Honest Review
ဝက်ခြံနဲ့ အဆီဖု ပိစိတွေက အမြဲမပြတ်ထွက်နေတယ်၊ မျက်နှာကလည်းညစ်ထေးထေးနဲ့ ဘာ Skincare တွေ သုံးသုံး မထိရောက်ဘူးဆိုရင် Cleansing step ကို သေချာ လုပ်ရဲ့လားလို့ မေးချင်တယ်ရှင့် အရမ်းကိုမှ အရေးကြီးတဲ့ step မို့ skip မလုပ်ဘဲ နေ့စဉ် သုံးပေးပါရှင့် Cleansing သေချာမလုပ်တဲ့အခါ ချွေးပေါက်ထဲမှာဖုန်နဲ့ makeup skincare ~ အညစ်အကြေးတွေ စုသွားလို့ အဆီဖုတေ ထွက်လာရတာပါ ။ ဒါကြောင့်မို့ double cleansing ကို ဂရုစိုက် လုပ်ဆောင်ပေးသင့်ပါတယ်နော် ။
H9 Hyaluronic Ampoule
Hyaluronic Acid အမျိုးအစား (9)မျိုးနဲ့ အခြေခံထုတ်လုပ်ထားတာမို့ သုံးပြီးတဲ့ခါမှာလည်း အသားအရေ ခြောက်သွားတာတို့မဖြစ်စေဘူးနော် ရေဓါတ်လည်း ဖြည့်ပေးပြီး ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို သေချာသန့်စင်ပေးပါတယ် ။ For all skin Type အသုံးပြုနိုင်ပါတယ် ။ ဒီ cleansing water လေးက အသားအရေအတွက် လိုအပ်တဲ့ အစိုဓါတ်ကို ဖြည့်ပေးရုံမကမျက်နှာပေါ်က ဖုန်နဲ့အညစ်အကြေးကို သေချာသန့်စင်ပေးပါတယ် ။ One step cleansing လေးဖြစ်လိူ့ ဒါလေးအသုံးပြုပြီး ရေနဲ့ မျက်နှာထပ်သစ်စရာ မလိုတော့တာက သူ့ထူးခြားချက်ပါ ။ အသုံးပြုပုံကတော့ Cotton pad ထဲကို cleansing လေးထည့်ကာ မျက်နှာအနှံ့ ပွတ်ဆေးပြီး Facial Foam လေးနဲ့ မျက်နှာသစ်ပေးရမှာပါနော် ။
Water Luminous SOS Ringer
သူက ဝက်ခြံပေါက်သူတွေ၊ အဆီဖု၊ အမဲစက်နဲ့ အသားညိုညစ်ကြမ်းတမ်းသူတွေ အတွက် Water Luminous ဆိုတော့ ရေဓာတ်ဖြည့်ပြီး မွဲခြောက် ကြမ်းတမ်းတာတွေကို သက်သာစေပါတယ် ။ ပင်ပန်းနွမ်းနယ်တဲ့ အသားအရေကို အစိုဓာတ် ပြန်ပေးနိုင်လို့ အသားအရေကို relax ဖြစ်စေပြီး နုပျိုစေပါတယ် ။ Cleansing လုပ်တဲ့အခါ အသားခြောက်တာမျိုး ဖြစ်မှာကြောက်တယ်ဆိုရင် ဒါလေးသုံးကြည့်နော် ။ သဘာဝရေဓာတ်ကို ဖြည့်ပေးလို့ အသားအရေကို စိုစိုတင်းတင်းလေး ဖြစ်ပြီး သန့်စင်ပေးပါတယ် ။ အမဲစက်၊ အဆီပြန်တာနဲ့ ချွေးပေါက်ကျယ်တာတွေကိုလည်း သက်သာစေပါတယ် ။ Alcohol မပါဝင်လို့ Sensitive skin တွေလည်း စိတ်ချလက်ချ သုံးလို့ရပါတယ် ။ အသားအရေခြောက်သွေ့၊ ကြမ်းတမ်းတဲ့သူတွေ အရေပြားပေါ်က ဂျီးနဲ့ အညစ်အကြေးတွေ သန့်စင်ဖို့ Cleansing ကောင်းကောင်း ရှာနေတယ်ဆို ဒါလေးသုံးကြည့်ပါ ။
Centella Care
သဘာဝ ဆေးမြင်းခွာရဲ့ အစွမ်းကြောင့် အဆီပြန်ပြီး ဝက်ခြံထွက်တတ်သူတွေ Blemish ဖြစ်ပြီး အသားအရည် နီတတ်သူတွေအတွက် အရောင် လျော့ကျစေပြီး အသားအရည်ကို ကြည်လင်စေပါတယ် ။ နေရောင်ခြည်နဲ့ ဖုန်မှုန့်တွေ ကြောင့် အသားအရေနီမြန်းပြီး ယားယံတတ်တဲ့သူတွေ သုံးပေးခြင်းဖြင့် ချွေးပေါက်အတွင်းပိုင်းရှိ အညစ်အကြေးတွေကို သန့်စင်ပေးပြီး Dead cells များနဲ့ အညစ်အကြေးများကို သန့်စင်ပေးတယ် ။ ထိပ်မှာ ညစ်တဲ့ဟာလေးလည်းပါတော့ အရည်တွေ waste မဖြစ်ပဲ ၁ဘူးဆို အကြာကြီး သုံးရပါတယ်နော် ။
Derma Care Centella
သူ့မှာ Centella , Hyaluronic , Ceramide , Panthenol စတာတွေ အဓိက ပါဝင်ထားတာကြောင့် သုံးပြီးရင် ချွေးပေါက် မပိတ်အောင် အညစ်အကြေး၊ အဆီပို တွေ သေချာ သန့်စင်ပေးနိုင်တဲ့အပြင် ခြောက်သွေ့တာ ၊ အသားအရေကြမ်းတမ်းသွားတာမျိုး မခံစားရပဲ အတော်အသင့်အစိုဓာတ် ကျန်ခဲ့ပါတယ် ။ Alcohol Free ဖြစ်ပြီး အနံ့ကတော့ ပန်းရနံ့ မွှေးမွှေးလေးရတယ် ။ မင်မင်မင်မင်ကတော့ fragrance ကြိုက်သူမို့အဆင်ပြေပေမဲ့ Allergy ရှိတဲ့သူတွေအတွက်တော့ သုံးလို့အဆင်မပြေလောက်ဖူး ။ Normal Skin , Oily Skin , Combination Skin တွေ အတွက်တော့ သုံးပေးဖို့ တော်တော်လေး အဆင်ပြေတာ တွေ့ရပြီး ဝက်ခြံ ၊ အဆီဖုရှိရင်လည်း သုံးပေးနိုင်တယ် ။ မကြိုက်တဲ့အချက်ကတော့ Skin Barrier ထိထားတဲ့အချိန် မျက်နှာပေါ် သုံးရင် စပ်ဖျင်းဖျင်းဖြစ်တယ် ။ ဒါ့ကြောင့် Skin Barrier ထိထားတဲ့သူတွေ ၊ Sensitive Skin တွေကိုတော့ မသုံးစေချင်ဘူး ။
Derma Care Ceramide
ဆေးတောင့်အပြာလို့ လူသိများတဲ့ ဒီ Cleansing Water လေးက sensitive ဖြစ်တတ်တဲ့ skin ပိုင်ရှင်လေးတွေအတွက်ပါ ။ Ceramide ပါတော့ အသားအရေရဲ့ barrier ကိုပါ အားဖြည့်ပေးပါတယ် ။ ဝက်ခြံ အဆီဖုတွေကို သက်သာစေပြီး အသားအရေနီမြန်းတာ ယားယံတာတွေကိုလည်း သက်သာစေပါတယ် ။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက် အမာရွတ်တွေကိုလည်း သက်သာစေပြီး Acne prone skin သမားတွေအတွက်ပါ အဆင်ပြေတာလေးပါ ။
# အတုအပ လုံးဝ မရောင်းပါ
# Authentic
# Direct from Korea
မင်မင်ဆီမှာ မှာယူလို့ ရပါပြီရှင့်
Yoon Waddy facebook page chat box မှာလည်း မှာယူလို့ ရပါတယ် ရှင့်
တာချီလိတ်မြို့တွင်း အိမ်အရောက်ပို့ဆောင် (ပို့ခရှိ) ပေးနေပါပြီရှင့်
တခြားမြို့နယ်တွေလည်း ကားဂိတ်ကို ပို့ဆောင်ပေးနေပါပြီရှင့်
# KBZpay
# Wavepay
#