မင်္ဂလာပါ။
ဒီနေ့မှာတော့ သိပ္ပံ နှင့် နည်းပညာ (Science & Technology) ကိုသင်ကြားနေကြတဲ့ ဆရာ ဆရာမများအတွက် အဆင်မြင့်တွေးခေါ်မှုအထိသင်ကြားနိုင်ဖို့ အထောက်အကူပြုစေမယ့် သင်ထောက်ကူ(Teaching Aids) များ၊ subject matter ကိုလေ့လာရှာဖွေနိုင်မယ့် (Scientific Resources) များကို အဆင်ပြေပြေ ရှာဖွေအသုံးပြုနိုင်ဖို့ Website 10 ခုကို မျှဝေပေးပါရစေ။
NASA's Climate Kids
Climate Science နဲ့ Sustainability ကိုသင်ကြားပြသပေးဖို့အတွက် Interactive Games, Simulation, Activities, Hands-on Project များကို အသုံးပြုနိုင်ဖို့ရာ NASA မှပြုလုပ်ဖန်တီးပေးထားတာဖြစ်ပါတယ်။ Young Learner များအတွက်ပိုမိုသင့်လျော်ပါတယ်။
Link - https://climatekids.nasa.gov/
TKSST (The Kid Should See This)
Science and Nature focused article, Educational resources များနဲ့ video များစွာကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Link - https://thekidshouldseethis.com/
BBC Bitesize
BBC Educational Resources များဖြစ်ပြီး အတန်းအလိုက် များပြားတဲ့ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ သင်ခန်းစာများ ရှင်းလင်းချက်များကို ကြည့်ရှုရှာဖွေနိုင်မှာဖြစ်ပါတယ်။
Link - https://www.bbc.co.uk/bitesize/subjects/z7nygk7
Physics4Kids
Physics ရူပဗေဒနှင့် Modern Physics အခြေပြု အသိပညာများနဲ့ အရင်းအမြစ်များ၊ Educational Article များစွာကို ရှာဖွေကြည့်ရှုပြီး အသုံးချနိုင်မှာဖြစ်ပါတယ်။
Link - http://www.physics4kids.com/
National Geographic Kids
Fun facts, In-depth article, Interactive video များစွာကို ခေါင်းစဉ်အလိုက် အမျိုးအစားအလိုက် စုစည်းပေးထားတဲ့နေရာဖြစ်ပါတယ်။ Animal, Ecosystem, Space နဲ့ Geography အခြေပြု ဝဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။
Link - https://www.natgeokids.com/uk/category/discover/science/
Ask Dr.Universe
Washington State University မှ စတင်ပြုလုပ်ထားတာဖြစ်ပါတယ်။ Dr. Universe ဆိုတဲ့ Character ကို Scientific Questions များ Inquiry များကို မေးမြန်းလေ့လာနိုင်မှာဖြစ်ပါတယ်။
Link - https://askdruniverse.wsu.edu/
The Happy Scientist
Scientist သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Robert Krampf မှ ဦးဆောင်နေတဲ့ website ဖြစ်ပြီး Experiment of the Week features ဖြင့် ကျောင်းသားကျောင်းသူများရဲ့ စူးစမ်းမှုနဲ့ လက်တွေ့ဆောင်ရွက်မှုကိုအားမြင့်စေပါတယ်။
Link - https://thehappyscientist.com/
Mystery Science
Video lesson များ scientific inquiry များနဲ့ မေးခွန်းများစွာကို စိတ်ဝင်စားဖွယ်လေ့လာနိုင်မှာဖြစ်ပါတယ်။
Link - https://mysteryscience.com/
Science Buddies
Hands-on Project များ Project Based Learning Idea Criteria များ အပြင် တစ်ဦးချင်းစီအတွက် personalized learning များကိုပါ ရှာဖွေ အသုံးချနိုင်မှာဖြစ်ပါတယ်။
Link - https://www.sciencebuddies.org/
Nova's Education Section (PBS)
PBS learning Series ထဲက science series တစ်ခုဖြစ်ပြီး Middle Schoolers များအတွက် အထူးသင့်လျော်ပါတယ်။
Link - https://www.pbs.org/wgbh/nova/brand/education/
ကောင်းမွန်စွာ အသုံးချပြီး ခေတ်မီသောသိပ္ပံပညာကို ကောင်းမွန်ထိရောက်စွာ သင်ကြားနိုင်ကြပါစေလို့ ဆန္ဒပြုလျက်။
Research - Saya Wunna
Content - Leo
အေးရိပ်။
အမြစ်ခိုင်ခိုင် အခက်ဖြာဖြာ အရိပ်အေးအေးပေးကြမယ့်
အေးရိပ်များဆီသို့။
ဆရာမှ ဆရာများသို့ အသိပညာပြန်လည်မျှဝေလိုပါက ပေ့ခ်ျ messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
Reference
Kharbach, M., PhD. (2023, December 12). 15 Great Science Websites for Middle School - Educators Technology. Educators Technology. https://www.educatorstechnology.com/.../free-science...
မင်္ဂလာပါ။
ဒီကနေ့မှာတော့ ၂၀၂၄ခုနှစ်မှာ English Language Teachers များ မသုံးမဖြစ် သုံးကြည့်သင့်တဲ့ Free English Resource Website များကို မျှဝေပေးချင်ပါတယ်။
ပထမဦးဆုံးအနေနဲ့_
Grammarism
Grammarism မှာတော့ 15074 ကျော်သော Personalized worksheet တွေအပြင် Online Grammar practice exercise များ၊ Tenses focus lesson များ၊ Printable worksheet များစွာကို လေ့လာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Grammar, Vocabulary, Pronunciation, Speaking, Listening များကို level အလိုက် အခြေခံကစလို့ Category များစွာနဲ့ ရှာဖွေအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ESL Galaxy
Printable resources များ၊ Games cards, Board games များ၊ Interactive pptx, Interactive lesson များ၊ Vocabulary များကို ရှာဖွေအသုံးပြုနိုင်မှာဖြစ်ပါတယ်။
iSLCollective
Worksheet document file, Editable PowerPoint, Inspiring Lessons, Video lesson ၁၆၀၀၀၀ ကျော်ကို ရယူအသုံးပြုနိုင်မယ့် နေရာတစ်နေရာဖြစ်ပါတယ်။
Busy Teacher
English Language ထဲမှာမှ Category, Topics, Subcategories အလိုက် level အလိုက် resources များကို ရှာဖွေရယူနိုင်မှာဖြစ်ပါတယ်။
နောက်တခါများမှာလည်း ဆရာ ဆရာမများအတွက် အကျိုးရှိစေမယ့် content များနဲ့အတူပြန်လာခဲ့ပါမယ်။
အေးရိပ်။
Research: Tr. Chan
Content: AY
အမြစ်ခိုင်ခိုင် အခက်ဖြာဖြာ အရိပ်အေးအေးပေးကြမယ့်
အေးရိပ်များဆီသို့။
ဆရာမှ ဆရာများသို့ အသိပညာပြန်လည်မျှဝေလိုပါက ပေ့ခ်ျ messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။