Auto Tech (Myanmar) ၏ PLC Automatic Control System လေးနဲ့မိတ်ဆက်ပေးပါရစေ
ကျွန်တော်တို့ Auto Tech (Myanmar) သည် Batching Plant များအတွက် ကုန်ချိန်တွယ်မှု တိကျသေချာမှုရှိစေရန်၊ ကုန်ထုတ်လုပ်မှုစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် မြန်ဆန်စေရန်၊ ကုန်ထုတ်လုပ်မှုအချက်အလက်များအား မှတ်တမ်းယူသိမ်းဆည်းနိုင်ရန် စသည်တို့အတွက် ရည်ရွယ်၍ PLC Automatic Control System အား Batching Plant လောက၌ ကုန်ထုတ်လုပ်မှုလုပ်သက်ရင့် အင်ဂျင်နီယာများ၊ Software အင်ဂျင်နီယာများဖြင့် ၂၀၁၇ ခုနှစ်ကတည်းက မြန်မာပြည်တွင်ပထမဦးဆုံးရေးဆွဲခဲ့၍ Develope အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သည့် Automation System တစ်ခု ဖြစ်ပါတယ်။
Batching Plant များအတွက် အသုံးအများသည့် Automation System မှာ PIC (Programmable Intelligent Computer) ဖြင့် ရေးဆွဲထားသည့် Automation System နှင့် PLC (Programmable Logic Controller) ဖြင့် ရေးဆွဲထားသည့် Automation System ဟူ၍ (၂) မျိုးရှိပါတယ်။
PIC ဆိုသည်မှာ micro-Controller တစ်ခုတည်းသော chip ကွန်ပျူတာဖြစ်ပါသည်။ PLC ဆိုသည်မှာ ကုန်ထုတ်လုပ်မှုအတွက် သွင်းအားစုများနှင့် ရလဒ်များကို PLC ရဲ့ မှတ်ဉာဏ်ထဲမှာသိုလှောင်ထားသောပရိုဂရမ်ကိုအခြေခံပြီး ဆုံးဖြတ်ချက်ချရန်အတွက် စက်မှုကွန်ပျူတာဖြစ်သည်။ ပိုမိုမြင့်မားထိရောက်မှုရရှိရန် လူ့ဆုံးဖြတ်ချက်ချခြင်းအားထုတ်မှုများကို လျှော့ချရန် PLC ၏အကူအညီကိုအသုံးပြုခြင်းဖြစ်သည်။
ကျွန်တော်တို့ Auto Tech (Myanmar) ၏ Automation Control System သည် ပြည်တွင်းရှိ အမျိုးမျိုးသော Batching Plant များအတွက်ရည်ရွယ်၍ ရေးဆွဲထားပြီး တပ်ဆင် အသုံးပြုရမည့် ကုန်ကျစရိတ်မှာလည်း ပြည်ပနိုင်ငံထုတ် Software များထက် များစွာဈေးနှုန်းသက်သာပါသည်။
ထို့အပြင် After-Sale Service ပိုင်းအနေဖြင့်လည်း ပြည်တွင်း၌ရေးဆွဲတပ်ဆင်သည့် Automation Control System ဖြစ်၍ Software ပိုင်းအား Life-Time Warranty ပေးထား သည့်အတွက် ဝယ်ယူတပ်ဆင်သည့် လူကြီးမင်းတို့အနေဖြင့် များစွာအကျိုးထူးများရရှိနိုင်ပါသည်။
Automation system အများစုသည် တပ်ဆင်သုံးစွဲပြီးနောက်ပိုင်း နှစ်အနည်းငယ်အကြာတွင် မောင်းနှင်အသုံးပြုသူ၏ Human Error များကြောင့်သော်လည်းကောင်း၊ Software ထည့်သွင်းထားသည့် Computer Error များကြောင့်သော်လည်းကောင်း အဆင်မပြေမှုများ ကြုံတွေ့လာလေ့ရှိကြပါသည်။
ကျွန်တော်တို့ Auto Tech (Myanmar) ၏ Automation Control System သည် Software ပိုင်းအားလည်း Life-Time Warranty ပေးထားသည့်အတွက် နောင်တွင်အဆင်မပြေမှုများ ကြုံတွေ့လာပါကလည်း 24 Hours Online Service အနေဖြင့် Internet ချိတ်ဆက်ပေးရုံမျှဖြင့် အချိန်မရွေးပြင်ဆင်မှုများဆောင်ရွက်ပေးနိုင်ခြင်း၊ Software update အသစ် များထပ်မံထွက်ရှိလာပါကလည်း upgrade ဆောင်ရွက်ပေးခြင်း စသည့် အားသာချက်များရရှိနိုင်မည်ဖြစ်ပါသည်။
Auto Tech (Myanmar) ၏ PLC Automation Control System တွင် ပါဝင်သည့်အချက်များ
(၁) PLC programming software (Auto Tech-Myanmar) - 1 user (life time warranty)
(၂) SCADA (HMI) software (Auto Tech-Myanmar) - 1 user (life time warranty)
(၃) Desktop Computer - 1 set (1 year warranty)
(ASUS Mother Board, Intel Pentium 3.8GHz CPU, DDR4 4GB Ram,
250GB Storage SSD, Window 10 OS)
(၄) 20" LED Monitor (AOC) - 1 unit (1 year warranty)
(၅) 650VA UPS (Prolink) - 1 unit (1 year warranty)
(၆) LQ310 Dotmatrix Printer (or) L3110 Color Printer (EPSON) - 1 unit (1 year warranty)
(၇) Keyboard and Mouse (A4 Tech) - 1 set (1 year warranty)
(၈) Link Cat6 Data Cable - 5 meters
(၉) PLC CPU Module (DELTA) (Model: DVP32ES200TE) - 1 unit (1 year warranty)
(၁၀) PLC Analog Module (DELTA) (Model: DVP04AD-E2) - 1 unit (1 year warranty)
(၁၁) EMI Filter - 1 unit (1 year warranty)
(၁၂) PLC Panel (IP65) (with cooling fan) - 1 unit (1 year warranty)
Catalogue (AT-m/2020/3 version)
ကျွန်တော်တို့၏ Auto Tech (Myanmar) Automatic Control System နှင့်ပါတ်သက်၍ စုံစမ်းမေးမြန်းရန်နှင့် တိုင်ပင်ဆွေးနွေးရန်အတွက် အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။