Yoon Skin
Centella Relief Cleansing Water
Centella Relief Cleansing Water
Honest Review
Yoon Skinက Cleansing Waterလေးကတော့ ဝက်ခြံ၊အဆီဖု၊အဆီပြန်သမားတွေနဲ့ Sensitive Skinတွေကအစ သုံးလို့ရတယ်။ Cica အဓိကပါတာမို့ အသားရေနီမြန်းရောင်ရမ်းတာတွေကိုသက်သာစေပြီး ဝက်ခြံအဖုတွေကိုလည်း အရောင်ကျချပ်ကပ်သွားအောင်လုပ်ပေးနိုင်တယ်။ Cicaပါတယ်ဆိုပေမဲ့ အနံ့ကမပြင်းဘူး သင်းသင်းလေးရရုံဘဲ။ အမြင်အရတော့Gentle ဖြစ်တယ်လို့ထင်ရပေမဲ့ တကယ်တမ်းသုံးကြည့်တဲ့အခါ Cleansing ပိုင်းကိုတော့ ကျေနပ်မိတယ်။ တစ်နေကုန်လိမ်းထားတဲ့ Skincare, Sunscreenနဲ့ပေါ့"ပါး" Make-upလောက်ကတော့ ပြောင်အောင်သန့်စင်ပေးနိုင်တာတွေ့ရတယ်။ ကိုယ်က makeup on ထားတဲ့နေ့ဆိုရင် မျက်လုံးနဲ့နှုတ်ခမ်းပေါ်မှာ cotton pad ကိုစက္ကန့်အနည်းငယ်ဖိထားပြီးမှ ပွတ်ပေးရင်လည်း ပြောင်အောင်လုပ်ပေးနိုင်တာတွေ့ရတယ်။ နောက်ပြီး တချို့သော Cleansing Waterတွေလို သုံးနေတဲ့အချိန် မျက်နှာကစပ်တာ၊ယားတာမျိုးတွေမရှိဘဲ သုံးပြီးရင်လည်းပေါ့ပါးပြီး အညစ်ကြေးတွေအကုန်ပြောင်သွားတယ်ဆိုတဲ့ Feelingမျိုးရတယ်။ မျက်နှာရဲ့Skin နဲ့ကိုက်ညီတဲ့ pH Formulaနဲ့ထုတ်ထားတာမို့ Skin Barrier ထိခိုက်တာမျိုးလည်းမရှိသလို Dry Skin သမားတွေသုံးလည်း အသားပိုခြောက်တာမျိုးမဖြစ်ဘူး။ ပိုကောင်းတဲ့အချက်ကတော့ Alchol Free, Artificial Free,Sulfate Free ဖြစ်နေတာပါဘဲ။ ကိုယ်ကဝက်ခြံသမားမို့ Double Cleansing မလုပ်လို့မရတဲ့သူ၊ အသားရေက အထိခိုက်မခံဘဲ နီမြန်းရောင်ရမ်းလွယ်ပြီး အသားခြောက်တတ်တဲ့သူ၊ Cleansing Waterကို Active ပါတာတွေမကြိုက်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ CLeansing လုပ်ပေးတာကိုသဘောကျတဲ့သူ၊ Budget Friendly Product မျိုးကိုရှာနေတဲ့သူဆိုရင်တော့ ဒီ YOON SKIN လေးက အသုံးတည့်ပါလိမ့်မယ်။
# အတုအပ လုံးဝ မရောင်းပါ
# Authentic
# Direct from Korea
မင်မင်ဆီမှာ မှာယူလို့ ရပါပြီရှင့်
Yoon Waddy facebook page chat box မှာလည်း မှာယူလို့ ရပါတယ် ရှင့်
တာချီလိတ်မြို့တွင်း အိမ်အရောက်ပို့ဆောင် (ပို့ခရှိ) ပေးနေပါပြီရှင့်
တခြားမြို့နယ်တွေလည်း ကားဂိတ်ကို ပို့ဆောင်ပေးနေပါပြီရှင့်
# KBZpay
# Wavepay
#