မြန်မာဒုက္ခသည်များတွင် စိတ်ဒဏ်ရာရစေသည့် ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရခြင်း၊ မိမိနေအိမ်များမှ စွန့်ခွာထွက်ပြေးရခြင်းနှင့် တိုင်းရင်းသားလူမျိုးများကြား ခွဲခြားဆက်ဆံခံရခြင်းတို့ကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေ များလျက်ရှိပါသည်။
သို့သော် ဂုဏ်ကျက်သရေထိခိုက်မည်ကို စိုးရိမ်ခြင်း၊ ဘာသာစကား အခက်အခဲနှင့် စိတ်ကျန်းမာရေးအကြောင်း အလွယ်တကူ နားလည်သဘောပေါက်ရန် အခွင့်အရေးများ မရရှိနိုင်ခြင်းကြောင့် ကျန်းမာရေးပြဿနာများအား သေသေချာချာ ကုသဖြစ်ခဲ့ကြခြင်း မရှိပါ။
ရောဂါအများစုသည် အသက်အန္တရာယ်ကို ထိခိုက်နိုင်ကြသလို မိမိကိုယ်ကို သေကြောင်းကြံစည်မှုများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။
ဥပမာ-
အသည်းရောင်ရောဂါ
တီဘီရောဂါ
နှလုံးရောဂါ
စိတ်ကျရောဂါ
အတွေ့အကြုံဆိုးကြောင့်ရသော စိတ်ဒဏ်ရာရောဂါ (PTSD)
စိုးရွံစိတ်ပိုရောဂါ
မြန်မာ့သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများအား လေ့လာခြင်းဖြင့် မြန်မာဒုက္ခသည်များအား ကူညီနိုင်သလို မြန်မာပြည်တွင် ပြည်တွင်းစစ်ဖြစ်ပွားနေကြောင်း လူအများသိရန် ဗဟုသုတဝေမျှနိုင်ပါသည်။
မြန်မာဒုက္ခသည်များအား အောက်ပါနည်းများဖြင့်လည်း ကူညီနိုင်ပါသည်။
လူမှုအသိုက်အဝန်းနှင့် လူမှုကူညီမှုများ ပံ့ပိုးခြင်း
တခြားသူများနှင့် ချိတ်ဆိတ်မိခြင်း (အထူးသဖြင့် မြန်မာပြည်သားအချင်းချင်း ချိတ်ဆက်မိခြင်း) သည် စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ခွဲခြားဆက်ဆံခံရခြင်းများကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်သည်။
ပညာပေး အစီအစဉ်များ
စိတ်ကျန်းမာရေးကို ပိုမိုနားလည်လာပြီး၊ စိတ်ကျန်းမာရေးသည် ကိုယ်ကျန်းမာရေးကဲ့သို့ပင် အရေးကြီးသော ပုံမှန်ကိစ္စတခုဖြစ်ကြောင်း မြန်မာဒုက္ခသည်များ ပိုမိုနားလည်သဘောပေါက် နိုင်ရန်အတွက် ပညာပေးအစီအစဉ်များ စီစဉ်ပေးနိုင်ရန် အရေးကြီးပါသည်။