အောက်ပါ အကြောင်းအရာများသည် Gimbal များအတွက် Warranty အကျိုးခံစားခွင့်နှင့် ပတ်သက်သည့် အချက်များဖြစ်ပါသည်။
၁။ အာမခံကာလ
မိမိ Gimbal အတွက် အာမခံပါရှိမှုကာလ ဖြစ်သည့် (၁)လ သို့မဟုတ် (၃)လ သို့မဟုတ် (၁) နှစ်ကို ဝယ်ယူစဥ်က Invoice Paper တွင် ဖော်ပြပေးထားပါသည်။ အာမခံအကျုံးဝင်မှုကာလသည် Invoice Paper ပါ ရက်စွဲမှ စတင်သတ်မှတ်ပါသည်။
၂။ အာမခံ သတ်မှတ်ချက်များ
အာမခံကာလအတွင်း Factory Fault ကြောင့် Error ဖြစ်ခဲ့လျှင် Service Centre သို့ အခမဲ့ ပို့ဆောင်ပေးပြီး ပြင်ဆင်စရိတ်လည်း အခမဲ့ ရရှိပါမည်။
User Fault ဖြစ်ခဲ့လျှင် Service Centre သို့ ပို့ဆောင်ခနှင့် ပြင်ဆင်စရိတ်အတွက် ဝယ်ယူသူမှ ပေးဆောင်ရမည်။
အာမခံကာလကျော်လွန်ပြီးနောက် ပြုပြင်ခြင်းနှင့် အပိုပစ္စည်းများအတွက် ကျသင့်သည့်စရိတ်ကို ဝယ်ယူသူမှ ပေးဆောင်ရမည်။
ပြည်ပ သို့မဟုတ် နယ်မှ ဝယ်ယူသူများအတွက် အာမခံကာလအတွင်း Factory Fault (သို့) User Fault ကြောင့် Error တစ်ခုခုဖြစ်ခဲ့လျှင် Transportation Fees ကို ဝယ်ယူသူမှ ပေးဆောင်ရမည်။
Error တစ်ခုခုဖြစ်ခဲ့လျှင် ZYPP Camera House သို့ အမြန်ဆုံး ဆက်သွယ်ပြီး နယ်မှဖြစ်လျှင် ပစ္စည်းကို ZYPP Camera House ထံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ပေးရမည်။
Official Warranty ပါသောပစ္စည်းများအတွက် သက်ဆို်င်ရာ Official Showroom ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
Official Warranty မပါသောပစ္စည်းများအတွက် အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ZYPP Camera House Team ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
၃။ အာမခံ အကျုံးဝင်မှုများ
ဝယ်ယူစဥ် Voucher မှ ပစ္စည်း၏ Serial Number နှင့် Service ပြန်ပို့သော ပစ္စည်း၏ Serial Number တူညီရမည်။
၄။ အာမခံ ပျက်ပြယ်နိုင်မည့်အချက်များ
Voucher ပေါ်ရှိ အချက်အလက်များအား ပြင်ဆင်ရေးသားထားခြင်း၊
User Fault ကြောင့်ဖြစ်ခဲ့လျှင် Warranty အကျိုးခံစားခွင့်များ ရရှိမည်မဟုတ်ပါ။
User Fault ဆိုတာ ဘာလဲ?
မိမိဝယ်ယူသည့် Gimbal ၏ အများဆုံး အသုံးပြုနိုင်သော Weight Limit ထက် ကျော်လွန်အသုံးပြုသောကြောင့် Motor များ ပျက်စီးခြင်း၊
မိမိဝယ်ယူသည့် Gimbal ၏ သတ်မှတ်ကြာချိန်ထက် ပိုမို၍ အသုံးပြုခြင်းကြောင့် Main Board (သို့) Motor လောင်ခြင်း၊
Balance ဖြစ်အောင် မပြုလုပ်ဘဲ အသုံးပြုခြင်းကြောင့် Gimbal Motor များ ပျက်စီးခြင်း၊
အချိန်ကြာမြင့်စွာ အားသွင်းခြင်းနှင့် အလွန်အကျွံ စက်ပူအောင် အသုံးပြုခြင်းကြောင့် Battery များ ထိခိုက်မှုဖြစ်ခြင်း၊
ပြုတ်ကျခြင်း၊
ရေဝင်ခြင်း၊
Error တစ်ခုခုဖြစ်ခဲ့ပါက ZYPP Camera House သို့ ပြန်လည်မပြသပဲ အခြားပြင်ဆိုင်တွင် စက်ဖွင့်ပြင်ဆင်ထားခြင်း၊
Gimbal ထဲမှ ပစ္စည်းအစိတ်အပိုင်းများ ပြောင်းလဲ တပ်ဆင်၊ ပြင်ဆင်ထားခြင်း။
Note: Warranty တွင် Gimbal မှ လွဲပြီး အခြား Accessories များ မပါဝင်ပါ။