gdm ဆိုတာ Google Drive ဖြင့် သိမ်းထားသော ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ၊ သင်ခန်းစာများ နှင့် စာအုပ်များကို အခကြေးငွေဖြင့်မဟုတ်ဘဲ အခမဲ့ ပြန်လည်မျှဝေပေးနေသော Facebook Page တစ်ခုဖြစ်ပါတယ်။ ကျွန်တေ်တို့ Page ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်များကို GoogleGroups ကနေ ကိုယ်တိုင် ပါဝင်နိုင်အောင် စတင်ခဲ့ပေမယ့်.. တချို့ အဖွဲ့ ဝင်တွေအတွက် အခက်အခဲဖြစ်ခဲ့တဲ့အတွက် ထိုစနစ်ကို ၂၀၂၀ ခုနှစ် နို၀င်ဘာလမှာ ပယ်ဖျက်ခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့ ၏ဆောင်ပုဒ်ကတော့ Sharing is Caring ပဲဖြစ်ပါတယ်
အဓိကအားဖြင့် ကျွန်တာ်တို့ gdm team မှ မြန်မာစာတန်းထိုး ဇာတ်ကားများ၊ ဇာတ်လမ်းတွေများကို ပြန်လည်ဝေမျှပေးနေပါတယ်။ ထိုအတူ အခါအားလျော်စွာ သင်ခန်းစာများ၊ စာအုပ်များကိုလဲ ဆက်လက်မျှဝေသွားမှာပါ။ ၁၈+ နှင့်ပက်သက်တာတွေကိုတော့ အထူးရှောင်ကျဉ် ပြီးဖယ်ထုတ်ထားပေမယ့်.. ပါသွားခဲ့လျှင်လည်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်.
Movies တွေကို Downlaod လုပ်သိမ်းထားပြီး အချိန်အားတဲ့အခါ အေးဆေးကြည့်ပြီး စိတ်အပန်းဖြေတက်တဲ့ ကျွန်တော်အတွက် Google Drive ကနေ ဇာတ်ကားတွေသိမ်းဖို့ နည်းလမ်းတွေ့သွားတဲ့အခါ ကျွန်တော်စိတ်ကြိုက် ဖြစ်ခဲ့ရပါတယ်. သိမ်းတာများလာတော့ ကျွန်တော်လို ဝါသနာတူတွေအတွက် ပြန်လည်ဝေမျှပေးချင်တဲ့ ဆန္ဒလေးဖြစ်ပေါ်ခဲ့ ပါတယ်..
တခြား Google Drive Movies ရောင်းတဲ့ Page တွေကနေ ဝယ်ယူပြီး ပြန်ကူးသိမ်းတာတချို့ ရှိတဲ့အတွက် ကျွန်တော်သိမ်းထားသမျှကိုတော့ အကုန်လုံးပြန်တင်ပေးမှာ မဟုတ်ပါဘူး။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
တကယ်လို့ စိတ်မရှည်ရင်တော့.. တစ်လကို ၂၀၀၀-၃၀၀၀ ပေးရတဲ့ Seller တွေဆီမှာ ဝယ်ယူကြည့်ရှု့နိုင်ပါတယ်။
ကျွန်တော်တို့ GDM Page ကို စတင်တည်ထောင်စဉ်ကာလမှာ Google Group ကို အသုံးပြုပြီး ကိုယ်တိုင် ပါဝင်နိုင်အောင် စီစဉ်ထားပေမယ့် တချို့တွေအတွက် အစဉ်မပြေဖြစ်ခဲ့ကြလို့.. Policy အသစ်နဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာ အောက်ပါ အဆင့် (၃) ဆင့်နဲ့ ပြန်လည် ပြင်ဆင်ထားလိုက်ပါတယ်။
အရင်ဆုံး ကျွန်တော်တို့ Facebook Page ကို Like ထားပေးပါ။
ကျွန်တော်တို့ Page ရဲ့ မည်သည့် Post ကိုမဆို Public အနေနဲ့ Share ပေးပါ။
Public Share ထားသော Screen Shot နှင့်အတူ Join ချင်သော G-mail လိပ်စာကို ကျွန်တော်တို့ Chat box မှာ လာပြောပြပေးပါ။