ကော်ဖီ သောက်ရင် ရင်တုန်တယ်လို့ လူတွေပြောကြတယ်။ တကယ်က Arabica ကော်ဖီ ဟာ ရင်တုန်မှုကို ကင်းဝေးစေပါတယ်။ Café 52 မှာ အသုံးပြုတဲ့ ကော်ဖီက ရင်မတုန်သော Arabica ကော်ဖီ ကို အသုံးပြုထားပါတယ်။
Arabica နဲ့ Robusta ဆိုပြီး ကော်ဖီအမျိုးအစား ၂မျိုးရှိပါတယ်။ သူတို့၂ခုရဲ့ ကွဲ့ပြားခြားနားချက်များကို အောက်တွင်ဖော်ပြပေးထားပါတယ်။
Arabica တွင် 1.5% Caffeine ပါဝင်ပြီး Robusta မှာ 2.7% Caffeine ပါဝင်ပါတယ်။ ဒါကြောင့် Arabica ၏ ကဖင်း ပါဝင်မှု့မှာ Robusta ထက်တဝက်နီးပါးလျော့နည်းပါတယ်။ ကဖင်း ဓာတ်များလျှင် ရင်တုန်ခြင်း နှင့် အိပ်မပျော်ခြင်း များဖြစ်နိုင်ပါတယ်။ ဒီအချက်မှာ Arabica ကို ပိုပြီးသောက်သုံးသင့်ပါတယ်။ ကဖင်းမှာ အခါးဓာတ်ဖြစ်သောကြောင့် Arabica မှာ Robusta ထက် အခါးဓာတ်ပိုလျော့နည်းပါတယ်။
Arabica တွင် ပါဝင်သော သကြားဓာတ်မှာ Robusta ထက် ၂ဆနီးပါး ပိုများပါတယ်။ ဒါကြောင့် Arabica က Robusta ထက် အခါးဓာတ်ပိုလျော့နည်းပါတယ်။
Arabica တွင် Organic Compounds များပါဝင်မှု့မှာ Robusta ထက်ပိုများပါတယ်။ Arabica ကို 60% Organic Compound (fats, oils, waxes, certain vitamins, hormones…) များဖြင့်ဖွဲ့စည်းထားပါတယ်။ ဒါကြောင့်သောက်သုံးသည့်အခါ ကျန်းမာရေးအတွက် အလွန်သင့်တော်ပါတယ်။
Arabica တွင် ပါဝင်သော Acidity(အချဉ်ဓာတ်) ပမာဏ မှာ Robusta ထက်ပိုများပါတယ်။ ဒါကြောင့် Arabica မှ ရရှိသော Wine မှာ Robusta ထက် အရသာပိုကောင်းပါတယ်။
Arabica မှာ Robusta ထက် အနံပိုမွှေးပါတယ်။
Arabica မှာ Robusta ထက် ဈေးပိုကြီးပါတယ်။ စိုက်ရတာလည်းပိုခက်ပါတယ်။ ရာသီဥတု အနည်းငယ်ပြောင်းရုံနှင့် ပျက်စီးနိုင်ပါတယ်။ အနံနှင့်အရသာမှာလည်း ပတ်ဝန်းကျင်ပြောင်းလည်းမှုကိုမူတည်ပြီးပြောင်းလည်းနိုင်ပါတယ်။
Arabica ကော်ဖီ ထုတ်လုပ်နိုင်မှုမှာ Robusta ထက်ပိုမိုလျော့နည်းပါတယ်။
ဒါကြောင့် ကျန်းမာရေးအတွက်သင့်တော်သော Arabica ကော်ဖီကိုသာ သောက်သုံးသင့်ပါတယ်။
Café 52 မှာ Arabica ကော်ဖီကိုအသုံးပြုထားသော Cuppaccino, Mocha နှင့် Latte တို့ရရှိပါတယ်။ လာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
Kyaw Min Tun
ကော်ဖီ ကြိုက်သူတွေ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးသူများအတွက်
ယခုဆိုနေရာတိုင်း coffee shop တွေ နဲ့ Coffee ယဉ်ကျေးမှုလည်း ပိုပို ထွန်းကားလာကြပါပြီ။ အဓိက ဉာဏလုပ်သားများ အဓိက စွဲစွဲမတ်မတ်သောက်လာကြပါတယ်။ ကော်ဖီက အနံ နဲ့တင်မက သူမှာ အဓိက ပါတဲ့ caffine ကဖင်းဓာတ်ကြောင့် စွဲလန်း ကြတာပါ။ ဒါကြောင့် ကဖင်း ရဲ့ ကျွန်တော်တို့ ခန္ဓာကိုယ် အပေါ်ကောင်းကျိုး ဆိုးကျိုး ဘယ်လို သက်ရောက် စေသလည်း ဆိုတာ ကြည့်ကြရအောင်ပါ။ အမေရိကန် FDA ကတော့ တနေ့ 400 mg ထက် caffeine ဓာတ် မပိုသင့်ပါဘူး။ ကော်ဖီ တစ်ခွက်ကို ပျမ်းမျှ caffeine100- 150 mg လောက်ပါပါတယ်။ ဒါကြောင့် တနေ့ကို ကော်ဖီ ၃. ခွက်ထက်တော့ဘပို မသောက်သုံး သင့်ပါဘူး။ ဒါပေမာ့် ကဖင်းက ကော်ဖီ တမျိုးထဲမှာပဲ ပါတာ မဟုတ်ပါဘူး။ တချို့လအားဖြည့်လအချိုရေတွေ၊ cocoa beans တွေ၊ ကိုလာ တွေ၊ လက်ဖက်ရည် တွေမှာလည်း ပါပါတယ်။ ဒါကြောင့် ကော်ဖီ ၃ခွက်၊ ကိုလာ ၁ဘူး၊ energy drink ၁ ဘူး စသည်ဖြင့် အမျိုးစုံအောင်တနေ့ထဲ သောက်နေရင်တော့ တနေ့ သတ်မှတ်ထားတဲ့ caffeine ဓာတ် 400 mg ထက် ပိုနေမှာပါ။
• ဦးနှောက် နဲ့ အာရုံကြော အားကောင်းစေခြင်း Caffeine ဓာတ်က ဦးနှောက်ထဲက Adenosine ဆိုတဲ့ ပစ္စည်း ပေါ်မှာ သက်ရောက်မှုရှိပါတယ်။ သူက တွေးခေါ်မှု ပိုင်းဆိုင်ရာနဲ့ အသက် ကြီးလာတာနဲ့ အမျှ မှတ်ဉာဏ် လျော့နည်းလာမှုကို လျော့ချပေးပါတယ်။
• အဲလ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန် ရောဂါများ ကော်ဖီ အမြဲ စွဲသောက်နေတဲ့ သူတွေက အဲလ်ဇိုင်းမား လို့ ခေါ်တဲ့ အမေ့လွန်ရောဂါ နဲ့ ပါကင်ဆန် လို့ ခေါ်တဲ့ တောင့် တင်း တုန်ရောဂါများ လျော့ပါးစေတယ်လို့ဆိုပါတယ်။
• မှတ်ဉာဏ် Johns Hopkins တက္ကသိုလ် က လုပ်တဲ့ စာတမ်းမှာတော့ caffine က မှတ်ဉာဏ် ကောင်းစေတာ်လို့ဆိုပါတယ်။
• အရေပြားကင်ဆာ Caffeine ဓာတ်နဲ့ လုပ်ထားတဲ့ အလှကုန်တွေက UV နေရောင်ခြည် rays တွေ ကာကွယ်ပေးလို့ အရေပြားကင်ဆာကို ကာကွယ်ပေးပြီ။ ကော်ဖီသောက်သုံးပါက အရေပြားကင်ဆာ တမျိုး ဖြစ်တဲ့ basal cell carcinoma ကို လျော့ချပေးတယ်လို့ဆိုပါတယ်။
• ကျောက်ကပ်ကျောက်တည်ခြင်းအတွက် Caffeine က ကျောက်ကပ်ကျောက်တည်ခြင်းအတွက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
• ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း ပါးစပ်၊ အာခေါင်ကင်ဆာများ၊သားအိမ်ကင်ဆာ၊ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာတို့ ဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။
• လေဖြတ်ရောဂါ ကာကွယ်ခြင်း ကော်ဖီ မသောက်တဲ့ သူတွေက လေဖြတ်တဲ့ နူန်းပိုမြင့်တယ်လို့ Sweden ဒေတာ တစ်ခု မှာ လူပေါင်း 34,670 နဲ့ သုတေသန ပြုလုပ်ပြီး ပြောထားပါတယ်။
• ဆီးချိုရောဂါ ကာကွယ်ခြင်း ကော်ဖီ တနေ့တခွက်သောက်တဲ့ သူတွေမှာ ဆီးချို ဖြစ်ပွားမှုနူန်း ကျစေတယ်လို့ ပြောထားပါတယ်။
• ဝိတ်ကျစေခြင်း Caffeine ဓာတ်က အစာစာချင်စိတ်ကို ကျစေပြီး ခန္ဓာကိုယ် ရဲ့ thermogenesis ကို အားပေးလို့ အပူပိုထွက်စေပြီး ဝိတ်ကျစေပါတယ်။
• အားကစား လုပ်ရာများ စွမ်းဆောင်ရည် တက်စေခြင်း မကောင်းတဲ့ အချက်တွေကတော့ ======================
• ကိုယ်ဝန်ဆောင်များ သန္ဓေသား ထိခိုက်မိတတ်ပါတယ်။
• မျိုးပွားမှု နူန်းကျတတ်ပါတယ်။
• ကော်ဖီချိုချိုတွေ ကတော့ ဆီးချိုထိန်းရာမှာ မကောင်းပါဘူး
• စိုးရိမ်စိတ်များစေခြင်း
• Depression ပိုဆိုးလာစေခြင်း
• ကော်ဖီကို ညနေသောက်တတ်တဲ့သူတွေက အိပ်မပျော်တဲ့ရောဂါ ရတတ်ပါတယ်။
• အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ရင်ပူခြင်း
• ကော်ဖီ မသောက်ရမနေနိုင် စွဲလန်း မှုပြဿနာ
• သွေးပေါင်တက်ခြင်း
• ရင်ခုန်သံမြန်ခြင်း
• အလန်းလွန်ခြင်းရဲ့ နောက်ဆက်တွဲ နူန်းခွေခြင်းများ
• ဆီးခဏခဏ သွားခြင်း
• ဂေါက် gout ရောဂါထခြင်း Caffeine overdose လို့ခေါ်တဲ့ caffeine ဓာတ်တွေ အလွန်အကျူး များနေရင်တော့ အသက် အန္တရယ် အထိ ရှိတတ်ပါတယ်။
Dr Tin Aung Moe
မြေထဲပင်လယ်ဒေသ အစားအစာ နှင့် ကျန်းမာရေး ရှုထောင့်
မြေထဲပင်လယ်ဒေသ စားသောက်မှုပုံစံကို 1950 နှောင်းပိုင်းလောက်က စပြီး ဂရိ၊ အီတလီနဲ့ စပိန် နိုင်ငံတို့မှာ ခေတ်စားလာခဲ့ကြပါတယ်။
မြေထဲပင်လယ်ဒေသ အစားအစာ ဆိုတာက သံလွင်ဆီကဲကဲလေးသုံးထားတဲ့ ဟင်းလျာတွေပါ။ သံလွင်ဆီကို အရွက်၊ အသီးအနှံများ၊ ငါးနဲ့ ဒိန်ချဉ်စတာတွေ ကို ဝိုင် အနီလေး အနည်းငယ် ထည့်ထားတဲ့ ဟင်းလျာများဖြစ်ပါတယ်။ ငါးနဲ့ အချက်များပြီး တခြား အနီရောင်အသားများ သိပ်ချက်လေ့မရှိကြပါဘူး။ အဓိကတော့ ပါတာက သံလွင်ဆီပါ။
နောက်ပိုင်းတွေ့ရှိလာကြတာက ဒီ မြေထဲပင်လယ်ဒေသ အစားအစာ က အောက်ပါရောဂါများ လျော့ပါစေနိုင်တယ်ဆိုတာ တွေ့လာကြလို့ တကမ္ဘာလုံး စိတ်ဝင်စားလာကြပါတယ်။
သူက နှလုံးသွေးကြောရောဂါ၊ လေဖြတ်ရောဂါ တု့ိအပြင် ဘယ်ကင်ဆာပဲဖြစ်ဖြစ် အဖြစ်နည်းတာလည်း တွေ့ရပါတယ်။ အသက်ကြီးလို့ မေ့တတ်တာ၊ နားထိုင်းတာ စတဲ့ အသက်ကြီးလို့ ဖြစ်တဲ့ ရောဂါများလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါနဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခြင်းတွေကိုပါ လျော့ကျစေပါတယ်။ နောက်ဆုံး ဝိတ်ပါ ကျစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခုနောက်ပိုင်း မြေထဲပင်လယ်ဒေသ အစားအစာက ကမ္ဘာမှာ လူနဲ့ အတည့်ဆုံး အစားအစာ အဖြစ် နာမည် တစစ ကြီးလာနေပါတယ်။
Dr Tin Aung Moe
အစာမရှိပဲ မစားသင့်သော အရာများ
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို အစားအစားတို့သည် ဆေးဖက်ဝင်ကြပါသည်။ သို့သော် အချိန်အခါနှင့် အခြေအနေ မှားယွင်းစားသုံးမိပါကလည်း လူကို အန္တာရယ်ပေးပါသည်။
အောက်ပါတို့သည် အစာမရှိပဲ empty stomach တွင်မစားသင့်ပါ။
1. ကော်ဖီ၊ လက်ဖက်ရည် – သူတို့သည် အစ်ဆစ်ဓာတ်များသော အရာများဖြစ်လို့ အစာမရှိပဲသောက်မိပါက အစာအိမ်ထိခိုက်တတ်ပါသည်။
2. ကဆီဓာတ်များသော အချိုရေများ – သူတို့တွင် carbonate အက်ဆစ်များလို့ အစာမရှိပဲသောက်မိပါက ပျို့၊အန်တတ်ပါသည်။
3. ခရမ်းချဉ်သီး – သူတို့ကို အစာမရှိပဲစားမိပါက အစာချေလုပ်ငန်းကို ထိခိုက်တတ်ပြီး ကျောက်တည်တတ်ပါသည်။
4. ဆေးများ – ဆေးအများစုသည် စားပြီးမှ သောက်ရမည်ကများပါသည်။ အကိုက်ခဲပျောက်ဆေးလိုဆေးများကို အစားမရှိသောက်မိပါက အစာအိမ်ထိခိုက်တတ်ပါသည်။
5. အရက်သေစာ – အစာမရှိပဲသောက်မိပါက အစာချေ လုပ်ငန်းနှင့် အစာအိမ်ကို ထိခိုက်တတ်ပါသည်။
6. အပူအစပ် အစားအစာများ – ၎င်းတို့ကို အစာမရှိပဲစား မိပါက အစာအိမ်ကိုနာစေပြီး ဤအစာအစားများသည် အက်ဆစ်ဓာတ်များသောကြောင့် အစားမရှိပဲ အစာအိမ်ထိခိုက်တတ်ပါသည်။
7. ဒိန်ချဉ် – ဒိန်ချဉ်သည် ကျန်းမာရေးအတွက်ရော အလှအပ အတွက်ရော အလွန်အရေးပါတဲ့ အစားအသောက်ဖြစ်ပါသည်။ ဒါပေမယ့် အစားမရှိတဲ့ အချိန် empty stomach မှာ စားမိပါက အစာအိမ်နာတတ်ပါသည်။
8. ဌက်ပျောသီး – မနက် ဌက်ပျော ည သင်္ဘောဆိုသည့်အတိုင်း မနက်စာစားပြီး စားလျှင် တနေ့ကုန် အားအင်ဖြစ်စေပေမယ့် ည အိပ်ရာဝင်တို့ အစာမရှိပဲစားမိပါက ဗိုက်နာတတ်ပါသည်။
9. ကန်စွန်းဥ – သူတို့သည် အစ်ဆစ်ဓာတ်များသော အစားအစာ များဖြစ်လို့ အစာမရှိပဲစားမိပါက ရင်ပူပြီး ဗိုက်နာတတ်ပါသည်။
10. အရွက် အစိမ်းများ – ဆိုလိုတာက မချက်ပြုတ်ထားသော အရွက် ကိုပြောတာပါ။ သူတို့က ကျန်းမာရေးအတွက် များစွာ အထောက်အကူပေးပေမယ့် အစာမရှိပဲစား မိပါက ရင်ပူပြီး ဗိုက်နာတတ်ပါသည်။
Dr Tin Aung Moe
French paradox လို့ခေါ်တဲ့ ပြင်သစ်လူမျိုးများရဲ့ ဝီရောဓိ
ဒီဝေါဟာရက ၁၉၈၀ လောက်က စတင်သုံးစွဲလာကြတာပါ။ အဓိကက ဆရာဝန်တွေတော်တော်များများ အရမ်း အံဩလာကြလို့ ဒီလို ဝိရောဓိ ဖြစ်လာတာပါ။ ပြင်သစ်လူမျိုးတွေက သူတို့က ပြည့်ဝ အဆီလို့ခေါ်တဲ့ saturated fats တွေစားသလောက် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြတော့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် တော်တော့ကို နည်းပါးနေတာကို တွေ့ရလို့ အားလုံး အံအားသင့်လာကြတာပါ။ နောက်ကွယ်က အကြောင်းတွေကို တွေ့လိုက်ရတော့ ” သြော်ဒါ့ကြောင့်ကိုး ” လို့ ဖြစ်လာကြပါတယ်။
ပထမဆုံး သူတို့ ပြင်သစ်လူမျိုးတွေရဲ့ လူနေမှုပုံစံ lifestyle ကို လေ့လာကြည့်လိုက်တော့ အဖြေရှာတွေ့သွားပါတယ်။
အဖြေက red wine လို့ ခေါ်တဲ့ ဝိုင်အနီ ကြောင့် ရယ်နဲ့ သူတို့စားတဲ့ အစားအသောက်ပုံစံတွေရယ်ကြောင့်လို့ ဆိုကြပါတယ်။
ပြင်သစ်လူမျိုးတွေအတွက် ဝိုင်သောက်တာက ရိုးရာ ဓလေ့လိုတောင်ဖြစ်နေတာပါ။ လေ့လာကြည့်လိုက်တော့ ဝိုင် နီ မှာ
၁။ Resveratrol လို့ခေါ်တဲ့ ဓာတ်တမျိုးက အသက်ရှည်ပြီး ကင်ဆာကို ကာကွယ်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။
၂။ Polyphenols သူက LDL လို့ခေါ်တဲ့မကောင်းတဲ့၊ နှလုံးရောဂါဖြစ်စေတဲ့ ကိုလက်စတောကို ကျစေပါတယ်။
နောက် ပြင်သစ်လူမျိုးတွေက ငါးတော်တော်စားကြပါတယ်။ အနည်းဆုံး တစ်ပတ် ၃ ကြိမ်လောက်ထိ စားကြပါတယ်။ နောက်တစ်ခုက သကြား ၊ အချိုကို သိပ်မစားကြပါဘူး ။
တခါတခါစားရင် အများကြီး တပြိုင်ထဲမစားပဲ နည်းနည်း နည်းနည်းစီနဲ့ အကြိမ်အရေအတွက်များများစားကြတာကလည်း တစ်ခု အပါအဝင်ပါ။
နောက် သူတို့ဟာ သွားရေစာ တွေ သိပ်မစားကြပါဘူး။ အမေရိကန်လူမျိုးတွေ အရမ်းစားကြတဲ့ ဆိုဒါပါတဲ့အစားတွေ၊ အာလူးကြော်တွေ fast food တွေ သိပ်မစားတာလည်းပါပါတယ်။
နောက်တစ်ခုက သူတို့တွေက ရေများများသောက်ကြပြီး စွပ်ပြုတ်နဲ့ ဆေးဖက်ဝင် လက်ဖက်ရေ တွေလည်း သောက်ကြပါတယ်။ ထူးခြားတဲ့ အချက်က သူတို့လူမျိုးတွေက အစားစားရင် သေချာ ထိုင်ပြီး စားကြပါတယ်။ ရုပ်ရှင်ကြည့်ရင်း မစားကြသလို စာဖတ်ရင်းလည်း မစားကြပါဘူး။
ဒါကြောင့် အထက်ပါ အချက်အလက်တွေက နှလုံးသွေးကြော ရောဂါ မဖြစ်အောင် ဘာလို စားသောက်နေထိုင်နိုင်သလည်း ဆိုတာ ဗဟုသုတ ရရှိစေပါတယ်။
Dr Tin Aung Moe
ရသာခံ မျိုးရိုးဗီဇ
ရသာခံ မျိုးရိုးဗီဇ လူတစ်ချို့ အတွက် မျိုးရိုးဗီဇ တချို့က ဟင်းသီးဟင်းရွက်တွေကို ခါးတယ် လို့ ခံစားစေပါတယ်။ ဒီရသာခံ မျိုးရိုးဗီဇ က လူတွေ အနံအရသာ ခံစားမှု အပေါ်မူတည်ပြီး သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် သူတို့ကအသက်ကြီးလာတာနဲ့ တပြိုင်နက် အာရုံခံမှု ပိုပို ကျလာကြပါတယ်။ ဒါကြောင့် တချို့ကလေးတွေဆို ဟင်းသီးဟင်းရွက်တွေ မကြိုက်ကြတာ ကျွေးလို့ မရကြတာတွေ မိဘတွေ ကြုံတွေ့ကြရတာပါ။
နောက်ပိုင်း အသက်ကြီးကြီးလာတာနဲ့အမျှ အကျင့်လုပ်ပြီး ကျွေးလို့ ရနိုင်လာပါတယ်။ အဲတာကြောင့် ငယ်ငယ်က သင်မကြိုက်တဲ့ အသီးအရွက်တွေက ကြီးလာတော့ သင်စားလို့ရလာတာပေါ့။ အမေရိကန် Kentucky တက္ကသိုလ်၏ သုတေသန အရ မျိုးရိုးဗီဇတချို့က တချို့ဟင်းသီးဟင်းရွက်တွေကို ခါးစေတဲ့ ဓာတ်ပေါင်းဖြစ်စေတယ်ဆိုတာ ရှာဖွေတွေ့ရှိထားပါတယ်။ ဒါကြောင့် ထိုသူတွေက ပန်းမုန်လာတို့၊ ပဲပင်ပေါက်တို့ ကော်ဖီထုပ်တို့၊ အသည်းတို့၊ ကလီစာတချို့တို့ကို မကြိုက်ကြတာ ဖြစ်ပါတယ်။
တချို့ကဆိုရင် ချောကလက် အညိုတို့၊ ကော်ဖီတို့၊ ဘီယာတို့ တို့ကိုပါ စားရင် ခါးသက်သက် အရသာတို့ကြောင့် မကြိုက် မနှစ်သက်ကြပါဘူးတဲ့။ လူ့ခန္ဓာကိုယ်မှာ TAS2R38 ဆိုတဲ့ နာမည်ပေးထါးတဲ့ မျိုးရိုးဗီဇ ၂စုံရှိပါတယ်တဲ့ ။ အဲလို ၂ စုံရှိတဲ့ သူတွေက အထက်ဖော်ပြပါအစားအစာတွေအပေါ် ခါးတယ်လို့ မခံစားရပါဘူးတဲ့။ အဲဒီ gene ၂ စုံ မရှိပဲ ၁ စုံပဲ ရှိတဲ့သူတွေကတော့ ခါးလို့ သိပ်မကြိုက်ကြပါဘူးတဲ့။ ဒါကြောင့် ကလေးတွေ အသီးအနှံ မကြိုက်ဘူးဆိုတာ အသက်ငယ်နေသေးလို့ပါလို့ သူတို့ကြီးလာတဲ့ အခါ ကြိုက်နှစ်သက်ကောင်း ကြိုက်လာပါလိမ့်မယ်လို့ တင်ပြရင်း …
Dr Tin Aung Moe