=== === === === === === == === === === === === === == === === === === === === == === === === === === ===
ကဗျာဆန်ရင် နန်းစံ ရမယ်နော်......
ငါရေးထားတဲ့ ကဗျာတစ်ပုဒ်
မင်းအတွက် အပျင်းပြေ ၀ါးစားဖို့ နေကြာစေ့ တစ်စေ့ပါ....
>< (*_*) >< >< >< ><
သို့ချစ်သူ.....
တကယ်နောက်ဆုံး
မထူးဆန်းဘူး
သမရိုးကျလေး
သူငယ်ချင်းဘ၀မှ
လူ့တကာထက်ပိုခဲ့တာ
အပြစ်မရှိဘူး
ဘ၀အတွက်
နှလုံးသားတံခါးတွေ
ပိတ်ထားမိတာ
မရှုံးပါဘူး
ငါတို့တတွေ
သရေပွဲနဲ့
ကျေနပ်လိုက်တာ
နောက်ဆုံးတော့လည်း
ခံစားချက်တွေစတေး
ဆွေးဆွေးလေးနဲ့
နှုတ်ဆက်ခဲ့တယ်
"Goodbye!"
------------နွေဦးမိုး
လေလွင့်လူ
................
ရည်ရွယ်ရာမဲ့နှလုံးသားတစုံ
ဦးတည်ရာမဲ့လျှောက်ရင်း
ဒါဘ၀ခရီးအစ
အသက်မ၀င်လှတဲ့အပြုံး
ဟန်လုပ်သရုပ်ဖော်
တဒင်္ဂပဲမို့
ပြီးတော့လည်းပြီးတာပါပဲ
ဘယ်သွားဘယ်လာ
ဘာမှန်းမသိ
လေလွှင့်နေဆဲ
ဂျစ်ပစီတယောက်ရဲ့
ရင်တွင်းဖြစ်တွေ
ဒဏ်ရာမဲ့ရင်ခွင်နဲ့
မင်း.....နားလည်ပေးပါ
----------နွေဦးမိုး
ရင်တွင်းစကား
ချစ်စကားတွေသူဘယ်လိုပဲဖွဲ့နွဲ့ဆိုဆို
မင်းအပြောလောက် ငါရင်မခုန်ဘူး
နွေးထွေးတဲ့ သူရဲ့ ဂရုစိုက်မှုတွေလည်း
မင်းအပြုအမူတွေလောက် ငါမလိုလားဘူး
အိမ်ပြန်ချိန်တွေမှာ သူနှုတ်ဆက်စကားဆိုလည်း
မင်းနှုတ်ဆက်တာလောက် ငါမမက်မောဘူး
အလွဲအမှားတွေများတတ်တဲ့ငါ့ကို
မင်း သူ့လောက် သည်းမခံဘူး
ဖွင့်မပြောတတ်တဲ့ငါ့ခံစားချက်တွေကို
မင်း သူ့လို နားမလည်ဘူး
နေ၀င်ချိန်တွေမှာ ငါလွမ်းနေတာ
မင်းပဲ သူမဟုတ်ဘူး
ပြန်လာပါချစ်သူရယ်လို့
ငါတမ်းတနေခဲ့မယ်ဆိုရင်
ရယ်သံတွေနဲ့အတူ မင်းလှောင်ပြုံးပြုံးနေလေမလား
.......နွေဦး
အမေ...
မျောလွင့်နေတဲ့အတွေး
အမေ့ကိုဖွဲ့ဆိုဖို့သားစကြာဝဠာကြီးထဲ ထွက်ခဲ့တယ်။အကြီးမားဆုံးအတောက်ပဆုံးကြယ်တံခွန်ကြီးတွေကသားကို သနားကြတယ်။ခမ်းနားခြင်းနက်ရှိုင်းခြင်းပင်လယ်ကြီးတွေက
သားအတွက်
ဝမ်းနည်းနေကြတယ်။
အေးအေးမြမြ
ပြည့်ပြည့်၀၀
လမင်းကြီးလည်း
သားအတွက်
ကရုဏာ သက်နေရှာရဲ့ …..။
တောအုပ်ကြီးတွေ
တောင်တန်းကြီးတွေ
ကောင်းကင်၊ မြေပြင်
ကမ္ဘာတခွင်လုံး
အမေ့ဂုဏ် အလင်္ကာ
ခိုင်းနှိုင်းလောက်စရာ
သား
ဘာတခုမျှ မတွေ့ပါလား။
အမေ
အမေ
အမေ
အဲဒီလောက်
ခြောက်ခြောက်ကပ်ကပ်
သံသရာကြီးထဲမှာ
သားကိုထားခဲ့ပြီလား …..။ ။
သုခမိန်လှိုင်
နွမ်းလျရင်ခွင်
............
မင်းအချစ်ကို တမ်းတ
လွမ်းမောစွာမှန်းဆ
ဖြေသိမ့်နေရတဲ့ ငါဘဝ
ခုတော့
ဒဏ်ရာပရပွနဲ
ငါ့နှလုံးသားလည်း
နွမ်းလျခဲ့ရပြီပေါ့ကွာ
---------နွေဦးမိုး
နိုဝင်ဘာ
ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ် ၀တ်ဆင်ထားတဲ့ မိန်းမ။
မြူခိုး နီညိုတွေကြားမှာ
စံပယ်တွေ ကပိုကရိုနဲ့.....လှလို့။
ငါ..တစ်ပွင့်ပြီး တစ်ပွင့်ပြီး တစ်ပွင့် ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။
တာရာမင်းဝေ
သီချင်း
နတ်ဆိုးတွေ ငါ့ပန်းရနံ့ကိုရှုရင်းနဲ့ လဲကျ
ကောင်မလေးတစ်ယောက် ငါ့ကိုလွမ်းတဲ့ည
ငါ့ကောင်းကင် နက္ခတ်ရှက်သွေးရောင်တောက်ပ
ကောင်မလေးတစ်ယောက် ငါ့အမည်ရွတ်တဲ့ည
ငါ့ပင်လယ် ခဲလုံးတွေပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း...လင်းနေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည
လူမိုက်တွေ ဆောင်မြဲဓါးကို ယောင်ယမ်းကာ လွတ်ချ
ကောင်မလေးတစ်ယောက် အဝေးကို ငေးတဲ့ည
ငါ့လမ်းမှာ လျှောက်ရင်းနဲ့တောင် ကျောက်တုံးတွေ မွှေမြ
ကောင်မလေးတစ်ယေက် ငါ့ကိုချစ်တဲ့ည
ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း...လင်းနေတဲ့ည။
တာရာမင်းဝေ
သံစဉ်မဲ့ဂီတာ
ငါက ဘ၀ကို သံစဉ်တွေနဲ့ရွက်လွှင့်ချင်ခဲ့တာ... မင်းကတော့ ..သံစဉ်မဲ့ သီချင်းတစ်ပုဒ်ပေါ့ .... သံစဉ်မဲ့တဲ့ သီချင်းတစ်ပုဒ် သံစဉ်ရှာရင်းနဲ့ .... အခုတော့..ငါ့အခန်းရှိ
ဂီတာ လေးတောင်
ကြိုးတစ်ချောင်း ပြတ်ခြဲ့ပီ ....
.... ဂျိုး
ချစ်သူသို့
လွယ်လွယ်ရတဲ့ အချစ်ဟာ
တန်ဖိုးမရှိဘူးတဲ့
ဒါဆို အချစ်ကို
လွယ်ခြင်း၊ ခက်ခြင်း နဲ့
ဆုံးဖြတ်တော့မယ်ပေါ့..
ချစ်သော.. ဂျိုး
သြော်...အချစ်
ပေးဆပ်မှုကို နုတ်ဖျားကထည်လဲသုံး
နောက်ကွယ်မှာ
လောဘ မျက်လုံးတွေနဲ့
မွှန်းထူနေတဲ့ ဒီခေတ်ကြီးမှာ
နှလုံးသားကို သော့ခတ်
အိပ်စက်မယ်ကြံကာမှ
မင်းပေးတဲ့ ဂရုဏာသစ်
နွေးထွေးတဲ့ အကြင်နာစစ်ကြောင့်
ပြန်နိုးထလာ ငါ့နှလုံးသား
သြော်....အချစ်တဲ့လား
.......နွေဦးမိုး
ခံစားချက်
ဝေးနေတဲ့ တို့နှစ်ယောက်
မဆုံနိုင်တော့တဲ့ ကံကြမ္မာ
လွမ်းရတာ နာရီပေါင်းများစွာ
ခံစားရခက်တာ ဆို့နင့်လို့ကြေကွဲ
နောက်ဆုံးတော့လည်း
အဖော်မဲ့ကာ တကိုယ်တည်း..
...... နွေဦးမိုး
ခေတ်သစ် နိယာမ
မာယာများတဲ့ လောကထဲ
မေတ္တာာဆိုတာ မရှိ...
အချစ်ဆိုတာ အဓိပ္ပါယ်မသိ..
ပိုက်ဆံကိုသာကြည့်တတ်တဲ့
လူစားတွေကြောင့်..
အသုံးမကျတဲ့
ရင်းတွင်းခံစားချက်
အပြင်းစားရိုက်ချက်တွေရဲ့
လှည့်ကွက်များကြား
စစ်မှန်တဲ့ မေတ္တာတရားတွေ
မှေးမှိန်လာရပြီ....
........နွေဦးမိုး
သံယောဇဉ်ကြိုး
ခင်မင်မှုတွေ အစပြု နှုတ်ဆက်ကြတယ် နေကောင်းလား.. ရင်းနှီးမှုကို အခြေခံ မေးဖြစ်ကြတယ်
သတိရရဲ့လား..
သံယောဇဉ်တွေ နှောင်ဖွဲ့ရင်း
ပြောမိကြတယ်
ဂရုဏာ စကားတွေ
ဖြူစင်မှုတွေ အရောင်ပြောင်း
ဖွင့်ဟမိတယ်
ချစ်လားကွယ်...
နွေဦးမိုး..
ထပ်ပြီးတော့
..........................
ငါမမြင်ချင်တော့ဘူး
လောကကြီးကို
မကြိုဆိုထိုက်တဲ့ငါ
စုတ်ပြတ်သက်နေတဲ့
နှလုံးသား
ခပ်ဝေးဝေးကန်ချဘူးတဲ့သူ
မင်းကိုငိုယိုရှိုက်ပြီး
လိုချင်တက်မက်ခဲ့တာ
အခုတော့
ငါကို
နောက်ကွယ်မှာ အတင်းတွေပြော
အချိုကိုကြိုက်တဲ့ငါ
နင်လိုသလို အပိုတွေမလုပ်တက်ပါ
ရေသာခင်းပေးတဲ့လမ်းတွေကို
ပျော်သလိုမရှောက်တက်ပါ
လသာတိုင်းမင်း..ပျော်တယ်မှတ်လား
ညအခါတိုင်း ငါ..လွမ်းတယ်မင်းကို
ပြောချင်တာပြောခဲ့မရတဲ့
ငါ့ဘ၀ကို
နင်
လွင့်ချင်သလိုလွင့်လိုက်ပါအဝေးကို
တိမ်တွေကို အဖော်ပြုပါ့မယ်
ကျွန် လို လုပ်မဲ့နင့်ဘ၀ထဲကငါ
အပေါ်နှလုံးသားနဲ့ချစ်တဲ့သူကို
တန်ဖိုးဖြတ်တဲ့သူ
အောက်နှလုံးသားနဲပဲတန်တယ်လို့
ငါမသတ်မှတ်ရက်ပါဘူး..
လက်ထဲက ဝေတဲ့
ပန်းတစ်ပွင့် လှမ်းလို့ခြွေခဲ့ပြီ
ငါ
အမြတ်တနိုးနဲ့ချစ်တဲ့နင်လည်း
ငါ့အိမ်မက်ထဲ
မြေမြိုပြစ်လိုက်ပြီ...
..................................................ဒီမွန်...!
တွေးမိပါတယ်
....................................
အမှတ်မထင်တိုက်ဆိုင်မှု့တွေရှိလာတော့
အချိန်တစ်ခါက ချစ်ခဲ့ဘူးသူကို
တိုင်ညိုငိုတိုင်းလွမ်းပါတယ်..
ဖြစ်ခဲ့ပြီးတာမေ့လို့ရပေမဲ့
အယောင်ဆောင်ဖြစ်ပြက်ခဲ့တာမဟုတ်တော့
အသက်ရှင်နေတိုင်းသတိရမိပါတယ်...
ငါ့ရည်ရွယ်ချက်တွေပြည့်စုံတဲ့နေ့
မင်းရှိရာ
အလှမ်းဝေးကွာလည်း
ရောက်အောင်လာခဲ့မယ်
တချိန်က ရင်ခုန်ရင်း အကြည့်ထဲကစကားပြောသလိုပေါ့
လမင်းအော်သံတိုင်း
သံစဉ်တွေကို ရှာဖွေပေးမယ့်
ငါ့အသက်ထက် မင်းအပြုံးကိုတန်ဖိုးထားတဲ့သူ..
............................................................ဒီမွန်...!
ရင်တွင်းမီး
ဆောင်းရာသီမှာ မြူနှင်းကြွေတာငါ့အလွမ်းကို မှီပါ့မလား
ဂိမာန်နွေမှာ
ပူလောင်အိုက်တာ
ငါ့ရင်ထဲလောက်
လောင်မြိုက်ပါ့မလား
မိုးရာသီမှာ
လေမိုးထန်တာ
ငါ့အချစ်လောက်
ပြင်းထန်ပါ့မလား
...နွေဦးမိုး
အထီးကျန်
အဖော်မဲ့တဲ့
ကောင်းကင်ထဲမှာ
လမင်းတယောက်
နေမင်းကို ရှာသော်လည်း
ပတ်လန်းတွေကွဲ
ဆုံမှတ်တွေလွဲလို့
အထီးကျန်ဆဲ
တကိုယ်တည်းပင်
...နွေဦးမိုး
ဆေးရုံပေါ်မှာ
အမြင်တွေဝှေ့ဝါး
စကားသံလည်း
ရေးတေးတေးမို့
ငါ၏ခန္ဓာ
စက်ချို့ယွင်းနေလို့
ဆလိုင်းတွေချတ်ရ
ဆေးတွေထိုးလိုက်နဲ့
အရေးပေါ်လူနာအဖြစ်
ဆေးရုံပေါ်မှာ....
...နွေဦးမိုး
တဒင်္ဂအတွေး
အတွေးတွေ ဗလပွနဲ့
လမင်းကို မျှော်ကြည့်စဉ် တခဏ
အဆွေးတွေ မှုဝါး
ကြည်နှုးမှုတွေနဲ့
ပျော်ရွှင်မိပါရဲ့
...နွေဦးမိုး
ဘာကြောင့်လဲ
တစ်ချက်အကြည့်မှာ
စွဲညှိခဲ့တာ
ဘာကြောင့်လဲ?
အချက်အပြုံးမှာ
ရင်ခုန်ခဲ့တာ
ဘာကြောင့်လဲ?
တစ်ချက်အပြောမှာ
နစ်မျောခဲ့တာ
ဘာကြောင့်လဲ?
မသိတော့ဘူးကွယ်
အရာအားလုံးဟာ
မင်းကြောင့်သာ
အတွေးတွေနဲ့
ဝှေ့ဝါးနေဆဲပါ...်
.... ဂျိုး
ဆန်ု့ကျင်ဘက်
မင်းက နေ့ဆိုငါ့က ည
မင်းကနေဆိုငါ့က လ
သဘောထားကွဲလွဲတာအမြဲပဲနော်
မင်းနဲ့ငါဟာ ဘာမဟုတ်တဲ့
မာနဆိုတဲ့
ခေါင်းစဉ်အောက်မှာ
အမြဲယှဉ်ပြိုင်
အနိုင်ယူပြီး
ဆန့်ကျင်ဘက် အတွေးတွေနဲ့
အဝေးတကာ့ အဝေးဆုံးတနေရာဆီ
နေရာယူနေမိပြီး
....................Nway Oo
ဧရိယာအပြင်
အချစ်ကိုမေ့
အမုန်းဆိုခါးသက်
အလွမ်းလည်းပျောက်
အဆွေးတွေ ဖျောက်
အပြုံးပန်းပွင့်လန်း....
ရင်ခွင်တခါးထံ လာခေါက်နေလည်း
ငါ၏နှလုံးသားမှာ
ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေခဲ့ပြီ...
....နွေဦးမိုး
Where is my love?
နေ့ရက်တွေပြောင်း
စက္ကန့်တိုင်းလည်း
တမ်းတဆဲမို့
စွဲလန်းစွာနဲ့
ရှာဖွေမိဆဲ
ငါ၏အချစ်ဘယ်မှာလဲ..
...J+M
ခွင့်လွှတ်ပါ အမေ
ခံစားချက်
မုသားမဲ့အရေး
ရသမဲ့အတွေးတွေနဲ့
စိတ်၏စေရာ
ခဏတာ ကဗျာထိုင်ရေးမိတယ်
ခွင့်လွှတ်ပါ မေမေ...
......နွေးဦးမိုး
မင်းနဲ့ကျမှ
ခြူတပြားမပိုင်
ယိုင်နေတဲ့ဘဝ
မာယာစကား
ပလီပလာ ဟန်တွေနဲ့
နှလုံးသားကို ခြွေဖဲ့
စိတ်အစဉ်ကို ဖမ်းစား
အောင်နိုင်သူ အပြုံးတွေနဲ့
လှောင်ရယ်ခဲ့တဲ့ မင်း
ရိုးသားမှုကို မက်မော
လှည့်ဖြားမှုဆို မုန်းတဲ့ငါ
နှုတ်များက မုသားအမြဲဆိုတဲ့
မင်းနဲ့တွေ့မှပဲ
ငါဘ၀ကြီးလည်း ပြောင်းဆန်ခဲ့ရပြီးကွာ...
.....နွေဦးမိုး
မျှော်လင့်ခြင်း
ဖုန်းမဆက်လည်း နေပါဟာ
စာမရေးလည်း နားလည်မှာ
တခါလေးပဲ သတိရပေးပါ
ဒါလေးနဲ့တင် လုံလောက်ပြီကွာ....
နွေဦးမိုး
Text