ဇွန်လ ၂၈ရက် ၂၀၂၀ခုနှစ် |International Crisis Group
ရခိုင်ပြည်နယ်တွင် ၂၀၁၇ခုနှစ် သြဂုတ်လက မြန်မာ အစိုးရကအကြမ်းဖက် အဖွဲ့ အစည်းအဖြစ်သတ်မှတ်ခဲ့သည့်အယ်လ်-ယာကင်(al-Yaqin) သို့မဟုတ်ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA) က ဝင်ရောက်တိုက်ခိုက်မှုများသည်ရခိုင်ပြည်နယ်ကိုပဋိပက္ခအတွင်းသို့တဖန်ပြန်လည်တွန်းပို့လိုက်ပြန်သည်။ ၎င်းတို့ကိုလည်း တတိုင်းပြည်လုံးတွင်ရှိနေသော အစွန်းရောက် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများက သူတို့၏အစီအစဉ် မြှင့်တင်ရေးအတွက် ထပ်မံအသုံးချလိုက်ကြပြန်သည်။ ရခိုင် ပြည်နယ်၌ ဒေသခံများ၏ ကြောက်ရွံ့ မှုများနှင့်တရားမျှတမှုမရှိဟုခံစားနေရမှုများက ပြည်နယ်အတွင်းလှုပ်ရှားဖြစ်ပေါ်နေမှုများကိုအများဆုံးတွန်းအားပေးမောင်းနှင်နေချိန်တွင်လက်ရှိပဋိပက္ခသည်မူဆလင်ဆန့်ကျင်ရေးစိတ်ဓါတ်များ ရုတ်တရက်ကျယ်ကျယ်ပြန့်ပြန့်မြင့်တက်လာမှုကိုဦးတည်ကာ တိုင်းပြည်၏ အသွင်ကူးပြောင်းမှုကို ပျက်စီးစေမည့်အန္တရာယ်ပေးနိုင်သည့်နိုင်ငံအဝှမ်း လူမျိုးရေးအကြမ်းဖက်မှုဖြစ်လာမည်ကိုစိုးရိမ်ရမှုများ မြင့်တက်လာနေပါသည်။
မြန်မာနိုင်ငံတွင်၂၀၁၁ ခုနှစ်နိုင်ငံရေးအရ ဖြေလျော့ပေးမှုများစကတည်းက အစွန်းရောက် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ အားကောင်းလာမှုက ပြဿနာပေးလာခဲ့ရာ မူဆလင်ဆန့်ကျင်ရေးအမုန်းစကားများနှင့်လူသေလောက်အောင်ပြင်းထန်သော လူမျိုးရေး အကြမ်းဖက်မှု များသည်ရခိုင်ပြည်နယ်တွင်သာမကပဲ နိုင်ငံအဝှမ်းတွင်ဖြစ်ပွားခဲ့သည်။ အထင်ရှားဆုံးအမျိုးသားရေးအဖွဲ့ အစည်းမှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသအဖွဲ့) ဖြစ်ပြီး ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် သာမန်ပြည်သူများဖြင့် ဖွဲ့စည်းထားသည်။ အစိုးရသည် ထိုအဖွဲ့ ကို ကန့်သတ်မှုများပြုလုပ်ရန် ဦးတည်ပြီးအတော်ကြီးအားထုတ်ကြိုး ပမ်းခဲ့ကာ မြန်မာနိုင်ငံတွင်ထိပ်ဆုံးမှ ဗုဒ္ဓဘာသာအာဏာပိုင်အဖွဲ့ကို ထိုအဖွဲ့ အား ပိတ်ပင်ရန် တွန်းအားပေးခဲ့သည်။ သို့သော်လည်းအမျိုးသားရေးအမြင်များနှင့် အဖွဲ့ များ၏ လိုလား တောင်းဆိုချက်များကိုအားနည်းအောင်လုပ်ဆောင်သည့်အဆိုပါကြိုးပမ်းအားထုတ်မှုများ သည်အတော်များများမထိရောက်ခဲ့ပေ။ သို့သော် ထိုအတွက် မသက်မသာဖြစ် ကောင်းဖြစ်လိမ့်မည်ဖြစ်သော်လည်း အစိုးရနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာမိတ်ဖက်များသည်အစွန်းရောက်အမျိုးသားရေးဝါဒကပေးလာသော စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ရန်နှင့် အကြမ်းဖက်နိုင်မည့် အန္တရာယ်များကို လျော့ချရန် ထိရောက်သော နည်းလမ်းများရှာဖွေမည်ဆိုပါက မဘသကို လူမှုရေးအရ ပံ့ပိုးနေသော အရင်းအမြစ်များကို ယခင် နားလည်မှုများနှင့် မတူပဲ အနည်းငယ်ကွဲပြားသော နားလည်သဘောပေါက်မှုပိုမိုရရှိရန်မှာ အလွန်အရေးကြီးသည်။ ထိုသို့သော နားလည်သဘောပေါက်မှုသည်ရှုဒေါင့်တစ်ခုတည်းမှရိုးရှင်းအောင်ပုံဖော်ထားမှုနှင့်တော့ဆန့်ကျင်နေပေလိမ့်မည်။
မဘသအဖွဲ့ ၏ သဘာဝနှင့်သူ့ကိုလူကြိုက်များမှုအတိုင်းအတာတို့အပေါ် အစိုးရအပါအဝင်ကပင် ကျယ်ကျယ်ပြန့်ပြန့် နားလည်မှုလွဲနေသည်။ နိုင်ငံရေး သို့မဟုတ် မူဆလင် ဆန့်ကျင်ရေး ရည်မှန်းချက် များကို ကျဉ်းမြောင်းစွာ အာရုံပြုနေသည့်အဖွဲ့ တစ်ခုထက်ပို၍မဘသအဖွဲ့ ကိုယ်တိုင်ကသာမက ၎င်းကို ထောက်ခံကြသူများ ကပင်လျှင်၎င်းတို့အဖွဲ့သည် လူမှုရေးနှင့် ဘာသာရေး လှုပ်ရှားမှုကို ကျယ်ပြန့်စွာ အခြေခံလျက်လုပ်ဆောင်နေသောအဖွဲ့ ဟု ရှုမြင်ကြပြီး သမိုင်းကြောင်းအရ ဗုဒ္ဓဘာသာဖြစ်ကာကွဲပြားမှုမရှိခဲ့သော နိုင်ငံနှင့် လူ့အ ဖွဲ့အစည်းတွင် သူမတူသော ပြောင်းလဲမှုနှင့်မသေချာမှုများဖြစ်နေချိန်၌ ဗုဒ္ဓဘာသာကို အကာ အကွယ်ပေးရန်နှင့် မြှင့်တင်ပေးရန်အထက်ကဆိုခဲ့သောကိစ္စမှာ အရေးအကြီးဆုံးဖြစ်သော ကြောင့်ရည်စူးလုပ်ဆောင်နေမှုအပါအဝင် အ ခြားလှုပ်ရှားမှုများကိုပါ လုပ်ဆောင်နေသည်ဟု ရှုမြင်ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးနယ်ပယ်တွင် ကြီးမားသော ထောက်ခံမှုနှင့်လေးစားမှုကိုရရှိထားချိန်တွင် အမျိုးသားရေး ခံယူချက်
တစ်ခုကလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်သူ၏ပါတီသည်ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုကိုကာအကွယ်ပေးရန်ထက်စာလျှင်လူနည်းစုရပိုင်ခွင့်နှင့်မတူကွဲပြားမှုများ (ဘာသာရေးအရ မတူကွဲပြားမှုအပါအဝင်) ကိုအခွင့်အရေးပိုပေးသည့်အနောက်တိုင်းလစ်ဘရယ်အမြင်ယေဘုယျအားဖြင့်ရှိနေသည်ဟုခံယူနေကြသည်။ သို့တိုင်အောင် လူနည်းစုအများအပြားကလည်း အစိုးရအနေဖြင့်၎င်းတို့၏ စိုးရိမ်ပူပန်မှုများ ကိုထည့်သွင်းစဉ်းစားခြင်းမရှိဟုခံစားနေကြရပြန်သည်။မဘသကို ဖြိုခွင်းရန်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ သည်မဘသသာမရှိတော့ပါကမိမိတို့ ယုံကြည်ကိုးကွယ်ရာဘာသာကို ကာကွယ်စောင့်ရှောက်ပေးမည့်သူများ အားနည်းသွားပြီဟူသော ခံယူချက်ကိုသာ ကျယ်လောင်လာစေမည်ဖြစ်သည်။ အကယ်၍သာ အစိုးရသည်မဘသကို မတရားသင်းကျေညာရန်ကောင်းစွာ ခြိမ်းခြောက်နိုင်ခဲ့မည်ဆိုလျှင်နိုင်ငံအဝှမ်းပြင်းထန်သော ရိုက်ခတ်မှုများရှိလာနိုင်ပြီး အကြမ်းဖက်မှုပင်ဖြစ်လာနိုင်သည်။ မဘသကို ကျယ်ကျယ်ပြန့်ပြန့်လေးစားမှုရှိပြီး နှစ်လိုဖွယ်ကောင်းသည့်ဘုန်းတော်ကြီးအချို့ က ဦးဆောင်သည်။ အစိုးရနှင့်နိုင်ငံတော်ဘာသာရေးဆိုင်ရာ အာဏာပိုင်များထက်စာလျှင် မြန်မာဗုဒ္ဓဘာသာအများစု၏ အမြင်တွင် ထိုဘုန်းတော်ကြီးများ၏ ဘာသာရေးကိစ္စရပ်များအတွက်ပြောဆိုလုပ်ကိုင်မှုများမှာ တရားဝင်မှုမှာ ပြောစရာပင်မလိုဟုရှုမြင်ကြသည်။ အစိုးရနှင့် အခြားပြင်ပမှ စောင့်ကြည့်လေ့လာသူ များကမူ နိုင်ငံရေးအရ ဆန္ဒပြရန်မြှောက်ပေးနေသူများ၊ အမုန်းစကားဖြန့်ဖြူးသူများအဖြစ်ရှုမြင်ကြသည်။ မဘသသည်ရပ်ရွာအဆင့်တွင်ဗုဒ္ဓဘာသာတနင်္ဂနွေကျောင်းများ၊ လူမှုရေးလုပ်ငန်းများနှင့် ယဉ်ကျေးလိမ်မာပညာရေးများမှသည်ဥပဒေဆိုင်ရာ အကူအညီများနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးများအထိ ကောင်းမွန်သော လုပ်ဆောင်မှုအတော်များများတွင် ပါဝင်လုပ်ဆောင်ခြင်းကြောင့် မဘသ၏ ပါတီနိုင်ငံရေးနှင့် အမုန်းစကားကိစ္စများတွင် ပါဝင်ပတ်သက်မှုကို ဆန့်ကျင်သူများအပါအဝင် ပြည်သူအတော်များများက မဘသကို နှစ်သက်ကြသည်။မဘသသည်အမျိုးသမီးများ လက်ထပ်ရန်ရွေးချယ်ရာတွင်ကန့်သတ်ထားမှုများပါဝင်သည့်ဥပဒေကဲ့သို့သော အမျိုးသမီးများ၏ ကိုယ်ပိုင်အမြင်ကိုလွှမ်းမိုးချုပ်ကိုင်လိုသော ရည်ရွယ်ချက်ရှိသည်ဟုအများစုက ရှုမြင်ကြသည့်ဥပဒေများကို ထောက်ခံနေသည့်တိုင် သီလရှင်များကြားနှင့် သာမန်အမျိုးသမီးအဖွဲ့ အစည်းများကြားတွင်မဘသကိုထောက်ခံမှုမှာ အခြားနေရာများထက်စာလျှင် အားကောင်းစွာ ရှိနေသည်ကို ပိုမိုရှင်းရှင်း လင်းလင်း တွေ့ရသည်။ မဘသသည် အမျိုးသားများရော အမျိုးသမီးများပါ၊ အတော်များများအတွက် ရပ်ရွာကို ပံ့ပိုးကူညီသောလှုပ်ရှားမှုများတွင်ပါဝင်ရန်အားကောင်းပြီး ရန်ပုံငွေတောင့်တင်းသော လမ်းကြောင်းများဖြည့်ဆီးပေးရုံမက လူ့အဖွဲ့ အစည်း၏ လျင်မြန်စွာပြောင်းလဲနေသည့်အခြေအနေတွင်အံဝင်ခွင်ကျရှိရန်နှင့်လမ်းကြောင်းမှန်စေရန်၊ လူငယ်များအတွက်အလုပ်အကိုင် အနည်းငယ်နှင့် အခြားအခွင့်အလမ်းများလည်းဖြည့်ဆီးပေးနေသည်။
အမုန်းစကားများနှင့် အမျိုးသားရေးလှုံ့ဆော်မှုများနှင့် ချိတ်ဆက်ပြီးလူမျိုးရေး တင်းမာမှုများက ရေဆူမှတ်နား ကပ်နေသောအချိန်၊ အကြမ်းဖက်မှုများဖြစ်ပွားနေသောအချိန်များတွင်တိုင်းပြည်အတွက်အလျော်အစားက ကြီးလွန်းလှသည်။ မဘသအတွင်းမှ ထင်ရှားသောဘုန်းတော်ကြီးများနှင့်သာမန်ပြည်သူများသည်မပြောင်းလဲလိုသော၊ တရားသေဆုတ်ကိုင်ထားသည့် အစွန်းရောက်အမြင်များ၊ မူဆလင်ဆန့်ကျင်ရေးအမြင်များကို ထောက်ခံလာကြခြင်း၊ အမျိုး၊ ဘာသာစောင့်ရှောက်ရေးအမည်တပ်ကာ အကြမ်းဖက်မှုများကိုအားပေးလာခြင်း သို့မဟုတ်လက်ခံလာခြင်းများ ရှိလာသည်။ လူမျိုးအချင်းချင်းကြားဆက်ဆံရေးတွင်တင်းမာမှုများရှိနေသည့် အခြေအနေမျိုး၌ ထိုကဲ့သို့လုပ်ဆောင်မှုများသည် ကြီးမားသောလူမျိုးရေးအကြမ်းဖက်မှုများအတွက် ပံ့ပိုးပေးသလိုဖြစ်နိုင်ခြင်းကြောင့် အမှန်တကယ်ပင်အန္တရာယ်ရှိလှသည်။ အကြီးဆုံးခြိမ်းခြောက်မှုက မဘသ အဖွဲ့ မဟုတ်သော်လည်း ၎င်းကဖန်တီးလိုက်သော အားများနှင့်၎င်းက စွမ်းအားမြှင့်တင်ပေးလိုက်သော တစ်ဦးချင်းတို့သည်မဘသအဖွဲ့ ကိုယ်တိုင်ပြန်လည်၍ ထိန်းချုပ်မရသည့်အခြေအနေကိုရောက်သွားနိုင်သည်။
အစိုးရသည်အမုန်းစကားများ၊ အားပေးလှုံ့ ဆော်မှုများနှင့်အကြမ်းဖက်မှုများကို အားကောင်းကောင်းနှင့် ဆက်လက် အရေးယူရမည်ဖြစ်သော်လည်း ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒနှင့်မဘသကဲ့သို့သော အုပ်စုများ၏ ကျယ်ပြန့်စွာ ဖြစ်တည်နေသည့်အခြေအနေများကိုကိုင်တွယ်ရာတွင်ထိပ်တိုက်ရင်ဆိုင်တွေ့ ခြင်းများနှင့် ဥပဒေဖြင့် အရေးယူဆောင်ရွက်ခြင်းများသည် ထိရောက်နိုင်ဖွယ်မရှိပေ။ မဘသဆိုင်းဘုတ်အောက်တွင်ရပ်ရွာဝန်ဆောင်မှုပေးခင်းများကြောင့် လူကြိုက်များမှုနှင့်အတူမဘသ၏ အမြင်များ၏ ရိုက်ခတ်လာမှုများက ရှိနေသည့်ပြင်အထက်ကဆိုခဲ့သော ကိုင်တွယ်မှုများနှင့်ပတ်သက်ပြီး ငြင်းချက်ထုတ်စရာ အခြေအနေများသည်မဘသကိုအသာစီးရနေစေသည်။
မြန်မာနိုင်ငံ၏ အသစ်ထွက်ပေါ်လာသော ပို၍ဒီမိုကရေစီကျလာသော စနစ်တွင်ဗုဒ္ဓဘာသာ၏ နေရာမှန်အပေါ်အခြေအတင်ငြင်းခုန်နေမှုများနှင့် ဗုဒ္ဓဘာသာကို အကာအကွယ် ပေးရာတွင်နိုင်ငံရေးခေါင်းဆောင်မှု၏ အခန်းကဏ္ဍကို ပြန်လည်သတ်မှတ်မှုများရှိနေကြသည်။ အစိုးရနှင့်သံဃာအသိုင်းအဝိုင်းအကြားတွင်နှစ်ဖက်အပြန်အလှန်တရား ဝင်အသိအမှတ်ပြုကြသော သမိုင်းကြောင်းအရ နက်ရှိုင်းသည့်ဆက်ဆံရေးက ရှိနှင့်ပြီး ဖြစ်သောကြောင့် ထိုငြင်းခုန်မှုများသည် ခဏတာအချိန်အတွင်းပြီးဆုံးသွားဖွယ်မရှိပေ။ ထိုအခြေအတင် ငြင်းခုန်မှုများသည်ကိုယ်ကျင့်တရားဆိုင်ရာနှင့်ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကိုဖယ်ခွာပြီး နိုင်ငံရေးနှင့်အမျိုးသားရေးဝါဒတို့ကိုသာ ကြည့်ရှု၍ မဖြစ်နိုင်ပေ။ အစိုးရသည်ပြောဆိုရေးသားနေမှုများကိုထိန်းချုပ်သင့်ပေရာ ပိုမို၍ ဒီမိုကရေစီကျသော အခြေအနေမျိုးတွင် ဗုဒ္ဒဘာသာ၏ နေရာကို၎င်း၏ သတ်မှတ်ချက်များဖြင့် ပြန်လည် ပုံဖော်ပေးခြင်းနှင့် အစိုးရ၏ကိုယ်ပိုင်အပေါင်းလက္ခဏာ ဆောင်သော မျှော်မှန်းချက်ကို ချမှတ်ခြင်းများဖြင့်ထိန်းချုပ်သင့်ပေသည်။
တပြိုင်နက်လုပ်သင့်သည်မှာ အစိုးရသည် နောက်ကွယ်တွင်ရှိနေသောကျေနပ်မှုမရှိသည့် ခံစားနေရမှုများကို ကိုင်တွယ် ဖြေရှင်းသင့်သည်။ ထိုသို့ ကျေနပ်မှုမရှိသောခံစားနေရမှုများ သည်ပြည်သူမျာအား ထိုခံစားချက်များကိုမူတည်၍ ထွက်ပေါ်လာသောအမျိုးသားရေးအမြင်များကိုထောက်ခံလာစေသည်။ စီးပွားရေးမှာ တစိတ်တပိုင်းပါဝင်သည်။စီးပွားရေးအပေါ် ပိုမို၍ ထင်သာမြင်သာရှိအောင် ဦးတည်လုပ်ဆောင်မှုများ ရှိလာပါကပြည်သူများအနေဖြင့် အစိုးရသည် သာမန်ပြည်သူများအတွက် ပိုကောင်းသောအခွင့်အလမ်းများ၊ အလုပ်အကိုင် များ၊ ပိုတောက်ပသော အနာဂတ်များကိုဦးစားပေးနေသည်ဟူသော ယုံကြည်မှုမျိုးရရှိလာ စေသည်။ ပြည်သူများအနေဖြင့်ထိုသို့သောအခွင့်အလမ်းများတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်ပြီဟု ပိုမိုခံစားလာရလေလေ၊ အမျိုးသားရေး ကွန်ရက်အပြင်ဖက်တွင် လုပ်ကိုင်နိုင်သည့်လမ်းကြောင်းများပိုလာလေလေ၊ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ဖန်တီးနိုင်သည်ဟူသော သဘောကို ပိုမိုရရှိလာလေလေ ဖြစ်ပေမည်။ နိုင်ငံတကာဖွံ့ဖြိုးမှု ပုဂ္ဂိုလ်များအနေဖြင့်ကလည်း မဘသ အဖွဲ့ကို ထောက်ခံသူ သို့မဟုတ် လက်ခံသူများအပါအဝင်ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများ၏ မတူကွဲပြားသောလူမှုရေးနှင့်ဆိုင်သည့်အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ပြီး အဆိုပါမတူသောအခန်းကဏ္ဍမှ ပါဝင်နေသူများ၏ လုပ်ဆောင်မှုများအပေါ် အပေါင်းလက္ခဏာဆောင်သော သြဇာလွှမ်းမိုးမှု ရှိနိုင်ရေးအတွက်နည်းလမ်းများရှာ ဖွေရန်နှင့်လက်ရှိပြဿနာပေးလှသောအမျိုးသားရေးကွန်ရက်များ အပြင်ဖက်တွင် အများ လက်ခံနိုင်မည့် ရွေးချယ်စရာအခြားလမ်းကြောင်းများကိုဖော်ထုတ်ပေးရန်လိုအပ်သည်။
ရန်ကုန်/ဘရပ်ဆဲလ်စ်၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
[၂၀၁၇ ခုနှစ် စက်တင်ဘာ၅ရက်နေ့က ထုတ်ဝေသော International Crisis Group ရဲ့ အစီရင်ခံစာ "Buddhism and State Power in Myanmar" ကို အခန်းဆက်အဖြစ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။]
အစီရင်ခံစာအား ရယူရန် - https://tinyurl.com/y7y3cdhb
TAG: Article, ICG, Report
မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့်အစိုးရ အာဏာစက်
ဇွန်လ ၂၈ရက် ၂၀၂၀ခုနှစ် |International Crisis Group
မြန်မာနိုင်ငံတွင်၂၀၁၁ ခုနှစ်နိုင်ငံရေး အသွင်ကူးပြောင်းမှု စတင်ပြီးနောက်ပိုင်း ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒနှင့် မူဆလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ မြင့်တက်လာခြင်းသည်ပြည်တွင်းနှင့် နိုင်ငံတကာစိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။*1 အကြီးဆုံးဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီအဖွဲ့အစည်းဖြစ်သည့်အမျိုး၊ ဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည်၎င်း၏ ဘာသာရေးဆိုင်ရာ အခွင့်အာဏာများကို အစိုးရဦးဆောင်ပြီး အားနည်းအောင် လုပ်ဆောင်နေသည့်ကြားမှပင် အောက်ခြေလူထု၏ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုကိုရရှိနေသည်။ ပါတီနိုင်ငံရေးနယ်ပယ်အတွင်းသို့ပါဝင်ပတ်သက်မှုများကြောင့် မဘသ အတွင်းမှာပင် အငြင်းပွားစရာ ဖြစ်နေသော်လည်းဗုဒ္ဓဘာသာမှာ ခြိမ်းခြောက်ခံနေရပြီဟူသော၎င်းတို့၏ အမြင်ကိုမြန်မာဗုဒ္ဓဘာသာဝင်များအကြား ကျယ်ကျယ်ပြန့်ပြန့်အမြင်တူလာနေသည်။ အဖွဲ့ဝင်များနှင့်ထောက်ခံသူများကလည်း၎င်းတို့အဖွဲ့သည်ဗုဒ္ဓဘာသာကိုအကာအကွယ်ပေးရေးနှင့်မြှင့်တင်ရေး၊ လူမှုရေးဝန်ဆောင်မှုများပေးရေးတို့ကိုအဓိက ဦးတည်ထားသောကြောင့်မဘသကိုအားနည်းသွားစေရန်နှင့်ပိတ်ပင်ရန်အစိုးရ၏ အားထုတ်မှုများသည်ရှုတ်ထွေးစေသည်ဟုရှုမြင်ကြသည်။
ဤအစီရင်ခံစာသည် မဘသနှင့် အခြား အမျိုးသားရေး အုပ်စုများ၏ လှုပ်ရှားမှုများနှင့်၎င်း၏အဖွဲ့ဝင်များနှင့် ထောက်ခံသူများကို စိတ်အားထက်သန်ရန်စေ့ဆော်နေမှုများနှင့် အမြင်များအကြောင်း အသေးစိတ်အချက်များနှင့် သိမ်မွေ့စွာ ကွဲပြားသော နားလည်သဘောပေါက်မှုများကို တင်ပြထားသည်။ ယင်းကဲ့သို့ နားလည်သဘောပေါက်မှုသည်ထိရောက်သော မူဝါဒ တုန့်ပြန်မှုများကို ရေးဆွဲရာတွင်မဖြစ်မနေလိုအပ်သည်။
ကိုးကွယ်မှုဆိုင်ရာ အမျိုးသားရေးဝါဒီ အမျိုးသမီးများအား ဦးတည်လေ့လာမှုသည် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် လေ့လာမှု သို့မဟုတ် ဆွေးနွေးမှုရှားပါးသော အမျိုးသားရေးဝါဒဆိုသည့်လက္ခဏာကိုရှင်းလင်းဖော်ပြရန်ဖြစ်သည်။ အမျိုးသားရေးဝါဒီ အမျိုးသမီးများ၏ အမြင်များနှင့် စိတ်အားထက်သန်ရန်စေ့ဆော်နေမှုများ အကြောင်း နားလည်ခြင်း သည်မြန်မာနိုင်ငံမှဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒနှင့် ပတ်သက်ပြီး ပြည်တွင်းကရော ပြည်ပကပါ အများစုကိုင်စွဲထားသည့်ယူဆချက်များကို စိန်ခေါ်နေသောကြောင့်ဖြစ်သည်။
ဤအစီရင်ခံစာသည်မဘသအဖွဲ့နှင့်အဖွဲ့၏ လှုပ်ရှားမှုများတွင်၎င်းအဖွဲ့ဝင်များ ပါဝင်လှုပ်ရှားရသည့် အကြောင်းရင်းများကို ဖော်ပြထားပါသည်။ ထိုအကြောင်းရင်းများသည် ကြောင်းကျိုး ဆီလျော်သည်သို့မဟုတ် အချက်အလက်အပေါ် အခြေပြုသည်ဖြစ်စေ၊ မပြုသည် ဖြစ်စေ၎င်းတို့အမှန်တကယ်ခံစားယူဆနေခြင်းဖြစ်သောကြောင့်ထိရောက်သော မူဝါဒ တုန့်ပြန်မှုများကို ချမှတ်နိုင်ရန်အတွက် နားလည်သဘောပေါက်ထားရန်အရေးကြီးသည်။ မကြာသေးမီက အစိုးရနှင့်ဘာသာရေးအရ ဖိအားပေးမှုများအပေါ် တုန့်ပြန်ရသော လက်ရှိအပြောင်းအလဲများနှင့် အဖွဲ့ အစည်း၏ အရည်လိုအနေအထားလိုက်၍ စီးဆင်းရသည့်သဘာဝများက ရှိနေခြင်းကြောင့် အစီရင်ခံစာသည် မဘသအဖွဲ့ ဝင်များအကြောင်း၊ ဖွဲ့စည်းထားပုံနှင့် လှုပ်ရှားမှုများအကြောင်း အသေအချာဖော်ပြထားသည့် အစီရင်ခံစာမဟုတ်ပေ။ ထို့အပြင်၂၀၁၇ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်တွင် အယ်လ်ယာကင်သို့မဟုတ် ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) ဟုခေါ်သော စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများနှင့် တပ်မတော်၏ တုန့်ပြန်မှုများကိုလည်း သရုပ်ခွဲသုံးသပ်မည်မဟုတ်ပါ။ အဆိုပါ ပြင်းထန်သော အဖြစ်အပျက်များနှင့်အကျိုးသက်ရောက်မှုများကို၂၀၁၇ နွေဦးတွင်ဆက်လက်ထုတ်ပြန်မည့်အစီရင်ခံစာတွင်လေ့လာတင်ပြမည်ဖြစ်သည်။
[၂၀၁၇ ခုနှစ် စက်တင်ဘာ၅ရက်နေ့က ထုတ်ဝေသော International Crisis Group ရဲ့ အစီရင်ခံစာ "Buddhism and State Power in Myanmar" ကို အခန်းဆက်အဖြစ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။]
အစီရင်ခံစာအား ရယူရန် - https://tinyurl.com/y7y3cdhb
TAG: Article, ICG, Report
မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့်အစိုးရ အာဏာစက်
ဇွန်လ ၂၈ရက် ၂၀၂၀ခုနှစ် |International Crisis Group
ကိုးကွယ်မှုဆိုင်ရာ အမျိုးသားရေးဝါဒ ကြီးထွားလာမှုသည်ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်မှ သီးသန့်ဖြစ်ပေါ်နေခြင်း မဟုတ်ပေ။*2 ၎င်းဝါဒသည် ပညာတတ်အပေါ်လွှာများနှင့် ပြည်တွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုအံ့အားသင့်စေ၊ စိတ်ပျက်အားလျော့စေသော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဗုဒ္ဓဘာသာတိုင်းပြည်များ အပါအဝင်ဒီမိုကရေစီနိုင်ငံများနှင့်ဒီမိုကရေစီပြောင်းလဲရေး လုပ်ဆောင်နေသော နိုင်ငံများစွာတွင်တွေ့မြင်နိုင်သည်။ သာဓကအနေနှင့်ထိုင်းစစ်အစိုးရက ၎င်း၏ အခွင့်အာဏာကို ခိုင်မာစေရန်ကိုးကွယ်ယုံကြည်မှုကိုကာကွယ်စောင့်ရှောက်သူအဖြစ်နေရာယူထားခြင်း၊ သီရိလင်္ကာနိုင်ငံတွင်အဓိက နိုင်ငံရေးပါတီကြီးအချို့က ဆင်ဟာလီလူများစုအကြား၌ ၎င်းတို့ လက်ခံထားသော တရားဝင်မှုကို အထောက်အကူ ဖြစ်စေရန်ကိုးကွယ်မှုဆိုင်ရာ အမျိုးသားရေးဝါဒကိုမျက်နှာဖုံးတပ်အသုံးပြုနေခြင်းတို့ကိုတွေ့မြင်နိုင်သည်။*3 ယနေ့မြန်မာနိုင်ငံမှ ကိုးကွယ်မှု ဆိုင်ရာ အမျိုးသားရေးဝါဒဆိုသည့်သဘောတရား အမြင်သည် တိုင်းပြည်၏ သမိုင်းကြောင်းအမွေ၊ အတိအကျဆိုရသော် ကိုလိုနီပြုခြင်း၊ ဒေသတွင်းလူဦးရေ အတက်အကျ ဆိုင်ရာ အပြောင်းအလဲ များနှင့် ခေတ်ပြိုင် ကမ္ဘာ့နိုင်ငံရေးများ၏ အချက်အလက်များကို အခြေခံ၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအချက်များက မြန်မာဗုဒ္ဓဘာသာဝင်များစွာအား မြန်မာနိုင်ငံ၏ ကိုးကွယ်သောဘာသာနှင့် ယဉ်ကျေးမှုတို့၏ သန်စွမ်းမှုသည် အန္တရာယ်ရှိနေပြီး လက်ရှိအစိုးရသည် ထိုခြိမ်းခြောက်မှုများ၏ အရင်းအမြစ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိ သို့မဟုတ်ဖြေရှင်းရန်ဆန္ဒမရှိကြောင်း ပြောပြနေသည်။*4 ထို့အပြင်ထေရဝါဒဗုဒ္ဓဘာသာတွင် ဘာသာတရားသည် မလွှဲမရှောင်သာ မှေးမှိန်ပျောက်ကွယ်တော့မည်ဖြစ်သည်ဟူသော ယုံကြည်ချက်နှင့်အတူ ဘာသာတရား၏ ကျန်းမာ
သန်စွမ်းမှုနှင့် အစိုးရ၏ ခိုင်မာအားကောင်းမှုတို့သည်အပြန်အလှန်မှီခိုနေသည်ဟု ရှုမြင်သော ရိုးရာဓလေ့အရ ယုံကြည်သည့် ဒဿနကလည်း ထပ်ပေါင်းထားသည်။5 ထိုအခြေအနေသည် သံဃာအသိုင်းအဝိုင်းအနေဖြင့် ‘မြင့်မားသော ကိုယ်ကျင့်တရားဖြင့် ကာကွယ်ရေး’ အစီအစဉ်အတွက် ဘာသာရေးကိုင်းရှိုင်းသော မျိုးချစ် သာမန်အမျိုးသားများနှင့် အမျိုးသမီးများအား ဦးဆောင်ရန် ဟူသော မလုပ်မဖြစ် အရေးပေါ်တာဝန်ကို ဖန်တီးပေးလိုက်သလိုဖြစ်သည်။*6
သံဃာတော်များနှင့်အစိုးရအကြား ဆက်ဆံရေးသည်အပြန်အလှန်ဆက်ဆံမှုရှိသင့်သည်ဟု မြန်မာနိုင်ငံတွင်လူအများစုက ယုံကြည်ကြသည်။ ထိုအချက်သည်အစိုးရနှင့်သံဃာများ မဟာမိတ် ဖွဲ့ရမည်ဟုဆိုလိုခြင်း မဟုတ်ပေ။ ဆိုလိုသည်မှာ သံဃာတော်များ အကျင့်တရား ပျက်ယွင်းလာပါက ဘာသာရေးနှင့်မဆိုင်သော အာဏာပိုင်များက သာသနာသန့်ရှင်းရေးလုပ်မည်ဖြစ်ပြီး ထိုနည်းတူအစိုးရဘက်မှ စွမ်းဆောင်ရည်မရှိခြင်း၊ အားနည်းခြင်း၊ ကိုယ်ကျိုးရှာခြင်းတို့ ရှိလာပါက ဘာသာရေးနှင့်မဆိုင်သော ကိစ္စများတွင်သံဃာတော်များကအလားတူကြားဝင်ဆောင်ရွက်မည့်သဘောဖြစ်သည်။ အဆိုပါ အမြဲတစေ၊ ရှုတ်ထွေးသောစေ့စပ်ညှိနှိုင်းထားမှုသဘာဝအပြင်အုပ်ချုပ်သူများကိုတရားဝင်အောင်ပြုလုပ်ရာတွင်ပါဝင်နေသော အမြစ်တွယ်နေပြီဖြစ်သည့် ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်းအရ အခန်းကဏ္ဍနှင့်မြန်မာနိုင်ငံတွင်နိုင်ငံ၏ အဓိကမဏ္ဍိုင်သဖွယ်ဖြစ်နေခြင်းတို့ကြောင့်ကိုးကွယ်ယုံကြည်သည့်ဘာသာကိုကာကွယ်၊ မြှင့်တင်ပေးနေသည့်အဖွဲ့ အစည်းဖြစ်သည်ဟုကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသော ဗုဒ္ဓဘာသာ အမျိုုးသားရေးအုပ်စုများကို စိန်ခေါ်ရန် လက်ရှိအစိုးရ၏ အားထုတ်မှုမှန်သမျှအပေါ် သိသိသာသာရှုတ်ထွေးမှုကိုဖြစ်စေသည်။ သံဃာတော်များသည်နိုင်ငံရေးအရ ပတ်သက်လုပ်ဆောင်မှုမပြုသင့်ဟူသောအချက်ပေါ်တွင်အခြေခံ၍ မဘသကဲ့သို့အဖွဲ့များကို အားနည်းသွားစေရန်ကြိုးပမ်းသော်လည်း အဆိုပါအဓိကအချက်မှာ သိသိသာသာ မပေါ်လွင်ပေ။ မြန်မာနိုင်ငံမှဗုဒ္ဓဘာသာဝင်အများစုသည် ဘာသာရေးနှင့်မဆိုင်သော နိုင်ငံရေးကိစ္စများတွင်သံဃာတော်များပါဝင်ခြင်းကို မနှစ်သက်ကြသော်လည်း သံဃာများနိုင်ငံရေးတွင်ပါဝင်လာမှုသည် သံဃာတော်များ၏ အပြစ်မဟုတ်ပဲ အစိုးရ၏ ပျက်ကွက်မှုများကိုထင်ဟပ်လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟုရှုမြင်သူများစွာရှိသည်။
ဗြိတိသျှတို့၏ ကျူးကျော်သိမ်းပိုက်မှုသည်မြန်မာလူ့အသိုင်းအဝိုင်းအတွက်နိုင်ငံရေးဆိုင်ရာနှင့် သိက္ခာပိုင်းဆိုင်ရာအပေါ် ရိုက်ခတ်မှုတစ်ခုဖြစ်သည်။ ကိုလိုနီအစိုးရသည် ဘုန်းတော်ကြီး ကျောင်းများအား တိုင်းပြည်က ထုံးတမ်းဓလေ့အရ ထောက်ပံ့မှုကိုရုတ်သိမ်းခဲ့ပြီး ဘုန်းကြီး ကျောင်းများအတွက် ပုံမှန်များပြားသော ပမာဏဖြင့် လှူဒါန်းနေသည့်ရင်းမြစ်တစ်ခုဖြစ်သည်။
ကျေးလက်စီးပွားရေးကို ဖျက်လိုက်သည့်အခါ နိစ္စဓူဝ လုပ်ငန်းများအတွက်အလှူငွေရရန်မမျှော်လင့်ပဲ ရုန်းကန်နေရမှုများအပေါ် ဗူးလေးရာဖရုံဆင့်ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီး အသိုင်းအဝိုင်းသည်ဗြိတိသျှတို့အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်သည့်၁၈၅၂ နှင့်အထက်မြန်မာနိုင်ငံကိုသိမ်းပိုက်သည့်၁၈၈၅ အကြားတွင် မတည်ငြိမ်မှုနှင့် မရေရာမှုများ ရိုက်ခတ်သည့် ကာလကိုကြုံခဲ့ရပြီး မန္တလေးတွင်ပဒေသရာဇ်နန်းဆက်ကျဆုံးသွားမှုနှင့်အတူတော်ဝင်နန်းသုံး ဗုဒ္ဓဘာသာ အခွင့်ထူးခံမျိုးရိုးပါ အဆုံးသတ်သွားကာ လွန်ခဲ့သော နှစ်၁၀ဝ၀ ကျော်ကအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။*7
ဘာသာရေးကိုနိုင်ငံအုပ်ချုပ်ရေးနှင့်ခွဲထုတ်ရန်ဗြိတိသျှတို့၏ လုပ်ဆောင်မှုသည်ဗုဒ္ဓ၏ သင်ကြားပေးခဲ့မှုများမှေးမှိန်သွားသည့် လက္ခဏာတစ်ခုဟုမြန်မာဗုဒ္ဓဘာသာဝင်အများစုကရှုမြင်ကြသည်။ ဤအခြေအနေသည်ကောင်းသော အပြုအမူ၊ မှန်ကန်သော ကျင့်ဝတ်တို့နှင့်ဆိုင်သည့်အမြင်တူသော ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာတန်ဘိုးများကို အားဖြည့်ရန်အထူးအားထုတ်မှုများနှင့်အတူသာမန်အမျိုးသားများနှင့်အမျိုးသမီးများကိုလက်တွေ့ လုပ်ဆောင်လာအောင် လှုံ့ဆော်ခဲ့သည်။ ဥရောပ ဓလေ့များသည်ဗုဒ္ဓဘာသာကို သိသိသာသာ စော်ကားသည်ဟူသော စဉ်းစားချက်များအပေါ် အာရုံစိုက်မှုအချို့ ရှိခဲ့သည့်တချိန်တည်းတွင်(ဘုရားပေါ်တွင်ဖိနပ်စီးခြင်းသည်မြန်မြန်ဆန်ဆန်ပင်အလွန်အကဲဆတ်သော ကိစ္စတစ်ခုဖြစ်လာခဲ့သည်) မြန်မာဗုဒ္ဓဘာသာ အသိုင်းအဝိုင်း အကြားတွင်ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပညာရေးနှင့် စည်းကမ်းများ မှေးမှိန်လာမှုအပေါ် များစွာစိုးရိမ်ခြင်းကို ထုတ်ဖေါ်ခဲ့ကြသည်။ “ယောင်္ကျားလေးများသည် စာရေးစာချီကဲ့သို့သော အလုပ်အကိုင် ကောင်းများကို မျှော်လင့် ကာ အစိုးရစာသင်ကျောင်းများကိုတက်ရောက်ရန်အတွက်ဘုန်းကြီးကျောင်းများတွင်ပညာ သင်ခြင်းကိုစွန့်ခွာသွားခဲ့ကြသည်။ ဘုန်းတော်ကြီးများသည်ယခင်ကကဲ့သို့လေးစားမှုမျိုးကိုမရနိုင်တော့ပေ” ။*8
၁၉၃၈ အကြမ်းဖက်အဓိကရုဏ်းသည်အထူးသဖြင့် ဘာသာရေးအမြင်ပါဝင်လာခဲ့သည်။ အဓိကရုဏ်းဖြစ်စေသော အကြောင်းရင်းတစ်ခုမှာ အိန္ဒိယမူဆလင်စာရေးဆရာ တစ်ဦးရေးသားသည့်စာအုပ်ကိုဗုဒ္ဓဘာသာကိုများစွာနှိမ့်ချထားသည့် အကြောင်းအရာမျာ းပါဝင်သည့် စာများ ထပ်ဖြည့်ကာ ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ခြင်းကြောင့်ဖြစ်သည်။ ဘာသာရေးဆရာက ထပ်ဖြည့်သလား၊ နိုင်ငံရေးလှုံ့ဆော်လိုသူက ထပ်ဖြည့်သလား ရှင်းလင်းသဲကွဲခြင်းမရှိသော်လည်း ထိုကိစ္စသည်လူမျိုးရေးနှင့်ဘာသာရေးတင်းမာမှုများကို ပိုမို ကြီးထွားစေခဲ့သည်။ သံဃာတော်များပါဝင်သော ဆန္ဒပြသူများက ထိုစာရေးဆရာကို အရေးယူပေးရန်တောင်းဆိုခဲ့ကြပြီး အရေးယူခြင်းမရှိပါက မူဆလင်များကိုနံပါတ်တစ်ရန်သူအဖြစ်သတ်မှတ်ကာ မူဆလင်များနှင့် ၎င်းတို့ ကိုးကွယ်သော ဘာသာ၊၎င်းတို့
စကားတို့ကို ပျောက်ကွယ်သွားအောင်ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။*9
မရှေးမနှောင်းမှာပင် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးက မူဆလင်များနှင့်လက်ထပ်ခဲ့သော ဗမာအမျိုးသမီးများ ခံစားရသောဒုက္ခများကိုဖော်ပြကာ၊ ဓလေ့ထုံးစံအရ၎င်းတို့၏ ကလေးများသည် ကိုးကွယ်မှုဘာသာကိုသာမက လူမျိုးသရုပ်လက္ခဏာကိုပါ ဆုံးရှုံးရကြောင်း ဒေါသကိုဆွကာ ရေးသားထားသော ပေးစာ တစ်စောင်ကို The Sun သတင်းစာက ဖော်ပြခဲ့သည်။*10 ထို့နောက်တွင်ရွှေတိဂုံနှင့်ဆူးလေစေတီတော်တို့ကိုမူဆလင်များကဖျက်ဆီးရန်ပြင်ဆင်နေကြပြီဟူသော ကောလဟလများ ပြန့်နှံ့ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ ကောင်စီမှဘုန်းကြီး ၁၅၀ဝ ခန့်က မူဆလင်များကို တိုက်ခိုက်ကာ မူဆလင်ဈေးဆိုင်များကို လုယက်ဖျက်ဆီး၍ မီးရှို့သည့် ဖြစ်ရပ်များကို ဖြစ်ပေါ်စေခဲ့သည်။ အချို့ဘုန်းတော်ကြီးကျောင်းများသည် သံဃာ့ဝိနည်းစည်းကမ်းများနှင့် ဆန့်ကျင်ကာလက်နက်ကိုင် ဘုန်းကြီးကျောင်းများနှင့် လုယက်ပစ္စည်းဂိုဒေါင်များဖြစ်လာခဲ့သည်။ အကြမ်းဖက်မှု၊ မီးရှို့မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံရသော ဘုန်းကြီးများ အပါအဝင်လူပေါင်း ၄၀ဝ၀ ကျော်ဖမ်းဆီးခံခဲ့ရသည်။*11
ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုသည် နိုင်ငံရေးအရ ပါဝင်လာရန်သက်သက်ထက် စာလျှင် ဘာသာရေးနှင့် လူထု အသိပညာပေးမှု(ပြည်သူ့နီတိ) ဘက်သို့ များသောအားဖြင့် ဦးတည် သွားခဲ့သည်။ လက်ရှိမဘသ၏အဓိကဦးတည်ချက်တစ်ခုဖြစ်သော ဓမ္မစကူးလ်များ (ဗုဒ္ဓဘာ သာတနင်္ဂနွေကျောင်း)ပေါ်ထွက်လာမှုသည်အဆိုပါခေတ်ကာလကို ပြန်လည် နောက်ကြောင်းပြန်ကြည့်နိုင်ပြီး လူငယ်များအကြား ဗုဒ္ဓဘာသာယဉ်ကျေးမှုပျောက်ဆုံးကာ ဘာသာ ရေးအမုန်းတရားများကြီးထွားနေမှု နှစ်မျိုးစလုံးကို ဟန့်တားရန် ကြိုးပမ်းမှုအစီအစဉ်တစ်ခု ဖြစ်သည်။*12 ဗုဒ္ဓဘာသာလူငယ်များ ကလျာဏမိတ္တအသင်းသည်ဗြိတိသျှအုပ်ချုပ်မှု လက်အောက်တွင် ဗုဒ္ဓဘာသာ ဗမာယဉ်ကျေးမှု ထိန်းသိမ်းရေးကို အဓိကအာရုံစိုက်လာခဲ့ပြီး နိုင်ငံရေးတွင် ပိုမိုရှင်းလင်းပြတ်သားစွာပါဝင်ရန် သင့်၊ မသင့်နှင့်ပတ်သက်၍ သဘောကွဲလွဲမှု ကြောင့်အသင်းခွဲထွက်မှုပင် ဖြစ်လာခဲ့သည်။*13 ယနေ့ကာလမှာပင် ဘာသာရေးနှင့်မဆိုင် သော
စာသင်ကျောင်းများသည် စီမံခန့်ခွဲမှုနှင့် ဥပဒေစိုးမိုးရေးတို့ထက် ဗုဒ္ဓ၏ အဆိုအမိန့်နှင့် တန်ဘိုးများအပေါ်တွင် ကြီးမားစွာ အခြေပြုထားသော ပြည်သူ့နီတိကို သင်ကြားပေးနေသည်။*14 ပြည်တွင်း အင်န်ဂျီအိုတစ်ခုက ဘာသာရေးဆိုင်ရာ အသိပညာကို အားပေးမြှင့်တင်ရန်အဓိကကိုးကွယ်မှုဘာသာကြီးလေးခု(ဗုဒ္ဓဘာသာ အပါအဝင်) ၏ အခြေခံနီတိများနှင့်ပတ်သက်သည့် အချက်အလက်များ ထည့်သွင်းထားသော ပြည်သူ့နီတိဖတ်စာအုပ်များကိုမကြာသေးမှီက ဖြန့်ချီခဲ့ရာ အစ္စလာမ်ဘာသာ သွတ်သွင်းမှုဟု အမျိုးသားရေးဝါဒီများကစွပ်စွဲကန့်ကွက်ခဲ့ကြပြီး ကလေးများကိုဗုဒ္ဓဘာသာတစ်မျိုးတည်းသာ သင်ကြားပေးရမည်ဟုတောင်းဆိုခဲ့ကြသည်။*15
ပထမကမ္ဘာစစ်အပြီးတွင်ကိုလိုနီ ဆန့်ကျင်ရေး ခေါင်းဆောင်များက အမျိုးသားရေး လှုပ်ရှားမှုအပေါ် ထောက်ခံ အားပေးမှုရရှိရေးအတွက်တစ်နိုင်ငံလုံးမှပညာမတတ်သော ကျေးလက်လူထုကို ပါဝင်လာစေရန်ဝံသာနုရက္ခိတ (မျိုးချစ်) အသင်းများကိုဖွဲ့စည်းခဲ့သည်။ ထုံးတမ်းစဉ်လာဗုဒ္ဓဘာသာ တန်ဘိုးများကို ပြန်လည်ထိန်းသိမ်းရေး ဦးတည်ချက်သည်ကိုလိုနီအုပ်ချုပ်ရေး ခေတ်တွင် အလုပ်အကိုင်နှင့်ဥပဒေဆိုင်ရာရပိုင်ခွင့်များ ဆုံးရှုံးနေသည့် ကျေးလက်အမျိုးသမီးများစွာနှင့်သံစဉ်တူခဲ့သည်။*16
၁၉၁၉ နိုဝင်ဘာလတွင်ထင်ရှားသော အမျိုးသားရေးဝါဒီများ၏ ဇနီးများ၊ အမျိုးသမီးဆွေမျိုးများနှင့်အမျိုးသမီး လုပ်ငန်းရှင်များ ဦးဆောင်ကာ အထက်လွှာအမျိုးသမီး မျိုးချစ်အသင်း “ဝံသာနုကုမ္မာရီ” ကို အဖွဲ့ဝင်၃၀ဝ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ကိုလိုနီအုပ်ချုပ်သူများက ဝံသာနုလှုပ်ရှားမှုတွင် အမျိုးသမီးများ ပါဝင်လာခြင်းကို စိုးရိမ်ခဲ့ကြပြီး အမျိုးသားရေး စိတ်ဓာတ်ကို ပိုမိုလှုံ့ဆော်လာကြမည့်အရေးကို ပူပန်ခဲ့ကြသည်။ ၁၉၂၃ တွင်မြန်မာပြည်ဘုရင်ခံက “နိုင်ငံများစွာ၌ နိုင်ငံရေးတွင်အမျိုးသမီးများ လွှမ်းမိုးမှုကိုအမျိုးသားရေးဝါဒအတွက်လုပ်ဆောင်နေကြပြီး မြန်မာနိုင်ငံတွင်လည်း ထိုအတွက်လုပ်ဆောင်နေကြသည်ကိုယခုအချိန်အထိကျွန်ုပ်တွေ့ရှိထားသည်” ဟုဖော်ပြခဲ့ကြောင်းဆိုသည်။
အမျိုးသမီးများ မဲပေးခွင့် ရရှိရေးအတွက် ပညာတတ်မြောက်မှုသည်လိုအပ်ချက်တစ်ရပ် ဖြစ်သောကြောင့် အမျိုးသားရေး ဝါဒီအချို့သည်အမျိုးသမီးများ ပညာသင်ကြားရေးအတွက်ပြင်းပြင်းထန်ထန်အရေးဆိုသူများ ဖြစ်လာခဲ့သည်။*18
ကိုလိုနီခေတ်မြန်မာနိုင်ငံကိုအုပ်ချုပ်သည့်နည်းလမ်းကြောင့်အမျိုးသားရေးလက္ခဏာ တွင်ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာသွားစေခဲ့သည်။ တိတိပပဆိုရသော် နယ်စပ်တိုင်းရင်းသားလူနည်းစုဒေသများကို တဆင့်ခံအုပ်ချုပ်ရန် (၎င်းတို့ကို သက်ဆိုင်ရာ ဒေသခံစော်ဘွားများလက်အောက်တွင် ထားရှိရန်) ဗြိတိသျှတို့က ဆုံးဖြတ်ခဲ့ခြင်းသည် လူနည်းစုအသိုင်းအဝိုင်းများကို မြန်မာပြည်မမှ ခွဲခြားကာ အုပ်ချုပ်သည့်သဘော သက်ရောက်ခဲ့သည်။*19 ထိုပုံစံသည် ဗမာပြည်မကို အားနည်းစေပြီး ဗုဒ္ဓဘာသာ ကိုးကွယ်ခြင် းမရှိသော သီးခြားတိုင်းရင်းသားသရုပ်လက္ခဏာများပေါ်ပေါက်မှုကို အားပေးသည့်နည်းလမ်းအဖြစ်ဗမာများက ရှုမြင်ကြသည်။ သို့ဖြစ်ရာ လွတ်လပ်ရေးလှုပ်ရှားမှုသည် တော်လှန်ရေးသဘာဝကို ပိုမိုဦးစားပေးသော်လည်း ဗုဒ္ဓဘာသာတန်ဘိုးများကြီးမားစွာ လွှမ်းမိုးသည့် (ဗမာမှုပြုထားသော) ဘုံယဉ်ကျေးမှုအောက်တွင်တိုင်းပြည်ကို စုစည်းရန်လုပ်ဆောင်လာကြသည်။*20
ကွဲပြားစုံလင်သော နိုင်ငံတွင် ဗမာ-ဗုဒ္ဓဘာသာ သရုပ်လက္ခဏာကို အတင်း သွပ်သွင်းခြင်းအပေါ် ဆန့်ကျင်မှုသည် နှစ်ပေါင်း ၇၀ ပြည်တွင်းစစ်ကိုတွန်းအားပေးခဲ့သော အကြောင်းရင်းတစ်ခုဖြစ်သည်။ ၁၉၆၀ ခုနှစ်များ အစောပိုင်းတွင်ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်မည့်ဝန်ကြီးချုပ်ဦးနု၏ မအောင်မြင်သော ကြိုးပမ်းမှုများသည်သဘောကွဲလွဲမှုများ ဖြစ်ပေါ်စေခဲ့ပြီး ကချင်သူပုန်ထမှု၏ နောက်ကွယ်မှအကြောင်းရင်း တစ်ခုဖြစ်ခဲ့သည်။ထို့အပြင်မူဆလင်နှင့်ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များထံမှဝေဖန်မှုများကိုပါ ထွက်ပေါ်လာစေခဲ့သည်။*21 ၂၀ဝ၈ အခြေခံဥပဒေသည် ဘာသာရေးနှင့် ပတ်သက်၍ အထူးသတိထားသော လမ်းကြောင်းကိုဆုပ်ကိုင်ကာ နိုင်ငံသားအများစုက ယုံကြည်သော ကိုးကွယ်မှုအဖြစ်ဗုဒ္ဓဘာသာ၏ အထူးကဏ္ဍကို အသိအမှတ်ပြုထားပြီး (ပုဒ်မ ၃၆၁) ၊ “ခရစ်ယာန်၊အစ္စလာမ်၊ ဟိန္ဒူအယူနှင့်နတ်ကိုးကွယ်မှု” တို့သည်လည်း နိုင်ငံအတွင်း ယုံကြည်ကိုးကွယ်သူများရှိသည်ဟု အသိအမှတ်ပြုထားသည် (ပုဒ်မ ၃၆၂) ။ ၁၉၄၈ တွင်ဖွဲ့စည်းခဲ့သော သာသနာရေးဝန်ကြီးဌာနသည် ဗုဒ္ဓဘာသာအရေးကိစ္စများကိုအဓိကအားဖြင့်ကိုင်တွယ်ခဲ့သည်။
[၂၀၁၇ ခုနှစ် စက်တင်ဘာ၅ရက်နေ့က ထုတ်ဝေသော International Crisis Group ရဲ့ အစီရင်ခံစာ "Buddhism and State Power in Myanmar" ကို အခန်းဆက်အဖြစ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။]
အစီရင်ခံစာအား ရယူရန် - https://tinyurl.com/y7y3cdhb
TAG: Article, ICG, Report
မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့်အစိုးရ အာဏာစက်
ဇွန်လ ၂၈ရက် ၂၀၂၀ခုနှစ် |International Crisis Group
၂၀၁၁ တွင်နိုင်ငံရေး အသွင်ကူးပြောင်းမှုစတင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒသည်ပိုမိုသိသာထင်ရှားစွာ မြင်သာထင်သာရှိလာသည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော အာဏာရှင်စနစ်ရုတ်သိမ်းသွားပြီးနောက်တွင်ငုတ်လျှိုးနေသော မျှတမှုမ ရှိဟုခံစားနေရမှုများ ထွက်ပေါ်လာခဲ့ပြီးနောက်လွတ်လပ်စွာ ပြောဆိုခွင့်ကြောင့်လူတစ်ဦး ချင်းနှင့်မီဒီယာများသည်အဆိုပါခံစားချက်များကိုယခင်က မဖြစ်နိုင်ခဲ့သော နည်းလမ်းများ ဖြင့်ထုတ်ဖော်ရေးသားခွင့်ရရှိလာခဲ့သည်။ အသစ်ရရှိလာသော တယ်လီဖုန်းဆက်သွယ်ရေး နှင့်ဆိုရှယ်မီဒီယာအသုံးပြုခွင့်တို့တွဲဖက်လိုက်သောအခါ အမျိုးသားရေးဝါဒီတို့၏ ပြောဆို ရေးသားမှုများ၊ ကောလဟလများ (များသောအားဖြင့်ဗုဒ္ဓဘာသာအမျိုးသမီးများကိုမူဆလင် များက လိင်အကြမ်းဖက်မှုကျူးလွန်သည့်အကြောင်း) နှင့်အမုန်းစကားများ ပြန့်နှံ့မှုအရှိန်မြင့် တက်လာခဲ့သည်။ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုလှိုင်း တစ်နိုင်ငံလုံးသို့ပြန့်နှံ့မှုသည် ၂၀၁၂ ဇွန်လတွင်စတင်ခဲ့သည်။*22
အဆိုပါ လှုပ်ရှားနေသည့် တွန်းအားများကို မည်သည့်အရာက အဆက်မပြတ်ဖြစ်နေ စေသနည်း၊ အစ္စလာမ်ဘာသာအပေါ် အထူးသဖြင့် ဦးတည်ခဲ့ခြင်း ဟူသော မေးခွန်းက ပိုမိုရှုတ် ထွေးသည်။ မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ ကိုးကွယ်သူအများစုအကြား တူညီစွာခံစားနေရသည့် စိုးရိမ်သောက ပြန်နှံ့မှုကို ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာထဲတွင် လူဦးရေဆိုင်ရာ အ တက်အကျ ပြောင်းလဲမှုအတွက် စိုးရိမ်မှုများ၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သောကများ၊ လက်ရှိဒေသတွင်း လှုပ်ရှားနေသည့်အားများ ပါဝင်သည်။
ရခိုင်ပြည်နယ်သည်ယခင်ကတည်းက ဗုဒ္ဓဘာသာနှင့်အာရှမွတ်ဆလင်တို့အကြား နယ်န မိတ်စည်းဖြစ်ခဲ့သည်။ အကယ်၍ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင်များက မြန်မာနိုင်ငံ၏ အ နောက်ဖက်တံခါးနှင့်မွတ်ဆလင်ဘင်္ဂါလီများ၏ လူဦးရေပြောင်းလဲမှုဖိအားကို ကြံ့ကြံ့ခံကာ ကွယ်ခြင်းမရှိခဲ့ပါက မြန်မာနိုင်ငံနှင့်အရှေ့တောင်အာရှဗုဒ္ဓဘာသာနယ်မြေတစ်ခုလုံးသည် ယခင်ကတည်းက မွတ်ဆလင် ဖြစ်သွားကြလိမ့်မည်ဟုရခိုင် ပြည်နယ်နှင့်မြန်မာနိုင်ငံတဝှမ်းတွင် ခိုင်မာသော ယုံကြည်ထားမှုရှိသည်။ အဆိုပါ အချက်သည် ဖြစ်နိုင်ချေရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာနိုင်ငံမှ လူများစုက အမှန်အဖြစ်လက်ခံယူဆထားကြပြီး တရားမဝင် ရွှေ့ပြောင်း နေထိုင်မှုများ အပေါ် စိုးရိမ်မှုများနှင့် ရခိုင်ပြည်နယ်မှ
ရိုဟင်ဂျာမူဆလင်များ *23 အပေါ် အသိအမှတ်ပြုခြင်း၊ ရပိုင်ခွင့်ပေးခြင်းတို့ကိုဆက်လက်ငြင်းဆိုရန်တောင်းဆိုမှုများကိုတွန်း အားပေးဖြစ်စေခဲ့သည်။ ဤအခြေအနေသည် မြန်မာနိုင်ငံအတွင်းရှိမူဆလင်အားလုံးကိုပါ တိုင်းပြည်နှင့်မဆိုင်သူများအဖြစ်ထည့်သွင်းရန်ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်လာခဲ့ကြရာ ကမန်ကဲ့သို့သော အသိအမှတ် ပြုပြီးသား တိုင်းရင်း သားများကိုပင်မဆိုင်သူများအဖြစ် တိုး၍ ရှုမြင်လာခဲ့ကြသည်။24 သို့ဖြစ်ရာ သာဓကအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မူဆလင်ကိုယ်စား လှယ်လောင်း တစ်ဦးတစ်လေမျှကိုပင် ထည့်သွင်းသော နိုင်ငံရေးပါတီ မရှိခဲ့သည့် အပြင် မူဆလင်မဲဆန္ဒရှင်များစွာမှာလည်း မဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့ကြသည်။*25
သို့ရာတွင် အမျိုးသားရေးဝါဒီတို့၏ အမြင်များသည် ရခိုင်တစ်နေရာတည်းကိုသာ အာရုံစိုက်ခြင်း မဟုတ်ပေ။ ဘာသာရေး အမျိုးသားရေးဝါဒီအများစုက ၎င်းတို့၏ ရပ်တည်ချက်ကို မှန်ကန်ကြောင်း အကြောင်း ပြရန်အတွက်၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်မူဆလင်အမျိုးသားတစ်စုက မူဆလင် အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်မှုကဲ့သို့သော အိမ်တွင်း ညှဉ်းပန်းနှိပ်စက်မှုဖြစ်ရပ်များအပြင် မြေ အငြင်းပွားမှုများ၊ တိရိစ္ဆာန်သတ်ဖြတ်မှုများကဲ့သို့ဆွပေးသည့် ပြည်တွင်းဖြစ်ရပ်မျိုးစုံကို ရောထွေးဖော်ပြခဲ့ကြသည်။*26 အနောက်တံခါးမှ လူဦးရေအတက်အကျအပေါ် စိုးရိမ်မှုအပြင်မကြာခဏအပ်ကြောင်းထပ်နေသော ပြောဆိုရေးသား မှုများတွင် မြန်မာနိုင်ငံမှ မူဆလင်များသည် ငွေကြေးကစားခြင်း၊ မြို့လယ် အိမ်ခြံမြေများကို ဝယ်ယူခြင်း၊ ဗုဒ္ဓဘာသာ အမျိုးသမီးများကို သိမ်းသွင်း၍ လက်ထပ်ရန်ပိုင်ဆိုင်မှုဥစ္စာများကို
အသုံးပြုခြင်း၊ ဇနီးနှင့် ကလေးများအား ရုပ်ပိုင်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ ဖိအားပေးကာအစ္စလာမ်ဘာသာသို့ အတင်းအကြပ် ဝင်စေခြင်းတို့ကို ဖော်ပြလေ့ရှိသည်။ မြန်မာနိုင်ငံတွင် မူဆလင်များကို တိုင်းပြည်အတွင်း လှိုက်စားမည့် ကင်ဆာအဖြစ် များသောအားဖြင့် သတ်မှတ်ထားကြပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်အဖြစ် အသုံးပြုနေသော ရှေးဟောင်းစကားပုံ “မြေမြို၍ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မည်” ဟူသော အယူအဆကို အမျိုးသားရေးဝါဒဘက်သို့ယိမ်းသော မြန်မာဗုဒ္ဓဘာသာဝင်များစွာက သဘောတူကြသည်။*27 အခြားသော အမျိုးသားရေးဝါဒီများကလည်း မူဆလင်သည် အခြားကိုးကွယ်သည့် ဘာသာများနှင့်မတူပဲ မိမိတို့တောင်းဆိုသော ဘာသာရေးလွတ်လပ်ခွင့်အတိုင်း တုန့်ပြန်ဆောင်ရွက်လိုခြင်းမရှိသောကြောင့် ဗုဒ္ဓဘာသာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေရသည်ဟု ခံစားနေကြရသည်။*28 အဆိုပါ စိုးရိမ်မှုများကို ကြီးမားစွာ ခံစားနေကြသော်လည်း မူဆလင်များသည် မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်သာရှိပြီး ဗုဒ္ဓဘာသာဝင်များက ၈၈ ရာခိုင်နှုန်းနှင့်ခရစ်ယာန်ဘာသာဝင်များက ၆ ရာခိုင်နှုန်းခန့်ရှိကြသည်။*29
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ နိုင်ငံတစ်ခု၏ ဘာသာရေးဆိုင်ရာ လိုအပ်ချက်များကို လက်ရှိအစိုးရက ဖြည့်ဆည်းပေးနိုင်သလား ဟူသောကိစ္စနှင့် ပတ်သက်၍ အခြေအတင်ဆွေးနွေးမှုသည် အစိုးရက ဗုဒ္ဓဘာသာကိုအကာအကွယ်ပေးရေးအား ထည့်သွင်းပြဌာန်းရန်လိုလားသည်ဟုရှုမြင်ခံရသလားဟူသေ ာအချက်နှင့် အစ္စလာမ်ခြိမ်းခြောက်မှုအန္တရာယ်ကိုရင်ဆိုင်ရာတွင် အားနည်းချက်(သို့မဟုတ်) မှားယွင်းလုပ်ဆောင်မှု) ရှိကြောင်း လက်ခံထားမှုဆိုသည့်အချက်တို့အပေါ်တွင်အဓိကအားဖြင့် မူတည်နေသည်။*30 လူ့အခွင့်အရေး ကိစ္စများကိုကိုင်တွယ်ဖြေရှင်းရန်ကြိုးပမ်းမှုများသည်အစ္စလာမ်၏ ကျူးကျော်မှုကိုခွင့်ပြုခြင်းနှင့်အတူတူပင်ဖြစ်သည်ဟုဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများစွာက ရှုမြင်ကြသည်။*31 ဤအချက်သည်မူဆလင်များ (အထူးသဖြင့်ရိုဟင်ဂျာများ) ၏ အနေအထားနှင့်၎င်းတို့အပေါ် ပြုမူဆက်ဆံပုံတို့နှင့်ပတ်သက်သည့် နိုင်ငံတကာအမြင်နှင့် ပြည်တွင်းမှအမြင်တို့သည် စေ့စပ်ဖြန်ဖြေ၍မရနိုင်သော သဘောသက်ရောက်သည်။ ဒီမိုကရေစီဗဟုဝါဒ အရေးကြီးပုံကို အလေးပေးလုပ်ဆောင်လာခြင်းဖြင့် အမျိုးသားရေးဝါဒီတို့၏ စိုးရိမ်မှုများကို ငြိမ်သက်သွားစေရန်ကြိုးစားသည့် အစိုးရ၏ မူဝါဒထုတ်ပြန်ကြေညာချက်များကို အခွင့်ကောင်းယူ၍ ၎င်းတို့၏ ဘာ
သာရေးအမြင်များအား ဥပဒေအဖြစ်ပြဌာန်းရန်နှောင့်နှေးခြင်းမရှိသည့် ရန်လိုသည့် ဘာသာရေးလူနည်းစုထံ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအာဏာကို အလျော့ပေးလိုက်ခြင်းအဖြစ်မြန်မာဗုဒ္ဓဘာသာဝင်အများစုက ရှုမြင်ကြသည်။
[၂၀၁၇ ခုနှစ် စက်တင်ဘာ၅ရက်နေ့က ထုတ်ဝေသော International Crisis Group ရဲ့ အစီရင်ခံစာ "Buddhism and State Power in Myanmar" ကို အခန်းဆက်အဖြစ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။]
အစီရင်ခံစာအား ရယူရန် - https://tinyurl.com/y7y3cdhb
TAG: Article, ICG, Report
မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့်အစိုးရ အာဏာစက်
ဇွန်လ ၂၈ရက် ၂၀၂၀ခုနှစ် |International Crisis Group
ကိုလိုနီခေတ်တောင်အာရှမှ ရွှေ့ပြောင်းဝင်ရောက်မှု၏ ရလဒ်အဖြစ်ထွက်ပေါ်လာခဲ့သောစီးပွားရေး ကွန်ရက်များသည် အားကောင်းသော နယ်စပ်ဖြတ်ကျော်ဆက်ဆံမှုများနှင့်အတူ စီးပွားရေးသမားကုန်သည်အတန်းအစားတစ်ခုကိုဖြစ်ပေါ်ရှင်သန်စေခဲ့သည်။ အဆိုပါအသိုင်းအဝိုင်းများသည်၎င်းတို့အချင်းချင်းသာ စီးပွားဆက်ဆံလုပ်ကိုင်ကြပြီး၎င်းတို့နှင့်ကိုးကွယ်မှုဘာသာတူသော အသိုင်းအဝိုင်းအတွင်း၌သာ ဈေးကွက်နှင့်အရင်းအနှီးများကို ဝေမျှအသုံးပြုခွင့်ပေးသည်ဟူသော တူညီသည့်ယူဆချက်တစ်ခုရှိပြီး မူဆလင်စီးပွားရေးလုပ်ငန်းများကိုသပိတ်မှောက်သည့်၉၆၉ လှုပ်ရှားမှုသည်(အခန်း III - က တွင်ကြည့်ရန်) ထိုအချက်ကိုတိုက်ရိုက်တုန့်ပြန်ခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက တရုတ်စီးပွားရေး အသိုင်းအဝိုင်း (အထူးသဖြင့်မန္တလေးနှင့်တောင်ကြီးမှ) နှင့်ပတ်သက်၍လည်း အလားတူစိုးရိမ်ပူပန်မှုများရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။*32
ဗုဒ္ဓဘာသာကိုးကွယ်မှုနှင့် ယဉ်ကျေးမှု အသိပညာ၊ စီးပွားရေးအရ အကာအကွယ်ပေးမှုဝါဒနှင့် ဘာသာခြား လက်ထပ်မှု စသည်တို့နှင့်ပတ်သက်သော အမျိုးသားရေးဝါဒီများ၏စိုးရိမ်ပူပန်မှုများစွာသည် မဘသကဲ့သို့သော အဖွဲ့များသည် ၎င်းတို့၏ ဘာသာနှင့် ဘာသာရေးအသိုင်းအဝိုင်းအား မလေးမစားပြုမူသည် ဟူသော ထင်မြင်ယူဆမှုများကို အာရုံပြုကြသည် သာမကပဲ လုံခြုံသော၊ အေးချမ်းသော လူ့အဖွဲ့အစည်းနှင့် ကိုက်ညီခြင်းမရှိဟု ဗုဒ္ဓဘာသာဝင်များက ရှုမြင်ကြသော အပြုအမူများအပေါ်တွင်လည်း အာရုံစိုက်လာခဲ့သည်။ ဤအာရုံပြုမှုများသည် ၂၀၁၅ တွင် “လူမျိုးနှင့် ဘာသာ ကာကွယ်စောင့်ရှောက်ရေးဥပဒေများ”ပြဌာန်းရာ၌ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုရရှိခဲ့ခြင်းကို ရှင်းလင်းစွာ နားလည်ရန်အထောက်အကူပြုသည်(အခန်း III.B တွင်ကြည့်ရန်) ။ မြန်မာနိုင်ငံမှဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒသည်ဘာသာရေးကို မြှင့်တင်ပေးနေသည်သာမကပဲ ယဉ်ကျေးမှုကိုပါ ကာကွယ်နေခြင်း ဖြစ်သည်။ ထိုအချက်သည် နိုင်ငံရေးနွယ်သော အမျိုးသားရေးလှုပ်ရှားမှုနှင့် နိုင်ငံရေး မနွယ် သောအမျိုးသားရေးလှုပ်ရှားမှုအကြား ရှင်းလင်းစွာ ခွဲခြား၍ မဖြစ်နိုင်အောင်ပြုလုပ်ထား သည်။
တနည်းအားဖြင့် အမျိုးသားရေးဝါဒီတို့၏ အမြင်များသည်ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားဖြစ်ပေါ်နေသည့် အားများနှင့် အရွေ့များကိုမြန်မာနိုင်ငံတွင်ပိုမိုသိမြင်နားလည်လာခြင်းကို ထင်ဟပ်နေသည်။*33
သာဓကအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအချို့ က မူဆလင်သူပုန်များကို လက်နက်ကိုင်တိုက်ခိုက်ရာတွင်ပါဝင်ရမည်ဟုယူဆမှုသည် များစွာရိုက်ခတ်သွားပြီး အထူးသဖြင့် မြန်မာနိုင်ငံအရှေ့တောင်ဖက်နယ်စပ်တွင်နေထိုင်သူများမှာ ကူးသန်းရောင်းဝယ်၊ သွားလာမှုများမှ တဆင့် ထိုကိစ္စကို သိရှိနေကြသည်။*34 ကရင် ပြည်နယ်မှ အမျိုးသမီး ဘာသာရေးအမျိုးသားရေးဝါဒီများကကိုယ့်ကိုကိုယ် ကာကွယ်သည့် ကိစ္စမျိုးတွင် ယင်းကဲ့သို့သော အခန်းကဏ္ဍမျိုး၌ ဘုန်းတော်ကြီးများပါဝင် မှုမရှိစေရန် ကာကွယ်တားဆီးရေးသည်လူဝတ်ကြောင်ရပ်ရွာလူထု၏ တာဝန်ဖြစ်ကြောင်း၊ အင်အားအသုံးပြုခြင်းသည်မလိုလားအပ်သောအရာဖြစ်ကြောင်း၊ သို့ရာတွင် ယုံကြည်ကိုး ကွယ်မှုအတွက်မူပြဿနာမပေးနိုင်ကြောင်း ခိုင်ခိုင်မာမာယုံ ကြည်ထားကြသည်။*35
သီရိလင်္ကာနှင့် တိတိပပဆိုရသော် Bodu Bala Sena ဗုဒ္ဓဘာသာအမျိုးသားရေးအုပ်စုနှင့် ဘာသာရေးနှီးနှောဖလှယ်မှုများ ကလည်း မျိုးသားရေးဝါဒီတို့၏ အမြင်များ၊ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်အကြမ်း ဖက် အန္တရာယ်အပေါ် စိုးရိမ်မှုများနှင့် ကာကွယ်သည့် အနေနှင့်အကြမ်းဖက်မှုအယူအဆတို့ကိုပိုမိုအားကောင်းလာစေသည်။ မူဆလင်လူနည်းစုသည် ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်ဝါဒ ကြီးထွားလာမှုနှင့်ပင်ကိုယ်သဘာဝအရ အမှန်တကယ်ကျူးကျော် ရန်လိုသူများဖြစ်သည်ဟူသော မြန်မာအမျိုးသားရေးဝါဒီတို့၏ ယုံကြည်မှုတွင် တမီးလ်တို့၏ခြိမ်းခြောက်မှုအန္တရာယ်ကိုဆင်ဟာလီစ်တို့၏ ပုံဖော်မှုများက ထင်ဟပ်နေသည်။ ယနေ့သီရိလင်္ကာမှ Bodu Bala Sena အုပ်စုသည်တမီလ်းအန္တရာယ်မှ အစ္စလာမ်အန္တရာယ်သို့ ဦးတည်ချက်ပြောင်းလာပြီး ဒေသတွင်းမှဗုဒ္ဓဘာသာ အမျိုးသားရေးအုပ်စုများနှင့် မူဆလင်ဆန့်ကျင်ရေး မဟာမိတ်ဖွဲ့ရန် စိုးရိမ်ဖွယ် ကြိုးပမ်းမှုများပြုလုပ်နေသည်။ ဗုဒ္ဓဘာသာ အမျိုးသမီးများ (အထူးသဖြင့် ဘာသာရေးစာပေသင်ကြားရန်သီရိလင်္ကာသို့ သွားရောက်ခဲ့သော သီလရှင်များ) သည် နိုင်ငံရေးတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ တိုက်ရိုက်ပါဝင်ရေးကို ပိုမိုအားပေးခြင်း သို့မဟုတ်လက်ခံခြင်းများ ရှိလာနိုင်ပြီး မိမိကိုယ်ကိုကာကွယ်သည့်အနေနှင့်အကြမ်းဖက်မှုအယူဝါဒကို အသုံးပြုခြင်းအတွက် ယုံကြည်မှုဆိုင်ရာ သက်သေပြမှုအဖြစ်သီရိလင်္ကာသမိုင်းကို ထောက်ပြကြဖွယ်ရှိသည်။
မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့်အစိုးရ အာဏာစက်
ဇွန်လ ၂၈ရက် ၂၀၂၀ခုနှစ် |International Crisis Group
မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ မကြာသေးမီက ထွက်ပေါ်လာမှုကို ၂၀၁၁ခုနှစ်က နိုင်ငံတောင်ပိုင်း မော်လမြိုင်မြို့တွင်ပထမဆုံးထင်ရှားလာခဲ့သော ၉၆၉ လှုပ်ရှားမှုက တစိတ်တပိုင်းဦးဆောင်ခဲ့သည်။ ၉၆၉ သည်ဗုဒ္ဓဘာသာနှင့် အဆုံးအမများကိုအထူးကိုယ်စားပြု သည့် အတိုကောက်ဂဏန်းများဖြစ်ပြီး မြန်မာနိုင်ငံနှင့် အနှံ့အပြားတွင်ဟာလာစားသောက်ဆိုင်များနှင့်မူဆလင်ဆိုင်များကိုသိရှိနိုင်ရန်ယခင်ကပင် အသုံးပြုခဲ့သော (Basmala) အစ္စလာမ် ရိုးရာဂဏန်း ၇၈၆ ကိုတိုက်ရိုက်တုန့်ပြန်ထားခြင်းဖြစ်သည်။*39 ၉၆၉ လှုပ်ရှားမှုကိုအရှင်ဝီရသူနှင့်အရှင်ဝိမလအပါအဝင်ထင်ရှားသောဘုန်းကြီးများက ဦးဆောင်ခဲ့ကြပြီး‘ မူဆလင်များက တိုင်းပြည်ကို သိမ်းရန် ကြံစည်နေသည်၊ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများကို လက်ထပ်၍ ဘာသာပြောင်းခိုင်းသော မူဆလင်များကိုထောက်ပံ့ငွေပေးသည့်အစီအစဉ်များရှိသည်’ စသော အစွန်းရောက် ဟောပြောမှုများကို အထူးသဖြင့်ပြုလုပ်ခဲ့သည်။*40 အဆိုပါအန္တရာယ်များသော သတိပေးချက်များနှင့်ဗုဒ္ဓဘာသာဈေးဆိုင်များတွင်သာ ဝယ်ယူကြရန် နှိုးဆော်မှုများသည် ဗီဒီယိုများ၊ ၉၆၉ စတစ်ကာများမှတဆင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ထဲထဲဝင်ဝင်ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့သွားခဲ့သည်။ ယခုအချိန်အထိမူအဖွဲ့ဝင်ဘုန်းတော်ကြီးတစ်ပါးချင်းစီ၏ ကျောင်းပိုင် စီးပွားရေးထက်ကျော်လွန်သော အခြေခံအဆောက်အဦမရှိခြင်းကြောင့် ၎င်းလှုပ်ရှားမှုသည် ဗဟိုမှထိန်းချုပ်လုပ်ဆောင်မှုမရှိပေ။
အရှင်ဝီရသူသည်အစ္စလာမ်အန္တရာယ်ကြီးမားလာမှုအကြောင်းို၂၀ဝ၁ တွင်စတင်ဟောပြောခဲ့ပြီး ၎င်း၏ ဇာတိကျောက်ဆည်တွင်ဆွပေးသော မူဆလင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းအားဖြင့်ထိခိုက် သေဆုံးမှုရှိစေသော အကြမ်းဖက်မှုကို လှုံ့ဆော်မှု အတွက်ထောင်ဒဏ်၂၅ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်အရ လွတ်မြောက်လာခဲ့သည်။*41 သူနှင့် ၉၆၉ လှုပ်ရှားမှုတို့သည် ယခင်က သံသယ အဟောင်းတစ်ခုကို ပြန်လည်အသက်သွင်းခဲ့ကြရာ “မြန်မာ အများစု၏ စိတ်ထဲတွင် ရှိနေသော စိုးရိမ်မှု၏ အဓိကဇစ်မြစ်တစ်ခုမှာ ယေဘုယျအားဖြင့်မြန်မာအမျိုးသမီးများနှင့် နိုင်ငံခြားသားများ လက်ထပ်ခြင်းဖြစ်ပြီး အထူးသဖြင့် အိန္ဒိယလူမျိုးများနှင့် လက်ထပ်ခြင်း ဖြစ်သည်” ဟူသော အချက်ဖြစ်ကာ
၎င်းမှာ ၁၉၃၈ ခုနှစ်က အဓိကရုဏ်းအပေါ် ဗြိတိသျှကိုလိုနီအာဏာပိုင်များ၏ စုံစမ်းတွေ့ရှိသုံးသပ်ချက်ဖြစ်သည်။*42
၂၀၁၃ နှစ်ကုန်တွင်အစိုးရက သံဃာအသိုင်းအဝိုင်းကိုကြီးကြပ်ကိုင်တွယ်ရန် ခန့်အပ်ဖွဲ့စည်းပေးထားသော သံဃာ့မဟာနာယကအဖွဲ့ကြီးက ၉၆၉ လှုပ်ရှားမှုကို ထိထိရောက်ရောက် ပိတ်ပင်ခဲ့သည်။*43 သံဃာ့မဟာနာယက အဖွဲ့၏ ကြေညာချက်တွင် ၉၆၉ လှုပ်ရှားမှု၏ မူဆလင်ဆန့်ကျင်ရေးလှုံ့ဆော်မှုများနှင့် ဆက်တိုက်ဖြစ်ပွားနေသော အကြမ်းဖက် အဓိကရုဏ်းများ ဆက်နွယ်နေမှုကို ဖေါ်ပြခြင်း မပြုသော်လည်း ဗုဒ္ဓဘာသာဝင် တို့၏ သင်္ကေတကို ခွင့်ပြုချက်မရပဲ အသုံးပြုမှုကို အဓိက ထောက်ပြထားသည်။ ထိုကြေညာချက်သည် မဘသ၏အယူအဆကို လုံးဝပယ်ချသည့်သဘောမဟုတ်ပဲ မျိုးစောင့်ဥပဒေများ ပြဌာန်းရေး (အောက်တွင်ကြည့်ပါ) ကို၉၆၉ က စည်းရုံးနေခြင်းကြောင့်စိတ်အနှောက်အယှက်ဖြစ်မှုကို ပြသခြင်းဖြစ်ပြီး၊ အဆိုပါ မျိုးစောင့်ဥပဒေများသည်မလိုအပ်၊ မသင့်လျှော်ဟု သံဃာ့မဟာနာယက အဖွဲ့က စဉ်းစားခြင်းကြောင့် မဟုတ်ပဲ ဘာသာ၊ သာသနာကို အကာအကွယ်ပေးခြင်းများသည် သံဃာ့မဟာနာယကအဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နယ်ပယ်ဟု စဉ်းစားသောကြောင့်ဖြစ်သည်။ ၉၆၉ အဖွဲ့ဝင်များသည် အထက်ပါ ပိတ်ပင်မှု၏ တရားဝင်မှုကိုပယ်ချရုံသာမကပဲ သံဃာ့မဟာနာယကအဖွဲ့ ၏ တရားဝင်မှုကိုပါ ယေဘုယျအားဖြင့် ကန့်ကွက်ခဲ့ကြပြီး တပ်မတော်အစိုးရလက်ထက်က သံဃာအသိုင်းအဝိုင်းကိုထိန်းချုပ်ရန်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အစိုးရ၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်းသည် ကိုးကွယ်ယုံကြည်မှုကို ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း ဖော်ပြခဲ့ကြသည်။*44 သံဃာ့မဟာနာယက အဖွဲ့ကိုသိက္ခာချခြင်းသည်အကုသိုလ်ဖြစ်သည်ဟု မဘသထိပ်ပိုင်းအဆင့် ဘုန်းတော်ကြီးများက အဖွဲ့ဝင်များကို ပြောကြားခဲ့သော်လည်း အထက်ကဖော်ပြခဲ့သော အမြင်များကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြသည်။*45
၉၆၉ လှုပ်ရှားမှုကိုကန့်ကွက်သော အဆိုပါ ဆောင်ရွက်ချက်များသည်မဘသကိုပို၍စနစ်ကျသောပုံစံဖြင့် တဖြည်းဖြည်း ထွက်ပေါ်လာစေခဲ့သည်။ မဘသအဖွဲ့ကို ၂၀၁၃ ဇွန်လတွင်ဖွဲ့စည်းခဲ့ကြသော်လည်း အထူးသဖြင့် မန္တလေးအဖွဲ့ ခွဲ ဖွဲ့စည်းခဲ့သည့်၂၀၁၄ ဇန်နဝါရီလ အထိထင်ရှားလာခြင်း မရှိသေးပေ။ ထို့နောက်တွင်အဖွဲ့ထူထောင်သူဘုန်းတော်ကြီးများက၎င်းတို့အဖွဲ့သည် ၉၆၉ လှုပ်ရှားမှု၏ အယူအဆကို ထောက်ခံရန်ရည်ရွယ်သည်သာမကပဲ ပြည်တွင်းနှင့်နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ
ကို ဖြစ်ပေါ်စေခဲ့သူ(ဦးဝီရသူအပါအဝင်) ငယ်ရွယ်သော ဘုန်းကြီးများ၏ အပြောအဆိုများကိုပါ ထိန်းချုပ်ရန် ဖြစ်သည်ဟု လူသိရှင်ကြားထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင်မဘသ၏ ဖွဲ့စည်းပုံသည်သာမန်လူဝတ်ကြောင် အမျိုးသားများနှင့် အမျိုးသမီးများကို တရားဝင်နေရာပေးရန် အထူးစီမံရေးဆွဲထားရာ တဖက်တွင်လည်း အဖွဲ့အပေါ် သံဃာ့မဟာနာယကအဖွဲ့၏ အခွင့်အာဏာနှင့် ပတ်သက်၍ ရှုတ်ထွေးမှုကိုဖန်တီးခဲ့သည်။*46 ထို့နောက်တွင်မဘသအဖွဲ့သည်၉၆၉ လှုပ်ရှားမှုရပ်ထားခဲ့သော နေရာမှစတင်၍ ဆက်လက်လုပ်ဆောင်လာရာ မျိုးစောင့်ဥပဒေပြဌာန်းရေး လူထုဟောပြောပွဲများ၊ မဘသ၏ အမှတ်တံဆိပ်ဖြစ်သော အမျိုးသားရေးအယူဝါဒကို ကျေးလက်နှင့် ဝေးလံခေါင်သီသော အရပ်ဒေသများအထိပြန့်နှံ့အောင်လုပ်ဆောင်ခဲ့ပြီး မဘသကိုယခုအချိန်အထိတစ်နိုင်ငံလုံးသိရှိသော အထင်ရှားဆုံး ဗုဒ္ဓဘာသာအမျိုးသားရေးအဖွဲ့ ဖြစ်လာအောင်ပြုလုပ်ခဲ့သည်။*47
အရေးကြီးသော လွှတ်တော်ဆိုင်ရာကိစ္စဖြစ်လာအောင်ကြီးကြီးမားမားစည်းရုံး အားထုတ်ခဲ့ကြပြီးနောက် မျိုးစောင့်ဥပဒေလေးရပ်ကို ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲများ မတိုင်မှီ၂၀၁၅ သြဂုတ်လတွင်ပြဌာန်းခဲ့ကြသည်။ ၎င်းဥပဒေများမှာ အောက်ပါအတိုင်းဖြစ်သည်
လူဦးရေထိန်းချုပ်ရေးဥပဒေ (၂၀၁၅ မေလ) သည်လူဦးရေ သိပ်သည်းမှု၊ ကြီးထွားမှု၊ မိခင်နှင့် ကလေးသေဆုံးမှု၊ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုတို့ ဖြစ်ပေါ်နေသည်ဟုသမ္မတက သတ်မှတ်သော ဒေသများတွင်(အတင်းအကျပ်မဟုတ်သော) လူဦးရေထိန်းချုပ်ရေးအစီအစဉ်များကိုအကောင်အထည်ဖော်ရန် အစိုးရကို အာဏာအပ်နှင်းထားသည်။ ယင်းကဲ့သို့ဒေသများကိုသတ်မှတ်ဖော်ပြထားခြင်းမရှိသော်လည်း ထိုစည်းကမ်းများသည်ယခင်က မူဆလင် ဇနီးမောင်နှံများအား ကလေးနှစ်ဦးထက်ပိုမယူရန် ကန့်သတ်သော ဒေသတွင်း အမိန့်များ ထုတ်ပြန်ခဲ့ဘူးသည့်ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မူဆလင်အများစု နေထိုင်ရာနယ်မြေများတွင်ကျင့်သုံးရန်ဖြစ်ပုံရသည်။*48
ဗုဒ္ဓဘာသာ အမျိုးသမီးများအတွက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ သီးသန့်ဥပဒေ (၂၀၁၅ သြဂုတ်လ) သည် ဗုဒ္ဓဘာသာဝင် မဟုတ်သော အမျိုးသားနှင့်လက်ထပ်မည့်ဗုဒ္ဓဘာသာဝင် အမျိုးသမီးမှန်သမျှသည် မြို့ နယ်မှတ်ပုံတင်အရာရှိထံ လျှောက်လွှာ တင်ရန်သတ်မှတ် ထားပြီး ထိုလျှောက်လွှာကို ၁၄ ရက် ပြသကြေညာထားမည်ဖြစ်သည်။ ပြသပြီးနောက် တွင် သက်ဆိုင်သူတို့၏ အသက်မပြည့်ခြင်း၊ အတင်းအကျပ်သိမ်းသွင်းခြင်းတို့အပေါ် အ ခြေခံကာ ကန့်ကွက်တင်ပြမှုမရှိပါကလက်ထပ်ခွင့်ကို အတည်ပြုမည်ဖြစ်သည်။ ထိုကဲ့သို့ လက်ထပ်မှုမျိုး၏တရားဝင်ခွင့်ပြုချက်ရ မှတ်ပုံတင်မှုကို စာရင်းသွင်းမှတ်တမ်းတင်ထား မည်ဖြစ်ပြီးလူတိုင်းကြည့်ရှုခွင့်ရှိမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်မဟုတ်သော အမျိုးသား သည်ဇနီး၏ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်မှုအား ခွင့်ပြုရမည်ဖြစ်ပြီး သူ့အား ဘာသာကူးပြောင်းရန်ကြိုးပမ်းခြင်းမပြုလုပ်ရမည့်အပြင်ကလေးများ၏ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရွေးချယ်မှုကို လိုက်လျော ရမည်ဖြစ်သည်။ ထိုသူသည်ဗုဒ္ဓဘာသာကို မည်သည့်နည်းနှင့်မှ မစော်ကားရပေ။ အကယ်၍ ဗုဒ္ဓဘာသာဝင်မဟုတ်သော အမျိုးသားသည်မည်သည့်စည်းကမ်းကိုမဆိုချိုးဖောက်ပါက ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ဒဏ်ငွေကို ပေးဆောင် ရမည့်အပြင်နှစ်ဦးပူးတွဲပိုင်ဆိုင်မှုနှင့် ကလေးများအုပ်ထိန်းခွင့်တို့ကို စွန့်လွှတ်ရမည်ဖြစ်သည်။ ထိုဥပဒေသည်၁၉၅၄ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ခြင်းနှင့်အမွေဆက်ခံခြင်းဆိုင်ရာ အထူးအက်ဥပဒေကိုအစားထိုးခဲ့ပြီး ယခင်ဥပဒေဟောင်းသည် စည်းကမ်းချက် အနည်းငယ်သာ ကွဲပြားမှုရှိသော်လည်း အသုံးပြုခြင်းမှ ရပ်စဲလိုက်ပြီဖြစ်သည်။*49
ဘာသာကူးပြောင်းခြင်းဥပဒေ (၂၀၁၅ သြဂုတ်လ) အရ အခြားဘာသာတစ်ခုသို့ ကူးပြောင်းလိုသောသူသည် အသက် ၁၈ နှစ် ပြည့်ရမည်ဖြစ်ပြီး ဆန္ဒအလျှောက် ကူးပြောင်းရန်နှင့်ခွင့်ပြုချက်ရဖို့မြို့ နယ်ဘာသာကူးပြောင်းမှုဆိုင်ရာ စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းဘုတ်အဖွဲ့သို့လျှောက်ထားရန်လိုအပ်သည်။ လျှောက်ထားသူအမျိုးသား/အမျိုးသမီးသည်ထိုဘာသာအပေါ်တွင် အမှန်တကယ် ယုံကြည်ခြင်းရှိသလား၊ လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ပိုင်ဆိုင်မှုခွဲဝေခြင်း၊ အမွေဆက်ခံခြင်း လုပ်ထုံးလုပ်နည်းတို့ကို သိရှိသလားစသည်တို့ကို သေချာစေရန်အတွက်ထိုသူကိုဘုတ်အဖွဲ့က တွေ့ဆုံမေးမြန်းမည်ဖြစ်သည်။
တစ်လင်တစ်မယားဥပဒေ (၂၀၁၅ သြဂုတ်လ) သည်ဇနီးမယား တစ်ဦးမက ရှိခြင်းဖြစ်စေ၊ ဇနီးမဟုတ်သောသူနှင့်လက်မထပ်ပဲ အတူနေခြင်းဖြစ်စေ၊ အိမ်ထောင်ရေး ဖောက်ဖျက်မှုတွင်ပတ်သက်နေခြင်းဖြစ်စေ ရာဇဝတ်မှုမြောက်သည်ဟုသတ်မှတ်မည်ဖြစ်သည်။
အာမခံပေးရန် ပြဌာန်းမထားသည့်အပြင်ထောင်ဒဏ်၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။ မူဆလင်အသိုင်းအဝိုင်းတွင်ဇနီးမယား တစ်ဦးမက ရှိခြင်းကိုထောက်ပြကြသည့်အမျိုးသားရေးဝါဒီများက ထိုဥပဒေကို ရေးဆွဲခဲ့ကြသော်လည်း ဗုဒ္ဓဘာ သာအမျိုးသမီးများက သစ္စာမရှိသော ခင်ပွန်းများကိုထိုဥပဒေအရ တရားစွဲဆိုကြသော အမှုက အများစုဖြစ်နေသည်။*50
ထိုဥပဒေများသည်ခွဲခြားဆက်ဆံလိုသည့်ရည်ရွယ်ချက်ရှိကာ မူဆလင်များကိုပစ်မှတ်ထားလိုပုံရပြီး၊ မြန်မာနိုင်ငံအခြေခံဥပဒေပါ ဘာသာရေးလွတ်လပ်ခွင့်နှင့်ခွဲခြားဆက်ဆံမှုမပြုခြင်းဆိုင်ရာ ပြဌာန်းချက်များကိုချိုးဖောက်ရုံသာမကပဲ နိုင်ငံတကာလူ့အခွင့်အရေး ကွန်ဗင်းရှင်းစာချုပ်များအရ လိုက်နာရမည့်ဝတ္တရားများကိုလည်း ဖောက်ဖျက်နေသောကြောင့်နိုင်ငံတကာ၏ များစွာအာရုံစိုက်မှုကိုခံခဲ့ရသည်။
ထိုဥပဒေလေးခုသည် လက်ရှိဓလေ့ထုံးတမ်းဥပဒေများကို တရားဝင်ပြဌာန်းခြင်း ဖြစ်သည်ဟု မဘသထောက်ခံသူများက ငြင်းချက်ထုတ်ကြသည်။ မြန်မာဗုဒ္ဓဘာသာဝင်များစွာအကြားတွင်ခိုင်မာစွာ ယူဆထားမှုတစ်ခုမှာ ဘာသာခြားနှင့်လက်ထပ်သော ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ (အထူးသဖြင့်မူဆလင်အမျိုးသားများနှင့် လက်ထပ်သော အမျိုးသမီးများ)သည်အိမ်ထောင်ရေးဆိုင်ရာ အငြင်းပွားမှုများတွင်ခင်ပွန်းသည်၏ ဘာသာနှင့်ဆိုင်သောဓလေ့ထုံးတမ်းဥပဒေများအရ ဆုံးဖြတ်ခြင်းကို ခံရသောကြောင့် ရပိုင်ခွင့်များစွာ ဆုံးရှုံးနေသည်ဟူသော အချက်ဖြစ်သည်။ ၁၉၃၉ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ခြင်းနှင့်အမွေဆက်ခံခြင်းဆိုင်ရာ အထူးအက်ဥပဒေ၏ နောက်ကွယ်တွင်အဆိုပါကာလရှည်ကြာ စိုးရိမ်ပူပန်မှုများက တွန်းအားတစ်ရပ်ဖြစ်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင်အမည်တူအက်ဥပဒေဖြင့်အစားထိုးပြဌာန်းခဲ့သည်။ အဆိုပါဥပဒေဟောင်းများသည်ကျင့်သုံးမှုမရှိခြင်းနှင့်အကြောင်းအရာပိုင်း (အထူးသဖြင့်မယားပြိုင်ထားမှု၊ အတင်းအကြပ်ဘာသာကူးပြောင်းမှုတို့နှင့်ဆိုင်သည့်တားမြစ်ချက်များ) တွင်အားနည်းမှုရှိသည်ဟုအမျိုးသားရေးဝါဒီများကရှုမြင်ကြသည်။ မဘသ ထောက်ခံသူများက တွန်းအား ပေးနေကြသော အဆိုပါဥပဒေသစ်များသည်အဆိုပါ စိုးရိမ်ပူပန်မှုများကိုပင်ထည့်သွင်းထားခြင်းဖြစ်ကြောင်းကိုထပ်မံအတည်ပြုခဲ့သည်။*51
မျိုးစောင့်ဥပဒေလေးရပ်အပေါ် ပြည်တွင်းနှင့် နိုင်ငံတကာမှဆန့်ကျင်ကန့်ကွက်မှုများသည်အမျိုးသမီးများ၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များအပေါ် ကန့်သတ်ထားမှုများကို အဓိက ထောက်ပြခဲ့ကြသည်။ သို့တိုင်အောင် အချို့ သော အမျိုးသမီးများသည် မျိုးစောင့်ဥပဒေများ၏
အမာခံ ထောက်ခံသူများဖြစ်နေကြပြီး ဥပဒေ ရေးဆွဲပြဌာန်းရေးကို ထောက်ခံသည့် ချီတက်ပွဲ များနှင့် လက်မှတ်စုဆောင်းစည်းရုံးမှုများကို သီလရှင်များနှင့် သာမန်အမျိုးသမီးများက ဦးဆောင်လှုပ်ရှားကာ ဥပဒေများ ရေးဆွဲပြဌာန်းမှုအပေါ် လူသိများမှုနှင့်ထောက်ခံမှုကိုမြှင့်တင်ပေးခဲ့ကြသည်။ ထိုသို့အမျိုးသမီး အမျိုးသားရေးဝါဒီများ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းသည်မူဆလင်-ဗုဒ္ဓဘာသာလက်ထပ်ခြင်း၏ ဘေးထွက်ဆိုးကျိုးဟု ၎င်းတို့ရှုမြင်ကာ စိုးရိမ်နေကြသည့် မယားပြိုင်ဓလေ့နှင့်အတင်းအကြပ်ဘာသာကူးပြောင်းခိုင်းမှုတို့ကိုဥပဒေဖြင့်ဖယ်ရှားပစ်ရန်ကတိကဝတ်ပြုမှုကြောင့် ဖြစ်သည်။*52
ထိုကဲ့သို့မယားပြိုင်ဓလေ့နှင့်အတင်းအကြပ်ဘာသာကူးပြောင်းမှုအပေါ် စိုးရိမ်မှုများသည် လာမည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေး ဥပဒေကြမ်းကို ဆန့်ကျင်ရန် တွန်းအားပေးနေသည်။ အမျိုးသမီးနှင့် မိန်းကလေးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးဥပဒေကြမ်းသည် ရင်းနှီးသော လက်တွဲဖော်၏ အကြမ်းဖက်မှု၊ လက်ထပ်ပြီး မုဒိန်းကျင့်မှု၊ လိင်အကြမ်းဖက်မှု၊ ချောင်းမြှောင်းနှောက်ယှက်မှု၊ လုပ်ငန်းခွင်နှင့် အများပြည်သူဆိုင်ရာ နေရာများတွင် နှောက်ယှက်မှု၊ ကြမ်းတမ်းသော ရိုးရာအလေ့အထများ အပါအဝင်အကြမ်းဖက်မှုပုံစံမျိုးစုံမှ အမျိုးသမီးများကို အကာအကွယ်ပေးရန်ရည်ရွယ်ချက်ဖြင့်မြန်မာဂျန်ဒါပညာ ရှင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံတကာ အကြံပေးများနှင့် တိုင်ပင်နှီးနှောကာ ရေးဆွဲထားခြင်းဖြစ်သည်။*53 အဆိုပါ ဥပဒေကြမ်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်း သို့မဟုတ် လွှတ်တော်တွင်ဆွေးနွေးရန်စီစဉ်ခြင်းတို့*54 မပြုလုပ်ရသေးသော်လည်း မဘသထောက်ခံသူများ က၎င်းတို့၏ မယားပြိုင်ဓလေ့ပိတ်ပင်ရေးနှင့် ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေကို အားနည်းသွားစေနိုင်သည်ဟု အထူးပင်စိုးရိမ်လျက်ရှိသည်။ ထိုဥပဒေက မျိုးစောင့်ဥပဒေလေးခုကိုလွှမ်းမိုးစေခြင်း သို့မဟုတ် ပြောင်းလဲပစ်ရန်တို့ ပြုလုပ်လာပါက ဆန္ဒပြကြရန်၎င်းတို့က ဆုံးဖြတ်ထားကြသည်။*55 ထိုဥပဒေက မျိုးစောင့်ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသည့် တိုင်အောင်မယားပြိုင်ဓလေ့နှင့် ဘာသာကူးပြောင်းမှုကို ရှင်းလင်းစွာ တားမြစ်ရန်ပျက်ကွက်မှုမှန်သမျှသည် မျိုးစောင့် ဥပဒေများကို အလိုအလျောက်အားနည်းအောင်လုပ်ဆောင်ခြင်းဟုဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ (အထူးသဖြင့် အမျိုးသားရေးဝါဒီ အမျိုးသမီးများ) က အဓိပ္ပါယ်ဖွင့်ကြမည်ဖြစ်သည်။ အမျိုးသားရေးဝါဒီများအနေဖြင့်က ထိုသို့ဖြစ်လာခြင်းသည်NLD
သည် ဘာသာပေါင်းစုံကို လက်ခံသည့် ပုံပေါက်ရန်နှင့် မူဆလင်အသိုင်းအဝိုင်းကို နှစ်သိမ့်ရန်ပြည်သူအများစု (အထူးသဖြင့် ဗုဒ္ဓဘာသာအမျိုးသမီးများ) ကို ရင်း၍ ကိုယ်ကျင့်တ ရားနှင့် ဘာသာရေးအရ မရှိမဖြစ်အရေးကြီးသည့် အရာများကို စွန့်လွှတ်ရန် လိုလားသည့် အချက်ပေးမှုအဖြစ်မှတ်ယူကြမည်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲများမတိုင်မှီတွင်မဘသခေါင်းဆောင်များသည်၎င်းတို့၏ ပါတီနိုင်ငံရေး ရပ်တည်ချက်ကို ရည်ရွယ်ချက်ရှိရှိဖြင့်ရှုတ်ထွေးအောင်လုပ်ထားခဲ့သည်။ မဘသဥက္ကဌ အရှင်တိလောကက မျိုးစောင့်ဥပဒေကို ကာကွယ်မည့် ကိုယ်စားလှယ်လောင်းများကို မဲပေးကြရန်နှင့်ဖျက်ဆီးမည့်သူများကိုမဲမပေးကြရန်၎င်း၏ အဖွဲ့ဝင်များကိုအကြံပြုခဲ့ရာ NLD ပါတီကိုမဲမပေးသင့်ကြောင်း ဆိုလိုခြင်းပင်ဖြစ်သည်။ အခြားသူများက (အထူးသဖြင့်အရှင်ဝီရသူက)ပြည်ခိုင်ဖြိုးပါတီသည်မဘသ၏ အစီအစဉ်ကို ပိုမိုထောက်ခံအားပေးသည့် သဘောရှိပြီးအမျိုး၊ ဘာသာ ကာကွယ်စောင့်ရှောက်ရေးတွင်NLD ပါတီထက်ပိုမိုအားကောင်းသည်ဟုမဲဆန္ဒရှင်များအား တိုက်ရိုက်ပြောဆိုခဲ့ကြသည်။*56
မဘသ သည်ပြည်ခိုင်ဖြိုးပါတီကို ရှင်းရှင်းလင်းလင်း သဘောကျပုံရပြီး NLD ပါတီ၏ အမျိုးသားရေးဆိုင်ရာ ခံယူချက်များကို သံသယရှိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သော်လည်း ထိုအချက်သည်၎င်းအဖွဲ့အစည်း၏ မူမဟုတ်ပေ။ မဘသသည်ယေဘုယျအားဖြင့် အမြင်တူညီသော ဒေသအလိုက်အသင်းခွဲများ၊ ဘုန်းကြီးကျောင်းများ၊ အဖွဲ့ဝင်များ သို့မဟုတ်ထောက်ခံသူများ လျော့တိလျော့လျဲ ညွှန့်ပေါင်းဖွဲ့စည်းထားသည်ဟု ရှုမြင်သင့်သော်လည်း ထုံးတမ်းစဉ်လာ ယုံကြည်မှုနှင့်အထက်မှ အောက်ဆုံးဖြတ်ချက်ပေးမှုများ ချမှတ်ထားခြင်းမရှိသောအဖွဲ့ဟုလည်း ရှုမြင်သင့်သည်။ အဖွဲ့ဝင်ဘုန်းတော်ကြီးများသည်NLD ပါတီအပါအဝင်နိုင်ငံရေးပါတီများစွာနှင့်ရင်းနှီးသော ပုဂ္ဂိုလ်ရေးဆက်ဆံမှုရှိကြပြီး NLD နှင့်USDP ပါတီနှစ်ခုစလုံးမှနိုင်ငံရေးသမားများက မဘသနှင့်ဆက်နွယ်သော ဘုန်းကြီးကျောင်းများသို့လှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။*57 ဤကိစ္စသည်မဘသ၏ ထောက်ခံမှုကိုဝယ်ယူရန်ကြိုးပမ်းမှုဟု အဓိပ္ပါယ် ကောက်နိုင်သော်လည်း အစိုးရနှင့် ဗုဒ္ဓဘာသာ သံဃာအသိုင်းအဝိုင်းအကြားမှသမိုင်းကြောင်းအရ နိုင်ငံရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ ဆက်နွယ်မှုများရှိနေဆဲဆိုသည်ကိုပြန်လည်ထင်ဟပ်ဖော်ပြနေခြင်းသာဖြစ်သည်။
မဘသ၏ သာမန်အဖွဲ့ဝင်အတော်များများမှာ NLD ထောက်ခံသူများဖြစ်သည်။ ၎င်းတို့ အများစုက NLD ပါတီ အာဏာရရှိလာပါက ခိုင်မာသော အမျိုးသားရေးဝါဒကို ဆုပ်ကိုင်ရန် ၎င်းတို့အဖွဲ့က ဖိအား
ပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြပြီး*58 အခြားသူများကမူ NLD ပါတီ၏ လူ့အခွင့်အရေးနှင့် မတူကွဲပြားမှုကို လက်ခံသည့် သဘောတရားသည် မြန်မာဗုဒ္ဓဘာသာဝင်များစွာက လက်မခံကြသော အနောက်တိုင်း၏ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအယူအဆထင်ဟပ်မည်လာကိုစိုးရိမ်ခဲ့ကြသည်။*59 မျိုးစောင့်ဥပဒေများကိုရုတ်သိမ်းရန်ကြိုးစားမှုမှန်သမျှသည် ပြင်းထန်သော ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မဘသအဖွဲ့ကသတိပေးထားသည်။ မူဆလင်လိုလားသူဟု စွပ်စွဲမှုများ၊ အမျိုးသားရေးဝါဒနှင့်ပတ်သက်၍သံသယရှိကြခြင်းများကို ရင်ဆိုင်ခဲ့ရသော NLD ပါတီသည် ရွေးကောက်ပွဲတွင် မူဆလင်ကိုယ်စားလှယ်လောင်းတစ်ဦးမှ မထည့်သွင်းတော့ပဲ အခြားအဓိကပါတီကြီးများ၏ လမ်းကြောင်းအတိုင်းလိုက်ရန်ဆုံးဖြတ်ခဲ့ရသည်။*60
၂၀၁၅ ရွေးကောက်ပွဲ၏ ရလဒ်များသည်အမျိုးသားရေးဝါဒီများစွာကို တုန်လှုပ်သွားစေခဲ့သည်။ NLD ပါတီသောင်ပြိုကမ်းပြို အနိုင်ရရှိပြီး အာဏာရပြည်ခိုင်ဖြိုးပါတီကို ဖြုတ်ချနိုင်ရုံသာမကပဲ အခြားအမျိုးသားရေးပါတီများနှင့်တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများမှာလည်း တစ်ဦးမှအနိုင်မရပဲ ထောက်ခံမဲ အနည်းအကျဉ်းမျှသာရရှိခဲ့ကြသည်။*61 မဘသအဖွဲ့သည်လူကြိုက်များ ထောက်ခံမှုကြီးမားစွာ ရရှိခဲ့ပြီး အဖွဲ့၏ ဦးဆောင်သံဃာများသည်အထိုက်အလျှောက် လေးစားခြင်းခံရသည့်တိုင်အောင် ရွေးကောက်ပွဲနိုင်ငံရေးအတွင်းသို့ပါဝင်ပတ်သက်ရာတွင်မူကျရှုံးခဲ့ကြောင်း ထင်ရှားခဲ့သည်။ ရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ကိုတစ်နိုင်ငံလုံးက ကြည်ညိုလေးစားကြခြင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့်တွဲဆက်နေသော ယခင်စစ်အစိုးရဟောင်းကိုမုန်းတီးကြခြင်းတို့က အမျိုးသားရေးဝါဒီများ၏ စိုးရိမ်မှုများကို ပြတ်သားစွာ အနိုင်ယူ သွားခဲ့သည်။
ဤကိစ္စသည်မဘသအဖွဲ့နှင့်ယင်း၏ အမျိုးသားရေး အယူအဆအပေါ် ကြီးမားသောဆုံးရှုံးမှုသက်ရောက်ခြင်းမရှိပဲ အဖွဲ့၏ ပါတီနိုင်ငံရေးတွင်ပါဝင် ပတ်သက်မှုကို ပယ်ချခံရခြင်းမျှသာ ဖြစ်စေခဲ့သည်။ သို့ရာတွင်NLD ပါတီ၏ သောင်ပြိုကမ်းပြို ရွေးကောက်ပွဲအနိုင်ထင်ရှားလာသည်နှင့် တပြိုင်နက် မဘသ အဖွဲ့သည်နောက်သို့ ပြန်ဆုတ်ကာ အခြေအနေစောင့်ကြည့်ရသည့် နည်းလမ်းကို ဆုံးဖြတ်ချမှတ် လိုက်ကြ
သည်။*62 မဘသ၏ လှုပ်ရှားမှုများမှာမြင်သာထင်သာ မရှိတော့သောကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများက မဘသသည်ရွေးကောက်ပွဲရလဒ်ကြောင့် ရေမြွေဖြစ်သွားပြီဟုသုံးသပ်ကြသည်။*63 ရွေးကောက်ပွဲကြောင့်အဖွဲ့ မှာ ကန့်သတ်မှုများရှိလာသည့်သက်ရောက်မှုကိုခံရသော်လည်း ဗုဒ္ဓဘာသာ အမျိုးသားရေးပြောဆိုရေးသားမှုများကိုကျယ်ကျယ်ပြန်ပြန့်ဆက်လက်ထောက်ခံအားပေးမှုရှိနေခြင်းက ပြဆိုနေသည်မှာ NLD ပါတီ၏ သောင်ပြိုကမ်းပြို အနိုင်ရရှိခြင်းသည်မဘသ၏ အယူဝါရေးရာများကို ဖယ်ထုတ်ခြင်းမဟုတ်ဟူသော အချက်ဖြစ်သည်။ မဘသအဖွဲ့၏ ငြိမ်သက်နေမှုသည်နိုင်ငံရေးအခင်းအကျင်းသစ်ကိုဆန်းစစ်နေခြင်းနှင့်အစိုးရသစ်က အမျိုးသားရေးအယူဝါဒများကို ထိပ်တိုက်ရင်ဆိုင်ရန် ချက်ခြင်းမလှုပ်ရှားသေးခြင်း (ဥပမာ-မျိုးစောင့်ဥပဒေများကိုပယ်ဖျက်ရန်ကြိုးစားခြင်း) တို့ကြောင့်ဖြစ်နိုင်ပေသည်။ အမှန်စင်စစ်မဘသအဖွဲ့က ၎င်းတို့၏ ရည်ရွယ်ချက်သည်ပါတီတစ်ခုကို ထောက်ခံအားပေးခြင်းထက်မျိုးစောင့်ဥပဒေများကိုကာကွယ်ရန်ဖြစ်သည်ဟု ရွေးကောက်ပွဲ အကြိုကြေညာချက်ထုတ်ပြန်မှုသည် အနည်းဆုံးအားဖြင့် အဖွဲ့ခေါင်းဆောင်အချို့၏ အမြင်ကိုအတိအကျ ကိုယ်စားပြုခြင်းဖြစ်နိုင်စရာရှိသည်။*64
၂၀၁၆ ဇူလိုင်လတွင် သံဃာ့မဟာနာယကအဖွဲ့က မဘသအဖွဲ့သည်တရားဝင်ဗုဒ္ဓဘာသာ အဖွဲ့အစည်းမဟုတ်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။65 ဤကြေညာချက်သည်မဘသအဖွဲ့၏ လှုပ်ရှားမှုများကို ပိတ်ပင်ခြင်း သို့မဟုတ်နိုင်ငံတော်၏ အမြင့်ဆုံး ဗုဒ္ဓဘာသာ အာဏာပိုင်အဖွဲ့က မဘသအဖွဲ့ကို အနည်းဆုံးအားဖြင့်လက်မခံခြင်းဟုမှတ်ချက်ပေးသူများနှင့် မီဒီယာများအားလုံးက အဓိပ္ပါယ် ဖွင့်ကြမည်သာသည်။*66 သို့ရာတွင်ကြေညာချက်ကိုသေချာစွာ လေ့လာကြည့်ပါက မဘသသည်
သံဃာ့အဖွဲ့အစည်းအဖြစ်စနစ်တကျ မှတ်ပုံတင်မထားဟုသာရည်ညွှန်းထားခြင်းဖြစ်သည်။ ၎င်းကို နည်းလမ်းအမျိုးမျိုးဖြင့်အဓိပ္ပါယ်ဖွင့်ဆိုကြရာ ဤကြေညာချက်သည်မလိုအပ်ပဲ သုံးမရသည့် သံဃာ့အဖွဲ့အစည်းများကို ဖျက်သိမ်းရန် NLD ၏ တောင်းဆိုမှုများအပေါ် တုန့်ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်*67 ၊ မဘသ၏ အသံကျယ်နေသော ဘုန်းတော်ကြီးများကို တရားမဝင်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်၊ အဖွဲ့သည်မရေမရာ အနေအထားတွင်ရှိကြောင်း သတိပေးခြင်းဖြစ်သည်၊ မဘသနှင့်၎င်း၏ လှုပ်ရှားမှုများကိုဥပဒေအရ အာဏာစက်ဖြင့်စီရင်လျှင်လွယ်ကူစေရန်အတွက်ဓမ္မစက်အရ စီရင်ခြင်းထက်အရပ်ဖက်ကျင့်ထုံးအရ စီရင်မှုနယ်ပယ်အတွင်းထားရှိရန်ဆန္ဒရှိခြင်းဖြစ်သည်ဟူ၍ အမျိုးမျိုးဖွင့်ဆိုနိုင်သည်။*68 မဘသအဖွဲ့က ၎င်းသည် သံဃာ့မဟာနာယကအဖွဲ့ဝင်တစ်ဦးချင်း၏ ထောက်ခံမှုဖြင့် ဖွဲ့စည်းထားကြောင်းနှင့် သံဃာ့အဖွဲ့အစည်းစစ်စစ်မဟုတ်သောကြောင့်တရားဝင်မှတ်ပုံတင်ရန်မလိုအပ်ကြောင်း မှတ်ချက်ပေးခြင်းဖြင့်တုန့်ပြန်ခဲ့သည်။*69
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ စခန်းများကို ရိုဟင်ဂျာသောင်းကျန်းသူအဖွဲ့သစ်က ၂၀၁၆ အောက်တိုဘာလအတွင်း သွေးစွန်းသော တိုက်ခိုက်မှုများသည် အမျိုးသားရေး ဝါဒီအုပ်စုများကို အသက်ဆက်နိုင်မည့် အောက်ဆီဂျင်အသစ် ထုတ်ပေးခဲ့သလို ဖြစ်ရသည်။*70 ယင်းပြဿနာသည်မူလကတည်းက လက်ခံယူဆထားသော အစ္စလာမ် ခြိမ်းခြောက်မှု အန္တရာယ်ကို တစ်မျိုးသားလုံး ဆိုင်ရာ သတိထားမှုအဆင့်သို့ တွန်းပို့ခဲ့ပြီး မူဆလင် ဆန့်ကျင်ရေးစိတ်ဓာတ်ကို မြင့်တက်စေခဲ့သည်။ ယင်းတိုက်ခိုက်မှုများအပေါ်တပ်မတော်၏ တုန့်ပြန်မှုအဆင့်သည်အင်အားအလွန်အကျွံသုံးကာ ဥပဒေဘောင်ကျော်သတ်ဖြတ်မှုများ၊ မုဒိန်းမှုများ၊ အကြမ်းဖက်မှုများစသည့် စွပ်စွဲချက်များကို ထွက်ပေါ်လာစေခဲ့ပြီး ကုလသမဂ္ဂက “လူသားများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဖြစ်ရန်အလားအလာအလွန်များသော ဆောင်ရွက်မှုများ” ဟုသတ်မှတ်ခဲ့သည်။ ရိုဟင်ဂျာ ၇၅,ဝ၀ဝ ခန့်ဘင်္ဂလားဒေ့ရှ်ဖက်သို့ထွက်ပြေးခဲ့ကြသည်။*71 သီးခြားဖြစ်ရပ်တစ်ခု အနေနှင့် ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်တွင်လူသိများသော NLD ဥပဒေအကြံပေးမူဆလင်ဘာသာဝင်ရှေ့နေ ဦးကိုနီကိုရန်ကုန်နိုင်ငံတကာလေဆိပ်အပြင်ဖက်တွင်လုပ်ကြံမှုဖြစ်ပွားခဲ့သည်။*72
မဘသနှင့် အခြားအမျိုးသားရေးအုပ်စုများသည်မီးရောင်အောက်သို့ ပြန်ရောက်လာကြသည်။ ရခိုင်ပြည်နယ်အတွက် မလေးရှားအစိုးရက စေလွှတ်လိုက်သော ထောက်ပံ့ကယ်ဆယ်ရေးသင်္ဘောကို ဗုဒ္ဓဘာသာအမျိုးသားရေးအုပ်စုမျိုးစုံ၊ အထူးသဖြင့် မဘသနှင့် အဖွဲ့ဝင်ချင်းထပ်နေသော (မဘသ၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်တွင်မရှိဟုဆိုသော်လည်း) သွေးဆူသည့် မျိုးချစ်လူငယ်များသမဂ္ဂအဖွဲ့ဝင်များက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။*73 ဦးကိုနီ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးရာတွင် မဘသပါဝင်ပတ်သက်နိုင်ချေကို ထည့်သွင်းစဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် ဖြစ်နိုင်ခြေစာရင်းမှ ဖယ်ထုတ်ခဲ့သည်။74 မူဆလင်လူဦးရေများပြားသော ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များတွင်လူမျိုးရေးတင်းမာမှုများ ကြီးထွားလာခဲ့သည်။ဝတ်ပြုရန်နေရာအဖြစ်ပါ အသုံးပြုနေသည့်အစ္စလာမ်စာသင်ကျောင်းနှစ်ခုကိုအာဏာပိုင်များကပိတ်ပေးရန် ကြမ်းတမ်းသော အမျိုးသားရေး ဆန္ဒပြမှုများက တောင်းဆိုခဲ့သည်။ ထို့အပြင်ရခိုင်ပြည်နယ်မှခိုးဝင်လာသော ဘင်္ဂါလီများကိုလက်ခံထားသည်ဟုစွပ်စွဲခံရသော တိုက်ခန်းကိုရဲများက စီးနင်းရှာဖွေပေးရန်အမျိုးသားရေးဝါဒီများက အတင်းအကြပ်တောင်း ဆိုမှုဖြစ်ပွားခဲ့ပြီးဝင်ရောက်ရှာဖွေမှုတွင်မည်သည့်အထောက်အထားမှ မတွေ့ရသောကြောင့် ရပ်ကွက်လူထုကပြန်လည်အကြမ်းဖက်မောင်းထုတ်မှုဖြစ်ပေါ်ခဲ့သည်။*75
ထိုကဲ့သို့ သွေးထိုးလှုံ့ဆော်သူများနှင့် ဆန္ဒပြသူအချို့ကိုအစိုးရက ဥပဒေကြောင်းအရအရေးယူဆောင်ရွက်ခဲ့သည့်အပြင်လူမျိုးရေးအကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပေါ်မည့် အန္တရာယ်ကို စိုးရိမ်မှုကြောင့် သံဃာ့ မဟာနာယကအဖွဲ့က နောက်ထပ် ကြေညာချက်အသစ်ထုတ်ပြန်ခဲ့ရာ (အစိုးရ၏ ညွှန်ကြားမှုကြောင့်ဖြစ်ဖွယ်ရှိ) ယခုတစ်ကြိမ်တွင်မဘသသည်သံဃာ့ဥပဒေကိုချိုးဖောက်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ဖေါ်ပြခဲ့သည်။*76 မဘသ၏ လေးနှစ်မြောက်ညီလာခံကျင်းပရန်ရက်ပိုင်းအလိုမေလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သော သံဃာ့ မဟာနာယက အဖွဲ့ဆုံးဖြတ်ချက်အရ မဘသအမည်နှင့်တံဆိပ်အသုံးပြုမှုကိုပိတ်ပင်ခဲ့ပြီး မဘသဆိုင်းဘုတ်နှင့် ကြော်ငြာဘုတ်များကို ဇူလိုင်လ ၁၅ ရက်နောက်ဆုံးထား၍ ဖယ်ရှားရန်ညွှန်ကြားခဲ့သည်။ ဆုံးဖြတ်ချက်တွင်မဘသနှင့်တရားမဝင်ဗုဒ္ဓဘာသာအဖွဲ့ခွဲများအကြားမှ အသွင်တူညီမှုများကိုလည်း
ရည်ညွှန်းသည့်စကားလုံးများကိုအသုံးပြုထားရာ ထိုအဖွဲ့ များမှလူအချို့သည်တရားစွဲဆို၊ ထောင်ဒဏ် ချမှတ်ခြင်းခံထားရသည်။*77 ၎င်းဆုံးဖြတ်ချက်ကိုမဘသဗဟိုကော်မတီဝင်များနှင့်အစည်အဝေးတွင်ပြောကြားခဲ့ပြီး ဗဟိုကော်မတီဝင်များသည်လက်ခံကြောင်း လက်မှတ်ထိုးခဲ့သည်။78 မဘသ၏ မေလ ၂၇-၂၈ ရက်ညီလာခံကိုဖျက်သိမ်းမည်ဟုအစောပိုင်းသတင်းများထွက်ခဲ့သော်လည်း ဖျက်သိမ်းသည့်အစား သံဃာ့မဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို တုန့်ပြန်ရေးကိစ္စများနှင့် မလိုက်နာပဲနေရန် ဖြစ်နိုင်စရာရှိသည့် ဥပဒေပိုင်းဆိုင်ရာကိစ္စများကိုဆွေးနွေးနိုင်မည့်အခွင့်အလမ်း ဖြစ်သွားခဲ့သည်။*79
ယင်းညီလာခံတွင်မဘသသည်ဘုန်းတော်ကြီးများနှင့် ဘုန်းတော်ကြီးမဟုတ်သော အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့အစည်းဖြစ်သောကြောင့် သံဃာ့ဥပဒေသည် မဘသအပေါ်သက် ရောက်မှုမရှိခြင်း အပါအဝင် ငြင်းချက် ထုတ်နိုင်မည့်အချက်များကို ဥပဒေကျွမ်းကျင်သူများက တင်ပြခဲ့ကြသည်။*80 ထိုအချက်ကို မဘသခေါင်းဆောင်များက သဘောထားတိုက်ဆိုင်ကြ သော်လည်း အဖွဲ့၏ သန်စွမ်းမှုအတွက် သိသိသာသာအန္တရာယ်ရှိနေသည့် အချိန်မျိုးတွင် ဘာသာရေးကို အားနည်းသွားစေခြင်းကို ရှောင်ရှားရန်အတွက် သံဃာ့မဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟုပြောကြားခဲ့ကြသည်။*81 မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာ အတွက် အန္တရာယ် ရှိနေသည်ဟူသော အယူအဆသည်အကဲခတ် လေ့လာသူများစွာအတွက် နားမလည်နိုင်စရာ ဖြစ်နေသော်လည်း အာဏာရှိသူများ၏ လစ်လျူရှုခြင်းခံရပါက လက်ရှိဗုဒ္ဓသာသနာသည်တစ်ရက်တည်းဖြင့် အဆုံးသတ်သွားနိုင်သည်ဟူသော ထေရာဝါဒ ဗုဒ္ဓဘာ သာတွင် နှစ်ပေါင်းထောင်ချီ လက်ခံထားကြသည့် အယူအဆ တစ်ခုကို ထင်ဟပ်နေသည်။*82 ယင်း ညီလာခံတွင်ဆောင်ရွက်ခဲ့သော အဓိကဆောင်ရွက်ချက်သုံးခုမှာ-
မဘသသည် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဟူသောအမည်သို့ပြောင်းလဲခြင်းဖြင့်သံဃာ့မဟာနာယကအဖွဲ့၏ ပိတ်ပင်မှုကိုတုန့်ပြန်သွားမည်ဟုကြေညာခဲ့သည်။ သံဃာ့မဟာနာယကအဖွဲ့သည်မဘသဟူသောအမည်ကိုအသုံးပြုခြင်းအား လက်မခံခြင်းသာဖြစ်ပြီး
အဖွဲ့အစည်းကိုဖျက်သိမ်းခြင်းမဟုတ်ဟုမဘသခေါင်းဆောင်များက ရှင်းလင်းပြောကြားသည်။*83
နောက်ထပ် ဗုဒ္ဓဘာသာ အမျိုးသားရေး အုပ်စု တစ်စုဖြစ်သည့်ဓမ္မဝံသာနုရက္ခိတအဖွဲ့၏ဥက္ကဌဖြစ်သူမဘသဂျာနယ်၏အယ်ဒီတာ မောင်သွေးချွန်က ထိုအဖွဲ့သည်ပိုမိုထင်ရှားသော ခေါင်းဆောင်မှု ကဏ္ဍကိုရယူသွားမည်ဖြစ်ပြီး ပိုမိုစစ်သွေးကြွသော လှုပ်ရှားမှုများကို အားပေးသွားရမလား ဆိုသည်ကို ဆွေးနွေးမည်ဟု ပြောကြားသည်။ ၎င်းတို့သည်အကြမ်းဖက်မှုကို ပြတ်ပြတ်သားသား အားပေးမည် မဟုတ်သော်လည်း လူမျိုးနှင့်ဘာသာ ဒုက္ခတွေ့အောင်လည်း ခွင့်ပြုမည်မဟုတ်ဟုညီလာခံအပြီးတွင်ထုတ်ပြန်ကြေညာသည်။*84
ညီလာခံ နောက်ဆုံးရက်တွင် မောင်သွေးချွန်က ၎င်းသည်တိုင်းရင်းသား ၁၃၅ မျိုး ညီညွတ်ရေး ပါတီဟုအမည်ပေးထားသော အမျိုးသားရေး နိုင်ငံရေးပါတီကို စတင်ဖွဲ့စည်းရန်အတွက် ဓမ္မဝံသာနုရက္ခိတ၊ မဘသနှင့်ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းများမှနှုတ်ထွက်မည်ဟု ကြေညာခဲ့သည်။ ၎င်းတင်ပြသော ဆုံးဖြတ်ချက်သည်သံဃာ့ မဟာနာယကအဖွဲ့၏ ကြေညာချက်ကိုတိုက်ရိုက်တုန့်ပြန်ခြင်းမဟုတ်ပဲ ရေရှည်မဟာဗျူဟာ အစီအစဉ်တစ်ခုဖြစ်သည်။ ၎င်းကြေညာသည့်အချိန်တွင်ညီလာခံခန်းမအတွင်းရှိသံဃာများနှင့် သီလရှင်များအားလုံးကို ဖယ်ရှားထားရာ ပါတီနိုင်ငံရေးတွင် ဘာသာရေးအဖွဲ့အစည်း ပါဝင်ပတ်သက်ခြင်းအား ဥပဒေအရ တားမြစ်မှုကို အသိအမှတ်ပြုသည့် သဘောဖြစ်သည်။*85
ညီလာခံအပြီးတွင် မဘသ၏ ဒေသဆိုင်ရာခေါင်းဆောင်များက ရန်ကုန်အစည်းအဝေး၏ နောက်ဆုံး အကြောင်းအရာကို မျှဝေရန်အတွက်သက်ဆိုင်ရာ ဒေသအသီးသီးတွင်နောက်ဆက်တွဲအစည်းအဝေးများ ကျင်းပခဲ့ကြရာ ကရင်ပြည်နယ် အစည်းအဝေးတွင်ဘုန်းတော်ကြီးအရေအတွက် ၇၀ဝ အထိ တက်ရောက်ခဲ့သည်။*86 အဆိုပါ အစည်း အဝေးအများစုတွင်သံဃာ့မဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို(မဘသဌာနချုပ်၏ အမြင်နှင့်မဆိုင်ပဲ) မဘသအသင်းခွဲများက လက်ခံမည်မဟုတ်ဟုကြေညာချက်ထုတ်ပြန်ခြင်းဖြင့်အဆုံးသတ်ခဲ့သည်။
လက်ရှိအချိန်အထိ မဘသ အဓိကအသင်းခွဲ ၈ ခုအနက်၃ ခုကသာ ဆုံးဖြတ်ချက်ကိုလက်ခံကာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖြစ်အမည်ပြောင်းရန်ဆုံးဖြတ်ကြမည်ဖြစ်ပြီး ကျန်အသင်းခွဲများကမူမဘသအမည်နှင့်တံဆိပ်ကိုဆက်လက်အသုံးပြုကြမည်ဖြစ်သည်။
အမည်ပြောင်းလဲခြင်းသည်မဘသ၏ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုများအပေါ် အနည်းအကျဉ်းသာ သက်ရောက်မှုရှိပါလျက်နှင့်မဘသအမည်ကို ဖြုတ်သိမ်းရန်ငြင်းဆန်ခြင်းသည်သံဃာ့မဟာနာယကအဖွဲ့နှင့်အစိုးရကိုအာခံကြောင်း ရှင်းလင်းသော ပြသမှုတစ်ခုဖြစ်သည်။ ယင်းသို့ငြင်းဆန်မှုကိုအမည်ပြောင်းရန်လက်ခံသည့်အသင်းခွဲများအပါအဝင်အဖွဲ့အစည်းတစ်ခုလုံးတွင်ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘောပေါက်ခြင်း သို့မဟုတ်ထောက်ခံကြခြင်းရှိပုံရသည်။87 ဇူလိုင်၁၆ ရက်တွင်အမျိုးသားရေးဝါဒီဘုန်းတော်ကြီး အရှင်ဝီရသူက လက်ရှိ အစိုးရကို ဆင်းပေးရန်နှင့်တိုင်းပြည်ကိုကောင်းစွာကိုင်တွယ်နိုင်သူများထံအာဏာလွှဲပေးရန်တောင်းဆိုသော ဗီဒီယိုဖိုင်ကိုfacebook တွင်ထုတ်လွှင့်ခဲ့သည်။*88 နောက်ဆုံးသတ်မှတ်ရက်ဇူလိုင်လ ၁၅ ရက်အပြီးတွင်အစိုးရက သံဃာ့မဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသော မဘသအဖွဲ့ဝင်များသည်အရပ်ဖက်ဥပဒေများဖြင့်အရေးယူခြင်းခံရမည်ဟုနိုင်ငံပိုင်မီဒီယာမှတဆင့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။*89
အရေးယူဆောင်ရွက်မှုကိုအဆင့်နှစ်ဆင့်ဖြင့်လုပ်ဆောင်မည်ဟုNLD အကြီးတန်း ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။ ပထမဦးစွာ ဒေသဆိုင်ရာ သံဃာ့နာယကအဖွဲ့များမှ တဆင့်သံဃာစည်းကမ်းဖြင့် အရေးယူမည်ဖြစ်ပြီး ၎င်းကိုနာခံရန်ပျက်ကွက်ပါက ၁၉၀၈ မတရားသင်းအက်ဥပဒေအရ မဘသကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာနိုင်သည်ဟု ဆိုသည်။*90 ၎င်းအစီအစဉ်သည် မဘသခေါင်းဆောင်ပိုင်းနှင့် အဖွဲ့ဝင်များ နှစ်မျိုးစလုံးနှင့်တကွ ယင်းတို့နှင့် အဆက်အသွယ်ရှိသူ မှန်သမျှကို ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုခွင့် ရှိစေမည်ဖြစ်သည်။
NLD ကိုယ်စားလှယ်က အဆိုပါအစီအမံအတွင်း မဘသကျရောက်နေပြီဟု ပြောဆိုသော်လည်း လူထုထောက်ခံမှု အထိုက်အလျှောက်ရရှိထားပြီး သြဇာကြီးသော ဘုန်းတော်ကြီးအချို့ ဦးဆောင်နေသည့်ဗုဒ္ဓဘာသာ အဖွဲ့အစည်းကို တရားမဝင် လက်နက်ကိုင် အုပ်စုများ၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် တမျိုးတစားတည်းအဖြစ် ထည့်သွင်းသတ်မှတ်ရန်လုပ်ဆောင်ခြင်းသည် သာမန်ထက်ထူးကဲသော ဒေါသကိုဆွပေးသည့် လုပ်ဆောင်မှုတစ်ခု ဖြစ်လာဖွယ်ရှိသည်။ ထို့အပြင်
အမည်တံဆိပ်ပြောင်းခြင်းအားဖြင့် လှည့်ပတ်ရှောင်ကွင်းသွားနိုင်မည့် လွတ်လမ်းရှိနေသောကြောင့် မဘသ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရာတွင်ထိရောက်မည် မဟုတ်ပေ။ ဤအစီရင်ခံစာထုတ်ပြန်သည့်အချိန်အထိ မဘသနှင့် ၎င်း၏ ဝန်းရံသူများသည်၎င်းတို့၏ ဥပဒေပိုင်းဆိုင်ရာ အနေအထားနှင့် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံတို့ကို ကောင်းစွာ နားလည်နိုင်ရန် ကြိုးစားနေခြင်းကြောင့် လှုပ်ရှားမှုအများစုကို ယာယီရပ်ဆိုင်းထားပုံရသော်လည်း ထိုအခြေအနေသည် မဘသရှုံးနိမ့်သွားခြင်းမဟုတ်ပဲ ပြန်လည်စုဖွဲ့နေခြင်းဟုသာ ပိုမိုဖွင့်ဆိုသင့်သည်။
မဘသ သည်၉၆၉ လှုပ်ရှားမှုထက်ဖွဲ့စည်းပုံပိုမိုစနစ်ကျလာသော်လည်း ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ရေးကို တာဝန်ယူရန်သဘောထားတိုက်ဆိုင်သူ ဘုန်းကြီးကျောင်းများ၊ ဘုန်းတော်ကြီးများ၊ သာမန်အရပ်သားများပေါ် အခြေခံထားကာ အခွင့်အာဏာကိုအောက်ခြေအဖွဲ့ များသို့ ကြီးစွာ ခွဲပေးထားသော အဖွဲ့တစ်ခု ဖြစ်သည်။ ထိုသို့ အဖွဲ့အစည်းပုံသဏ္ဍာန် ရှင်းလင်းမှုမရှိခြင်းကြောင့် ပိတ်ပင် တားမြစ်မှုများ အာဏာ သက်ရောက်ရန် ခက်ခဲသွားစေသည်။ ရန်ကုန်၊ အင်းစိန်ရွာမဘုန်းတော်ကြီးကျောင်းအတွင်း အခြေစိုက်ထားသော ဗဟို ကော်မတီသည် ဒေသဆိုင်ရာ အသင်းခွဲများနှင့် တစ်ဦးချင်း အဖွဲ့ဝင်များအပေါ် အခွင့်အာဏာ အကန့်အသတ်နှင့်သာရှိသည်။ လူသိများ ထင်ရှားသော အရှင်ဝီရသူကဲ့သို့ ဘုန်းတော်ကြီး များမှာ မန်နေဂျာကဲ့သို့သောအမြင်အားဖြင့် အဆင့်မမြင့်သည့် နေရာများကို ရယူထား သည်။*91 လက်ရှိတွင်မဘသအသင်းခွဲ ၈ ခုမှာ လှုပ်ရှားမှုအများဆုံးဖြစ်သည်။92 အသင်းခွဲ တစ်ခုစီတွင်များသောအားဖြင့် လူသိများသော ဘုန်းကြီးကျောင်း၊ လူသိများသော ဘုန်းတော်ကြီးအမြောက်အများနှင့် သီလရှင်များ၊ သာမန်အမျိုးသမီးများပါဝင်သော လက်အောက်ခံအမျိုးသမီးအသင်းစသည်တို့ ပါဝင်လေ့ရှိသည်။ ၎င်းတို့သည် အခြားအမျိုးသားရေးအုပ်စုများနှင့်အပြန်အလှန်ဆက်ဆံရေးရှိကြသည်။
မဘသသည် အသင်းခွဲများနှင့်အသေးစားဒေသန္တရရုံးခွဲများရှိသော်လည်း အားလုံးနှင့်ဆိုင်သော စာရင်းကိုင်စနစ် မရှိပဲ ရန်ပုံငွေများကို ဘုန်းကြီး ကျောင်း တစ်ကျောင်းချင်းနှင့်ဘုန်းကြီးတစ်ပါးချင်းစီက ကိုင်တွယ်နေကြသည်။*93 အသင်းရန်ပုံငွေ တောင့်တင်းသည်ဟူသော အချက်ကို
မဘသက ငြင်းဆိုထားသည်။*94 မဘသသည်တရားဝင်အသင်းသားဝင်ခွင့်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကိုအသုံးပြုထားသော်လည်း နေရာအများစုတွင် ထိုစည်းကမ်းကိုထိန်းသိမ်းခြင်းမပြုကြသည့်အပြင် ဗဟိုစုစည်းမှုစနစ်ဖြင့် အဆင့်ဆင့် ဆောင်ရွက်မှုအစား အသင်းသားများ ဖုန်းဆက်သွယ်မှုကွန်ရက်ဖြင့်လုပ်ဆောင်လျက်ရှိသည်။*95
မဘသသည် အခြားဗုဒ္ဓဘာသာ အမျိုးသားရေးလှုပ်ရှားမှုများကိုလည်း မကြာခဏကူညီခဲ့သည်။ သံဃာ့မဟာနာယကအဖွဲ့၏ ပိတ်ပင်မှုအပြီးတွင် မဘသနှင့် အမည်ပြောင်း ဗုဒ္ဓဓမ္မရက္ခိတဖောင်ဒေးရှင်းတို့သည် ၉၆၉ လှုပ်ရှားမှု၊ ဓမ္မဝံသာနုရက္ခိတနှင့် မျိုးချစ်လူငယ်အုပ်စုအမျိုးမျိုးတို့အပါအဝင် အမျိုးသားရေးအုပ်စုများ၏ ညွှန့်ပေါင်းမဟာမိတ် သို့မဟုတ် ပင်မအဖွဲ့အစည်းအဖြစ်သူ့ကိုယ်သူ သတ်မှတ်ခံယူခဲ့သည်။*96 မဘသသည်ယခုအချိန်အထိသြဇာရှိနေသေးသော်လည်း အခြားအမျိုးသားရေးအုပ်စုများအပေါ် ထိန်းချုပ်နိုင်မှုသည် အကန့်အသတ်ရှိပြီး ပုဂ္ဂိုလ်ရေးဆက်ဆံမှုများအပေါ် များစွာမူတည်နေသည်။ တစ်ဖက်က လူမှုရေး၊ ဘာသာရေးနှင့် အခြားတစ်ဖက်က ပါတီနိုင်ငံရေးအကြားစည်းများ ရောထွေးကုန်ခြင်းကိုစိုးရိမ်ပူပန်နေကြသော မဘသအဖွဲ့ဝင်များအကြား အငြင်းပွားစရာဖြစ်နေသည့် တိုင်းရင်းသား ၁၃၅ မျိုး ညီညွတ်ရေးပါတီထွက်ပေါ်လာမှုတွင်ထိုအချက်အထူးသဖြင့်မှန်ကန်ဖွယ်ရှိသည်။*97 လာမည့် အနာဂတ်ရွေးကောက်ပွဲများတွင် မဘသဘုန်းတော်ကြီးများသည် ၂၀၁၅ခုနှစ်ကကဲ့သို့ပင် အမျိုးသားရေးကို အားပေးဖွယ်ရှိသည့် မည်သည့် နိုင်ငံရေးပါတီကိုမဆိုထောက်ခံကြပေလိမ့်မည်။ မဘသက တိုင်းရင်းသား ၁၃၅ မျိုး ညီညွတ်ရေးပါတီကို ပံ့ပိုးအားပေးမည်ဆိုသည့်အချက်ကို သေချာပေါက်ဟု မပြောနိုင်သော်လည်း ထိုပါတီကိုNLD ကဖိအားပေးရန်၊ မမျှမတ ကိုင်တွယ်ရန်ကြိုးစားသည်ဟူသော ယူဆမှုမှန်သမျှအပေါ် မဘသကအခွင့်ကောင်းယူကာ အားကောင်းသော နိုင်ငံရေးအရ ရှုမြင်မှုတစ်ခုအဖြစ် ပြောဆိုရေးသားလာလိမ့်မည်ဖြစ်သည်။
[*94 မဘသညီလာခံ၊ ရန်ကုန်တွင်အရှင်ဝီရသူ၏ ထုတ်ပြန်ကြေညာချက်၊ ၂၀၁၇ မေလ။95 Crisis Group က မဘသ ခေါင်းဆောင်နှင့်အဖွဲ့ဝင်များစွာကိုတွေ့ ဆုံမေးမြန်းခြင်း၊ ၂၀၁၇ ဖေဖေါ်ဝါရီ-ဇွန်*96 မဘသ အမျိုးသမီး အဖွဲ့ ခွဲမှအဖွဲ့ ဝင်က စစ်ကိုင်းမှသီလရှင်များကိုရှင်းလင်းတင်ပြခြင်း၊ ၂၀၁၇ ဇွန်လ။*97 Crisis Group က အဆင့်မြင့်တာဝန်ယူထားသည့်အမျိုးသမီးများ၏ မဘသဌာနခွဲ၏ အဖွဲ့ဝင်(အောက်ပိုင်းဌာနခွဲ) ကို တွေ့ ဆုံမေး မြန်းခြင်း၊ ၂၀၁၇ ဇွန်လ][၂၀၁၇ ခုနှစ် စက်တင်ဘာ၅ရက်နေ့က ထုတ်ဝေသော International Crisis Group ရဲ့ အစီရင်ခံစာ "Buddhism and State Power in Myanmar" ကို အခန်းဆက်အဖြစ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။]
အစီရင်ခံစာအား ရယူရန် - https://tinyurl.com/y7y3cdhb
TAG: Article, ICG, Report
မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့်အစိုးရ အာဏာစက်
ဇွန်လ ၂၈ရက် ၂၀၂၀ခုနှစ် |International Crisis Group
နိုင်ငံတကာမီဒိယာများက မဘသကို နိုင်ငံရေးနှင့်ဆိုင်သော အဖွဲ့ တစ်ခုအဖြစ်ပုံဖော်နေသည့် သဘောရှိသော်လည်း အဖွဲ့ ဝင်များနှင့် ထောက်ခံသူအများအပြားကပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍရှိနေသည်ဟု ရှုမြင်ကြသည်။ ၎င်းမှာ အထူးသဖြင့်နိုင်ငံရေးကို ရှောင်ကြဉ်ရန် မွေးမြူခြင်းခံလာရသော အမျိုးသမီးများကြားတွင်မှန်ကန်ပါသည်။*98 ယနေ့အချိန်တွင် မဘ သ၏ အလုပ်အကြောင်းမေးမြန်းပါကအဖွဲ့ဝင်များသည် ‘ဗုဒ္ဓဘာသာကို မြှင့်တင်ရေးနှင့် ကာ ကွယ်ရေး’ အတွက်လုပ်ဆောင်နေသော လှုပ်ရှားမှုအများအပြားကိုမီးမောင်းထိုးပြလေ့ရှိကြ သည်ကိုတွေ့ရပြီးထိုသို့ဖြင့်အဖွဲ့ အစည်းအပေါ် အောက်ခြေလူတန်းစားများ၏ ထောက်ခံမှုပိုရလာစေသည်။99
အားလုံးတုူညီစွာ နားလည်ထားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုတန်ဖိုးကိုမြှင့်တင်ပေးခြင်း။ ၎င်းတို့မှာ ဗုဒ္ဓဘာသာ၏ ကိုယ်ကျင့်တရားဆိုင်ရာ ယုံကြည်ချက်များမှမြစ်ဖျားခံလာသည်ဟုနားလည်ထားကြသည်။၎င်းတို့ကိုထိန်းသိမ်းခြင်းသည်လူ့အသိုင်းအဝိုင်း၏ လူမှုရေးနှင့်ဘာသာရေးဆိုင်ရာ သန်စွမ်းမှုအတွက် အရေးပါလှသည်ဟု ရှုမြင်ကြသည်။ လူ့အဖွဲ့အစည်း အတွင်းမှ လူများကိုအဆိုပါတူညီစွာ နားလည်ထားသော တန်ဖိုးများကိုသိနားလည်လာစေခြင်းအားမတူသောတိုင်းရင်းသား များ သို့မဟုတ်ဘာသာဗေဒနောက်ခံမတူသူများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို သေချာစေသည်ဟု ရှုမြင်ကြသည်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသေ နိုင်ငံတွင်ပြည်သူ့နီတိပညာပေးလုပ်ငန်းကိုမလုပ်ဆောင်နိုင်ပါက ဘုန်းတော်ကြီးကျောင်းများက ဝင်ရောက်လုပ်ကိုင်ပေးနိုင်ပါသည်။ မဘသကို မထောက်ခံသူအများစုက အမုန်းစကားများ၊ မတူကွဲပြားမှုကို လက်မခံခြင်းများနှင့်ပဋိပက္ခများကိုပြန့်ပွားစေသည်ဟုကျယ်ကျယ်ပြန့်ပြန့်ရှုမြင်နေကြချိန်တွင် ၎င်းကိုထောက်ခံသူလူထုကြီးက အဖွဲ့ ကြီးတည်ရှိနေခြင်းသည် လူပေါင်းစုံနေထိုင်ကြသောရပ်ရွာအသိုင်းအဝိုင်း၌ ငြိမ်းချမ်းရေးကိုမြှင့်တင်ပေးသည်ဟုယုံကြည်နေကြခြင်းအတွက်အထက်ကဆိုခဲ့သောအချက်များက အဖွဲ့ အပေါ် ဘာကြောင့်ယုံကြည်ရသည်ကိုရှင်းပြသည့်နှယ်ဖြစ်သည်။*100
လူမှုရေးအရ အခက်အခဲကြုံရချိန်တွင်အကူအညီတောင်း၍ရမည့်အဖွဲ့ အဖြစ်ဖြည့်ဆီးပေးခြင်း။ သမိုင်းကြောင်းအရ ဘုန်းတော်ကြီးကျောင်းများသည်ဤအခန်းကဏ္ဍကိုလုပ်ဆောင်ရာ ဆင်းရဲသူများ၊
နာမကျန်းသူများနှင့် အသက်ကြီးသူများကို အစားအသောက်နှင့်ကျန်းမာ ရေးစောင့်ရှောက်မှုများပေးသည်။ ဘုန်းတော်ကြီးကျောင်းအများစုသည်ဘာသာရေးဆိုင်ရာ အယူအဆများနှင့်ဆိုင်သော လှုုပ်ရှားမှုများကိုချည်းသာ သက်သက် လုပ်ဆောင်ကြသည် မဟုတ်ပေ။၎င်းတို့သည်တခါတရံ ငွေကြေးထောက်ပံ့မှုကြီးစွာ ပြတ်လပ် သွားသည့်အချိန်များကိုလည်း ကြုံကြရသည်။*101မဘသက ထင်ထင်ရှားရှား ထွက်ပေါ်လာသည့်အခါ အဖွဲ့ဝင်ဘုန်းတော်ကြီးများသည် ၎င်းတို့၏ လုပ်နေကျ ဘုန်းတော်ကြီးကျောင်းများ၏ လူမှုရေးလုပ်ငန်းများကို မဘသနဖူးစည်းအောက်တွင်တိုး၍ လုပ်ဆောင်လာခဲ့ကြသည်။102
ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ။ ဤလုပ်ငန်းသည်မြန်မာ နိုင်ငံတွင်မဘသ၏ပင်မဦးတည်သော အလုပ်ဖြစ်ပြီး ၎င်းကို နိုင်ငံတကာဗုဒ္ဓဘာသာ အချိတ်အဆက်များ တည်ဆောက်ရေးအတွက်နည်းလမ်းတစ်ခုအဖြစ်အသုံးပြုသည်။*103 မဘသအဖွဲ့ ဝင်များက ညွှန်းဆိုလေ့ရှိသည်မှာ ၂၀ဝ၈ ခုနှစ်ဆိုက်ကလုံးနာဂစ်အပြီးတွင်ခရစ်ယာန်အဖွဲ့ အစည်းများက ရပ်ရွာလူထုကိုအကူအညီများပေးကြပုံဖြစ်ပြီး ဘာသာပြောင်းလာရန်ဆွယ်သည့်နည်းလမ်းဟု၎င်းတို့က ရှုမြင်ကြသည်။ ခရစ်ယာန်အကူအညီများသည်အရေးပေါ် လိုအပ်ချက်ထက်စာလျှင် ရေရှည်ပြန်လည် ထူထောင်ရေးအတွက် ပေးခြင်းဖြစ်ရာ ထိုအချက်က သက်ရောက်မှုတွင်လည်း ရေရှည်ဖြစ်ပေါ်စေသည်ဟု၎င်းတို့ကဆိုပါသည်။ ထိုနည်းလမ်းကိုမဘသကလည်း အတုယူရန်ရည်ရွယ်သည်။*104 မဘသသည်မြန်မာနိုင်ငံအထက်ပိုင်းတွင်၂၀၁၅ ခုနှစ်ရေကြီးခဲ့စဉ်က ဒဏ်ခံခဲ့ရသော ရပ်ရွာလူထုကို အရေးပါသော ပံ့ပိုးမှုများပေးခဲ့ရာ အဖွဲ့ ဝင်များကျယ်ပြန့်စွာ ရှိနေသည့် အခွင့်အလမ်းကို ကောင်းစွာအသုံးချ၍ အကူအညီ လိုအပ်နေသော ပြည်သူများကို လျင်မြန်စွာ ဖော်ထုတ်စေခြင်းနှင့်ရန်ပုံငွေရှာဖွေခြင်းများကို လုပ်ဆောင်နိုင်ခဲ့သည့်ပြင် လူသိများသော ဆရာတော်များ ကိုယ်တိုင် ဘေးဒဏ်သင့်နယ်မြေများသို့ ကွင်းဆင်း၍ အကူအညီများပေးခဲ့ခြင်းဖြင့် မဘသကို သိသိသာသာပင် မြင်သာထင်သာရှိစေခဲ့သည်။*105 မဘသဘုန်းတော်ကြီးများသည်၂၀၁၆ ခုနှစ်မြေငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့်ပုဂံမှရာပေါင်းများစွာသော ရှေးဟောင်း ဘုရားများ ပြန်လည်ပြင်ဆင်ရန်ရန်ပုံငွေ
ရှာဖွေရာတွင်လည်း ထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။*106
ပညာရေး။ မြန်မာနိုင်ငံတွင်ဘုန်းတော်ကြီးများနှင့် သီလရှင်များသည်ကာလ ကြာရှည်ကပင် အခွင့်အလမ်း မရရှာကြသူ လူငယ်များနှင့်ကျေးလက်မှလူငယ်များအတွက်ပညာရေးကို ဖြည့်ဆီးပေးနေသည်။ ဘုန်းတော်ကြီးကျောင်း ပညာရေးသည် ကိုလိုနီခေတ်က စံထားရသည့် ပညာရေးဖြစ်ကာ မြန်မာဗုဒ္ဓဘာသာအများစု ဝမ်းနည်းသည့် အချက်မှာအစိုးရ၏ ကိုးကွယ်သည့်ဘာသာပေါင်းစုံတက်ရောက်နိုင်သည့်ကျောင်းများဖွင့်လာခြင်းသည်ငယ်ရွယ်သော မျိုးဆက်လူငယ်များအနေဖြင့် ပါဠိကို နားလည်သည့် အဆင့်အတော်နိမ့်လာသည့်အချက်ဖြစ်သည်ဟုဆိုကြသည်။107 ပညာရေးသည်မဘသ၏ အထင်ရှားဆုံးလှုပ်ရှားမှုတစ်ခုဖြစ်ပြီး၊ အထူးသဖြင့် ၂၀၁၂ ခုနှစ်က စတင်ခဲ့သော ဓမ္မစကူးလ်ဖောင်ဒေးရှင်းဖြစ်သည်။ ၎င်းသည်နိုင်ငံအဝှမ်း ဗုဒ္ဓဘာသာတနင်္ဂနွေကျောင်းများ (ဓမ္မစကူးလ်များ) အဖြစ်ကြီးမားသည့်ကွန်ရက်ဖြင့်လုပ်ဆောင်သည်။ ဓမ္မစကူးလ်များမှဆရာအတော်များများသည်မဘသအဖွဲ့ ဝင်များဖြစ်ကာ အထူးသဖြင့်မဘသအဖွဲ့ ဝင်အမျိုးသမီးများဖြစ်ကြသည်။*108 မဘသသည် လှည်ကူးမြို့နယ်(ရန်ကုန်တိုင်းဒေသကြီး)တွင်အထက်တန်း ကျောင်းတစ်ကျောင်းကို တာဝန်ယူဖွင့်လှစ်ထား၍ ၂၀၁၆ နှစ်လယ်တွင်ဆောက်ခဲ့ရာ ကျောင်းသား ၂၀ဝ ကျော်တက်နိုင်သည်။ ထိုကျောင်းသည်သတ်မှတ်ထားသည့် အထက်တန်းကျောင်း သင်ရိုးကိုသင်သည့်အပြင်ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်ပြည်သူ့နီတိအစီအစဉ်များကို ဘုန်းတော်ကြီးများကသင်ကြားပေးသည်။ ထိုသို့သော ဒုတိယမြောက် ကျောင်းကိုမန္တလေးအနီးတွင်ဖွင့်လှစ်ရန်လုပ်ဆောင်နေသည်ဟုသတင်းရရှိသည်။*109
အငြင်းပွားမှု ဖြေရှင်းခြင်းများနှင့် “အမျိုးသမီးများ၏ ရပိုင်ခွင့်များ” ။ ဘုန်းတော်ကြီးများသည်၎င်းတို့၏ မြင့်မားသော အကျင့်သိက္ခာကြောင့်ရရှိထားသော အခွင့်အာဏာကိုအသုံးပြု၍ အငြင်းပွားမှုများကိုဖြေရှင်းပေးခြင်းနှင့်၎င်းတို့၏ ရပ်ရွာလူထုအတွင်း သဟဇာတဖြစ်မှုကို မြှင့်တင်ပေးသည်။ မဘသသည် ရပ်ရွာလူထု အကျိုးပြုလုပ်ငန်းများတွင် မိမိဘက်မှစပြီး တက်ကြွစွာ လုပ်ဆောင်သည့်ကိစ္စရပ်တစ်ခုအနေဖြင့်“ အမျိုးသမီးများကိုအကာအကွယ်ပေးရန်” နိုင်ငံအဝှမ်း ခရီးများထွက်၍
ရပ်ရွာလူထုထံ အရောက်သွားခြင်းကို အလေးထား လုပ်ဆောင်သည်။*110 အထူးသဖြင့်အထက်မြန်မာနိုင်ငံတဝှမ်းတွင်ရပ်ရွာလူထုအဆင့်၌ အမျိုးသမီးများသည် ကျေးရွာများမှ အမျိုးသမီးများကို ၎င်းတို့၏ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ရပိုင်ခွင့်များနှင့် ၎င်းတို့၏ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုကို လက်တွေ့ ကျင့်သုံးပိုင်ခွင့်များအကြောင်း သိရှိအောင် လုပ်ဆောင်ရာတွင် တက်ကြွစွာ ပါဝင်ကြသည်။*111 ထိုသို့လုပ်ဆောင် နေစဉ်အတွင်း မူဆလင်ဆန့်ကျင်ရေးစိတ်ဓါတ်များပြန့်နှံ့ အောင်လုပ်နိုင်သည်ဟုရှုမြင်နိုင်သော်လည်း၊ ရပ်ရွာအတွင်း အရောက်လှမ်း၍ အသိပညာပေးများလုပ်ဆောင်နေသော သီလရှင်များနှင့်လူဝတ်ကြောင် အမျိုးသမီးများက ပြောကြားရာတွင် အသိပညာပေးမှုများသည်အမျိုးသမီးများ၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ကိုပြောကြားပေးခြင်းဖြစ်ပြီး အထူးသဖြင့်သူတို့လက်ထပ်မည့်သူများနှင့်မိမိတို့ကိုးကွယ်သည့် ဘာသာကို မည်သို့ကျင့်သုံးမည်တို့ကို သိနားလည်အောင်လုပ်ပေးသည်ဟုဆိုကြသည်။ ထိုသို့ ပြောဆိုနေစဉ်အတွင်း မူဆလင်ဆန့်ကျင်ရေး အပြောအဆိုများဘက်သို့ တဖြည်းဖြည်းရောက်သွားနိုင်သော်လည်း အများစုကိုင်စွဲထားသော ယုံကြည်မှုတစ်ခု၊ အထူးသဖြင့် အမျိုးသားရေး ဝါဒီများ၏ အသိုင်းအဝိုင်းတွင် မူဆလင် အမျိုးသားများသည်ဇနီးတစ်ဦးထက်ကိုယူနိုင်မှုကိုကိုင်စွဲလျက်၎င်းတို့၏ဗုဒ္ဓဘာသာဇနီးများကိုအတင်းအကြပ်ဘာသာပြောင်းရန်ပြောရာ၌ မပြောင်းပါက မူဆလင်ဓလေ့ထုံးတမ်းအရ အမွေဆက်ခံနိုင်ရန် မူဆလင်ဇနီးတစ်ဦးထပ်ယူမည်ဟု ခြိမ်းခြောက်လေ့ရှိသည်ဟူသော ယုံကြည်မှုကလည်း ရှိနေပြန်သည်။*112 သို့သော် မဘသအဖွဲ့ဝင် အမျိုးသမီးများက အထောက်အထားအဖြစ် ကိုလိုနီခေတ်က ထင်ရှားသော ဗုဒ္ဓဘာသာများက ဇနီးတစ်ယောက်ထက်ပိုယူခွင့်ကိုကိုးကားပြောဆိုကြကာ ဥပဒေများက ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းအတွင်း အမျိုးသမီးများ၏ တိုးတက်မှုနှင့် တန်းတူညီမျှမှုကို အကာအကွယ်ပေးရန်ရေးဆွဲထားခြင်းဖြစ်သည်ဟုဆိုသည်။ သီလရှင်များအပါအဝင်အမျိုးသမီးမဘသအဖွဲ့ဝင်များက မဘသသို့ ဝင်ရောက်ရခြင်းမှာ အထူးသဖြင့် ကျား/မတန်းတူညီမျှရေးကိုအခြေခံ၍ အမျိုးသမီးအခွင့်အရေးများကို အရေးဆိုနေခြင်းအပေါ် နှစ်သက်၍ဟု ဆိုကြကာ သီလရှင်များကလည်း အမျိုးသမီးများကို
အကာအကွယ်ပေးရေးမှာ ၎င်းတို့၏ သာသနာရေး တာဝန်၏ အစိတ်အပိုင်းဖြစ်သည်ဟု ရှုမြင်ကြသည်။*113
ဥပဒေပိုင်းဆိုင်ရာ အကူအညီများ။ မဘသနှင့်ချိတ်ဆက်ထားသော ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ သည်မျိုးစောင့်ဥပဒေများတွင်ထည့်ဝင်မှုများပေးခဲ့ကာ သံဃာ့နာယကအဖွဲ့ ၏ဆုံးဖြတ်ချက်အပေါ် သုံးသပ်မှုများပြုလုပ်ခဲ့သောအဖွဲ့ ဖြစ်ပြီး မဘသ၏ အမည်အောက်တွင်ဥပဒေဆိုင်ရာလုပ်ငန်းများ၌ အခကြေးငွေမယူပဲ လုပ်ကိုင်ပေးနေသည်။ အမျိုးသမီးအဖွဲ့ ဝင်များသည်မိသားစုသို့မဟုတ်အလုပ်ဌာနတွင်အစော်ကားခံနေရသော တရာရုံးနည်းလမ်းကို အသုံးမပြုနိုင်သည့် အမျိုးသမီးများကိုဘာသာရေးဆိုင်ရာ လမ်းညွှန်မှုများပံ့ပိုးပေးပြီး ဥပဒေပိုင်းဆိုင်ရာ အကူအညီများလည်းပေးသည်။ ထိုအမှုကိစ္စများကိုရပ်ရွာလူထုက မဘသဘုန်းတော်ကြီးများထံယူဆောင်လာကာ ဘုန်းတော်ကြီးများက အမှု၏သဘာဝကိုကြည့်ကာ အချိန်ပေးနိုင်မည့်သီးခြားအမျိုးသမီးများကိုတာဝန်ပေးပါသည်။ယနေ့တစ်နိုင်ငံလုံးက အလေးပေး စောင့်ကြည့်လာနေသော ဗုဒ္ဓဘာသာ မိန်းကလေးကို တရုတ် စီးပွားရေးသမားက စော်ကားကျူးလွန်သော အမှုမျိုးတွင် အမျိုးသမီး မဘသအဖွဲ့ဝင်များသည်မိန်းကလေးကိုရော သူ၏ မိသားစုကိုပါ လအတန်ကြာနေစရာ ပေးထားပါသည်။ အဖွဲ့ ဝင်များသည်ထိုသို့သော အလုပ်များအတွက်များသောအားဖြင့်ငွေကြေးဆိုင်ရာ ပြန်လည်ရရှိမှုမရှိပဲ ၎င်းတို့ကလည်း ထိုအလုပ်ကိုမဘသကိုပံ့ပိုးသည့်ပုံစံတစ်မျိုးဟုမှတ်ယူကြသည်။*114
ထိုလှုပ်ရှားမှုအားလုံးသည်လူ့အသိုင်းအဝိုင်းအတွင်းတွင်ဗုဒ္ဓဘာသာ၏ အလေ့အထကောင်းဟု ရှုမြင်မှုကို ရရှိစေသကဲ့သို့ အများဆုံးလိုအပ်နေသော ရပ်ရွာဝန်ဆောင်မှုများ၊ မြင်သာထင်သာအကူအညီများတို့ကိုပေးသည်ဟုူသော သက်ရောက်မှုများရရှိစေသည်။ ထိုအခန်းကဏ္ဍနှစ်ခုစလုံးသည်မဘသနှင့်၎င်း၏အစီအစဉ်များအပေါ် ကောင်းမွန်သောထင်မြင်ယူဆမှုများနှင့်ထောက်ခံမှုများကိုဆက်လက်ရရှိစေသည်။
နိုင်ငံတကာနှင့် ပြည်တွင်းမှ အချို့ သော သရုပ်ခွဲသုံးသပ်သူများက မဘသကိုအခြေခံအားဖြင့် တဖက်စွန်းကျသော အမျိုးသားရေး၊ မိမိယုံကြည်ကိုးကွယ်မှုက အခြားယုံကြည်မှုများကိုလွှမ်းမိုးရေးနှင့်အမျိုးသမီးများကို
မယုံကြည်မှုကို အခြေခံသည့်အစီအစဉ်များကို လုပ်ဆောင်နေ သည့် နိုင်ငံရေးနှင့်ဆိုင်သော အဖွဲ့ တစ်ခုအဖြစ်ပုံဖော်ကြသည်။ အဖွဲ့ သည်လူမှုရေးဆိုင်ရာ လုပ်ငန်းများကို ဦးတည်လုပ်ဆောင်သည့် ‘ကိုးကွယ်သည့်ဘာသာအတွက် သာသနာပြုသည့် အဖွဲ့’ဟု မဘသက ရှင်းပြခြင်းများသည် ၎င်း၏ အဖွဲ့ဝင်များအပေါ် ဝေဖန်မှုများအတွက် အကာ အကွယ်ပေးရန် ကြိုးစားခြင်းသာဖြစ်ပြီး ၎င်း၏ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှု များမှာအစွန်းရောက်အမျိုးသားရေးအမြင်များအား ဝါဒဖြန့်မှုကို ကာကွယ်ရန် မျက်နှာဖုံးတပ်ထားခြင်းသာဖြစ်သည်ဟုရှုမြင်ကြသည်။
ထိုအချက်မှာ အချို့ သော အဖွဲ့ အစည်းခေါင်းဆောင်များနှင့် အချို့ သော ဝင်ရောက်ဆောင်ရွက်မှုများအတွက် မှန်ကန်သော်လည်း အောက်ခြေလူတန်းစားများ၏ အဖွဲ့ အပေါ်ကြီးမားသော ထောက်ခံမှုဘာကြောင့်ရနေသလဲ ဆိုသည်ကို ရှင်းမပြနိုင်ပေ။ အဆိုပါဆန်းစစ်မှုများသည်တခါတရံ မဘသကို ထောက်ခံသူများ၊ အထူးသဖြင့် မဘသ၏ လူမှုရေးလုပ်ငန်းများတွင် ဦးစားပေးထားကာ ဝိုင်းဝန်းလုပ်ကိုင်ပေးကြသည့် အမျိုးသမီးများ၏ လုပ်ဆောင်နိုင်စွမ်းရည်ကိုလစ်လျူရှုလေ့ရှိသည်။ ဘာသာရေး၊ လူမှုရေး သို့မဟုတ်နိုင်ငံရေးနှင့်ဆိုင်သော အချို့ကိစ္စရပ်များတွင် ကိစ္စရပ်တစ်ခုချင်းတိုးတက်မှုရှိရန် မဘသက ယာဉ်တစ်စီးသဖွယ် မည်သို့ကူညီလုပ်ဆောင်ပေးနေသည်ကို နားလည်ရန်အတွက် အမျိုးသမီးများသည် သူတို့၏ရပ်ရွာအတွက် ထည့်ဝင်မှုများပေးကြရာဝယ် ဒေသခံအရပ်ဖက်အဖွဲ့ အစည်းများ သို့မဟုတ်အန်ဂျီအိုများတွင်ပါဝင်ခြင်းထက်စာလျှင်မဘသတွင်ပါဝင်လုပ်ဆောင်ရသည်မှာ ပို၍ဖြစ်နိုင်သည်ဟုဘာကြောင့်ခံစားကြရသည်ကိုအရင်နားလည်အောင်လုပ်ရန်လိုအပ်သည်။ ထိုသို့သောကိစ္စမျိုးကို နားလည်ခြင်းက မဘသ၏ ပို၍အစွန်းရောက်ပြီး၊ အနုတ်လက္ခဏာ ဆောင်သောလှုပ်ရှားမှုနှင့် သက်ရောက်မှုတို့ကို ကိုင်တွယ်နိုင်ရန် ပိုမိုထိရောက်သော မူဝါဒနည်းလမ်းများရလာနိုင်သည်။
မဘသတွင် ပါဝင်ပတ်သက်နေကြသော သီလရှင်များနှင့် သာမန်အမျိုးသမီးများက၎င်းတို့လုပ်ကိုင်နေသည်များသည်တိုင်းပြည်တလွှားမှ အမျိုးသမီးများ၏ အခြေအနေကို တိုးတက်စေသည်ဟုရှုမြင်ကြသည်။*115 ထိုသို့ထောက်ခံသူများကိုပညာတတ်မဟုတ်သူ၊ ကျေးရွာမှ အမျိုးသမီးများကိုလည်း ကန့်သတ်ထားခြင်း မပြုသည့်ပြင် တိုင်းပြည်တွင် လေးစားလောက်သည့် သီလရှင်ကျောင်းများမှ သီလရှင်များ၊ အများလေးစားသည့်အမျိုးသမီးများ၊ ဘာသာရေးစာပေ ပညာရှင်များ၊ သာမန်ရှေ့ နေများ၊ ကျောင်းဆရာများနှင့်ဆရာဝန်များလည်း ပါဝင်ကြသည်။ အများစုမှာ အသက်၅၀ တန်းများ ဖြစ်သော်လည်း ဘွဲ့ရပြီးစ၊
အမျိုးသမီး အခွင့်အရေး ဖော်ထုတ်နေသူ သာမန်အမျိုးသမီးများ၊ အသက် ၂၀နောက်ပိုင်းနှင့် ၃၀ ကျော်စ သီလရှင်များကဲ့သို့ တက်ကြွသည့် ကေဒါများလည်းပါဝင်ကြသည်။*116
မဘသ မှတဆင့်၎င်းတို့၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ကြိုးပမ်းမှုများ၏ အကြောင်းရင်းတစိတ်တပိုင်းမှာ အနည်းဆုံးတော့ မဘသသည်၎င်း၏ ဘာသာရေးအရ ဘောင်ဝင်နေမှု၊ အများနှစ်သက်ထောက်ခံပံ့ပိုးမှုနှင့် နိုင်ငံအဝှမ်းကျယ်ပြန့်သေ ာကွန်ရက်များနှင့်အတူ သာမန်နှင့်မတုူသော စွမ်းအားရှိသည့် ပလက်ဖောင်းတစ်ခုဖြည့်ဆီးပေးနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဥပမာအားဖြင့်အမျိုးသမီး မဘသအဖွဲ့ ဝင်တစ်ဦးကညွှန်းဆိုရာတွင် သူ့အနေဖြင့် မဘသကို ဝင်ရောက်ရခြင်းမှာ သူသည် ရခိုင်ပြည်နယ်မှကျောင်းများအတွက်ရန်ပုံငွေရှာပေးလိုကြောင်း၊ အဖွဲ့ က ပျော်ပျော်ကြီးပင်သူ့ကိုဘာသာရေးဟောပြောပွဲများလုပ်ရန်ပလက်ဖောင်းတစ်ခုဖြည့်ဆီးပေးသောကြောင့်သူသည်သုံးရက်အတွင်း ဒေါ်လာ ရာဂဏန်းအတော်များများ ရှာဖွေနိုင်ခဲ့သည်ဟုဆိုသည်။ ထို့ကြောင့်ပင် သူသည်မဘသတွင် နက်နက်ရှိုင်းရှိုင်းပါဝင်ခဲ့သည်ဟုဆိုသည်။ ယခင်က သူသည်NLD ကိုအားကောင်းစွာ ထောက်ခံသည့် အဖွဲ့ ဝင်ဖြစ်ခဲ့သော်လည်း မဘသသည်NLD ထက်သူ့ရပ်ရွာလူထုကို ပံ့ပိုးကူညီရန်အခွင့်အလမ်းများပိုပေးသည်ဟုသုံးသပ်ပြောဆိုခဲ့သည်။*117
Crisis Group က မဘသ၏ အဖွဲ့ဝင်အရေအတွက်အတော်များများ၊ ထောက်ခံသူသာမန်လူများနှင့်ဆွေးနွေးချက်များက ပြောပြနေသည်မှာ ထိုအုပ်စုများက မဘသကိုအားကောင်းစွာ ထောက်ခံလာရန်ဆွဲဆောင်နေသော အကြောင်းရင်းအချို့ ကို ဖြစ်သည်-
မဘသသည်ရပ်ရွာလူထု၏ လိုအပ်ချက်များ၊ အထူးသဖြင့်တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်ပြီးကိုပံ့ပိုးကူညီရာတွင်ကြီးစွာထိရောက်မှုရှိသည်ဟုအများက လက်ခံယူဆထားကြသည်။ နိုင်ငံအဝှမ်းမှ ရပ်ရွာလူထုသည်တရားစီရင်ရေး၏ အဆင့်ဆင့်သော စနစ်များကို ထိထိရောက်ရောက်အသုံးမပြုနိုင်ကြသေးပေ။ ဤနေရာတွင်တရားစီရင်ရေးစနစ်အတွက်မဘသနှင့်အားကောင်းသော မဟာမိတ်ပြုထားကြရသည်။*118
အမျိုးသမီးအများအပြားက ပြောကြားကြရာတွင်အမျိုးသမီးများ၏ အဆင့်အတန်းမြင့်မားရေးနှင့်တန်းတူညီမျှမှုအတွက်အဆက်မပြတ်ပြောကြားနေမှုများရှိသည့်တိုင် ရိုးရာဓလေ့အရ အသိအမှတ်မပြုခဲ့သော ပြဿနာများကိုမဘသက ကိုင်တွယ်ပေးသည်ဟုဆိုကြသည်။ ဥပမာ အမျိုးသမီးများအပေါ် ကျူးလွန်မှုများသည် ကျယ်ပြန့်စွာ ဖြစ်ပေါ်နေ
ပါသည်။ အမျိုးသမီးထောက်ခံသူများ ခံစားနေရသည်မှာ ၎င်းတို့သည်အိမ်တွင်းမှုကိစ္စများသာ လုပ်ရမည်ဟု ကန့်သတ်ထားသလိုဖြစ်နေခြင်းကြောင့် ဗုဒ္ဓစာပေများ လေ့လာရန်နှင့် ကုသိုလ်ကောင်းမှုလုပ်ဆောင်မှုများအတွက်အချိန်ကိုကန့်သတ်ပေးသလိုဖြစ်ရကြောင်းနှင့် ၎င်းတို့၏ အသိဉာဏ်နှင့်ဘာသာရေးဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်မှုအတွက် နှောင့်နှေးရသည် ဟုခံစားကြရသည်ဟုဆိုကြသည်။ မဘသ၏ လှုပ်ရှားမှုများတွင်ပါဝင်ရခြင်းအားဖြင့် ကုသိုလ်ရသည့်အပြင်မဘသက အမျိုးသမီးများကို လေးစားလာအောင်နှင့်အခန်းကဏ္တစ်ခုရအောင်အရောင်တင်ပေးခြင်းသည်သူတို့၏ အိမ်ထောင်ဖက်များနှင့်ညှိနှိုင်းရာတွင် ပါဝင်ရန် ပိုမိုလွယ်ကူလာစေသည်ဟုဆိုသည်။ ထို့ကြောင့် မဘသကဲ့သို့သောဘာသာရေးအုပ်စုများကိုအမျိုးသမီးများ၏ အခန်းကဏ္ဍများနှင့်ပတ်သက်ပြီး ရှေးရိုးဆန်သော လက္ခဏာများ ဆက်လက်ရှင်သန်အောင်လုပ်ပေးနေသည်ဟုရှုမြင်ကြသည်ဆိုသည့်တိုင်ထိုအဖွဲ့ များသည်အရေးကြီးသော လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင်အမျိုးသမီးများပါဝင်လုပ်ကိုင်လာနိုင်အောင်လမ်းကြောင်းများကိုလည်း ဖြည့်ဆီးပေးနေသည်ကိုကြည့်ကြရမည်ဖြစ်သည်။ ထို့အပြင်အမျိုးသမီးအများအပြားသည်မိန်းမတစ်ဦးထက်ပိုယူခြင်းကို ပိတ်ပင်သည့် ဥပဒေနှင့်ဘာဘာရေးကို ထိန်းသိမ်းသည့် ဥပဒေများကြောင့် စိတ်ပိုင်းဆိုင်ရာ အင်အားကြီးစွာ အထောက်အပံ့ဖြစ်ရပြီး သူတို့၏ စီးပွားရေးအရ ရပိုင်ခွင့်များနှင့်ဘာသာရေးလွတ်လပ်ခွင့်များကိုအကာအကွယ်ပေးသည်ဟုသူတို့က ရှုမြင်ကြသည်(အခန်း III.B ကြည့်) ။ မဘသစတင်ဖွဲ့ စည်းစဉ်က ရှိနေပြီးဖြစ်သည့် မြန်မာနိုင်ငံတလွှားမှအမျိုးမျိုးသော အမျိုးသမီးအုပ်စုများသည်မဘသထံမှအကူအညီပေးရန်ကမ်းလှမ်းမှုရရှိရေးအတွက်ချဉ်းကပ်ခဲ့ကြသည်။ ထိုအုပ်စုများကို ပါဝါကြီးသော သို့မဟုတ်သြဇာကြီးသော ဘုန်းတော်ကြီးများက ဖွဲ့ပေးထားခြင်းမဟုတ်ပဲ ၎င်းတို့ကိုယ်၌က မဘသ၏ သတင်းစကားများနှင့် ရည်ရွယ်ချက်များကိုထောက်ခံခြင်း သို့မဟုတ်မဘသနှင့် အလုပ်လုပ်ခြင်းသည်၎င်းတို့၏ ရည်ရွယ်ချက်ပြည့်မြောက်ရန်အထောက်အကူပြုလိမ့်မည်ဟုခံစားရခြင်းကြောင့်ဖြစ်သည်။၎င်းတို့က ပြောကြားရာတွင်၎င်းတို့သည်လုပ်ဆောင်မည့်လှုပ်ရှားမှုများကိုမဘသသို့အဆိုပြုခြင်းအပြင်အဖွဲ့ မှတောင်းဆိုမှုများကို တန့်ပြန်ဆောင်ရွက်ပေးသည်ဟုဆိုသည်။ မဘသအဖွဲ့ သည်အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူပြုမူဆက်ဆံခြင်းအတွက်အသိအမှတ်ပြုသည်ဟုသာမန်အမျိုးသမီးများနှင့်သီလရှင်များက ထုတ်ဖော်ပြောဆိုကြသည်။*119
အဖွဲ့ ဝင်များနှင့် ထောက်ခံသူများက မဘသသည်၎င်းတို့၏ စိုးရွံ့ မှုများ၊ အတိအကျဆိုရသော် မူဆလင်များနှင့် ပတ်သက်ပြီး စိုးရွံ့ မှုများကို အလေးအနက်ထား လက်ခံပေးသည်ဟု ယုံကြည်ကြသည်။
အမှန်တကယ်ပင်၊ မြန်မာအများစုကြားတွင်လက်ခံထားကြသည့်အယူအဆတစ်ခုမှာ မူဆလင်များတွင်အကြမ်းဖက်မှုမှာ လက္ခဏာတစ်ခုဖြစ်ကာ ယေဘုယျ အီဗရာဟင်ကိုကိုးကွယ်သောဘာသာတွင်အကြမ်းဖက်သည်ဟုူသောလက္ခဏာများအား စိတ်မသက်မသာ ခံစားကြရခြင်းဖြစ်သည်။ အခြားလက္ခဏာများမှာသီးသန့်ရက်များတွင်နွားသတ်ခြင်းနှင့်လည်းဆိုင်ကာ120 အခြား ဘာသာများအပေါ်နှင့်ဘာသာပြောင်းခြင်းနှင့်ဆိုင်သော အစ္စလာမ်များ၏ အမြင်ကို ကိုရန်မှ ထုတ်နုတ်ထားမှုများဖြစ်အပြင်မဘသကိုထောက်ခံရခြင်းအတွက်ရှင်းပြကြရာ၌ ပုံမှန်ရှုမြင်လေ့ရှိသောလက္ခဏာများလည်း ပါသည်။ သီလရှင်များအပါအဝင်အမျိုးသမီးများက ပြောဆိုရာတွင် ၎င်းတို့သည်ကို ရန်ကိုဖတ်ပြီးဖြစ်ကြောင်း၊ ပါဝင်သော အကြောင်းအရာများမှာ နာကျင်၊စိုးရိမ်ဖွယ်တွေ့ ရှိရကြောင်းဆိုကြသည်။*121 တောင်အာရှနွယ်ဖွားအမျိုးသားများ (‘ကုလား’) ၊ အထူးသဖြင့် မူဆလင်များကို မြန်မာနိုင်ငံတွင်ယဉ်ကျေးမှုအရ မနှစ်သက်သည့်အကြောင်းအရာရှိရာ လိင်ပိုင်းဆိုင်ရာအရ လောဘကြီးကာ၊ ကြမ်းတမ်းရန်လိုသည်ဟု ပုံဖော်ခံကြရကာ မိဘများက ကလေးများကို ခြောက်လှန့်ရန်သရဲဖြင့်ပင်ခိုင်းနှိုင်းခဲ့ကြသည်။*122
ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတွင်မဘသနှင့် ၎င်း၏ အမျိုးသားရေးပြောဆိုရေးသားမှုများကို ထောက်ခံမှုအား ကောင်းသည် မှန်သော်လည်း ခြွင်းချက်မရှိ မှန်သည်ဟုတော့မဆိုလိုပေ။ မဘသကိုထောက်ခံနေသူများသည်အဖွဲ့ ၏ အမြင်များ သို့မဟုတ်လှုပ်ရှားမှုများအားလုံးကိုထောက်ခံရန်တော့မလိုအပ်ပဲ အချို့ သော မဘသလှုပ်ရှားမှုများတွင်လှုပ်ရှားမှု၏ သဘာဝကိုထောက်ခံသည့်တိုင်ဘုန်းတော်ကြီးများ၏ ပါဝင်ပတ်သက်မှုအတွက် စိတ်မသက်မသာ ဖြစ်ကောင်းဖြစ်ရခြင်းများ ရှိနိုင်သည်။123 ထိုအရာက ပြောပြနေသည်မှာ မဘသကို အလိုမတူမှုများ ကျယ်ပြန့်လာသည်သို့မဟုတ်ကြီးထွားလာသည်ဟုရေးသားကြမည့်သုတေသနသို့မဟုတ်စာနယ်ဇင်းများသည်ဂရုပြု၍ အဓိပ္ပါယ်ကောက်သင့်ပါသည်။ အစိုးရ၊ ဘာသာရေးနှင့် ဆိုင်သော အဖွဲ့အစည်းများနှင့် မီဒီယာတို့သည် မဘသ၏ လှုပ်ရှားမှုအချို့ ကိုဝေဖန်မှုနှင့်၎င်း၏ နောက်ကွယ်က လုပ်ငန်းတာဝန်ကိုဝေဖန်မှုတို့ကိုရော၍ ပြောဆိုကြသည့်သဘောကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်လွတ်လပ်စွာ ကိုးကွယ်ခွင့်၊
နိုင်ငံရေးရာများ၌ ဘုန်းတော်ကြီးများ ပါဝင်ပတ်သက်မှုနှင့် ဆိုင်သော အခြေအတင်ငြင်းခုန်မှုများ ကာလကြာရှည်ကပင် ရှိနေပြီး ဘုန်းတော်ကြီးများ၏ အမျိုးသားရေးနှင့် ဆိုင်သော အယူအဆရေးရာများနှင့်ပတ်သက်၍မူမေးခွန်းထုတ်မှုများ နည်းပါးလှသည်။
[၂၀၁၇ ခုနှစ် စက်တင်ဘာ၅ရက်နေ့က ထုတ်ဝေသော International Crisis Group ရဲ့ အစီရင်ခံစာ "Buddhism and State Power in Myanmar" ကို အခန်းဆက်အဖြစ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။]
အစီရင်ခံစာအား ရယူရန် - https://tinyurl.com/y7y3cdhb
TAG: Article, ICG, Report
မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့်အစိုးရ အာဏာစက်
ဇွန်လ ၂၈ရက် ၂၀၂၀ခုနှစ် |International Crisis Group
အထက်တွင်ဆိုခဲ့သကဲ့သို့အချို့ ဒေသဆိုင်ရာ မဘသ၏ အဖွဲ့ ခွဲများသည်မဘသအမည်နှင့် တံဆိပ်ကို ဆက်လက် အသုံးပြုရန်ဆုံးဖြတ်ထားသည့်တိုင်မဘသ၏ နေရာတွင်အစားထိုးရန်အချို့ ဒေသများတွင်အဖွဲ့ သစ်ဖြစ်သော ဗုဒ္ဓ၊ ဓမ္မ၊ ပရဟိတဖောင်ဒေးရှင်းကိုဖွဲ့ စည်းထားပြီးဖြစ်သည်။ သံဃာ့မဟာနာယကအဖွဲ့ ၏ ဆုံးဖြတ်ချက်ကို လက်ခံသည့် အဖွဲ့များသည်ဗုဒ္ဓ၊ ဓမ္မ၊ ပရဟိတဖောင်ဒေးရှင်းကိုအမျိုးသားရေးအဖွဲ့ များအားလုံး၏ မိခင်အဖွဲ့အဖြစ် (သို့ သော်တိုင်းရင်းသား ၁၃၅ မျိုး ညီညွတ်ရေးအဖွဲ့ ကမူ သီးခြားရှိနေသည်)ပြောင်းလဲရပ်တည် ခဲ့ကြသည်။ မဘသနှင့် ၎င်းကို ဆက်ခံသည့် အဖွဲ့ များသည်အများပြည်သူ၏ ကြီးမားသော ထောက်ခံမှုကိုဆက်လက်ရရှိနေဖွယ်ရှိပါသည်။
သံဃာ့မဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်သည် ထိုဗုဒ္ဓဘာသာအမျိုးသားရေးအဖွဲ့ကြီး ပပျောက်သွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သံဃာ့မဟာနာယကအဖွဲ့ ကြီး၏ အခွင့်အာဏာမှာ အငြင်းပွားဖွယ်ဖြစ်ပြီး ၎င်း၏ ရှုမြင်မှုများနှင့်ဆုံးဖြတ်ချက်များသည်မဘသ သို့မဟုတ်မဘသကို ကိုယ်စားပြုသည့် အမည်ပြောင်းထားသည့် အဖွဲ့ ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မည့်ပုံမပေါ်ပေ။ မဘသထောက်ခံသူများနှင့် မြန်မာဗုဒ္ဓဘာသာအများစုက ယေဘုယျအားဖြင့် သံဃာ့မဟာနာယကအဖွဲ့ ကို ဗုဒ္ဓဘာသာစာပေများဖြန့်ဖြူးရာတွင်အရေးကြီးသောအခန်းကဏ္ဍတွင်ရှိနေသည်ဟုရှုမြင်ကြသော်လည်း သမရိုးကျ ဗုဒ္ဓဘာသာဝင်များ၏ လက်တွေ့အလုပ်နှင့်ဘာသာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆီးပေးရန်များစွာလိုနေပါ သေးသည်။*124 ဗုဒ္ဓဘာသာ၏ ယုံကြည်မှုတွင် ဘာသာရေးနှင့်ဆိုင်သော အာဏာပိုင်ဆိုသည် မှာ ဗုဒ္ဓ၏သင်ကြားပေးခဲ့မှုများတွင်ကျွမ်းကျင်စွာ တတ်မြောက်ကာ ရပ်ရွာလူထု၏ ဘဝသာ ယာရေးအစုစု(ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး) ကို စဉ်းစားပေးခြင်းမှ အခြေခံသည်ဟု ယုံကြည် ကြသည်။ ဘာသာရေးနှင့် ဆိုင်သော အာဏာပိုင်ဟူသည် ဥပဒေအရ သံဃာ့မဟာ နာယကအဖွဲ့ သို့အာဏာပိုင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းမျိုးနှင့်မတူပဲ မိမိဘာသာနှင့် မိမိအားထောက်ခံကြသူများကို အားကောင်းအောင် လုပ်ဆောင်ပေးသည့် အလုပ်များမှတဆင့်အဆက်မပြတ်သက်သေပြကာ လေးစားမှုကို တည်ဆောက်ရပါသည်။ ဤနေရာတွင်ပြည်သူအများစုက မဘသနှင့် ၎င်း၏ ဦးဆောင်ဘုန်းတော်ကြီးများကို သံဃာ့မဟာနာယကအဖွဲ့ ထက်စာလျှင်များစွာ ပို၍ဘောင်ဝင်သည်ဟု ရှုမြင်ကြသည်။
မဘသသည်၎င်းအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များကို ဗုဒ္ဓ၊ ဓမ္မ၊ ပရဟိတဖောင် ဒေးရှင်းအမည်သစ်ဖြင့် ပြောင်း၍ နည်းလမ်းရှာ ကျော်လွှားနိုင်ကြောင်းပြသခဲ့ပြီးဖြစ်သည်။ သံဃာ့ မဟာနာယကအဖွဲ့
၏ လုပ်ဆောင်မှုသည်အမျိုးသားရေးဘုန်းတော်ကြီးများ၊ သီလ ရှင်များနှင့်လူပုဂ္ဂိုလ်ထောက်ခံသူများကြား ညှိနှိုင်း၍လူမြင်ကွင်းမှ ဖျောက်နေကြရန်တွန်း အားပေးသလိုဖြစ်သွားနိုင်သည်။ သို့သော်၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများကမူ ရပ်တန့် သွားဖွယ်မမြင်ပေ။ သို့သော် မဘသကိုဆက်လက်ထိန်းသိမ်းထားမည့် အလွတ်သဘော လှုပ်ရှားနေသော ကွန်ရက်များကို ခြေရာခံကြည့်ရန်နှင့် နားလည်ရန်အတန်ခက်ခဲလာနိုင်သည်။
အမှန်တကယ်ပင်သံဃာ့မဟာနာယကအဖွဲ့ ၏ အရေးယူဆောင်ရွက်မှုများသည်အမျိုးသားရေးဝါဒီများနှင့်အာဏာပိုင်တို့ အကြားတွင် အချို့ သော ကိစ္စရပ်များ၌ ထိပ်တိုက်တွေ့လာ နိုင်မှုကို ပိုမို အားပေးသလိုဖြစ်သည်။ ကိစ္စရပ်များတွင် တရားရုံးကြားနာမှုများတွင်လာရောက်ပြီးဆန္ဒပြကာ အကြမ်းဖက်အောင်ဆွပေးသော အမျိုးသားရေးသမားများအားအရေးယူခြင်း (အခန်း III.D တွင်ကြည့်) ၊ နေပြည်တော်တွင်သာသနာရေးဝန်ကြီးအားပစ်မှတ်ထားကာ အစိုးရဆန့်ကျင်ဆန္ဒပြသော အမျိုးသားရေးသမားများကိစ္စ၊*125 မကြာသေးမီက အမျိုးသား ရေးဘုန်းတော်ကြီးများ သပိတ်မှောက်မှုနှင့် နာမည်ကြီးဘုရားများတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများကို အင်အားသုံးပိတ်စေခြင်း၊*126 သံဃာ့မဟာနာယကအဖွဲ့ က တရားဟော ခွင့်ပိတ်ပင်မှုကိုမဘသဦးဆောင် ဘုန်းတော်ကြီး အရှင်ဝီရသူက ဗြောင်ကျကျဆန့်ကျင် ခြင်း*127 ကိစ္စရပ်များပါဝင်သည်။
အကယ်၍ အစိုးရသည်မဘသကို“ မတရားသင်း” အဖြစ်ကြေညာရန်ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့မည်ဆိုပါက တိုင်းပြည်တလွှားတွင်ပြင်းထန်သော (အကြမ်းဖက်မှု) တန်ပြန် ရိုက်ခတ်မှုများရှိလာနိုင်သည်။ လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သော ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ် (DKBA) နှင့်ပင် တိုက်ပွဲများအသစ်တဖန်ပြန်ဖြစ်လာနိုင်သည့်ဘက်သို့ ဦးတည်နိုင်သည်။ DKBAသည် ကရင်ပြည်နယ်မှ မဘသကိုအလွတ်သဘော ထောက်ခံသည့်အဖွဲ့ ဖြစ်ကာ လိုအပ်ပါက ဗုဒ္ဓဘာသာကိုလက်နက်ကိုင်၍ ကာကွယ်မည်ဟု၎င်း၏ ခေါင်းဆောင်များက ကတိပြုထားသည်။*128 ထိုသို့ဆိုပါက ပြင်းထန်သော အကြမ်းဖက်မှုများဖြစ်ရန်အလားအလာရှိသည့် ရုတ်တရက် အခြေအနေပြောင်းသွားနိုင်မည့်ပတ်ဝန်းကျင်အခြေအနေမျိုးကိုဖန်တီးပေးသလိုဖြစ်လိမ့်မည်။
တကယ်တန်းတွင်မဘသအဖွဲ့ ကြီး ကိုယ်၌က အကြီးဆုံးခြိမ်းခြောက်မှုမဟုတ်ပေ။ သို့သော်အမျိုးသားရေး လှုပ်ရှားမှု၏ အားများကို မဘသကိုယ်တိုင်က ယခု မထိန်းချုပ်နိုင် ဖြစ်နေသည့်အခြေအနေမျိုးက တကယ့်ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။ မဘသ၏ လှုပ်ရှားမှုများကို သံဃာ့မဟာနာယကအဖွဲ့ က ကန့်သတ်မှုများပြုနေသည်ဟု လက်ခံလာမည့် သဘောထားမျိုးသည်သဘောထားတင်းမာသူများအား တစ်ခုခုလုပ်ကြရန်အားပေးသလိုဖြစ်လိမ့်မည်။ ၎င်းတို့တစ်ခုခုလုပ်လာပါက မဘသကိုယ်တိုင်က သဘောတူလိမ့် မည်မဟုတ်သော ပိုမိုပြင်းထန်သည့် အကြမ်းဖက်နည်းများ သုံးလာနိုင်ကာ မဘသ ကိုယ်တိုင်ပင် ဝင်၍ ထိန်းချုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။*129
မဘသကို ထောက်ခံသော အောက်ခြေလူတန်းစားများသည်အစိုးရက အားနည်းသည်ဟုယူဆကြသော နယ်မြေများတွင်နေထိုင်ကြသူများဖြစ်သည်။ တိတိပပဆိုရလျှင်အခြေခံကျသော ဝန်ဆောင်မှုပေးသည့် နယ်ပယ်များ ဖြစ်သည့် ပညာရေး၊ တရားစီရင်ရေး စနစ်နှင့်ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများကို ၎င်းတို့ လက်လှမ်းမီအောင်လုပ်ဆောင်ရာ၌အစိုးရက အားနည်းသည်ဟုယူဆကြသာ နေရာများတွင်နေထိုင်ကြသူအများစုဖြစ်သည်။ အဆိုပါ အားနည်းချက်အများစုမှာ ပြီးခဲ့သော အစိုးရစနစ်များက ကာလကြာရှည်ကပင်လုပ်ဆောင်ပေးနိုင်ခြင်းမရှိသည့် အမွေကို ဆက်ခံရခြင်းဖြစ်သည်။ မည်သို့ဆိုစေကာမူလက်ရှိအစိုးရသည်ထိုအားနည်းနေသည့်အချက်များကိုကိုင်တွယ်ဖြေရှင်းရန်ရှင်းလင်းသော မဟာဗျူဟာတစ်ခုကို အများပြည်သူအား ချမပြနိုင်ဟု အဓိပ္ပါယ်ကောက်ယူသွားမှုသည်မဘသအနေဖြင့်မထိရောက်သော အစိုးရကြောင့်ဖြစ်ပေါ်ရသည့်လစ်ဟာမှုများကို ၎င်းတို့က စိတ်မသက်မသာဖြင့် ဝင်ရောက်ဖြည့်ဆီးလုပ်ကိုင်ပေးနေရသည် ဟူသောအမြင်များကိုထွက်ပေါ်လာစေသည်။
ထိုသို့သော အခြေအနေမျိုးတွင်သံဃာ့မဟာနာယကအဖွဲ့ နှင့်သာသနာရေးဝန်ကြီးဌာနက မဘသအပေါ် ဖိအားပေးခြင်းများသည် ဖိအားပေးသူများ၏ ပုံရိပ်ကိုသာ ကျဆင်းစေနိုင်သည်ဟုထင်ပါသည်။ သံဃာ့မဟာနာယကအဖွဲ့ ၏ တရားဝင်မှုမှာ အကန့်အသတ်နှင့်သာရှိရာအဖွဲ့ ၏ မဘသအပေါ် ပြင်းထန်စွာ ဖိအားပေးမည့်ဆုံးဖြတ်ချက်များ တိုး၍ ချမှတ်နေခြင်းကိုဝန်ကြီးဌာနက စေခိုင်းသဖြင့်လုပ်ဆောင်နေခြင်းဟုရှုမြင်ကြပြီး ဝန်ကြီးဌာနကိုလည်း အစိုးရ၏အစိတ်အပိုင်းတစ်ခုသာဟု ရှုမြင်ကြသည်။ အစိုးရသည် အနောက်တိုင်းလစ်ဘရယ်ရပ်တည်ချက်ရှိပြီး ဗုဒ္ဓဘာသာကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် ဦးစားမပေးဟုအများက
ယူဆထားကြသည်။ ဥပဒေပြုခြင်းနှင့်ဆိုင်သော အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုများဥပဒေကြမ်းသည် ထိုအမြင်အတွက် ဖြည့်ဆီးပေးခြင်း ဖြစ်ပေလိမ့်မည်။
မူဆလင်ဆန့်ကျင်ရေး အမုန်းစကားများ၊ ဥပဒေပြင်ပလုပ်ဆောင်မှုများနှင့် အကြမ်းဖက်မှုများကို တရားဥပဒေအရ ကိုယ်တွယ် အရေးယူရန်ဆုံးဖြတ် ချက်ခိုင်မာစွာချထားရမည်ဖြစ်သော်လည်း အစိုးရသည်အစွန်းရောက်ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ၏ အယူအဆ ရေးရာများနှင့် အစ္စလာမ်လွှမ်းမိုးမှုအပေါ် အစိုးရိမ်လွန်မှုကျယ်ကျယ်ပြန့်ပြန့်ရှိနေမှုတို့ကို မဘ သအား ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် ဥပဒေဆိုင်ရာများမှ
တဆင့် အောင်မြင်စွာ ကြိုးပမ်းကိုင်တွယ်နိုင်ရန် အကြောင်းမမြင်ပေ။ အစိုးရက ထိုသို့ကြိုးပမ်းခြင်းများသည် ဗုဒ္ဓဘာသာ ခြိမ်း ခြောက်ခံနေရပြီဟူသောအမြင်များကို ထွက်ပေါ်လာစေမည်ဖြစ်ကာ နောက်ဆုံးတွင် မဘသ နှင့်အခြားပို၍အစွန်းရောက်သည့် အမျိုးသားရေးဝါဒီအုပ်စုများကို ပါဝါတင်ပေးလိုက်သလို ဖြစ်သွားနိုင်ပေသည်။ အစိုးရအနေဖြင့်က ဆွပေးနေခြင်းများကိုအဆက်မပြတ်တုန့်ပြန်နေခြင်း၊ ဝေဖန်တိုက်ခိုက်မှုများကိုကာကွယ်ရန် စောင့်နေသည့် အနေအထားမျိုးထက်စာလျှင်အဆိုပါ အမြင်များကိုပိုမိုထိန်းချုပ်နိုင်ရန်ရည်မှန်းချက်ထားသင့်ရာ ပို၍ဒီမိုကရေစီနည်းကျလာသော အခြေအနေနှင့် အနာဂတ်အတွက် အပေါင်းလက္ခဏာ ဆောင်သော မျှော်မှန်းချက်ကို ထုတ်ဖော်ပေးကာ ဗုဒ္ဓဘာသာ၏ ရှိနေသင့်သည့် နေရာကို အခြေအနေနှင့်လိုက်လျော ညီထွေ၊ အများသဘောဖြင့် ပြန်လည်ပုံဖော်ပေးခြင်းမျိုးကိုလုပ်ဆောင်သင့်လှသည်။ ထိုသို့လုပ်ဆောင်ရာတွင်ခံယူထားကြသော အားနည်းချက်များနှင့်ခြိမ်းခြောက်မှုများထက်စာလျှင်ဗုဒ္ဓဘာသာ၏ အင်အားကို အလေးပေးပုံဖော်သင့်သည်။ ထိုသို့ ပုံဖော်ပေးခြင်းဖြင့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများကြားတွင်မိမိတို့အစိုးရသည်အနာဂတ်အတွက်မိမိတို့စိုးရိမ်နေမှုများကို ဦးစားပေးအဖြစ် ကိုင်တွယ်နေပြီဆိုသည့် ယုံကြည်ချက်မျိုးကို ပိုမိုထွက်ပေါ်လာစေနိုင်မည်ထင်ပါသည်။
ဘုန်းတော်ကြီး များ၏ အဆုံးအမ အောက်တွင်ကြီးပြင်းလာရသော ရပ်ရွာလူထုနှင့်ဗုဒ္ဓဘာသာလုူ့အဖွဲ့ အစည်း၏ ကြိုတင်မှန်းဆမရသော အခြေအနေအပေါ် စိုးရိမ်ကြောက်ရွံ့ မှုအများစုသည်တိုင်းပြည်တွင်လက်ရှိလျင်မြန်စွာ ပြောင်းလဲနေမှုများအပေါ် ကြီးစွာမြစ်ဖျားခံလာခြင်းဖြစ်သည်။ ထိုပြောင်းလဲမှုများသည်လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့်ခေတ်မီတိုးတက်လာမှုများသည်ရိုးရာအရ ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍကိုခြိမ်းခြောက်လာနေပြီလားဟူသည့်စိုးရိမ်မှုများကို ဦးတည်ထွက်ပေါ်လာစေသလို၊ အောင်မြင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုကြရာတွင်ဘာသာရေးအရ အောင်မြင်ပြီးမြောက်မှုများဖြင့်မဟုတ်ပဲ ရုပ်ဝတ္တုပစ္စည်းများအပေါ် ကြည့်၍သတ်မှတ်လာနေကြခြင်းကိုလည်း စိုးရိမ်မှုများ ထွက်ပေါ်လာစေသည်။
NLD အစိုးရရော၊ လူ့အဖွဲ့ အစည်းကပါ တစ်ခုလုံးအနေဖြင့် ထိုရှိနေသော ကြီးမားလှသည့် စွမ်းအားများကို အပေါင်းလက္ခဏာဆောင်သော ဦးတည်ရာ လမ်းကြောင်းသို့တင်ပေးလိုက်နိုင်ရန် နည်းလမ်းများရှာရန် လိုအပ်ပါသည်။ မဘသကို လူကြိုက်များမှုများမှာ ၎င်း၏ အယူအဆရေးရာများနှင့်လှုပ်ရှားမှုများ၊၎င်းကိုလေးစားမှု၊ တန်ဖိုးထားမှုများပေါ်မှအခြေခံထွက်ပေါ်လာရုံမျှမက ၎င်း၏ အဖွဲ့ ဝင်များနှင့်ထောက်ခံသူများကိုလမ်းညွှန်ပြသပေးမှုများကိုလည်း အခြေခံသည်။၎င်းသည်အမျိုးသမီးများအတွက်လူမှုဘဝများတွင် အဓိပ္ပါယ်ရှိရှိပါဝင်နိုင်မည့် လမ်းကြောင်းများချပေးကာ ၎င်းတို့၏ မိသားစုများက လက်ခံနိုင်မည့်ဘာသာရေးဆိုင်ရာ ဖွံ့ ဖြိုးလာရေးအတွက်အခွင့်အလမ်းများ ဖန်တီးပေးသည်။ လူငယ်အများအပြားအတွက်၊ အထူးသဖြင့် ငယ်ရွယ်သော ယောက်ကျားလေးများအတွက် ဘဝတွင်ပဲ့ပျောက်ဆုံးနေသည်ဟု ခံစားနေရသူများအတွက်ပါဝင်ခွင့်ရခြင်းသည်မိမိကိုယ်မိမိတည်ငြိမ်မှုနှင့်ယုံကြည်မှုများရရှိစေရန်ဖြည့်ဆီးပေးသည်။ အထူးသဖြင့်တိုင်းပြည်တွင်လျင်မြန်စွာပြောင်းလဲမှု၏ ရလဒ်အဖြစ်အလုပ်လက်မဲ့နှုန်းမြင့်မားခြင်း၊ အခွင့်အလမ်းများ ပျောက်ဆုံးခြင်းနှင့်မရောရမှုများ သို့မဟုတ်မသက်မသာခံစားနေရမှုများရှိနေသူများအတွက်ဖြစ်သည်။ NLD တွင်အသစ်လည်းဖြစ်ကာ၊ သီးသန့် သဘောဆောင်သော အသုံးမချနိုင်သေးသည့် အားနည်း ချက်တစ်ခုရှိနေပြီး ထိုအချက်ကိုဆုတ်ကိုင်အသုံးမချနိုင်သေးပေ။ ပါတီသည်အစိုးရဖြစ်လာသည့်အထိမြန်မာနိုင်ငံ၏ အကြီးဆုံးတာဝန်တစ်ခုမှာ ၎င်းနှင့် ခွဲမရပဲ တွဲလျက်ပါဝင်လာရာ ၎င်းမှာ အာဏာရှင်စနစ်နှင့် ဖိနှိပ်မှုတို့မှ လွတ်မြောက်အောင်ရုန်းကန်ရခြင်းဖြစ်သည်။ သို့သော် အစိုးရဖြစ်လာသည့်နှင့် ထိုတာဝန်အရေးကိုထောက်ခံသည့်အောက်ခြေလူတန်းစားနှင့်လူငယ်များ၏ စွမ်းအားများကိုလက်တွေ့ အသုံးချနိုင်စွမ်းမရှိသေးပေ။ အမျိုးသားရေးအဖွဲ့ အစည်းများသည်ထိုလစ်ဟာနေသော ကွက်လပ်ကိုတစိတ်တပိုင်းဖြည့်ဆီးနေသည်။ ပြည်သူများကိုရပ်ရွာ ဖွံ့ ဖြိုးတိုးတက်ရေး၊ လူမှုဝန်ထမ်းလုပ်ငန်းများ၊ ပညာရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးများတွင်ပါဝင်ရန်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်းသည်ပြည်သူများအား ၎င်းတို့၏ မျှော်မှန်းချက်များကိုကိုယ်တိုင်ထိန်းချုပ်လုပ်ကိုင်နိုင်သည်ဆိုသည့်သဘောထားကို အားကောင်းစွာ နိုးထ၊ ထွက်ပေါ်စေပါလိမ့်မည်။
အမျိုးသားရေးဆိုင်ရာ အမြင်များလူကြိုက်များရခြင်း နောက်ကွယ်တွင်စီးပွားရေးအရစိုးရိမ်ပူပန်ရမှုများနှင့်သာမန်ပြည်သူများအနေဖြင့်ပြုပြင်ပြောင်းလဲမှုများမှ မြင်သာထင်သာအကျိုးအမြတ်များမရ ဟူသော ခံစားချက်များက အခံ ရှိနေသောကြောင့်ဖြစ်သည်။*130 ထိုအမြင်များက အနာဂတ်အတွက်နှင့်၎င်းတို့၏ အသိုင်းအဝိုင်းများ၏ ကြံ့ ကြံ့ ခိုင်နိုင်မှုအပေါ်စိုးရိမ်ပူပန်ရမှုများ တိုးလာစေသည်။ အစိုးရက စီးပွားရေးအပေါ် ပို၍ မြင်သာထင်သာ ဦးတည်လာခြင်းသည် အစိုးရ၏ ဦးစားပေးလုပ်ဆောင်မှုသည်သာမန်ပြည်သူများကိုသာယာဝပြောသော အနာဂတ်အတွက်ပိုမိုကောင်းမွန်သော အလုပ်အကိုင်များနှင့် အခွင့်အလမ်းများ
ကို ဖြည့်ဆီးပေးနေသည်ဟူသော ပြည်သူများ၏ ယုံကြည်စိတ်ချလာမှုကို မြှင့်တင်ပေးနိုင်သည်။ အမုန်းစကားများကိုတိုက်ဖျက်ရန်သို့မဟုတ်ဘာသာပေါင်းစုံညီညွတ်ရေးနှင့်ဗဟုဝါဒအတွက်အလှူရှင်များထောက်ပံ့သော လက်ရှိပရောဂျက်အမျိုးမျိုး ကဲ့သို့သော ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒနှင့်ဆိုင်သော ကိစ္စများအပေါ် နိုင်ငံတကာမှ ဝင်ရောက်လုပ်ဆောင်ပေးနေမှုများအနေဖြင့် အကယ်၍ ၎င်းတို့သည်အမျိုးသားရေးဝါဒကို ထောက်ခံနေသော ရှုတ်ထွေးသည့် စေ့ဆော်နေမှုများကို ထည့်သွင်းစဉ်းစားနိုင်ခြင်းမရှိပါက မထိရောက်ခြင်း သို့မဟုတ် ပိုဆိုးလာစေခြင်း၊ မှော်မှန်းသည့် ရလဒ်နှင့် ပြောင်းပြန်ထွက်ခြင်းများရနိုင်သည့်အန္တရာယ်ရှိသည်။ တရားစီရင်ရေးစနစ်ကို လက်လှမ်းမီအောင်လုပ်ဆောင်ပေးနေသူများ၊အငြင်းပွားမှုဖြေရှင်းခြင်းများနှင့်အများပြည်သူပညာပေးရေးနှင့်ဆက်စပ် နယ်ပယ်များတွင် လုပ်ဆောင်ပေးနေသည့်အဖွဲ့ အစည်းများသည်မဘသကိုထောက်ခံသူများ၊ စာနာနားလည်သူများအပါအဝင် ဘုန်းတော်ကြီးကျောင်းများ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားသင့်သည်။ ဥပမာအားဖြင့် အမျိုးသမီးရှေ့ နေများသည် အစော်ကားခံရသော အမှုများကို ဖော်ထုတ်၍ ထိခိုက်လွယ်သော အမျိုးသမီးများနှင့်ကလေးငယ်အများစုကိုဥပဒေဆိုင်ရာများတွင်အခမဲ့ကူညီခြင်းများနှင့် ဘာသာရေးဆိုင်ရာလမ်းညွှန်မှုများပေးရာ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ အများစုမှာ မဘသနဖုူးစည်းအောက်တွင်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းများကို မဘသဖွဲ့ စည်းတည်ဆောက်ပုံအောက်မှ မဟုတ်ပဲ အလုပ်လုပ်နိုင်ရန် အခြားအဖွဲ့ အစည်းပုံစံများပေးနိုင်ရန် အရေးကြီးပါသည်။ သို့သော် လည်း ပြည်တွင်းအမျိုးသမီးအခွင့်အရေးမုူဝါဒအဖွဲ့ အစည်းများကလည်း အသုံးပြုနေသည့် အနောက်တိုင်းလစ်ဘရယ်က ပုံဖော်ထားသည့် လူ့အခွင့်အရေးများနှင့်အမျိုးသမီးအခွင့် အရေးကိစ္စများအပေါ် နားလည်ထားပုံများကို ရိုးရာဗုဒ္ဓဘာသာအရ ရှုမြင်သည့် ကျင့်ဝတ် ဆိုင်ရာ ဘဝဒဿနများတွင် ပြဿနာတစုံတရာမပေါ်စေပဲသွပ်သွင်းရန် မဖြစ်နိုင်ပေ။ ဤ နေရာတွင်ထိုလူ့အခွင့်အရေးများသည် လူသားတိုင်းနှင့် သက်ဆိုင် အံဝင်သည် မဟုတ်လော ဟူသော မေးခွန်းထုတ်စရာတော့ မဟုတ်ပေ၊ သို့တည်း မဟုတ် ၎င်းတို့ကို အသုံးပြုရာတွင် နောက်ခံအခြေအနေများကိုဆက်စပ်စဉ်းစားသင့်သည်ဟု အကြံပြုမှုများပေးရန်လည်း မ ဟုတ်ပေ။ အမှန်တကယ်မေးခွန်းမှာ ထိုလူ့အခွင့်အရေးများကို ထိရောက်သော နည်းလမ်း များဖြင့်ဆက်သွယ်မျှဝေပြီး မြှင့်တင်နိုင်ရန် လုပ်ဆောင်ရမည့်အဆင့်များကို ရေးဆွဲနိုင်မည့်သက်ဆိုင်ရာ ကျွမ်းကျင်မှုများသုံး၍ မည်သို့လုပ်ဆောင်မည်နည်း ဆိုသည့်မေးခွန်းဖြစ်သည်။
မဘသကို ထောက်ခံသူများအပါအဝင် ဘုန်းတော်ကြီးများနှင့် သီလရှင်များသည်ရပ်ရွာလူထုအတွင်း ဥပဒေဆိုင်ရာ ရပိုင်ခွင့်များနှင့်ပတ်သက်ပြီး အသိပညာများ မြှင့်တင်ပေးရာတွင်နှင့်တစ်ဦးချင်းအငြင်းပွားမှုဖြေရှင်းရေး လုပ်ဆောင်ပေးမှုများတွင်တက်ကြွစွာ လုပ်ဆောင်လျက်ရှိပါသည်။ သို့သော်သာသနာ့အနွယ်ဝင်များအတွက်စနစ်တကျ ဥပဒေဆိုင်ရာသင်တန်းများမှာ အနည်းငယ်သာရှိသဖြင့် ရပ်ရွာလူထုသို့ ပညာပေးမှုများသည် မပြည့်စုံသော သို့မဟုတ်ဆိုလိုရင်းမှ အနည်းငယ်လွဲနေသော ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတကို အခြေခံ၍သာ ပေးနေကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်လင်နှင့်မယားကြား အငြင်းပွားမှုဖြေရှင်းရေးအတွက်ဆုံးဖြတ်ချက်များသည်တည်ဆဲဥပဒေများ၏ တိုးတက်ဖြစ်ပေါ်မှုများ သို့မဟုတ်ဥပဒေ၏ အနုညာတနည်းဖြင့်ဖြေရှင်းခြင်းများကိုနားလည်မှုမရှိပဲ ခေတ်မမီတော့သည့်ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းဥပဒေ၏ သဘောတရားများကိုအခြေပြု၍ လုပ်ဆောင်နေသည်ကိုတွေ့ရသည်။ ရပ်ရွာလူထုကိုအမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း သင်ကြားပေးနေသော သီလရှင်များသည်မျိုးစောင့်ဥပဒေများကိုသာ သိရှိကာ အခြားတည်ဆဲဥပဒေများကိုမသိရှိပေ။ ထို့ကြောင့်အစိုးရအနေဖြင့်သာသနာရေးဝန်ကြီးဌာနနှင့်သံဃာ့နာယကအဖွဲ့တို့မှတဆင့်သာသနာ့အနွယ်ဝင်များအတွက်ဥပဒေဆိုင်ရာ ပညာပေးရေးမူဝါဒ ရေးဆွဲနိုင်ပါသည်။ သို့မှသာ အဓိကစာသင်တိုက်များနှင့် သီလရှင်ကျောင်းများတွင် ပို၍စနစ်ကျပြီးဘက်မျှသော ဥပဒေဆိုင်ရာ သင်ကြားမှုများနှင့်သင်တန်းများပေးနိုင်မည်ဖြစ်ကာ ဖြစ်နိုင်ပါက မြန်မာနိုင်ငံမှတက္ကသိုလ်များ၊ ဥပဒေပညာရှင်များ၏ အကုူအညီဖြင့်ပါ လုပ်ဆောင်နိုင်ပါသည်။
အမျိုးသမီးရပိုင်ခွင့်များအတွက်လုပ်နေသော အန်ဂျီအိုများနှင့်ရပိုင်ခွင့်နှင့်ဆိုင်သောကိစ္စရပ်များတွင် လုပ်ကိုင်နေသော မဘသ၏ အမျိုးသမီးအဖွဲ့ဝင်များကြားတွင် ကြီးစွာကွဲပြား ခြားနားသော ရှုထောင့်များရှိနေသော်လည်း ၎င်းတို့၏ အန္တိမရည်မှန်းချက်များတွင်အတိုင်းအ တာတစ်ခုအထိ ထပ်တူညီနေမှုများရှိပါသည်။ ထိုအုပ်စုများကိုအတူတကွစုစည်းကာ အမျိုး သမီးအခွင့်အရေးမြှင့်တင်ရာတွင်ရရှိထားကြသော ၎င်းတို့၏အတွေ့ အကြုံများကို ဆွေးနွေး၊ မျှဝေစေနိုင်ပါက အလွန်တရာ တန်ဖိုးရှိပါလိမ့်မည်။
မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာနှင့်အစိုးရ အာဏာစက်
ဇွန်လ ၂၈ရက် ၂၀၂၀ခုနှစ် |International Crisis Group
အန္တရာယ်ရှိလှသော ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒသည်မြန်မာနိုင်ငံတွင်ကြီးမားသော လူ့အဖွဲ့အစည်းနှင့်ဆိုင်သော ကိစ္စရပ်အဖြစ်ထွက်ပေါ်လာကာ ကိုးကွယ်သည့်ဘာသာပေါင်းစုံ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြသည့် ဤတိုင်းပြည်တွင်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်၂၀၁၇ခုနှစ်သြဂုတ်လက al-Yaqin သို့မဟုတ်ARSA တို့က တိုက်ခိုက်မှုမှာလည်း ဒေသခံများ၏တရားမျှတမှုမရှိဟု ခံစားနေရမှုများက အများဆုံး တွန်းအားပေးမှုကြောင့် ဖြစ်လာရသော်လည်း ထိုကိစ္စသည်ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများ၏ ပြောဆို၊ရေးသားမှုများ၏ အစိတ်အပိုင်းများတွင်မလွဲမသွေပါဝင်လာတော့မည်ဖြစ်ကာ လူမှုရေးနှင့်နိုင်ငံရေးတို့တွင်ဘာသာရေး၊ တိုင်းရင်းသားလူမျိုးရေးတို့နှင့်ဆိုင်သော တွန်းအားအရွေ့ များ၌ နောက်ထပ်ပို၍ ရှုတ်ထွေးစေမည်ဖြစ်သည်။ အဆိုပါ တွန်းအားအရွေ့ များက ကြောက်ရွံ့ မှုများ၊ အမျိုးသားရေးဝါဒီများ၏ ယုံကြည်လာအောင်ဆွဲဆောင်ပြောဆိုရေးသားနေမှုများနှင့် မြန်မာနိုင်ငံ၏ မတူသော အသိုင်းအဝိုင်းများကြားမှစစ်သွေးကြွနေသည့်အမူအကျင့်များကို မည်သို့ လောင်စာပင့်ပေးနေသည်ကို နားလည်သဘောပေါက်ရန်နှင့် ကိုင်တွယ်ရန်တို့မှာ သာ၍ပင် အရေးပေါ်လုပ် ဆောင်ရန် ဖြစ်နေပါသည်။
၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲတွင်NLD က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်းသည်မဘသအတွက်နေရာမှာ ရာသီဥတုအခြေအနေမကောင်းဟုဆိုရပေမည်။ သို့သော်မကြာသေးမီက သံဃာ့မဟာနာယကအဖွဲ့ ၏ မဘသအမည်နှင့်ဆိုင်းဘုတ်များအား ပိတ်ပင်ရန်ဆုံးဖြတ်ချက်ကိုအချို့ က အဖွဲ့ ကြီး၏ နိဂုံးအဖြစ် အဓိပ္ပါယ်ကောက်ယူနေကြရာ မဘသကိုပါဝါမရှိတော့သော အဖွဲ့ အဖြစ်အချိန်မတန်မီစောစောစီးစီး သုံးသပ်မှုများကိုထွက်ပေါ်စေသည်။ သို့တိုင်အောင်မဘသကိုစီမံခန့်ခွဲနေသူအများစုက ထိုပိတ်ပင်မှုကိုလိုက်နာရန်ငြင်းဆန်မှုနှင့်နိုင်ငံရေးအရ မငြိမ်သက်မှုဖြစ်အောင်လုပ်ဆောင်ခြင်း၊ ပြင်းထန်သော စိတ်အနှောင့်အရှက်ပေးနေခြင်းများက အားကောင်းကောင်းနှင့်တိုးလာနေခြင်းသည်ထိုအဖွဲ့ ကြီး၏ ကြံ့ကြံ့ ခိုင်နိုင်စွမ်းနှင့် ၎င်းနှင့် ၎င်း၏ ယုံကြည်ချက်များအပေါ်
ဆက်လက်လူကြိုက်များနေမှုကို သရုပ်ဖော်ပြနေခြင်း ဖြစ်သည်။ မြို့ ရွာများ၏ အစိတ်အပိုင်း အများစုတွင်၎င်း၏ ဘာသာရေးအရ အခွင့် အာဏာမှာ သံဃာ့မဟာနာယက အဖွဲ့ထက်၎င်း အစိုးရထက်လည်းကောင်း ပိုကြီးပြီး ၎င်းတို့ချမှတ်ခဲ့သော ကန့်သတ်ချုပ်ချယ်မှုများကိုပင်၎င်းတို့၏ အားသာချက်ဖြစ်အောင် ပြောင်းလဲပစ်လိုက်ရာတွင် အလွန်တရာကျွမ်းကျင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။မဘသနှင့် ၎င်း၏ သွေးကွဲစေသော ပြောဆိုရေးသားမှုများကို ကိုင်တွယ်ရန်ကြိုးပမ်းမှုများမှာ ၎င်းကိုထောက်ခံပံ့ပိုးနေသော ဇစ်မြစ်များကိုအသိအမှတ်ပြုခြင်းမှစတင်ရမည်ဖြစ်ပါသည်။၎င်းသည်နိုင်ငံရေးနှင့်ဆိုင်သော အမျိုးသားရေးဝါဒထက် များစွာ ကျော်လွန်၍ ဘာသာရေးနှင့်အများပြည်သူပညာပေးခြင်း၊ ဝန်ဆောင်မှု ပေးခြင်းများနှင့် အငြင်းပွားမှု ဖြေရှင်းပေးခြင်းများတွင်ထင်ရှားသောကဏ္ဍမှပါဝင်ပတ်သက်လျက်ရှိသည်။ ၎င်း၏ အဖွဲ့ ဝင်များသည် အဓိက စိတ်ဝင်စားမှုမှာ နိုင်ငံရေး အာဏာကို ရယူရန်မဟုတ်ပဲ၊ ၎င်းတို့၏ စာရိတ္တနှင့်ဆိုင်သောအစီအစဉ်ကိုမြှင့်တင်ရန်လိုအပ်သော နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုရနိုင်ရန်ရှုမြင်ခဲ့ကြခြင်းဖြစ်သည်။ မဘသ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရန်အတွက်ဆိုလျှင် ရပ်ရွာလူထုနှင့်လူငယ်များအား ထိုနယ်ပယ်များတွင်ပင်ရည်ရွယ်ချက်ရှိရှိနှင့်တန်ဖိုးထားကာ ပါဝင်နိုင်မည့်အခြားလမ်းကြောင်းများ ဖော်ထုတ်ပေးရန်လိုအပ်သည်။ မဘသက ပေးနေသော ဝန်ဆောင်မှုများ၏ အတိုင်းအတာနှင့် ၎င်းစုစည်းနိုင်မည့် ထောက်ခံမှုအတိုင်းအတာတို့ကိုနားလည်ရန် မကြိုးစားပါက မူဝါဒ ချမှတ်လုပ်ဆောင်မှု များသည်ထိရောက်မှုမရှိခြင်းများနှင့်နောက်ဆုံးတွင်လိုချင်သော ရလဒ်နှင့်ပြောင်းပြန်ထွက်ရှိလာမှုများကို ဦးတည်သွားနိုင်ကြောင်း ဆိုအပ်ပေသည်။
ရန်ကုန်/ဘရပ်ဆဲလ်စ်၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
[၂၀၁၇ ခုနှစ် စက်တင်ဘာ၅ရက်နေ့က ထုတ်ဝေသော International Crisis Group ရဲ့ အစီရင်ခံစာ "Buddhism and State Power in Myanmar" ကို အခန်းဆက်အဖြစ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။]
အစီရင်ခံစာအား ရယူရန် - https://tinyurl.com/y7y3cdhb
TAG: Article, ICG, Report