Crystal Glow
Cosmetic Cotton Pad 120 pcs
Cosmetic Cotton Pad 120 pcs
Honest Review
Double Cleansing အတွက် ဘာ cotton pad သုံးရင်ကောင်းမလဲ မေးသူတွေအတွက် အလင်းပြလိုက်ပါပြီ ။ Crystal Glow Cotton Pad ဘူးလေးနဲ့မို့ စိတ်ဝင်စားပြီးသုံးကြည့်လိုက်တာ အတော်လေးအဆင်ပြေတာတွေ့ရလို့ သူ့ရဲ့ good point လေးတွေအရင်ပြောမယ်နော် ။ First Impression ကတော့ ဘူးနဲ့ဖြစ်လို့ hygiene အတွက်ကောင်းတယ် အိတ်တွေလိုဖုန်ဝင်မှာ မပူရဘူး ။ သူကနှစ်ခြမ်းမတူဘူး ဇကာကွက်အခြမ်းက မိတ်ကပ်ဖျက်ဖို့ အချောဖက်က Toner သုံးဖို့ အဲ့လိုဇကာကွက်ပါတာမျိုး ရှာတာကြာပြီ cleansing အတွက် ပိုပြီးအဆင်ပြေတယ် အညစ်အကြေးတွေပိုပါတယ် ။ 100% cotton သားနဲ့လုပ်ထားပြီး အနားသားတွေကိုပါ ချုပ်ထားလို့ ပုံမှန် cotton pad တွေလို ဖွာလန်သွားတာမရှိဘူး သိပ်သိပ်လေးပဲ ။ ဂွမ်းသားတွေလို မျက်နှာနဲ့ ချွေးပေါက်တွေထဲ ဂွမ်းစကျန်ခဲ့တာမျိုးတွေ မရှိဘူး ။ အလွှာသုံးလွှာပါပြီး အလည်လွှာကရေစုပ်ပေးလို့ မထူမပါး အနေတော်ပါပဲ ။ ကိုယ်သုံးမယ့် Micellar water or toner ကိုသေချာစုပ်ယူထားပြီး အရေပြားပေါ်ကို အကုန်ပြန်ရောက်စေတာ တွေ့ရတယ် (သေချာစမ်းသပ်ထားတဲ့ video လေး သတ်သတ်ထပ်တင်ပေးမယ်နော်) Fluorescent whitening နဲ့ Formaldehyde လို Chemical တွေ မပါလို့ sensitive skin ထိသုံးလို့ရတယ် ။ အခုရေ 120 ကိုမှ 5000 ပဲ ဘူးကလည်း တစ်ခြားနေရာသုံးလို့ရတော့ ဘူးနဲ့တင် တန်နေပြီရယ် ။ အဆင်မပြေတာ ရှာကြံပြောရရင် ဂွမ်းသားမပါလို့ အရမ်းမအိဘူး cotton စစ်စစ်မှ ကြိုက်သူတွေအတွက် ပိုအဆင်ပြေမယ် ။ Cotton pad ကိုတစ်ခြား အသုံးပြုပုံအနေနဲ့ toner mask အဖြစ်သုံးလို့ရတယ် ။ cotton pad ကို toner ထဲနှစ်ပြီး မျက်နှာပေါ် ၁၀ မိနစ်လောက်ကပ်ထားပေးပြီး skincare တာပေါ့ ။
# အတုအပ လုံးဝ မရောင်းပါ
# Authentic
# Crystal Glow
မင်မင်ဆီမှာ မှာယူလို့ ရပါပြီရှင့်
Yoon Waddy facebook page chat box ကနေ မှာယူလို့ ရပါတယ် ရှင့်
တာချီလိတ်မြို့တွင်း အိမ်အရောက်ပို့ဆောင် (ပို့ခရှိ) ပေးနေပါပြီရှင့်
တခြားမြို့နယ်တွေလည်း ကားဂိတ်ကို ပို့ဆောင်ပေးနေပါပြီရှင့်