Book Series
ကျွန်တော်တို့ Action Sharp Team မှ စာစဉ်မှန်သမျှအား အခမဲ့ တင်ပေးရန် ရည်ရွယ်ထားပါသည်။ ယခုအချိန်တွင် စီမံနေဆဲဖြစ်ပါသည်။
ဤ website မှ တင်ဆက်ပေးမည့် Project အသစ်များ။ လာလည်သည့်အတွက် ကျေးဇူးတင်ပါသည်။
စာစဉ် မိတ်ဆက်
ဝိညာဉ်တို့ဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခု ရှိလေသည်။ စွမ်းအင်များ ခမ်းခြောက်နေပြီဖြစ်သော အမေ့လျော့ခံ ကမ္ဘာတစ်ခုဖြစ်သည်။
သူတို့ကမ္ဘာတွင် အသက်ရှင်သူတို့နှင့် သေလွန်သူတို့၏ လောကကို ခွဲခြားထားသော နိုင်ဟယ်မြစ်ကူးတံတားပင် မရှိတော့ပါ။ ဒေါ်ဒေါ် မန်ပို၏ မေ့လျော့ခြင်းလက်ဖက်ရည်သည် ရှေးဟောင်းကျမ်းစာအုပ်များထဲတွင်သာ ရှိတော့သည်။
သေလွန်သူတို့၏ ဝိညာဉ်သည် ၎င်းတို့ သေဆုံးခဲ့သော အကြောင်းတရားပေါ်တွင် စွဲကပ်နေကြသည်။
ထိုအရာများသည် ဝိညာဉ်ပစ္စည်းများ ဖြစ်လာခဲ့သည်။ စွဲကပ်နေသော ဝိညာဉ်များလေလေ ထိုဝိညာဉ်ပစ္စည်း၏ တန်ဖိုး ကြီးမားလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာ၏ ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအင်ကိုသာ ကျင့်ကြံ၍ရသောကြောင့်ပင်ဖြစ်လေ၏။ မိမိကိုယ်တိုင် သတ်ဖြတ်လိုက်သောလူတို့၏ ဝိညာဉ်များကို သန့်စင်စရာမလိုပဲ တိုက်ရိုက်စုပ်ယူနိုင်သည်။ သို့မဟုတ် ဝိညာဉ်များကိုဝယ်ယူသန့်စင်ကာ စုပ်ယူနိုင်သည်။
ထို့ကြောင့် သတ်ဖြတ်ခြင်းများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်ကြောင်း ပြောစရာလိုတော့မည်မထင်။
ကောင်းကင်ကို ဆန့်ကျင်သော ကျင့်ကြံသူများတွင် ကိုယ်ပိုင် မရဏစာရင်း ရှိကြသည်။ မရဏစာရင်း သည် မိမိစုပ်ယူခဲ့သော ဝိညာဉ်အရေအတွက်ဖြစ်လေသည်။
ထိုသို့ဆိုလျှင် အမြင့်မားဆုံးသော မရဏစာရင်းပိုင်ရှင်သည် မည်သူနည်း။ လူမည်မျှ သတ်ဖြတ်ပြီးပြီနည်း။
ဤကပ်ဘေးဆိုက်နေသော ကမ္ဘာပျက်ကြီးတွင် ပြိုင်ဘက်ကင်းရန် လူမည်မျှ သတ်ဖြတ်ရမည်နည်း။
စကြာ၀ဠာတူ
စာစဉ်မိတ်ဆက်
တူကိုင်ထားတဲ့ ငါ့လက်မောင်းတွေက ဒယ်အိုးတွေကိုသွန်းလုပ်တယ်။ ဓါးတွေကို သွန်းလုပ်တယ်။ မှော်ရတနာတွေကို သွန်းလုပ်တယ်။
အကြောင်းအရာအားလုံး ကြုံဆုံလာတဲ့အခါ...
ကမ္ဘာတွေကို သွန်းလုပ်တယ်။
Xianxia ၀တ္ထုတွေလို အပိုင်းရေထောင်ချီတဲ့ ၀တ္ထုရှည်ကြီးတွေ ရေးတော့မယ်ဆိုရင် ဇာတ်လမ်းဇာတ်အိမ် ခိုင်မာဖို့ လိုပါတယ်။ (လောကတည်ဆောက်ပုံ) World Building ကောင်းရင် ကောင်းသလောက် ၀တ္ထုကလဲ ကြွပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကိုလည်း စဉ်းစားရ။ Timeline ကိုလည်း ထည့်တွက်ရ။ World building ကိုလဲ ပုံဖော်ရတဲ့ process တွေက မလွယ်ကူပါဘူး။ ကိုယ့် အတွေးစတွေကို မှတ်စုထုတ်ထားပေမဲ့ မှတ်စုတွေက ဟိုတစ ဒီတစ ပြန့်ကျဲနေတတ်ပါတယ်။ ရှေ့ အခန်းတွေ ရေးထားပြီးမှ နောက်အခန်းအတွက် ဇာတ်ကွက်ကြိုဖော်ဖို့ မေ့ခဲ့တာ၊ ဇာတ်ကောင်၊ ပစ္စည်း ကြိုတင်မဖော်ပြမိတာတွေကြောင့် အချိတ်အဆက် ပျက်သွားတတ်ပါတယ်။ ဒါကြောင့် MindMap AI လို ဦးနှောက်တစ်လုံး လိုအပ်တာပါ။ ကိုယ့် အတွေးစတွေအကုန်လုံးကို ပင့်ကူအိမ်တွေလို ချိတ်ဆက်တည်ဆောက်ပေးထားပြီး လိုအပ်တာထပ်ဖြည့်ခိုင်းလို့ ရသလို AI ကိုပါ ကူစဉ်းစားခိုင်းလို့ ရပါသေးတယ်။ ကျွန်တော်က စာရေးဆရာဆိုတော့ ကိုယ့်အတွေးစတွေကို pdf ဖိုင်တစ်ခုထဲ အကုန်စုထည့်ပြီး MindMap AI ဆီ Upload လုပ်ပေးလိုက်တာ။ သူက တစ်ခါထဲ ဇာတ်လမ်းကျောရိုးမြေပုံကြီးတစ်ခုလုံး ဆွဲချပေးလိုက်တာပါပဲ။ ကိုယ့်စိတ်ထဲမှာ ဝိုးတဝါးဖြစ်နေတဲ့ ဇာတ်လမ်းဟာ MindMap AI ပေါ်မှာ ဇာတ်လမ်းဇာတ်ကွက် တစ်ခုချင်းစီ ပုံပေါ်လာတဲ့အထိ ရှင်းလင်းသွားပါတော့တယ်။
website link
https://mindmapai.app/referral
A description of an effort and why it matters
Contact [email] to get more information on the project