ကျွန်တော်တို့ HANA Korean Language Center ရဲ့ Founder တစ်ဦးဖြစ်သော ဆရာမ ဝင့်နေခြည် အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။
ဆရာမဟာဆိုရင် ၂၀၁၀ ခုနှစ်တွင် Mandalay University of Foreign Languages မှ ကိုရီးယားဘာသာ အထူးပြုဖြင့် BA(Korean) ဘွဲ့ကို ရရှိခဲ့ပါတယ်။၂၀၁၈ခုနှစ် တွင် UK မှ ပေးအပ်ချီးမြှင့်သော Business Management Administration ICM ဘွဲ့ကို ထပ်မံရရှိခဲ့ ပြီး ၂၀၂၀ ခုနှစ်တွင် Yangon University of Foreign Languages မှပေးအပ်သော ဘာသာဗေဒ အထူးပြုဖြင့် ဘွဲ့လွန်ဒီပလိုမာ PGDL in Linguistic ဘွဲ့ကို တတိယမြောက်ဘွဲ့အဖြစ် ရရှိခဲ့ပါတယ်။
ဆရာမသည် ၂၀၁၃ ခုနှစ် မှစတင်၍ ကိုရီးယား လူမျိုးများကို Home Tution (မြန်မာဘာသာ) စကား သင်ပေးခြင်းဖြင့် Education Instructor ဘ၀ ကိုစတင်ခဲ့ပါသည်။ထို့နောက် ၂၀၁၅ ခုနှစ်မှစ၍ GungHong International Co.,Ltd တွင် Korean Translator and Korean Language Teacher ရာထူးဖြင့် တာဝန်ယူပြီး Korean 4 Skills Level နှင့် EPS TOPIK အတန်းများကို သင်ကြားခဲ့ပြီး ယခု အခါ HANA KOREAN LANGUAGE CENTER ကိုယ်ပိုင် သင်တန်းကျောင်း ဖွင့်လှစ်၍ ကိုရီးယား ဘာသာစကား လေ့လာချင်သူများအတွက် အခြေခံမှ စတင်၍ စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။
ကျွန်တော်တို့ HANA Korean Language Center ရဲ့ ရုပ်ချော သဘောကောင်းကောင်း ဆရာလေး ဝင်းဆက်နိုင် အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။
ဆရာဟာ ၂၀၂၀ ခုနှစ်တွင် Yangon University of Foreign Languages မှ ကိုရီးယားဘာသာ အထူးပြုဖြင့် BA(Korean) ဘွဲဲ့ကို ရရှိခဲ့ပါတယ်။
ကျောင်းတက်နေစဉ်ကတည်းက ကျောင်းမှ ဂျူနီယာလေးများကို စာသင်ပေးခြင်းဖြင့် စာသင်တဲ့ဘဝကို စတင်ခဲ့ပါတယ်။ ကျောင်းမှ ကိုရီးယားဘာသာဖြင့် ပြုလုပ်ရသော ပြဇတ်များ ၊ အစီအစဉ်များ ၊ Presentation များ တွင် အားတက်သရော ပါဝင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ကျောင်းအားလပ်ချိန်များတွင်လည်း ပရဟိတ သင်တန်းများ ၊ သုခအောင် ဘာသာစကားသင်တန်းကျောင်း ၊ ကောင်းဆုသာ ဘာသာစကားသင်တန်းကျောင်းများတွင် Korean Basic နှင့် EPS TOPIK အတန်းများကို သင်ကြားပေးခဲ့ပါတယ်။ အခုလက်ရှိမှာလည်း Zoom APP မှ တစ်ဆင့် သင်ကြားပေးလျက်ရှိပါတယ်။။။။။