြီးရင်တော့ Settings ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ Recommendations နဲ့ Push Notifications စာသားနှစ်ခုဘေးက ခလုတ်တွေကို ပိတ်ထားပါ။ အဲလိုမျိုး ဗီဒီယို app ကို မပိတ်ချင်ရင်တော့ မိမိအနေနဲ့ VLC app နဲ့ MX player app တွေကို အသုံးပြုနိုင်ပါတယ်။
Mi Music App က ကြော်ငြာတွေကို ပိတ်ထားပါ
Mi Music app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ဘယ်ဘက်အပေါ်ထောင့်နားက Menu icon ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ Settings>Advanced Settings ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Recommendations ဆိုတဲ့ စာသားဘေးနားက ခလုတ်ကို ပိတ်ထားလိုက်ပါ။ အဲလိုမျိုး မပိတ်ထားချင်ရင်တော့ ဗီဒီယို app တုန်းကလိုမျိုး Third party music app ကို အသုံးပြုနိုင်ပါတယ်။
Mi Web Browser က ကြော်ငြာတွေကို ပိတ်ထားပါ
MIUI မှာပါတဲ့ default browser က ကောင်းမွန်ပေမယ့် သူ့ထက်ပိုပြီး လုပ်ဆောင်ချက်တွေ စုံလင်လှတဲ့ Chrome browser ကို သုံးတာပိုကောင်းတယ်လို့ အကြံပြုချင်ပါတယ်။ ဒါပေမဲ့ မိမိအနေနဲ့ Mi Web Browser ကို သုံးမယ်လို့ ဆုံးဖြတ်ထားရင်တော့ ကြော်ငြာတွေကို ကန့်သတ်ထားနိုင်ပါတယ်။ Mi Browser app ကို ဖွင့်ပါ။ မျဉ်းသုံးချောင်း Menu icon ကို နှိပ်လိုက်ပါ။ Settings>Advanced>Top Sites Order ကို နှိပ်ပါ။ ပြီးရင်တော့ Recommendations ဆိုတဲ့စာသားဘေးနားက ခလုတ်ကို ပိတ်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ Browser ကတစ်ဆင့် ကြော်ငြာတွေ ဝင်မှာကို ပိတ်ထားလိုက်ပြီပဲဖြစ်ပါတယ်။
Mi File Manager & Downloads က ကြော်ငြာတွေကို Disable လုပ်ပါ
Mi File Manager App ကို ဖွင့်ပါ။ ပြီးရင်တော့ မြင်ကွင်းဘယ်ဘက် အပေါ်ထောင့်နားက လိုင်းခုဆင့်ထားတဲ့ Menu icon ကို နှိပ်ပါ။ ပြီးရင်တော့ Settings စနစ်ထဲကို ဝင်လိုက်ပါ။ Settings ထဲရောက်သွားရင်တော့ Show Recommended Content ဆိုတဲ့ စာသားဘေးနားက ခလုတ်ကို ပိတ်ထားလိုက်ပါ။ အဲလိုမျိုးပဲ Downloads app ကိုလည်းဖွင့်ပြီး အပေါ်ကအတိုင်း ပိတ်ထားပေးလိုက်ပါ။
ဒါဆိုရင်တော့ မိမိအနေနဲ့ Xiaomi ဖုန်းရဲ့ Ads ကြော်ငြာဝင်တာတွေကို မိမိစိတ်ကြိုက် ပိတ်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။
Android 10 ဆိုတာက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ထွက်ရှိလာတဲ့ Android mobile operating system ရဲ့ 17th ဗားရှင်းပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်က Android 10 OS ကို Google ကနေ မိတ်မဆက်ခင်တုန်းကတော့ Android Q ဆိုတဲ့ နာမည်နဲ့ ခေါ်ဝေါ်ခဲ့ပြီး pixel ဖုန်းမှာ ထည့်သွင်းပေးခဲ့ပါတယ်။ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ Pixel နဲ့ Pixel XL ဖုန်းတွေကလည်း ဒီ OS ကို update ပြုလုပ်အသုံးပြုနိုင်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၂ ရက်မှာ Android Q ကို Android 10 အဖြစ်ဖြန့်ချိသွားမယ်ဆိုတာကို တရားဝင် ကြေညာခဲ့ပါတယ်။
.
Android 10 မှာ အသစ်ပြုပြင်ထားတဲ့ full-screen gesture system ပါဝင်လာပြီး Google Assistant ကို ဖွင့်တာနဲ့ App အသစ်တွေဖွင့်ဖို့အတွက် မျက်နှာပြင်ရဲ့ အောက်ခြေရှိ ဘောင်ကိုပွတ်ဆွဲကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘေးဘက်ပွတ်ဆွဲကာ “Back” command အနေနဲ့အသုံးပြုနိုင်ပြီး Android Pie မှာ သုံးတဲ့ ခလုတ်နှစ်ခုလမ်းညွှန်စနစ်ကို ကန့်သတ်ထားတဲ့စနစ်က Android 10 မှာ မပါ ၀င်နိုင်တော့ပါဘူး။
.
နောက်ထပ် အသုံးပြုမှုပိုမိုကောင်းမွန်စေတဲ့ “bubbles” လို့ခေါ်တဲ့ App တွေကို pop-up အနေနဲ့ ထားရှိအသုံးပြုတဲ့ပုံစံမျိုးနဲ့ App အသိပေးချက်တွေကို pop-up အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android 10 Go Edition ကတော့ overlay permissions တွေကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ နောက်တစ်ခုက Android 10 မှာ system-level dark mode ထောက်ပံ့ပါဝင်လာပြီး Third-party app တွေ အတွက်ပါ ဒီစနစ်က လုပ်ဆောင်ပေးပါတယ်။ App တွေကနေ တိကျတဲ့ ချိန်ညှိချက်မှုတွေဖြစ်တဲ့ အင်တာနက်ချိတ်ဆက်မှုနဲ့ အက်ပလီကေးရှင်းတစ်ခုမှ အင်တာနက်လိုအပ်ပါက Wi-Fi ချိတ်ဆက်မှုကဲ့သို့ သတ်မှတ်ထားတဲ့ ချိန်ညှိမှုတွေအတွက် မိမိစိတ်ကြိုက် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
.
သီးသန့်လုံခြုံရေးနဲ့ လုံခြုံရေးစနစ်တွေ Android 10 မှာ ပါဝင်လာပြီး နောက်ခံ apps တွေ အပေါ် ကန့်သတ်မှုတွေလည်း ပါဝင်လာပါတယ်။ Android Nougat မှာ စတင်ထည့်သွင်းပေးခဲ့တဲ့ ဖိုင် based encryption ထက်ပိုမိုကောင်းမွန်တဲ့ Advanced Encryption Standard (AES) စနစ်ပါဝင်လာပြီး ဒီစနစ်က ဟာ့ဒ်ဝဲပိုင်း အဆင့်မြှင့်အထောက်အပံ့ မပါဝင်တဲ့ထုတ်ကုန်တွေမှာ အသုံးပြုနိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ Android 10 က ခေါက်သိမ်းနိုင်တဲ့စမတ်ဖုန်းတွေအတွက် ပုံမှန် mode ကနေ ခေါက်လိုက်တဲ့ပုံစံကို ပြောင်းလဲချိန်မှာ app ကို ဆက်လက်အသုံးပြုနိုင်မှာဖြစ်သလို apps အားလုံးကိုလည်း တစ်ပြိုင်နက်တည်း အသုံးပြုတဲ့ multi-window mode အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး ဖိုင်တွေ မျှဝေမှုကို “Direct Share” အစား “share shortcuts” ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့ပြီး Android 10 မှာ WPA3 encryption protocol နဲ့ Wi-Fi အတွက် ဝှက်စာအနေနဲ့ ပြောင်းလဲပေး Enhanced Open စနစ်တွေ ထောက်ပံ့ပါဝင်လာပါတယ်။ Android 10 Go Edition ကတော့ စွမ်းဆောင်ရည်ပိုင်းတိုးတက်မှု များစွာပါဝင်လာပြီး Google က App တွေအသုံးပြုမှုပိုင်းက Android Pie ထက် ၁၀% ပိုမိုမြန်ဆန်မှာ ဖြစ်တယ်လို့ ပြောကြားထားပါသေးတယ်။
.
Android 10 ရဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့ Live caption, Smart Reply, Sound Amplifier, Gesture Navigation, Dark Theme, Privacy Controls, Location Controls, Security Updates, Focus Mode, Family Link စတဲ့တွေပဲဖြစ်ပါတယ်။
IMEI ဆိုတာကတော့ မိုဘိုင်းဖုန်းထုတ်ကုန်တွေရဲ့ မှတ်ပုံတင်အမှတ်လို့ ဆိုရမှာပါ။ IMEI ရဲ့ အရှည်ကတော့ International Mobile Station Equipment Identity ဖြစ်ပြီး IMEI မှာ နံပါတ်အရေအတွက် စုစုပေါင်း ၁၅ လုံး ပါဝင်မှာဖြစ်ပါတယ်။
.
အဲဒီနံပါတ်တွေကို 3GPP ကွန်ရက်စနစ်အတွက် သက်သေခံနံပါတ်တွေအဖြစ် သတ်မှတ် အသုံးပြုတာဖြစ်ပြီး 3GPP ကွန်ရက်ထဲမှာတော့ GSM, UMTS/WCDMA, LTE စတဲ့ မိုဘိုင်းနက်ဝက်ခ်တွေပါဝင်တဲ့အပြင် iDEN မိုဘိုင်းဖုန်းလို့ ခေါ်ဝေါ်သုံးစွဲတဲ့ တချို့သော ဂြိုဟ်တုစနစ်သုံးဖုန်းတွေ ပါဝင်မှာဖြစ်ပါတယ်။
ယခင်က IMEI နံပါတ်တွေကို အများအားဖြင့် ဖုန်းရဲ့ ဘက်ထရီထည့်သွင်းတဲ့ အံထဲမှာ ရိုက်နှိပ် ဖော်ပြထားလေ့ရှိတဲ့အပြင် ဖုန်းခေါ်တဲ့ dialpad ကနေ *#06# ကိုနှိပ်ပြီး ဖုန်းမြင်ကွင်း screen ပေါ်ကနေလည်း IMEI နံပါတ်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဖုန်း တော်တော်များများမှာ *#06# ကို dialpad ကနေ ရိုက်ပြီးကြည့်ရှုနိုင် မှာဖြစ်ပြီး တချို့စမတ်ဖုန်းတွေမှာတော့ OS ရဲ့ settings menu ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
.
GSM နက်ဝက်ခ်တွေမှာ ထုတ်ကုန်တစ်ခုချင်းစီရဲ့ IMEI နံပါတ်ကို သတ်မှတ်လေ့ရှိပြီး အဲလို သတ်မှတ်လိုက်တဲ့ အတွက် မတော်တဆ ဖုန်းအခိုးခံရတဲ့အခါမျိုးမှာ ဖုန်းရဲ့ IMEI နံပါတ်ကို အသုံးမပြုနိုင်အောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ သတ်မှတ်ပေးထားတဲ့ IMEI နံပါတ်ကို နက်ဝက်ခ်ဆားဗစ်ပေးတဲ့ဆီကို ပို့ပေးပြီး ဖုန်းကနေ နက်ဝက်ခ်ချိတ်ဆက် အသုံးမပြုနိုင်အောင် ပိတ်ခိုင်းတာ ဖြစ်ပါတယ်။ အဲဒီလို ပိတ်လိုက်မယ်ဆိုရင်တော့ ဖုန်းကို ခိုးယူသွားသူဟာ IMEI ကနေ သတ်မှတ်ထားတဲ့ နက်ဝက်ခ်အပြင် အခြားသော နက်ဝက်ခ်တွေမှာ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ဖုန်းကို ခိုးယူတဲ့သူအနေနဲ့ ဖုန်းထဲက SIM ကတ်ကို ပြောင်းလဲထည့်သွင်းလိုက်ရင်တောင် အသုံးပြုနိုင်မှာမဟုတ်ပါ ဘူး။
.
IMEI နံပါတ်တွေကို သတ်မှတ်ထုတ်လုပ်တဲ့သူတွေက ထုတ်ကုန် တစ်ခုချင်းစီအတွက်သာ သတ်မှတ်လေ့ရှိပြီး ကွန်ရက်စနစ်တွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကတော့ ထုတ်လုပ်သူတွေက ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်ရဲ့ စွမ်းဆောင်ရည်ပေါ်မှာသာ မူတည်နေမှာဖြစ်ပါတယ်။
Android ဖုန်းတွေမှာ Mobile Data ဘယ်လိုချွေတာကြမလဲ?
ဖုန်းဝယ်ပြီးသွားတဲ့အချိန်ကစလို့ ဘေလ် ခဏခဏဖြည့်နေရတဲ့ ဒုက္ခမျိုး ကြုံနေကြမှာပါ။ အဲ့ဒါကြောင့် Mobile Data ချွေတာနိုင်မယ့် နည်းလမ်းတွေ Android ဖုန်းအတွက် ဖော်ပြလိုက်ပါတယ်။
Data Limit ဖွင့်ပေးထားပါ
ဖုန်းသုံးနေသူအများစုက အင်တာနက် ဘယ်လောက် သုံးနေသလဲဆိုတာ မသိကြပါဘူး။ Setting ထဲမှာ Data Limit ဖွင့်ပေးလိုက်တာက အသုံးချွေတာနိုင်ပါတယ်။
အထူးသဖြင့် တစ်ပတ်၊ တစ်ပတ်ကို အင်တာနက် ဘယ်လောက်သုံးနေသလဲ သိနိုင်သလို ဘယ်လို Package မျိုးဝယ်သုံးတာ အကျိုးရှိမလဲ အထောက်ကူဖြစ်စေမှာပါ။
Data Saver သုံးပေးပါ
ဒုတိယ အနေနဲ့ Background Data သုံးစွဲတဲ့ Apps တွေကြောင့် Data Saver Mode နဲ့ အသုံးပြုစေလိုပါတယ်။
အထူးသဖြင့် Facebook က အင်တာနက် ပိုသုံးတဲ့အတွက် App မှာ Data Save Mode ပါလာတယ်။ ဒီလိုပဲ Google Chrome Browser မှာလည်း Data Saver ရှိတဲ့အတွက် အသုံးချွေတာနိုင်ပါတယ်။
Wi-Fi နဲ့ပဲ Update လုပ်ပါ
Software Update ၊ System Update နဲ့ Big File တွေကို Wi-Fi နဲ့ Download ဆွဲတာက အင်တာနက်ဒေတာထက် ပိုမြန်ပြီး ပါဝါအစားပိုနည်းပါတယ်။
သာမန် အသုံးပြုဖို့အတွက်လည်း အသုံးချွေတာပေးနိုင်တာမို့ Battery Life ၊ Mobile Data ချွေတာဖို့အတွက် အထောက်ကူ ဖြစ်စေပါတယ်။
Live Streaming တွေကို Low Quality ဒါမှမဟုတ် Offline ပဲကြည့်ပါ
Live Stream Quality က ဖုန်း Hardware အလိုက် ပြောင်းနိုင်တာမို့ တတ်နိုင်သမျှ Download ဆွဲပြီး Offline ကြည့်စေချင်ပါတယ်။
Netflix ကို S10 Plus မှာကြည့်တာထက် S10e မှာကြည့်တာက ပိုသက်သာတယ်
ဒါကိုကြည့်ရင် Display Quality ကြောင့် S10 ဖုန်းချင်းမှာတောင် အင်တာနက် သုံးစွဲနှုန်းက မတူပါဘူး။ ဒါကြောင့် YouTube ဗီဒီယိုတွေနဲ့ Live Stream တွေကို Offline ပဲ ကြည့်စေချင်ပါတယ်။
လိုအပ်ရင် Background Data ကို ပိတ်ထားပါ
Gmail နဲ့ Social Media App တွေအပြင် အင်တာနက် အသုံးလိုတဲ့ ဘယ် App မဆို Background Data အနည်း၊ အများ သုံးတတ်ပါတယ်။
ဒီ App တွေကို ပိတ်တာထက် Manually Check In လုပ်နိုင်တယ်ဆိုရင် ပိတ်လိုက်တာ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ Gmail ကို သွားပိတ်ထားရင် Notification ပေါ်မလာတော့လိုပါ။
Smart Phone လောကဟာအရမ်းပဲ အပြောင်းအလဲများပါတယ်။ဒီနေ့ ဒီနည်းပညာ နာမည်ကြီးနေပေမယ့် နောက်နေ့ ပိုကောင်း ပိုပြီးလူကြိုက်များတဲ့ နည်းပညာက ပေါ်လာနိုင်တာမျိုးပါ။ဒီထဲကမှ ၂၀၂၀ မှာ အဓိကလူကြိုက်များပြီး နာမည်ကြီးလာနိုင်တဲ့ နည်းပညာတွေကတော့…
.
၁.5G Connection
.
5G ကတော့ ၂၀၂၀ အတွက် ထိပ်ဆုံးက ခေတ်စားနေတဲ့ နည်းပညာတစ်ခုပါပဲ။အတိအကျပြောရရင် ၂၀၁၉ နှစ်ကုန်ကတည်းက 5G ဖုန်းတွေ ရောင်းချနေရတာကိုပဲကြည့်နိုင်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ 5G အပြည့်အဝသုံးနိုင်ဖို့ ဝေးနေသေးပေမယ့် အနောက်နိုင်ငံနဲ့တရုတ်မှာတော့ အပြိုင်အဆိုင်ဖြစ်နေပါပြီ။၂၀၂၀ မှာသေချာပေါက် ဈေးနှုန်းသက်သာပြီး 5G ရတဲ့ဖုန်းတွေ လူတိုင်းလက်ထဲမှာ မြင်ရဖို့ရှိပါတယ်။
.
၂.Display Technology
.
Display လို့ပြောလိုက်တာနဲ့ Field ကနည်းနည်းတော့ ကျယ်သွားပါတယ်။Samsung က Foldable Phone ကိုအားစိုက်လာသလို့ Huawei ရဲ့ Mate X ကလည်း အတော်လေးမိုက်နေပါတယ်။ထပ်ပြောရရင် Motorola Razr လိုမျိုးလည်း Design Unique ဖြစ်တာတွေရှိနေပါသေးတယ်။Foldable တွေက Generation အရ နုနေသေးတာကြောင့် issues တွေရှိနေသေးပေမယ့် နောက်ပိုင်း နည်းပညာအသစ်တွေပေါ်လာပြီး ဈေးလည်းချို၊ Quality လည်းကောင်း၊ ပိုမိုဆန်းသစ်လာတဲ့ Foldable တွေပေါ်လာပြီး Tablet တွေပျောက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
.
နောက် Display ကတော့ Screen Display ပါပဲ။၂၀၂၀ မှာ Mobile Games တွေခေတ်စားလာတာကြောင့် Screen Refresh Rate နဲ့ပတ်သတ်ပြီး Tech Giant တွေအသည်းအသန် ဖိုက်ကြဦးမှာပါ။Oneplus က 90Hz Display နဲ့ ၂၀၁၉ အစပိုင်းမှာ မင်းမူထားပေမယ့် Xiaomi ကနောက်ပိုင်း Oneplus ထက်ပိုဈေးချိုပြီး 120Hz ထိရတဲ့ ဖုန်းတွေကို ထုတ်ပြခဲ့တာကြောင့် Screen Refresh Rate ပြိုင်တာတွေ ပိုမိုမြင်တွေ့ရမှာပါ။
.
၃.More and More Cameras Setup
.
နောက်ထပ် ခေတ်စားလာနိုင်တဲ့ နည်းပညာကတော့ Camera ပါပဲ။ Smart Phones တွေ Mass Production ဖြစ်လာတဲ့နောက်ပိုင်းမှာ လူတိုင်းလက်ထဲ Phone ရှိလာပြီး Camera အဖြစ်အသုံးချမှုလည်း တိုးလာပါတယ်။အရင်တုန်းက ဖုန်းတစ်လုံးမှာ MP နည်းနည်းနဲ့ ကင်မရာတစ်လုံးသာပါခဲ့ပေမယ့် ၂၀၁၆ လောက်ကစပြီး Double Camera,နောက်တော့ Triple Camera, Quad Camera, ခုဆိုရင် Penta Camera အပြင်တစ်ခြား Camera အများကြီးနဲ့ Concept Phone တွေပေါ်လာတဲ့အပြင် Video Production မှာပါ သုံးနေတဲ့ ဖြစ်ရပ်တွေရှိလာပါပြီ။
.
၄.Under-Display Selfie Cam
.
နောက်ပိုင်းမှာ ဖုန်းကိုင်သူတွေအနေနဲ့ Display ပိုင်းမှာ Display ကလွဲလို့ Bazel တွေ၊ Notch တွေ၊ Selfie Cam တွေရှိနေတာကိုမကြိုက်ကြဘူးလို့ထင်ပါတယ်။ပိုပြီးတိုးတက်လာတဲ့ Bazeless Display၊Edge to Edge Display စတာတွေအပြင် Selfie Camera ကိုလည်း Notch နဲ့ထည့်လိုက်တာတွေ၊နောက်ပိုင်း ပိုသေးလာတဲ့ Notch တွေ၊Selfie Cam ကို Pop-up Design အမျိုးမျိုးနဲ့လည်း လည်းထုတ်လိုက်ပါသေးတယ်။၂၀၂၀ အစပိုင်းမှာတော့ Hole-Punch Display တွေခေတ်စားနိုင်ပြီး နှစ်ကုန်ပိုင်းမှာတော့ Under-display Selfie Camera တွေပေါ်လာနိုင်လို့ Selfie Camera အတွက် နေရာပေးရေးလုပ်ငန်းစဥ် ဤတွင်ပြီးပါပြီ ဆိုပြီးဖြစ်လာနိုင်ပါတယ်။
.
၅.Battery and Charging Technology
.
လူတွေအနေနဲ့ ဖုန်းကိုတစ်နေကုန် Non-Stop နေရာမျိုးစုံမှာ သုံးလာတာကြောင့် လိုအပ်လာတာတစ်ခုကတော့ Battery Size ကြီးကြီးနဲ့ အဲ့ဒီ Battery Size ကြီးကြီးတွေကို မြန်မြန်အားသွင်းနိုင်မယ့် ခပ်မြန်မြန် Fast Charging တွေပါပဲ။ ဖုန်းတွေမှာလည်း ခုဆိုရင် Daily Heavy Usage ကိုခံနိုင်မယ့် Battery Size တွေတော်တော်များများပါဝင်လာပြီး Fast Charging ဆိုရင်လည်း Budget ဖုန်းတွေထိ ပါဝင်လာတာကြောင့် Power Bank တွေအတွက် ပိုက်ဆံကုန်မယ့်အစား Fast Charging ပါဝင်တဲ့ Power Adapter တွေ၊ Charging Cable တွေအတွက် ပိုက်ဆံပြောင်းကုန် လာပါလိမ့်မယ်။
Facebook နဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ
.
1 - Story တွေ ကျန်နေပါတယ်
.
ကိုယ့် fb အကောင့်ကို browser ကနေ desktop mode နဲ့ ဝင်လိုက်ရင်
ကိုယ့် wall ထဲမှာ story ဆိုတာ ရှိပါတယ်
တချို့တွေက fb wall မှာ အကုန် ဖျက်ပြီးသွားရင် အကုန် ကုန်သွားပြီ ထင်နေကြလို့ပါ။ My day မှာ တင်ထားသမျှ အားလုံး
story အနေနဲ့ ရှိနေပါသေးတယ်။
.
2 - Trash
.
အခု နောက်ပိုင်း post တစ်ခုကို ဖျက်လိုက်ရင် အဲဒိ post က အပြီးပိုင် delete ဖြစ်သွားတာ မဟုတ်ပါဘူး အချိန်တိုင်းတာ တစ်ခုထိ Trash ထဲမှာ ရှိနေပါသေးတယ်။ အဲဒါတွေ ဖျက်ဖို့ အတွက် ကိုယ့် wall ထဲကိုဝင် Add to story ဘေးက အစက်လေး သုံးစက်ကို နှိပ် ပြီးရင် Activity Log ကို ဆက်သွားပါ အဲ့ပေါ် ဘားတန်း နားလေးမှာ Trash ဆိုတာ ရှိပါတယ် အဲ့ထဲက ဟာတွေ အကုန် select ပေးပြီး delete လုပ်လိုက်မှ ပျက်သွားတာပါ။ select ပေးပြီး delete လုပ်တဲ့ အချိန် သတိထားပါ တစ်ခါ တစ်လေ မပျက်ပဲ ကျန်နေတတ်ပါတယ်။
.
3 - Activity Log
.
Activity log ကတော့ အထက်မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ Activity log ထဲမှာ ကိုယ် post တွေ Like လုပ်ထားတာတွေ comment လုပ်ထားတာ အကုန် မှတ်တမ်း အနေနဲ့ ကျန်နေပါတယ်။
.
4 - Archive
.
တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ post တွေကို archive လုပ်မိ လိုက်တာမျိုး ရှိတတ်ပါတယ် archive လုပ်လိုက်တဲ့ Post တွေက ပုံမှန် အားဖြင့် wall မှာလည်း ရှိမနေတဲ့ အတွက် ဖျက်ဖို့ မေ့တတ်ကြပါတယ်။ Archive ကလည်း အဆင့် ၂ မှာ ပြောခဲ့တဲ့ အတိုင်းသွားပြီးရင် Trash ရဲ့ ဘေးမှာ ရှိပါတယ်။ ကိုယ်ဖျက်ချင်တာတွေ အားလုံးကို Archive ထဲမှာ ဖျက်လိုက်လို့ ရပါတယ် တစ်ခု သတိပြုရမှာက Archive က ဖျက်လိုက် တာတွေက Trash ထဲကို ရောက်သွားမှာပါ Trash ထဲမှာ ထပ်ဖျက်ပေးမှ အကုန်ပျက်သွားမှာပါ မဟုတ်ရင်တော့ မှတ်တမ်း အနေနဲ့ ကျန်နေပါသေးတယ်။
.
မှတ်ချက်။ ။ Educational Purpose သာ ဖြစ်ပါသည်။
မိတ်ဆွေတွေအတွက် ဖုန်းအသုံးပြုတာအခါ သတိထားဖို့လိုတဲ့ လွဲမှားမှုတွေကို ဖော်ပြပေးချင်ပါတယ်။
၁။ ဖုန်း ဘေးနားထားပြီး အိပ်စက်တာ
စမတ်ဖုန်းတွေဟာ လျှပ်စစ်သံလိုက်လှိုင်းတွေ ထုတ်လွှင့်တဲ့၊ လက်ခံတဲ့ အရာဖြစ်ပါတယ်။ ဒါက ရေဒီယိုလှိုင်းတွေ ထုတ်လွှင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ လျှပ်စစ်သံလိုက်လှိုင်းတွေနဲ့ အချိန်ကြာကြာ ထိတွေ့ရင် ဦးနှောက်ကို သက်ရောက်မှုရှိစေတယ်ဆိုတာ သက်သေပြနိုင်ဖို့ သုတေသီတွေက လုပ်ဆောင်နေပါတယ်။ အိပ်နေချိန်မှာ ဖုန်းပိတ်ထားလို့လည်း မရဘူး။ တခြားတစ်နေရာ ထားအိပ်ဖို့လည်း မဖြစ်နိုင်ဘူးဆိုရင်တော့ airplane mode လုပ်ထားသင့်ပါတယ်။ ဒါမှမဟုတ်ရင် ဖုန်းသံကြောင့် အိပ်ရေးမဝဘဲ နိုးလာတာမျိုး ဖြစ်ရမှာပါ။
၂။ အပြာရောင်အလင်းကို အချိန်ကြာကြာကြည့်တာ
ဖုန်းမျက်နှာပြင်ကနေ ထွက်လာတဲ့ အပြာရောင်အလင်းက မီလာတိုနင်ဟော်မုန်း ထွက်ရှိမှုကို အတားအဆီးဖြစ်စေပါတယ်။ မီလာတိုနင်ဟော်မုန်းက ကျွန်တော်တို့ရဲ့ အိပ်စက်ချိန်စက်ဝိုင်းကို ပုံမှန်လည်ပတ်အောင် လုပ်ပေးနေတာပါ။ ဒါတင်မကသေးပါဘူး။ အပြာရောင်အလင်းက ခေါင်းကိုက်တာ၊ မျက်လုံးနဲ့ အမြင်အာရုံပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းရဲ့အလင်းရောင် အရမ်းများနေရင် ပြန်ချိန်ပြီး အပြာရောင်အလင်းကို စစ်ထုတ်ပေးတဲ့ Blue Light Filter ဖွင့်ထားသင့်ပါတယ်။
၃။ လိုင်းဆွဲအားနည်းနေချိန်မှာ ဖုန်းသုံးတာ
လိုင်းဆွဲအား နည်းနေတဲ့အခါ ဖုန်းကနေ လျှပ်စစ်သံလိုက်လှိုင်းတွေ ပိုထုတ်ပေးပါတယ်။ ဖုန်းကနေ စွမ်းအင်ပိုထွက်တဲ့အတွက် ကျန်းမာရေးကို ပိုထိခိုက်စေပါတယ်။ လိုင်းဆွဲအား နည်းနေချိန်မှာ ဖုန်းကို တတ်နိုင်သလောက် လူနဲ့ဝေးဝေးထားဖို့ Disconnect: The Truth About Cell Phone Radiation, What the Industry Is Doing to Hide It, and How to Protect Your Family စာအုပ်ကို ရေးသားသူ ဒေါက်တာဒါဗစ်က အကြံပြုထားပါတယ်။ လိုင်းဆွဲအားနည်းတဲ့အခါ ဖုန်းအပူချိန် ပိုမြင့်လာတာကလည်း ကျန်းမာရေးအတွက် အန ္တရာယ်ရှိစေနိုင်ပါတယ်။
၄။ အရေပြားနဲ့ ထိနေတာ
စမတ်ဖုန်းတွေနဲ့ ကင်ဆာရောဂါ ဆက်နွှယ်မှုရှိ၊ မရှိဆိုတာ သိရဖို့ လေ့လာမှု တော်တော်များများ လုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ဖုန်းကနေထွက်တဲ့ အချက်ပြလှိုင်းက ၉၀၀ MHz ရှိပြီး(အကြမ်းဖျင်းပမာဏ) ဖုန်းရဲ့ အပူချိန်ကို မြင့်တက်စေလို့ အဲဒီလိုလေ့လာကြတာဖြစ်ပါတယ်။ ဖုန်းကို ကိုယ့်အနားကပ်ထားရင် အရေပြားက အပူကို အလွယ်တကူ စုပ်ယူပါတယ်။ ဖုန်းကို ဝေးဝေးမှာ ထားလေလေ အပူစုပ်ယူမှု နည်းလေလေပါပဲ။ ဖုန်းပြောတဲ့အခါ အရေပြားနဲ့ ထိမနေစေဖို့ နားကြပ်သုံးသင့်ပါတယ်။ ဒါပေမဲ့ ရေဒီယိုကြိမ်နှုန်းရဲ့ ရောင်ခြည်သင့်မှုက လူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိတယ်ဆိုတာ သက်သေပြနိုင်ခြင်းတော့ မရှိသေးပါဘူး။
၅။ ဖုန်းကြည့်တဲ့အခါ ကိုယ်နေဟန်ထား မမှန်တာ
ဖုန်းအသုံးပြုတာများရင် လက်ချောင်းအဆစ်ယောင်ယမ်းမှုလို ရောဂါမျိုး ခံစားရနိုင်တာကို လူတော်တော်များများ သိကြပါတယ်။ ဖုန်းနဲ့ပတ်သက်ပြီး နောက်ထပ်ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးကတော့ Text Neck ဆိုတဲ့ ဇက်ဝေဒနာ ခံစားရမှုပါပဲ။ ခေါင်းငုံ့ပြီး ဖုန်းကြည့်တဲ့အခါ လည်ပင်းရိုးအပေါ် ဖိအားတဖြည်းဖြည်း များလာပါတယ်။ အချိန်ကြာလာရင် ဇက်ပေါ်မှာ ရှိလာတဲ့ အလေးချိန်က ဦးခေါင်းရဲ့ ပုံမှန်အလေးချိန်ထက် ၅ ဆကျော် ပိုများလာမှာပါ။ ဒါကြောင့် ဇက်နာတာ၊ ဇက်စောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးမဖြစ်အောင် ဖုန်းကို မျက်လုံးနဲ့ တပြေးညီ ထောင်ကြည့်ပါ။ ဇက်ကို တတ်နိုင်သမျှ ဖြောင့်ဖြောင့်ထားပါ။
Xiaomi Fan တွေဆိုရင် Bootloader Unlock, China ROM, Global ROM အစရှိတဲ့ စကားလုံးတွေကိုကြားဖူးနေကျဖြစ်မှာပါ။ အဲ့ထဲကမှ Bootloader Unlock ဆိုတဲ့ စကားလုံးလေးကိုရှင်းပြချင်ပါတယ်။ Bootloader ဆိုတာက ဖုန်းကို Boot တက်စေတဲ့ အစဉ်လိုက် Code တွေကိုပြောတာဖြစ်ပြီး အခုနောက်ပိုင်း Xiaomi ဖုန်းတော်တော်များများမှာ Bootloader ကို Lock လုပ်ထားပါတယ်။ Bootloader Lock လုပ်ထားတဲ့အတွက် တစ်ခြားပြင်ပ ROM တွေမသွင်းနိုင်ပဲ သူ့ Device အတွက်သီးသန့်ထုတ်ထားတဲ့ ROM တွေပဲသွင်းနိုင်ပါတယ်။ Xiaomi China ဖုန်းတွေနဲ့ Global ဖုန်းတွေကြားမှာ Hardware ပိုင်းကွာခြားမှုမရှိပါဘူး။ အဲ့ဒီ အတွက်ကြောင့် Xiaomi Global ဖုန်းတွေအတွက် ထုတ်ထားတဲ့ Global MIUI ROM တွေကို Xiaomi China ဖုန်းတွေပေါ်မှာလည်းသွင်းလို့ရပါတယ်။
.
Global MIUI ROM တွေကို Xiaomi China ဖုန်းတွေပေါ်မှာသွင်းလို့ရတာမှန်ပေမယ့် Bootloader Unlock လုပ်ဖို့တော့ လိုပါလိမ့်မယ်။ Lock လုပ်ထားတဲ့ Bootloader နဲ့ဆိုရင်တော့ Code တွေကိုက်ညီမှုမရှိတဲ့အတွက် လုံးဝသွင်းလို့မရပါဘူး။ Bootloader Unlock လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အဲ့တာကြောင့်ပါပဲ။ တစ်ခုရှိတာကတော့ Bootloader Unlock လုပ်လိုက်ရင် Warranty ပျက်ပါတယ်။ Relock ပြန်လုပ်လို့ရပေမယ့် Bootloader Unlock လုပ်ဖို့ Permission တောင်းလိုက်ကတည်းက Xiaomi ရဲ့ Official Warranty ပေးထားတဲ့ List ထဲကနေ ဖျောက်ပစ်လိုက်ပါတယ်။
.
Xiaomi Phone တွေကို Official Version နဲ့ တရုတ် Version ဆိုပြီး Warranty နှစ်မျိုးနှစ်စားရှိပါတယ်။ Official Version ဆိုတာတော့ ပြည်တွင်းကို တရားဝင်တင်သွင်းလာတဲ့ Xiaomi ဖုန်းတွေကို Xiaomi ရဲ့ Official Warranty ပေးထားတာပါ။ Hardware Error ပဲ ဖြစ်ဖြစ်၊ Software Error ပဲ ဖြစ်ဖြစ် Official Xiaomi Service တွေကနေ Support ပေးပါတယ်။ တရုတ် Version ဆိုတာကတော့ တရုတ်ပြည်တွင်း အလုံးတွေတင်သွင်းပြီး ပြည်တွင်းမှာရောင်းချတဲ့ ဆိုင်တွေကနေ ဆိုင် Warranty ပေးတာပါ။
.
Bootloader Unlock လုပ်ရင်သတိထားရမယ့်ပထမအချက်က Warranty ပျက်ပါတယ်။ Official Warranty ပဲ ဖြစ်ဖြစ် ဆိုင် Warranty ပဲဖြစ်ဖြစ် ပျက်ပါတယ်။ Official Global အလုံးဝယ်ထားတဲ့သူတွေကတော့ Bootloader Unlock လုပ်စရာအကြောင်းမရှိပါဘူး။ China အလုံးဝယ်ထားတဲ့သူတွေပဲ Bootloader Unlock လုပ်ပြီး Global MIUI သွင်းကြတာများပါတယ်။ OTA (Over-the-Air) Update မရတော့တဲ့ အခါမျိူးတွမှာ MIUI Official Website သွားပြီး 1GB or 2GB နီးနီးရှိတဲ့ Full ROM ဆိုတာဒေါင်းပြီး သွင်းပေးရပါတယ်။ တော်တော်တော့ အလုပ်ရှုပ်ပြီး လုပ်တက်ရင်တော့ အဆင်ပြေပါတယ်။ Xiaomi Official အလုံးတွေက China အလုံးတွေထက် Model ပေါ်လိုက်ပြီး ဈေးပိုများပါတယ်။ Software ပိုင်နိုင်ပြီး Budget သမားတွေဆိုရင်တော့ China အလုံးပဲဝယ်ပြီး Bootloader Unlock တာက အဆင်ပြေစေပါတယ်။