------------------------------------------------------
> Greater than
< Less than
== Equal to
!= Not equal to
>= Greater than or equal to
<= Less than or equal to
----------------------------------------------------------------
&& And
|| Or
! Not
Program ရဲ့ section အပိုင်းလေးတစ်ပိုင်းကို တစ်ကြိမ်ထပ်ပိုပြီးအလုပ်လုပ်စေချင်တဲ့အခါ Loop ကိုသုံးပါတယ်။ Loop မှာ for loop , while loop, do while loop ရယ်ဆိုပြီး ၃ မျိုးရှိပါတယ်။ Looping တိုင်းမှာ condition တစ်မျိုးပါရပါတယ်။ Condition မှန်တိုင်း looping ပတ်နေမှာဖြစ်ပါတယ်။
For loop က looping တွေထဲမှာ အလွယ်ဆုံးပါ။ for loop မှာ for ရဲ့နောက်က ကွင်းအဖွင့်အပိတ်ထဲမှာ looping ပတ်ရမယ့် အကြိမ်အရေအတွက်ကို ထည့်ပေးရပါမယ်။ ကွင်းထဲမှာရှိတဲ့ Condition မှန်နေသမျှ တွန့်ကွင်းထဲမှာရှိတဲ့ Statement တွေအလုပ်လုပ်ပြီး looping ပတ်နေမှာ ဖြစ်ပါတယ်။
Example
int main( ){for (int j=0; j<15; j++) { cout<<"j* j"<<" ";}cout<<endl;return 0;}Example program အရ main function ထဲမှာ for loop တစ်ခုရှိပါတယ်။ ကွင်းအဖွင့်အပိတ်ထဲမှာ Condition ရှိပါတယ်။ Condition မှန်မှ တွန့်ကွင်းထဲက cout အလုပ်လုပ်မှာပါ။ Condition က integer variable name ( j ) ကို integer value 0 assign လုပ်လိုက်ပါတယ်။ အဲ့တော့ j သည် 0 ဖြစ်သွားပါတယ်။ j < 15 က j သည် 15 အောက်ငယ်နေသ၍ Condition မှန်နေပါမယ်။ j သည် 15 နှင့် 15 ထက်ကြီးလျှင် Condition မှားသွားတဲ့ အတွက် တွန့်ကွင်းထဲက Statement တွေအလုပ်မလုပ်တော့ပဲ တွန့်ကွင်းအပြင်က Statement cout<<endl; ကိုကျော်သွားမှာ ဖြစ်ပါတယ်။
အဲ့တော့ j သည် 0 ; 0 က 15 အောက်ငယ်တယ်; j++ က တွန့်ကွင်းထဲက အလုပ်တွေအကုန်ပြီးမှ အလုပ်လုပ်ပါတယ်။ ကဲ........ တွန့်ကွင်းထဲသွားမယ်။ cout<<"j* j " <<" "; Statement ကိုတွေ့ပါတယ်။ cout က output ထုတ်ပြပါမယ်။ "ဘာကိုလဲ ?! " j * j ပါ Star က အမြှောက်သဘောပါ။ j နဲ့ j ကိုမြှောက်ပါမယ်။ j က 0 ဆိုတော့ 0 * 0 အဖြေက 0 ပါပဲ။ : ) အနောက်က double code ထဲမှာ ဘာမှမရှိတဲ့အတွက် blank ပြမယ်။ ကဲ ....... Output က " 0 space" ပါ။ တွန့်ကွင်းထဲက အလုပ်တွေပီးရင် Condition ထဲက j++ ကိုသွားမယ်။ j++ ဆိုတာ j ကို 1 တိုးတာပါ။ အစက j က 0, အခု j က j +1 ဆိုတော့ j က 1 ပါ။ Condition မှန်ပါတယ်။ j က 15 အောက်ငယ်ပါတယ်။ cout<<"j* j " <<" "; j က 1 ; 1 * 1 က 1 ပါ။ Loop နှစ်ကြိမ်ပတ်လိုက်တဲ့အခါမှာတော့ Output က " 0 1 " ပါ။ Condition မှန်နေသမျှ looping ပတ်နေ ပြီး တွန့်ကွင်းထဲက Statement တွေအလုပ်လုပ်နေမှာပါ။ အထက်ပါ program အရ Looping ပတ်နေသမျှ j နဲ့ j မြှောက်ပြီး Space ခြားနေမှာ ဖြစ်ပါတယ်။ j = 15 မှာ looping ရပ်ပြီး cout<<endl; ကိုရောက်မှာဖြစ်ပါတယ်။
0 1 4 9 16 25 36 49 64 81 100 121 144 169 196Looping ရဲ့ သဘောကတော့ ပေါ်နေပါပြီ။ loop နဲ့ မရေးရင်တော့ အောက်ပါအတိုင်းရေးရပါမယ်။ loop နဲ့ ရေးတာ ပိုမြန်ပေမယ့် Condition မှန်ဖို့အတွက် နဲ့ cout ထုတ်တဲ့အပိုင်းကတော့ math အရစဉ်းစားရပါတယ်။
int main( ){cout<<0<<" ";cout<<1<<" ";cout<<4<<" ";cout<<9<<" ";cout<<16<<" ";cout<<25<<" ";cout<<36<<" ";cout<<49<<" ";cout<<64<<" ";cout<<81<<" ";cout<<100<<" ";cout<<121<<" ";cout<<144<<" ";cout<<169<<" ";cout<<196<<" ";cout<<endl;return 0;}While loop ကလည်း for loop နဲ့ အတူတူပါပဲ။ Condition မှန်မှအလုပ်လုပ်ပါမယ်။ For loop မှာက looping ဘယ်နှစ်ကြိမ်ပတ်မယ်ဆိုတာ မူတည်ပြီး Condition ထည့်ရတာပါ။ Looping ဘယ်နှစ်ကြိမ်ပတ်ရမယ် လို့အတိအကျမရှိတဲ့အခါမျိုးမှာ While loop ကိုသုံးပါတယ်။
Example
#include<iostream.h>#include<conio.h>int main(){clrscr();int i=0;while(i<5) { cout<<"i is "<<i; i++; cout<<endl; }getch();return 0;}While loop ကို simple example နဲ့ရှင်းပြပါမယ်။ interger variable i တန်ဖိုးက 0 ပါ။ while condition မှန်မမှန်စစ်ပါမယ်။ i က ၅ အောက်ငယ်ပါတယ်။ Condition မှန်တဲ့အတွက် တွန့်ကွင်းထဲ၀င်ပါမယ်။ cout<<"i is "<<i;
Output က i is နဲ့ i တန်ဖိုး 0 ကိုထုတ်ပြပေးမှာပါ။ i is 0. ဒုတိယ statement က i++ ပါ။ i ကို ၁တိုးပါမယ်။ အခုဆိုရင် i တန်ဖိုးက 1 ပါ။ cout<<endl; endl က end line တစ်ကြောင်းဆုံးပြီ လို့ရေးလိုက်တာပါ။ အဲ့တော့ while loop တစ်ခါပတ်လိုက်တဲ့ အခါ i is 0 ; i တန်ဖိုးက 1; နဲ့ cursor က နောက်တစ်ကြောင်းဆင်းသွားမှာပါ။ While loop looping ပြီးသွားတဲ့အခါမှာတော့
if Statement
if Statement ကတော့ While looping နဲ့ နဲနဲဆင်ပါတယ်။ ခြားနားချက်ကတော့ While loop က looping ပတ်နေသမျှCondition မှန်မမှန်စစ်နေပြီး if Statement ကတော့ တစ်ကြိမ်သာလျှင် မှန်မမှန်စစ်ပြီး မှန်မှသာ အလုပ်လုပ်ပါတယ်။ ( ) if နောက်က ကွင်းအဖွင့်အပိတ်ထဲမှာ text expression ထည့်ပေးရပါတယ်။ if Statement မှာမှားတတ်တာက if နောက်မှာ ကွင်းအဖွင့်အပိတ်နဲ့ text expression ထည့်ရပြီး ကွင်းနောက်မှာ တွန့်ကွင်းနဲ့ if-statement-body လာပါတယ်။ Braces ပြီးရင်နောက်မှာ Statement syntax ( semicolon ) လာပါတယ်။ အဲ့တာမှ if Statement