A talk with a boy who received bike as a present from his girlfriend on his 20th birthday

အသက် ၂၀ ပြည့်မွေးနေ့မှာ ကောင်မလေးထံမှ စက်ဘီး လက်ဆောင်ရတဲ့ ကောင်လေးနဲ့ သူပြောပြတဲ့ စက်ဘီးနဲ့ပတ်သက်တဲ့အ

ကြောင်းတွေ။

အခုစီးနေတဲ့စက်ဘီး ကိုကျွန်တော့ ၂၀ ပြည့်မွေးနေ့မှာ ၀ယ်ဖြစ်တာ။ ပြီးတော့ ဒီကောင်လေးကို သဘောလည်းကျတယ်။ ကျွန်တော်နဲ့လိုက်တယ်လို့ ခံစားရတယ်။ classic လည်းဖြစ်တယ်လို့ ခံစားရတယ်။ ဒီစက်ဘီးကို ကျွန်တော့် ကောင်မလေးဝယ်ပေးတယ်လို့လည်း ပြောလို့ရတယ်ဗျ။ ကျွန်တော့်ကောင်မ လေးနဲ့ ကျွန်တော်နဲ့ ပထမဆုံးစပြီး ပိုင်ဆိုင်မှုတစ်ခုလိုမျိုးနဲ့ဝယ်ဖြစ်ခဲ့တယ်။

အဲ့နေ့ကတောတောနှံ့တယ်။ စက်ဘီးဝယ်တဲ့ စော်ဘွားကြီးကုန်းကနေပြီးတော့ အရင်ဆုံး ရှစ်မိုင်သွားတယ်။ ရှစ်မိုင်ကနေ ရန်ကင်းကိုသွားတယ်။ ရန်ကင်းကနေ မှ သူနေတဲ့ ဆယ်မြောင်းဝန်းထဲသွားပြီးတဲ့အခါ ကျွန်တော့်အိမ်ရှိတဲ့ မြောက် ဥက္ကလာအထိကို တောက်လျှောက်ပြန်နင်းတာ။ အဲ့နေ့က မိုးတွေလည်း ရွာချ တော့ မိုးရေထဲမှာ နင်းရတာပေါ့။ တော်တော် အမှတ်တရဖြစ်တယ်။ လုံးဝမပင် ပန်းဘူး။ ပထမဆုံး ပျော်ရွှင်မှု ပိုင်ဆိုင်မှုပဲ။ ကျွန်တော် စက်ဘီးစီးတဲ့သက်တမ်း မှာ အဲ့နေ့က စီးချိန်အကြာဆုံးပဲ။

ကျွန်တော်တို့ မြောက္ကဥလာမှာ တစ်ယောက်ရှိတယ်။ ကိုယ်ကာယ အားကစားသမား။ အောင်နိုင်ဆွေဆိုလား အောင်ဆွေနိုင်ဆိုလား တစ်ခုခုပဲ။ သူဆိုလို့ရှိရင်လည်း အဲ့လိုပဲ စက်ဘီးတာကို သူတော်တော်လုပ်တယ်။ တန်ဖိုး ကြီးတဲ့စက်ဘီးတွေဝယ်ပြီးသွင်းတယ်။ သူ့စက်ဘီးတွေကမိုက်တယ်ပေါ့တယ် ပေါ့။ ပြီးတော့ သူက စက်ဘီးကို dressing အပြည့်နဲ့စီးတယ်။ ဘာအတွက်လဲ တော့ အဲ့တုန်းကမသိခဲ့ဘူး။ အဲ့တုန်းက စက်ဘီးစီး ၀တ်စုံကို ရီရတဲ့ဝတ်စုံ၊ ရှက်ဖို့ကောင်းတယ်ပေါ့နော်။ ရေကူးတာတို့ဆိုရင် အဲ့လို ဘောင်းဘီ တိုတို တုတ်တုတ်လေးနဲ့ပေမဲ့ ဘာမှ မဖြစ်ဘူး။ သူ့ပတ်ဝန်းကျင်နဲ့သူ။ ဒါပေမဲ့ ဘောင်းဘီ အတိုအပြတ်၊ကိုယ်ကျပ်နဲ့ လမ်းပေါ်မှာ ပတ်ပြီး စက်ဘီးနင်း တဲ့အခါကြတော့ သူ့ကိုကြည့်ပြီးတော့ရီချင်တယ်။ သူကခန္ဓာကိုယ်ကြီလည်း အကြီးကြီးဆိုတော့ ရှက်ဖို့ကောင်းတဲ့ ပုံစံတစ်ခုအနေနဲ့ မြင်ခဲ့တယ်။ ဒါပေမဲ့ အခုကြမှ တကယ်နင်းကြည့်တဲ့အခါကြတော့ စက်ဘီးစီးတဲ့ ၀တ်စုံနဲ့ စီးတဲ့ အခါကြမှပဲ comfort ဖြစ်မယ်ဆိုတဲ့ feel တစ်ခု ခံစားလာရတယ်ပေါ့နော်။

အဲ့လို အဲ့လိုမျိုးတော့ရှိတယ်။

အရင်တုန်းက မောင်းတိန်းဘီးလေးတစ်စီးရှိတယ်။ ခုနစ်တန်းလောက် မှာ စပြီးရတာ။ ကျွန်တော်တို့အိမ်မှာရှိတဲ့ မိန်းမစီးဘီးလးနဲ့ အဲ့မောင်းတိန်းဘီး နဲ့ကို မီးခွက်ဈေးမှာလားဘာလားမသိဘူး မှာ အလိုက်ပေးပြီးသွားလဲခဲ့တာ။ အဲ့ ဘီးလေးက တော်တော်ဆင်ထားတာ။ ထိလိုက်လို့ရှိရင် မြည်တာတို့ သူခိုးမခိုးခံ ရအောင်တပ်ထားတွေအများကြီးရှိတယ်။ ဒီမောင်းတိန်းဘီးလေးနဲ့ ကျောင်း တက်ဖြစ်တယ်။ စက်ဘီးနဲ့ ပုဆိုးဝတ်နဲ့ဆို အစဉ်မပြေတော့ အောက်ကဘောင်း ဘီတိုတိုလေးနဲ့အမြဲကျောင်းသွားပြီး ကျောင်းရောက်မှ ပုဆိုးစွတ်ကတာပေါ့နော် ။ ကျောင်းအပြန်ဆို အဲ့ဘီးလေးကနဲ့ ဘရိတ်ကိုညှစ်ပြီး ဖုန်သဲထူတွေထဲမှာ စ လစ်ရိုက်တာ အမြဲလုပ်ဖြစ်တယ်။ ကျွန်တော် ဆယ်တန်းဘော်ဒါဆောင်သွားနေ တော့ မစီဖြစ်တော့ဘူး။ ပြစ်ထားတာကြာတော့ စက်ဘီးက စီးလို့မရတော့ဘူး ပြန်ပြင်မှစီးလို့ရမှာပေါ့။ ကျွန်တော်လည်း ပြန်မပြင်ဖြစ်တော့ဘဲ နောက်တော့ ညီလေးရဲ့ သူငယ်ချင်း စက်ဘီးမ၀ယ်နိုင်တဲ့ကောင်လေးကို ပေးလိုက်တယ်။ သူ့အဖေက ဆိုက်ကားနင်းတော့ စက်ဘီးတွေ ဘာတွေပြင်တတ်တယ်။ အဲ့ဒါနဲ့ သူကို ပေးလိုက်တယ်။

ဆယ်တန်းပြီးထဲ စက်ဘီးမစီးဖြစ်ပါဘူး။ စက်ဘီးစီးဖို့ကို လည်းမေ့နေ တယ်။ အခုအလုပ်လုပ်တော့မှ စက်ဘီးစီးဖို့ကို ပြန်စိတ်ကူးရတယ်။ ဘာလို့ လည်းဆိုတော့ ကျွန်တော်ကမြောက်ဥက္ကလာမှာနေတာ ရုံးတက်ရတာက တာမွေမှာ။ ပြီးတော့ ဒီကာလာမှာ ကုန်းကျော်တံတားတွေဆောက်တာကြောင့် လမ်းပိတ်တာတွေကပိုဖြစ်တော့ ရုံးသွားရုံးပြန်ဆို ဘတ်စကားပေါ်မှာကိုပဲ တော် တော်အချိန်ကုန်သွားတယ်။ လမ်းမှာ တချို့နှစ်မှတ်တိုင် သုံးမှတ်တိုင် နေရာ တွေတောင်မှ လိုင်းကားစီးသွားရတာအတော်ကြာတယ်။ လိုင်းကာပေါ်မှာကြ တော့လည်း အဆင်မပြေတာတွေကလည်းရှိတယ်။ ဘယ်လိုလဲ သူများနဲ့ ပြော ဆိုဆက်ဆံရတာ အကြွေကိစ္စဘာညာနဲ့။

အဲ့ဒါနဲ့ စက်ဘီးကို ရွေးလိုက်တော့ ပြီးတော့ ကိုဇွဲပြည့်ကလည်း ဒီစက် ဘီးစီးဖို့ကို အားပေးတော့ အဲ့ဒါနဲ့ လိုက်လုပ်ဖြစ်သွားတာ။ ရုံးသွားရုံးပြန် စက် ဘီးနဲ့ သွားဖြစ်သွားတယ်။ အရင်ထက်အချိန်ပိုသက်သာတယ်။ ဒါပေမဲ့အသေ နင်းရတယ်။ ကိုယ့်အချိန်ကိုယ်ပိုင်တယ်လို့ ခံစားရတယ်။ အရင်တုန်းကဆို သူငယ်ချင်းတွေအိမ်လည်ပြီဆို ရှစ်နာရီလောက်ဆိုပြန်ရပြီ။ စက်ဘီးဝယ်ပြီးတော့ ဆယ်နာရီလောက်မှပြန်ဖြစ်တော့တယ်။ ကိုယ့်အားကိုကိုးဖြစ်သွားတယ်။ ပြီး တော့ ဘတ်စကားစီးနေရာကနေ စက်ဘီးစီးဖြစ်တဲ့အခါ အတော်လွတ်လပ် တယ်လို့ ခံစားရတယ်။ အဲ့လိုနဲ့ စီးဖြစ်သွားတယ်ပေါ့။ တကယ်လို့ တက္ကသိုလ် တက်တုန်းကသာ အဲ့စိတ်ကူးရခဲ့ရင် ကျောင်းကို စက်ဘီးနဲ့ပဲတက်တယ်။ အဲ့တုန်းက ကကားတိုးစီးခဲ့ရတတာ အရမ်းပင်ပန်းတယ်။

ဒါပေမယ့် ရန်ကုန်မှာ စက်ဘီးစီးရတာ ခက်ခဲတဲ့အပိုင်းလေးတွေရှိ တယ်။ စက်ဘီးစီးရတာ ကျွန်တော့်အတွက်ဆိုရင်တော့ physically အရမခက် ခဲဘူး။ ကျွန်တော်စီးနိုင်တယ် နင်းနိုင်တယ်။ ကျွန်တော် တစ်နာရီခွဲလောက်အထိ ကျွန်တော် အေးအေးဆေးဆေးနင်းနိုင်တယ်။ ဒါပေမဲ့ safety အတွက်ကြတော့ ကျွန်တော့်အတွက် ခက်ခဲတယ်။ safety ပိုင်းမှာ ကိုယ့်ကိုကိုယ် စိတ်မချဘူး။ အခု ဆို ဒီစက်ဘီးကို အိမ်ကို ပြန်မသယ်ဘဲနဲ့ ရုံးမှာထားခဲ့တာတောင်မှ တစ်ပတ်ကျော် နှစ်ပတ်လောက်ရှိပြီ။ အဓိက အိမ်ကို ပြန်နင်းတဲ့လမ်းကို မနင်း တာကြာလို့ ကိုယ့်ကိုကိုယ် confidence မရှိတော့ မနင်းဖြစ်တော့ဘူး။ အဲ့လို ခက်ခဲတဲ့အပိုင်းကတော့ ကားတွေက မညှာတဲ့အပိုင်းက တော်တော်ခက်ခဲတယ်။

အိမ်ကနေ ရုံးကို လာတဲ့ခရီးက လှမ်းလွန်းတယ်။ အဲ့အခါကြတော့ နည်းနည်း စောစောထပြီး ကားပဲစီးဖို့ကြိုးစားတော့မယ်လို့တွေးထားတယ်။ ဒါပေမဲ့ ရုံးကနေပြီးတော့ ဆင်ကဲ့သွားလို့ရတဲ့နေရာတွေ ဥပမာ- မြေနီကုန်း တို့၊ ရန်ကင်းတို့ သွားဖို့အတွက် ဈေးပေါတဲ့စက်ဘီးတစ်စီးကို ရုံမှာအထိုင် အဖြစ်ဝယ်ထားမယ်။ နဂိုဝယ်ပြီးသားစက်ဘီးကို အိမ်နဲ့နီးတဲ့ မြောက်ဒဂုံတို့ ခြောက်ကွေ့တို့ အစရှိတဲ့နေရာတွေသွားမယ်။ ဘာလို့ဆို စက်ဘီစီးရတာ ကျွန်တော်ကြိုက်နေပြီလေ။

The bike which my girl is riding now was bought on my 20th birthday. I am fond of him (his bike). I feel that it is fit to me. It also makes me feel classic. It can also be said that this bike was bought by my girlfriend. It was bought as a first belonging of me and my girlfriend.

At that day, we went to a lot of places by that bike. We headed to 8mile from Saw-Bwar-Gyi- Gone where we bought the bike. From 8mile, we biked to Yan Khin and then I biked to her home, yard of Ministry of Irrigation. From that, I biked continuously to North Okkalar where my home is. On that day, I had to bike in the rain as the rain fell. It is such a memorable day. I did not feel tired at all. It was our first happiness, our first belonging. On my record of biking, the duration that I biked on that day is the longest period.

There was a person in our North Okkalar township. He was an athlete. I do not remember his name exactly, I think it is Aung Naing Swe or Aung Swe Naing, may be one of them. He was into bikes, he biked very often. He imported expensive bikes. He was proud of his bikes saying that his bikes were cool and light. And he rode the bike with full dressing. I did not know the reason at that time. I thought that to wear this biking suit is funny and shameful. In case of swimming, it is not a problem to wear that sport shorts. It is suitable with its environment. But, when he rode the bike, wearing that short on the road, it was funny to look at him. I saw him as a shameful figure since his body is big. However, these days when I bike, I came to know that it is comfortable to bike with full dressing.

Ages ago, there was a mountain bike in our house. I got it on my 8th Grade. It was altered with women’s bike that we had at “Lantern Bazaar” by paying additional money. It was well- equipped; it made sound if it is touched and also extra-equipped not to get stolen. I used to go to school by that bike. As it was not comfortable to bike with longyi, I used to wear short on the way and changed the dress when I arrived school. On the way to home, I put on the brakes and used to make the slip on the pile of sand and dust. When I went to private boarder on my 11th Grade, I did not bike at all. As it was not used for a long time, the bike could not be ridden, it needed to be repaired. Then, I did not repair and gave it away to a cousin’s friend who could not afford to buy a bike. His father could repair bikes as he rode trishaw. So I gave it to him.

I did not bike since I completed my Grade eleven. I forgot to bike. The thought to bike came to my mind when I started working. It is because I have to go to Tar Mwe as I live in North Okkalar. Also it is because of severe traffic jam due to construction of footbridge, it made me wasted my time on the bus to and from the work. Sometimes, it takes a long time to go to a place which is far only for three or two bus-stops. Furthermore, there are issues on the bus such as to communicate with others, to get the change from the spare drivers.

That is why I chose the bike. And Ko Zwe Pyae also encouraged me to bike. So I turn out to bike. I bike to and from my work. It save the time but I have to put a lot of effort to bike. The

A talk with a boy who received bike as a present from his girlfriend on his 20th

birthday

advantage is I feel that I own my time. Previously, I had to go to home around 8pm when I visited my friends’ places. After buying bike, I go back home around 10pm. I become more independent and self-reliant. In other aspects, I feel free since I change to bike from taking the buses. After that, I bike usually. If I had that thought to bike when I was in university, I might bike since then. It was very tiring to take the buses and squeeze into the crowd. Despite, there is also difficulty to bike in Yangon.

For me, it is not difficult physically, I can ride, I can put effort to ride. I can bike for an hour and a half calmly. However, the safety is an issue for me. I do not feel secure when I am biking. It is such a long distance from my home to the office. These days, it is been a week that I left the bike at the office without biking to home. The main concern is that I lose my confidence to bike as I have not biked to the way home for a long time and that provokes me to stop biking. The difficulty is also because the cars do not give the place to the bikes on the road and do not cooperate with the bikers. That makes me think that I have to get up a bit earlier and try to take the buses to work. Anyhow, I thought to buy a cheap bike and keep it at my office to go to places where are convenient to bike from my office’s location such as Myay-Ni-Gone, Yan Kin. With the bike I have got now, I will go to closed places from my house such as Chauk-Gwe, North Dagon. That is because I love to bike now.


Aung 23rd, February 2016

Translated by Thu Zar