အောက်ပါ အကြောင်းအရာများသည် Camera Lens များအတွက် Warranty အကျိုးခံစားခွင့်နှင့် ပတ်သက်သည့် အချက်များဖြစ်ပါသည်။
၁။ အာမခံကာလ
မိမိ Camera Lens အတွက် အာမခံပါရှိမှုကာလ ဖြစ်သည့် (၁)လ သို့မဟုတ် (၃)လကို ဝယ်ယူစဥ်က Invoice Paper တွင် ဖော်ပြပေးထားပါသည်။ အာမခံအကျုံးဝင်မှုကာလသည် Invoice Paper ပါ ရက်စွဲမှ စတင်သတ်မှတ်ပါသည်။
၂။ အာမခံ သတ်မှတ်ချက်များ
အာမခံကာလအတွင်း Factory Fault ကြောင့် Error ဖြစ်ခဲ့လျှင် Service Centre သို့ အခမဲ့ ပို့ဆောင်ပေးပြီး ပြင်ဆင်စရိတ်လည်း အခမဲ့ ရရှိပါမည်။
ပြန်လည်ပြုပြင်၍မရသော Lens များအား ဝယ်ယူသူစိတ်တိုင်းကျ နှစ်သက်ရာပစ္စည်း၏ တန်ဖိုးအလိုက် လဲလှယ်ပေးပါမည်။
User Fault ဖြစ်ခဲ့လျှင် Service Centre သို့ ပို့ဆောင်ခနှင့် ပြင်ဆင်စရိတ်အတွက် ဝယ်ယူသူမှ ပေးဆောင်ရမည်။
အာမခံကာလကျော်လွန်ပြီးနောက် ပြုပြင်ခြင်းနှင့် အပိုပစ္စည်းများအတွက် ကျသင့်သည့်စရိတ်ကို ဝယ်ယူသူမှ ပေးဆောင်ရမည်။
ပြည်ပ သို့မဟုတ် နယ်မှ ဝယ်ယူသူများအတွက် အာမခံကာလအတွင်း Factory Fault (သို့) User Fault ကြောင့် Error တစ်ခုခုဖြစ်ခဲ့လျှင် Transportation Fees ကို ဝယ်ယူသူမှ ပေးဆောင်ရမည်။
Error တစ်ခုခုဖြစ်ခဲ့လျှင် ZYPP Camera House သို့ အမြန်ဆုံး ဆက်သွယ်ပြီး နယ်မှဖြစ်လျှင် ပစ္စည်းကို ZYPP Camera House ထံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ပေးရမည်။
အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ZYPP Camera House Team ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
၃။ အာမခံ အကျုံးဝင်မှုများ
ဝယ်ယူစဥ် Voucher မှ ပစ္စည်း၏ Serial Number နှင့် Service ပြန်ပို့သော ပစ္စည်း၏ Serial Number တူညီရမည်။
၄။ အာမခံ ပျက်ပြယ်နိုင်မည့်အချက်များ
Voucher ပေါ်ရှိ အချက်အလက်များအား ပြင်ဆင်ရေးသားထားခြင်း၊
User Fault ကြောင့်ဖြစ်ခဲ့လျှင် Warranty အကျိုးခံစားခွင့်များ ရရှိမည်မဟုတ်ပါ။
User Fault ဆိုတာ ဘာလဲ?
ဝယ်ယူသူဘက်မှ ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ဖုန်၊ မှို တက်ခြင်း၊ Body Damage ဖြစ်ခြင်း၊ မှန်အစင်းဖြစ်ခြင်း၊
ပြုတ်ကျခြင်း၊
ရေဝင်ခြင်း၊
ဆားပေါက်ခြင်း၊
Error ဖြစ်နေသော Camera Body နှင့် တပ်ဆင်အသုံးပြုခြင်းမှ Lens ထိခိုက်ပျက်စီးခြင်း၊
Error တစ်ခုခုဖြစ်ခဲ့ပါက ZYPP Camera House သို့ ပြန်လည်မပြသပဲ အခြားပြင်ဆိုင်တွင် စက်ဖွင့်ပြင်ဆင်ထားခြင်း၊
Lens ထဲမှ ပစ္စည်းအစိတ်အပိုင်းများ ပြောင်းလဲ တပ်ဆင်၊ ပြင်ဆင်ထားခြင်း။
Note: Warranty တွင် Lens မှ လွဲပြီး အခြား SD Card များ၊ Accessories များ မပါဝင်ပါ။