ရွှေမင်းဝံ ဘုရားဖူးခရီးစဉ်
ရွှေမင်းဝံ ဘုရားဖူးခရီးစဉ်ကို ရေမြေဒေသ ခြား၊ ဘာသာခြားဒေသ တွေမှာ ရောက်နေသော်လဲ မိမိတို့ရဲ့ စစ်မှန်တဲ့ သစ္စာတရားနှင့် ဝေဘန်စမ်းစစ်ခံနိုင်စွမ်းရှိသော မိမိတို့ ရဲ့ ဗုဒ္ဓဘာသာ ကို တည်တန့်ခိုင်မြဲပြီး ပြန့်ပွါးစေခြင်း အကျိုးငှာ ရည်ရွယ်လျှက် ဘတ်ဖလိုမြို့ ရွှေမင်းဝံကျောင်း ဆရာတော် နှင့် အကျိုးဆောင်ဒကာများမှ ဦးဆောင်စီစဉ်ခြင်းဖြစ်သည်။ ၁၂ ခုနှစ် ၁လပိုင်း ၂၀ ရက်နေ့ ညပိုင်းမှစထွက်ကာ နယူးယောက်မြို့ Brooklyn ရှိ လောကချမ်းသာ ကျောင်းမှာ တည်းခိုပြီး နယူးယောက်မြို့ရှိ ထင်ရှားသော နေရာများ အရှင်ဝိမလ မှ ဦးဆောင်ကာ လိုက်ပါပို့ဆောင်သောကြောင့် လွယ်ကူစွာ စိတ်ချမ်းသာစွာဖြင့် လေ့လာခဲ့ရသည်။ ထိုကြောင့် လိုက်ပါပို
ဆောင်သော ထိုအရှင်ဝိမလ အား အထူးကျေးဇူး တင်လျှက် ရှိပါသည်။ နောက်တနေ့မှာတော့ နယူးဂျာစီမြို့မှာ တည်ထားသော ရွှေတိဂုံ စေတီ ပမာ မြန်မာ့လက်ယာ စေတီကို ဖူးတွေ့ရတော့ ခရီးသည်များက ဝမ်းသာပီတိ ဖြစ်ကြပါသည်။ တည်းခိုရေး နှင့်အတူ စာရေးသောက် ရေးအတွက်ပါ ပူပင်စရာမရှိပဲ ချောမောစွာ နယူးယောက်မြို့ကို လိုက်
လည်ရသောကြောင့် ခရီးသည်အားလုံးက ဝမ်းသာရွှင်ပြုံး ကြသည်။ ရှေ့သွားခေါင်းဆောင် ရဲ့နောက်မှာ စိတ်တူကိုယ်တူဖြင့် ညီညွတ်စွာ လိုက်ပါလာသော ခရီးသည်များကို ကြည့်ပြီး ကားဆရာ ကပင် ပီတိ ဖြစ်ကြောင်း ဖွင့်ဟပြောဆိုပါ သည်။ နောက်နောင်လဲ ဒီလိုခရီးသည်တွေ ကိုပို့ခွင့်ရ ချင်ကြောင်း ပြောပါသည်။
----------------------------------------
မြန်မာကလေးတိုင်း မြန်မာစာတတ်မြောက်စေရမည်
မြန်မာကလေးတိုင်း မြန်မာစာနှင့် မြန်မာစကား မြန်မာ့ယဉ်ကျေးမှု့ များကို အစဉ် မပျက် ထိန်သိမ်းစောင့်ရှောက်နိုင်ရေးကို ရည်မှန်းလျှက် ကလေးများအား စနေ၊တနင်္ဂနွေနေ့ များတွင် မြန်မာစာ သင်တန်းကို စတင်ဖွင့်လှစ်ထားပါသည်။ အမေရိကန်ရောက်သော်လဲ မိမိတို့ရဲ့ မိရိုးဖလာယဉ်ကျေးမှုစရိုက်များ မပပျောက်
စေရန် ကလေးများအားသင်သွင်ဆုံးမပေးမည် ဖြစ်ပါသည်။
-------------------------------------------