heal by Pun Hlaing Application ကို ဖွင့်ပါ။
heal account ရှိပြီးဖြစ်ပါက ဖုန်းနံပတ် ထည့်၍ login ကို နှိပ်ပါ။
heal account မရှိသေးပါက Register ကိုနှိပ်ပါ။
Registration လုပ်ရန်အတွက် သင်၏ ဆေးရုံမှတ်ပုံတင်နံပတ် HRN number ကို တောင်းခံလိမ့်မည်။
ပန်းလှိုင်ဆေးရုံ၊ ဆေးခန်းများနှင့် heal by Pun Hlaing Family Clinics များတွင် ပြသဖူးပါက သင့်ထံတွင် HRN နံပတ်ရှိပြီးဖြစ်သည်။ ဆေးရုံဆေးခန်းမှပေးသော မှတ်ပုံတင်ကတ်ပြား သို့မဟုတ် ဆေးမှတ်တမ်းများတွင် HRN ကို ရှာဖွေနိုင်သည်။ သင်၏ HRN ကို ဖြည့်၍ Continue ကို နှိပ်ပါ။
သင့်ထံတွင် HRN မရှိပါက I don’t have HRN number ကို နှိပ်ပါ။
သင်၏ HRN ကို ဆေးရုံမှတ်တမ်းစံနစ်တွင် ရှာတွေ့ပါက HRN နှင့် ID number ကို ပြ၍ သင့်ထံ အတည်ပြုချက်ရယူမည်။
Yes ကို နှိပ်ပါ။
Sign Up Page တွင် သင်၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်းပေးရမည်။
Name နေရာတွင် Select ကိုနှိပ်၍ Title “U, Daw, Ko, Ma” ရွေးချယ်ပါ။
Title ၏ နောက်တွင် သင့်အမည်ရင်းကို English ဖြင့် ရိုက်ထည့်ပါ။
ဖုန်းနံပတ်ထည့်သွင်းပါ။
Country code ကို မြန်မာနိုင်ငံအတွက် +95 ကို ရွေးချယ်ပေးထားသည်။ မှန်ကန်ပါက ပြောင်းလဲရန်မလိုပါ။
ဖုန်းနံပတ်ကို English ဂဏန်းဖြင့် ရိုက်ထည့်ပါ။ ရှေ့ဆုံးတွင် 0 ထည့်ရန်မလိုပါ။ 9 ဖြင့်စ၍ ထည့်ပါ။
ID Type တွင့် NRC (မြန်မာနိုင်ငံသားမှတ်ပုံတင်) သို့မဟုတ် Passport ကို ရွေးချယ်နိုင်သည်။ ဆေးရုံဆေးခန်းတွင် မှတ်ပုံတင်ဖူးပါက မှတ်ပုံတင်စဉ်က ပေးခဲ့သော ID အမျိုးအစား နှင့် နံပတ် ကို မှန်ကန်စွာ ရွေးချယ်ဖြည့်သွင်းရန်လိုအပ်သည်။
NRC ဖြည့်သွင်းရန် တိုင်း/ပြည်နယ် ကုတ်နံပတ်ကို ပထမဦးဆုံးရွေးချယ်ပါ။
မြို့နယ်ကုတ်ကိုရေွးပါ။
နိုင်ငံသားအမျိုးအစားကုတ်ကိုရွေးပါ။
မှတ်ပုံတင်နံပတ်ကို English ဖြင့်ရိုက်ထည့်ပါ။
Emergency Contact Number တွင် သင့်မိသားစုဝင်တဦးဦး၏ ဖုန်းနံပတ်ကို ထည့်ပါ။
သင့်ကို heal by Pun Hlaing application သုံးကြည့်ရန်ညွှန်လိုက်သောသူက Referral code ပေးလိုက်ပါက Do you have a referral code ကို အမှန်ခြစ်၍ ကုတ်ထည့်သွင်းပါ။
hi code မရှိပါက အမှန်ခြစ်မခြစ်ဘဲ Register လုပ်နိုင်သည်။
Title is empty!
Register နှိပ်ပါက Title is empty! ပြနေသည်။ သင့်နာမည် Title ကို မရွေးထား၍ ဖြစ်သည်။ နာမည်၏ ရှေ့ရှိ Select ကို နိပ်၍ U, Daw, Ko, Ma, Mr., Mrs တခုခုရွေးချယ်ပေးပါ။
ဖုန်းနံပါတ်ဖြည့်သွင်းရာတွင် 9 ဖြည့်စ၍ ဖြည့်ရမည်။ သင့်ဖုန်းနံပတ်သည် ၀၉၁၂၃၄၅ ဖြစ်ပါက 912345 ဟုဖြည့်ရမည်။
NRC နံပတ်ဖြည့်သွင်းရာတွင် တခုခုလိုနေ၍ ဖြစ်သည်။ နိုင်ငံသားအမျိုးအစားကုတ် “N” ကို ရွေးချယ်ရန်ကျန်နေခြင်းဖြစ်တတ်သည်။