Cosrx
Advanced Snail 96 Mucin Power Essence
Advanced Snail 96 Mucin Power Essence
Honest Review
အဓိက ဘယ်လိုအသားအရေတွေမှာ သုံးသင့်လဲဆိုတော့ ညစ်နွမ်းပြီး အသားအရေကြမ်းသူတွေ၊ ရေဓါတ်ခမ်းခြောက်လို့ မွဲခြောက်နေတဲ့ အသားအရေ၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတဲ့ အသားအရေနဲ့ အမည်းစက်နဲ့ အမာရွတ်ရှိတဲ့ အသားအရေတွေအတွက် recommend ပေးပါတယ်ရှင် ။ Essence ရည်လေးက အရမ်းမပျစ်ဘူး ၊ စေးကပ်ခြင်းမရှိပဲ အသားထဲ စိမ့်ဝင်ပြန့်နှံ့လွယ်ပြီး natural glow look ကို ရစေတယ် ။ Snail Mucin (ခရုရဲ့ ဆေးဖက်ဝင် အစိတ်အပိုင်းဖြစ်တဲ့ အကျိအချွဲ တစ်မျိုး) အနှစ်တွေ 96% ပါဝင်ထားလို့ moisture ဆုံးရှုံးခြင်းကနေ ကာကွယ်ပေးပြီး ချောမွတ်ကျန်းမာတဲ့ အရေပြားကို ပိုင်ဆိုင်စေပါတယ် ။ damaged skin ကို သက်သာစေပြီး ရေဓါတ်ဖြည့်ပေးလို့ လိမ်းထားပြီး တနေကုန် စိုကြည်နေရောပဲ ။ Snail Mucin မှာ အရေပြားအတွက် အရေးကြီးတဲ့ အာဟာရတွေပါဝင်လို့ ကျန်းမာတဲ့အသားအရေကို ရစေတဲ့အပြင် illuminated skin အဖြစ် တနေကုန် လှပနေစေပါတယ် ။ smile lines & fine lines ဘယ်လိုပဲခေါ်ခေါ် အရေးအကြောင်းလျော့ချပေးပြီး healthy elasticity ဖြစ်စေပါတယ် ။ Sodium Hyaluronate လည်းပါသေးတာမို့ သူကတော့ moisture ကို boost လုပ်ပေးပြီး ရေဓါတ်လည်း ပြည့်ဝစေတာမို့ ရှယ်စိုပြေစေတာပါ ။ Arginine ကတော့ amino acid တစ်မျိုးဖြစ်တဲ့ အတွက် Anti-oxidant properties ပါဝင်တယ် ။ collagen လှုံဆော်မှု အားကောင်းစေပြီး အရွယ်တင်နုပျိုစေပါတယ် ။ Snail Mucin ဆိုလို့ ခရုလေးတွေကို ထိခိုက်နာကျဉ်စေပြီးမှ ရတာမဟုတ်ဘူးနော် ။ တိတ်ဆိတ်ပြီး မှောင်တဲ့အခန်းထဲမှာ ခရုလေးတွေကို ဇကာကွက်ပိုက်ကွန်ပေါ်မှာတင်ထားလိုက်ရင် ဟိုဒီ သွားလာရင်း သူတို့သွားရာလမ်းကြောင်းတလျှောက် မှာ mucin တွေ သဘာဝအတိုင်း ကျန်ခဲ့ပါတယ် ၊ ဒါကြောင့် လိပ်ပြာသန့်သန့်လေးနဲ့ သုံးပါရှင် ။ ဝက်ခြံ၊ အဆီဖုနဲ့ အဆီပြန်သူတွေပါ အရမ်းအဆင်ပြေကြပါတယ် ။ ဒါပေမယ့် Super Oily ဆိုရင်တော့ သိပ်အဆင်မပြေနိုင်ပါဘူးရှင့် ။ A Little Oily Skin တွေကတော့ နေ့ဖက်သုံးမယ်ဆိုရင် moisturizer မလိမ်းလည်း အဆင်ပြေပါတယ်။ Dry Skin များသုံးမယ်ဆိုရင် snail all in one cream ဖြစ်ဖြစ် ၊ သုံးနေကျ moisturizing cream ပဲဖြစ်ဖြစ် လိမ်းပေးရပါမယ်နော် ( must ) ။ Toner ပြီးမှ Essence ပြီးရင် Cream လေး လိမ်းပေးပါရှင် ။
# အတုအပ လုံးဝ မရောင်းပါ
# Authentic
# Direct from Korea
မင်မင်ဆီမှာ မှာယူလို့ ရပါပြီရှင့်
Yoon Waddy facebook page chat box ကနေ မှာယူလို့ ရပါတယ် ရှင့်
တာချီလိတ်မြို့တွင်း အိမ်အရောက်ပို့ဆောင် (ပို့ခရှိ) ပေးနေပါပြီရှင့်
တခြားမြို့နယ်တွေလည်း ကားဂိတ်ကို ပို့ဆောင်ပေးနေပါပြီရှင့်