ငယ်ငယ်ထဲကနင်းတာ ကျွန်တော့်တစ်သက်ပဲ။ နေတော့ တောင်ဥက္ကလာမှာ။ အလုပ်ဆင်းတော့ ဂုတ်တလိပ်။ မနက် ၅နာရီလောက်ထ နင်းတယ်။ နာရီဝက်လောက်တော့ နင်းရတယ်။ မြန်ရင်မြန်သလိုပေါ့။ ပုံမှန်က တော့ အများဆုံးနင်းရ နာရီဝက် လေးဆယ့်ငါးမနစ်ပေါ့။
စက်ဘီးစီးတာအာရုံမနောက်ဘူး။ ကိုယ်သွားချင်တဲ့နေရာကိုရောက် ပြီး ဦးတည်ရာမရှိသွားလို့ရတယ်။ ကိုယ်ဘယ်နေရာသွားသွား သွားလို့ရတယ်။ ကားစီးတာကြတော့ သူတို့ကို တစ်နာရီ၊ နှစ်နာရီလောက် အချိန်ပေနေရတယ်။ အာရုံလည်းနောက်တယ်။ ကားနဲ့ဆို မီးပွိုင့်မှာ ဟိုးနောက်ကတန်းစီရတယ်။ စက်ဘီးနဲ့ကြတော့ ဟိုးရှေ့ရောက်အောင်ကျော်သွားလိုက်ပြီး ကိုကအရင်ဦးဆုံး အရှေ့က အရင်ရောက်တယ်။
အရင်တုန်းကဆို ဒီသုဝဏ္ဏ ကွင်းတောက်ရှောက်က ပြိုင်ပွဲတွေကြီးပဲ။ လွတ်လပ်ရေးနေ့ မစခင် တစ်ရက်လောက်အလိုမှာ စပြိုင်တယ်။ စက်ဘီးပြိုင် ပွဲတွေ၊ မာရသွန် တာဝေးပြိုင်ပွဲတွေရှိတယ်။ ပြိုင်ပွဲတွေမှာတော့ တစ်ခါမှမပြိုင် ဘူးပါဘူး။ ကျွန်တော့်အဖေကသာ ပြိုင်ဖူးတာ။ ကျွန်တော့်အဖေက ငယ်ငယ် လေးထဲက ပဲခူးမိုင် ၃၀ကို သူ့သူငယ်ချင်းတွေနဲ့ သူနင်းဖူးတယ်။ (စီးလာတဲ့ မောင်မြန်မာဘီးကိုညွှန်းလျက်) ဒီစက်ဘီးတွေကသူတို့ အရင်တုန်းက ပြိုင်ဘီး တွေမရှိတုန်းက သုံတာ။ ဒီကောင်တွေကိုခေါက်ပြီးတော့ ပြန်ချိုးပြီး ပြိုင်ဘီးအ ဖြစ်သုံးတာ။ ကျွဲခေါင်းတို့၊ နွားခေါင်းတို့ အဲ့လိုပုံစံကြီးတွေ။ သူတို့က ကိုယ်တိုင် လုပ်တာ။ ဆိုင်ကနေသွားမမှာဘူး။ ကျွန်တော်တို့က အခုမှသာ ဒီ handle တွေကို ပြန်ပြောင်းလိုက်တာ။ သူတို့ဘီးတွေပြန်နင်း ပစ္စည်းတွေပြန်ထည့်ပေး တာ ဒါလောက်ပဲ။ သူတို့တုန်းကဆို ဒီဟာတွေက အကောက်ကြီးတွေ။
စက်ဘီးကတော့ အခုဆောင်းတွင်းပိုင်းက သက်တောင့်သက်သာ တော့ရှိတယ်။ ပြောမယ့်သာပြောတာ စက်ဘီးစီးရတာကြတော့ လေကောင်း လေသန့်လည်းရ ကျန်းမာရေးလည်းကောင်းတယ်။ ခုလို အလုပ်လုပ်ပြီးသား အချိန် သွေးတွေကစုနေရာက စက်ဘီးပြန်နင်းလိုက်တော့ လည်ပတ်မှုရှိသွား တယ်။ သွေးလည်ပတ်မှုရှိတော့ တော်ယုံတန်ယုံချမ်းလားလို့သွားမေးကြ
ည့် အဲ့စက်ဘီးစီးတဲ့သူက ချမ်းမှာမဟုတ်ဘူး။ လေ့ကျင့်ခန်းဆင်းနေတာလေ။ ခြေထောက်က နားနေတာမဟုတ်ဘူး။ လက်ဆိုလည်း ဒီတိုင်းဘဲ handle ကိုဟို ယိမ်းလိုက်ဒီယိမ်းလိုက်နဲ့ ဆိုတော့ လက်တွေဘာတွေလည်း လှုပ်နေရတယ်။ အဲ့ဒါလေးတွေက လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်။
၉၊ ဇန်န၀ါရီ ၂၀၁၆
I bike since I was young. Actually my biking experience has been my age. I live at South Oakkalar township and work at Gote-Tha-Laik. I wake up at 5 o’ clock and bike. It usually takes half an hour. It depends on how fast I am. But usually it takes around thirty minutes average or forty- five minutes at maximum.
Biking does not need to be nervous. It can lead to your destiny while you can choose different paths. You can go wherever you want. On contrast, taking buses has to be spent one or two hour. It is also head-aching. You have to be in a long queue at the traffic light. Meanwhile, bikes can pass such a long queue and be ahead of cars.
In the former, there was a series of races at Thuwunna Stadium. The racing used to start the day before Independence Day. There are biking races and Marathon long distance running races. I haven’t ever joined a race although my father has joined. My father biked for thirty miles from Bago together with his friends. (dedicating Maung-Myanmar bike) This kind of bikes was used when there were no racing bikes. These bikes are folded and re-assembled as racing bike. The handle seems like head of bull. They made them by themselves without ordering from the shop. But these days we change the appearance of handle. At my father’s days, the handle used to be curve.
Biking is more comfortable at winter time. Well biking is healthy as well as making to get us some fresh air. After working for a long time, the stationary blood circuit turns circulate in a healthy way due to biking. Due to blood circulating, the biker gets warm and does not get cold easily. It is like an exercise, both the hands and legs are operating. It makes us to exercise.
9th January 2016
Translated by Thu Zar Aung