ဇွန်လ ၁၄ရက် ၂၀၂၀ခုနှစ် | ILO
COVID-19 သည်ကလေးများ၏အခွင့်အရေးနှင် ဘေးကင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မကြုံစဖူးအန္တရာယ်များ အဖြစ်ရင်ဆိုင်နေကြရသည်။ ၂၀၂၀ခုနှစ် ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့သည် အကျပ်အတည်းကို စီမံခန့်ခွဲခြင်းနှင့်ပြန်လည် ထူထောင်ရေးကာလအတွင်း အထိခိုက်လွယ်ဆုံးသော သူများ၏ လိုအပ်ချက်များကို အာရုံ စိုက်ရန်အတွက် နိုင်ငံများနှင့် အဖွဲ့အစည်းများကို တောင်းဆိုပါသည်။ ကျွန်ုပ်တို့သည် ဤကပ်ရောဂါကို အနိုင်ယူရုံတင်မက ၂၀၂၅ခုနှစ်တွင် ကလေးအလုပ်သမား ပုံစံအားလုံးကို အဆုံးသတ်ရန်အခွင့်အရေးရှိသည်။ သို့သော် ယခုချိန်မှစ၍ လုပ်ဆောင်ရမည်။ ကျွန်ုပ်တို့ ပြတ်ပြတ်သားသားနှင့် ကြီးကြီးမားမား လုပ်ဆောင်ရမည်။COVID-19 ကပ်ရောဂါနှင့်ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး အကျပ်အတည်းသည် လူတို့၏ ဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ်များစွာ အကျိုးသက်ရောက်နေပါသည်။ ကလေးများနှင့် သူတို့၏မိသားစုများအတွက် လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများမှာ ပညာရေးအဟန့်အတား ဖြစ်ခြင်း၊ မိသားစု နာမကျန်းဖြစ်ခြင်းနှင့် အိမ်ထောင်စုဝင်ငွေ ဆုံးရှုံးမှုတို့ဖြစ်ပါသည်။ လုံလောက်သော လူမှု ကာကွယ် စောင့်ရှောက်ရေးစနစ် မရှိခြင်းသည် မိသားစုများနှင့် သူတို့၏ကလေးများအား ထိခိုက်လွယ်မှုများကို ပိုမိုဆုးရွားစေသည်။ COVID-19 ပျံ့နှံ့မှုမရှိခင်က ကလေး သန်း (၁၀ဝ) နီးပါးက ကလေးအလုပ်သမားအဖြစ်မှ ဖယ်ရှုားခဲ့ပြီး ၂၀ဝ၀ခုနှစ်တွင် (၂၄၆)သန်းမှ ၂၀၁၆ ခုနှစ်တွင် (၁၅၂ )သန်းအထိ လျော့နည်းသွားစေခဲ့ပါသည်။ ၄င်းတို့အနက်မှ (၇၃)သန်း မှာဘေးအန္တရာယ် ရှိသော လုပ်ငန်းတွင် လုပ်ကိုင် နေရပါသည်။ ကလေးအလုပ်သမားဖြစ် နေ ကြသော ကလေးများသည် ယခုအခါတွင်ကွယ်ဝှက်ထားခံရခြင်း သို့မဟုတ် ဘေးအန္တရာယ် ရှိသောအလုပ်ပုံစံများ သို့မဟုတ် ပိုမိုအချိန်ကြာရှည်လုပ်ရသော အလုပ်များကို ကြီးမားသော အန္တရာယ်များနှင့် ဝင်ရောက်လုပ်ကိုင် နေလျကရှိပါသည်။ ဤပြဿနာ အကျပ်အတည်း ကြောင့် သန်းနှင့်ချီသော ထိခိုက်လွယ်သည့် ကလေးများသည် ငယ်ရွယ်လွန်းသည့် အရွယ် တွင် မိသားစုဝင်ငွေကို ပံ့ပိုးရန်အတွက် ကလေးအလုပ် သမားအဖြစ် တွန်းပို့ခိုင်းစေနိုင်သည်။ အထူးသဖြင့် မိန်းကလေးငယ်များသည် ထပ်ဆောင်းအိမ်အကူအလုပ် သို့မဟုတ် အိမ်နေ စောင့်ရှောက်ခြင်းလုပ်ငန်းနှင့်အတူ မတော်တဆထိခိုက်မှုများနှင့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားခံရမှုများကိုလည်း ပိုမိုကြုံတွေ့နိုင်ဖွယ်ရာရှိသည်။ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်မှုအပါအဝင် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေမှုများ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေများ မကြာခဏကျဆင်းလျော့နည်း လာမှုကြောင့် မိန်းကလေးများအပေါ် အဓိကအကျိုးသက်ရောက်စေမည်ဖြစ်သည်။ အလွန် အမင်းဆင်းရဲနွမ်းပါးမှု သို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုများမှ၊ ပဋိပက္ခများနှင့် သဘာဝ ဘေးအန္တရာယ် များမှ ထွက်ပြေးလာသော ရွေ့ပြောင်းမိသားစုများမှ ကလေးများသည်များပြား သောထိခိုက်မှုကို ပိုမိုခံစား ကြရသည်။ တရားမျှတမှုမရှိခြင်း၊ လူမှုရေးဆိုင်ရာချန်လှပ်ထား ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများ စသည့်ဆိုးရွားသည့် အကျပ်အတည်းများကြောင့်အခြေအနေကို ပိုမိုဆိုးရွားစေပါသည်။ အထူးသဖြင့် ဒေသခံတိုင်းရင်း သားများ၊ တိုင်းရင်းသား လူနည်းစု များနှင့် ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၊ မသန်စွမ်းသူများ၊ တစ်ဦးတည်းသော အိမ်ထောင် စုများနှင့် မိဘမဲ့များအတွက် အထက်ပါအကြောင်း အရာများ ပိုမိုဖြစ်ပွားနိုင်သည်။
-ကမ္ဘာတဝှမ်းရှိအစိုးရများသည် ကူးစက်ရောဂါကို ထိန်းချုပ်ရန်နှင့် လျော့ပါးနိုင်ရန်အတွက် ကျယ်ပြန့်သောလုပ်ဆောင်မှုများကို ပြုလုပ်ကြသည်။ အကောင်းဆုံးသောအလေ့အကျင့်များ၊ မှန်ကန်သောမူဝါဒ ရွေးချယ်မှုများနှင့် ထိုအရာများကို အကောင်အထည်ဖော်ရန် လျင်မြန်စွာလုပ်ဆောင်ခြင်းအပေါ် အခြေခံ၍ ကျွန်ုပ်တို့၏ကလေးများအတွက် ပိုမိုကောင်းမွန် သောအနာဂတ်ကို တည်ဆောက်နိုင် သည်။ ကုလသမဂ္ဂသည် ၂၀၂၁ခုနှစ်ကို အပြည်ပြည် ဆိုင်ရာ ကလေးအလုပ်သမားပပျောက်ရေးနှစ် အဖြစ်ကြေငြာခဲသည်။ ၄င်းနှစ်အတွက်ကျင်းပ မည့် လှုပ်ရှားမှုပွဲများနှင့် စည်းရုံးလှုံ့ဆော်မှုများကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ နှင့် မိတ်ဖက်များအနေဖြင့် ကလေးအလုပ်သမားကိုင်တွယ်ဖြေရှင်း အားထုတ်မှုများတွင် ပါဝင်ရန်အတွက် အခွင့်အလမ်း တစ်ခုဖြစ်ပါသည်။ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးသည် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံနှင့် ရပ်ရွာအဆင့်တွင် ခိုင်မာအားကောင်းသော မိတ်ဖက်များလိုအပ်ပါသည်။ မဟာမိတ် (Alliance)၈.၇သည် ၂၀၂၅ခုနှစ်တွင် အားလုံးသော ပုံစံတွင်ရှိသော ကလေးအလုပ်သမား များ အဆုံး သတ်ရန် ရည်မှန်းချက် ၈.၇ သို့ ရောက်ရှိရန် ပိုမိုထိရောက်သော ညှိနိုင်းဆောင်ရွက်မှုကိုအရှိန်အဟုန် ကြိုးစားဆောင်ရွက်နေသည်။ ရှေ့ပြေးနိုင်ငံ ၂၁နိုင်ငံနှင့် မိတ်ဖက်အဖွဲ့အစည်း ၂၅၀သည် အရေးယူဆောင်ရွက်မှုကို အရှိန်မြင့်ရန်၊ ဆန်းသစ်သော ဖြေရှင်းနည်းများကို အကောင်အထည်ဖော်ရန်နှင့် အကောင်းဆုံး အလေ့အကျင့်များနှင့် ရရှိခဲ့ သော သင်ခန်းစာများအကြောင်း ဗဟုသုတများ ဝေမျှရန်အတွက် ကတိကဝတ်ပြုထား ကြသည်။ စိုက်ပျိုးရေးတွင် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာနိုင်ငံတကာမိတ်ဖက် အဖွဲ့ (IPCCLA) နှင့် လူစားချင်းစာနာသော လှုပ်ရှားမှုများတွင် ကလေး သူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မဟာမတ်အဖွဲ့၏ ကလေးအလုပ်သမားဆိုင်ရာ လုပ်ငန်းအဖွဲ့ စသည်တို့သည် ပူးပေါင်းဆောင်ရွက်ရန် အခြားကောင်းသော ဥပမာများဖြစ်သည်။ ကမ္ဘာတစ်ဝှမ်း ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် ညှိနှိုင်းအားထုတ်မှုများတွင် အဓိက အခန်းကဏ္ဍတစ်ခု အဖြစ် ပါဝင်နေသည်။ အာဖရိကသမဂ္ဂ၊ အနောက် အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း (ECOWAS)နှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု အဆုံး သတ်ရေးဆိုင်ရာ ကနဦးတောင်အာရှအဖွဲ့ (SAIEVAC)သည် ကလေးအလုပ်သမား ပပျောက် ရေးအတွက် ဒေသဆိုင်ရာ သို့မဟုတ် ဒေသခွဲဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို ကျင့်သုံးခဲ့ပြီး ဖြစ်သည်။ အစိုးရ အဖွဲ့ (၃၀)အပြင် အလုပ်သမားများ နှင့် အလုပ်ရှင်အဖွဲ့အစည်းများ ပါဝင်သည့် ဒေသဆိုင်ရာ ကနဦးလက်တင်အမေရိကနှင့် ကရီဘီယံကလေးအလုပ်သမား လွတ်မြောက်ရေးအဖွဲ့တို့သည်၄င်း၏ ပူးပေါင်းဆောင်ရွက်မှု ပလက် ဖောင်း မှ တဆင့် တိုးတက်မှုများ ကို အရှိန် အဟုန် ဖြင့်ဆောင်ရွက်နေပါသည်။ နိုင်ငံများ၊ရပ်ရွာဒေသများနှင့် မြို့နယ်များလည်း ကမ္ဘာလုံးဆိုင်ရာ ကလေးအလုပ်သမားတိုက်ဖျက် ရေးအတွက် ပူးပေါင်း ပါဝင်လာသည်။
-အလုပ်သမားများ၊ အလုပ်ရှင်များနှင့် ၄င်းတို့၏အဖွဲ့အစည်းများသည် လုပ်ငန်းခွင် ကျန်းမာရေး ဆိုင်ရာအန္တရာယ်များ နှင့်ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးအကျိုးဆက်များကို ဖြေရှင်းခြင်းအားဖြင့် ကလေးအလုပ်သမားများကို ကာကွယ်ရာတွင် အဓိက အခန်း ကဏ္ဍအဖြစ်မှ ပါဝင်နေပါသည်။ အကျပ်အတည်း စီမံခန့်ခွဲမှုနှင့် တုန့်ပြန်မှုများသည် မျှတမှု ရှိခြင်း၊ အလုပ်သမား များ၏အခွင့်အရေးများနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ် စောင့်ရှောက်မှုများ သေချာ စေခြင်းနှင့် စီးပွားရေးဆက်လက်ရပ်တည်နိုင်စေရန် လူမှုရေး အပြန်အလှန်ဆွေးနွေးမှုသည် အလွန်အရေးကြီးကြောင်းသက်သေထူပြလျက်ရှိပါသည်။ ဤကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၌ ကျွန်ုပ်တို့သည် အပြည်ပြည် ဆိုင်ရာ ကလေးအလုပ် သမား ပပျောက်ရေးနှစ်အတွက် လုပ်ငန်းများ ကြိုတင်ပြင်ဆင်ရန်နှင့် ကြိုးပမ်းမှုများ ကို ပူးပေါင်းပါဝင်ရန် နိုင်ငံများအားလုံးနှင့် မိတ်ဖက်များကို ဖိတ်ခေါ်ပါသည်။ ဤလှုပ်ရှားမှုများ သည် သက်ဆိုင်ရာ ILO ပြဌာန်းချက်များနှင့် အကြံပြုထောက်ခံချက် များ ၁*၊ ကလေး သူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂပြဌာန်းချက်အပေါ် အခြေခံ၍ ကလေးများအားလုံးအပါအဝင် သို့မဟုတ် အန္တရာယ်ကျရောက်နေသည့် ကလေးအလုပ် သမားများကို ကာကွယ်ရန်နှင့် COVID-19 တုန့်ပြန်မှုတွင် ၄င်းကလေးများသည် ဦးစားပေးဖြစ်ကြောင်းသေချာစေရန် ဖြစ်သည်။ အောက်ဖော်ပြပါ မူဝါဒအကြံပြုထောက်ခံ ချက်များသည် ကလေးအလုပ်သမား တိုက်ဖျက်ရေး အတွက် ထိရောက်ကြောင်း သက်သေပြ ခဲ့သည်။
▶️အလုပ်သမားများနှင့် ၄င်းတို့၏မိသားစုများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် အသက်မွေး ဝမ်းကြောင်း အထောက်အပံ့ပေးခြင်း။ ကလေးအလုပ်သမားအများစု သည် စိုက်ပျိုးရေး လုပ်ငန်း (ကလေးအလုပ်သမား အားလုံး၏ (၇၁ ရာခိုင်နှုန်း) တွင် ရှိနေသည်သာမက သမာ ရိုးကျမဟုတ်သော စီးပွားရေးလုပ်ငန်းတွင် လုပ်ကိုင်နေရသော အလုပ်သမားများ၏ မိသားစုများအနေဖြင် ခွင့်မဲ့လစာ၊ ကျန်းမာရေး အာမခံချက်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် များနှင့် လူမှုကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ အခြားပုံစံများစသည်တို့ မရရှိကြပါ။ အလုပ်သမားများနှင့် အလုပ်ရှင်များ အားလုံးနှင့် ၄င်းတို့၏မိသားစုများအား COVID-19 ကျန်းမာရေး အန္တရာယ်မှ ကာကွယ်သင့်ပါသည်။ လုပ်ငန်းခွင်နှင့် လူမှုလအသိုင်းအဝန်းရှိ အကာအကွယ် အစီအမံ များကို စတင်မိတ်ဆက်ပြီး အားကောင်းလာစေခြင်းနှင့် အတူ ကြီးမားကျယ်ပြန့်သည့် လူထုထောက်ခံမှုနှင် ရင်းနှီးမြုပ်နှမှုများ လိုအပ်လျက်ပင် ရှိပါသည်။ အလုပ်အကိုင်နှင့် ဝင်ငွေအထောက်အပံ့အတွက် ပြည်သူများ၏ရင်းနီးမြုပ်နှံမှုသည် အကျပ်အတည်း ကာလများ၌လည်း အလွန်အရေးပါသည်။ စီးပွားရေးလုပ်ငန်းများ၊ အထူးလသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးများနှင့် အလုပ်သမားများအား ချက်ချင်း အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးမှုများမှ ကာကွယ်ရန်အတွက် အစီအမံများ လိုအပ်ပါသည်။
▶️လူတိုင်းအတွက် အကျုံးဝင်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးကို အားကောင်းလာစေခြင်း။ အကျပ်အတည်း ကာလအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးသည် မိသားစုများအားကျန်းမာရေးနှင့်စီးပွားရေး အရှုပ်အထွေးများမှကူညီရန်အတွက်မရှိမဖြစ်အရေးပါသောအထောက် အပံ့များဖြစ်ပါသည်။ COVID-19 ကပ်ရောဂါ ကာလတွင်ကျန်းမာရေးအာမခံမှုနှင လူမှုကာကွယ်စောင့်ရှောက်မှုသည် အလွန်အရေး ကြီးသည် သာမက မိသားစုဝင်တစ်ဦး၏ ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းတို့အတွက် ၄င်းတို့၏ ကလေးများကို အလုပ်လုပ်ရန် ဖိအားပေးမှု လျော့ချရာတွင် မရှိမဖြစ် အရေးကြီးလှပါသည််။ ကလေးအလုပ်သမား ကိုင်တွယ်ရာတွင် အထူးထိရောက်ကြောင်းသက်သေပြနိုင်သည့် အခြား သောလူမှုကာကွယ်စောင့်ရှောက်ရေး အစီအမံများတွင် မိသားစုများအတွက် ဝင်ငွေအာမခံချက်ကို တိုးမြှင့်စေခြင်းနှင့် ပညာရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုများကို ရရှိ မည့် အထောက်အပံ့များဖြစ် သည့် ငွေသားထောက်ပံ့ခြင်းနှင့် ပစ္စည်းထောက်ပံ့ခြင်း အစီအစဉ်များ (မိသားစုများ သို့မဟုတ် တိုက်ရိုက်ငွေသားပေးခြင်း သို့မဟုတ် ပစ္စည်းထောက်ပံ့ပေးခြင်း) များ ပါဝင်သည်။
▶️လူတိုင်းအတွက် အရည်အသွေးမြှင့် ပညာရေး။ ပညာရေးသည် ကလေးများ၏ ဘဝတွက်တာကျွမ်းကျင်မှုနှင့် အနာဂတ်အလုပ် အကိုင် အခွင့်အလမ်းများပေးရာတွင် အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါသည်။ ကျောင်းတက်သော ကလေးများသည် ကလေးအလုပ်သမား ၏ သားကောင်အဖြစ်သို့ကျရောက်နိုင်ချေနည်းသည်။ အကျပ် အတည်း ကာလများ၌ ကျောင်းပညာပုံမှန်သင်ကြားရေး သို့မဟုတ် ကျောင်းပြင်ပ သင်ကြားရေးပုံစံတို့ဖြင့် သင်ကြားရာတွင် အဆကမပြတ်ပညာသင်ကြားခြင်းသည် အလွန်အရေးကြီးပါသည်။ COVID-19 ကြောင့် နိုင်ငံ တော်တော်များများတွင် စာသင်ကျောင်းများပိတ်ထားရပြီး ကလေးများသည် ၄င်းတို့၏အချို့သောအချိန်များအား အလုပ်လုပ်ခြင်းတွင် နစ်မြုပ်ရပြီး သို့မဟုတ် ကလေးအလုပ်သမားဖြစ်နိုင်ချေရှိသော ကလေးများသည် ဘယ်သောအခါမှ ကျောင်းပြန်သွားနိုင်ကြလိမ့်မည်မဟုတ်ပါ။ ကျောင်းတက်ပြီး အလုပ်လုပ်နေသော ကလေးများသည် ၄င်းတို့၏ ပညာလေ့လာ သင်ယူမှုနှင့် အကာအကွယ်ပေးသော ပတ်ဝန်းကျင်ကိုဆုံးရှုံးရပြီး သူတို့၏ မိသားစုများကို ကူညီရန်အတွက် အချိန်ကြာရှည်စွာ အလုပ်လုပ်ရပေမည်။ ဤ COVID-19 ကြောင့် အဝေးသင်ပညာရေးသည် အရေးပါလျက်ရှိလာသည်။ သို့သော် ထိခိုက်လွယ်သောကလေးအများစုသည် ကွန်ပျူတာနှင့် အင်တာနက်မသုံးနိုင်သောကြောင့် အဝေးသင်ပညာ ရေးကို လက်လှမ်းမမီကြပါ။
တစ်ခါတစ်ရံတွင် လျှပ်စစ်မီးပင်မရကြသောကြောင့် နည်းပညာနိမ့်ကျခြင်း နှင့် နည်းပညာမရှိခြင်းကို ဖြေရှင်းသည့်နည်းလမ်းများ လိုအပ်ပါသည်။ အကျပ် အတည်းကာလအတွင်း မည်သည့်ပညာရေးပုံစံကို မဆို မရရှိနိုင်သူများအတွက် အချိန်မီ အမီလိုက်နိုင် သော ပညာရေးသည် ဤကလေးများကို ကျောင်းသို့ ပြန်သွား ရန်အတွက် ကူညီနိုင်မည်ဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် ရရှိသည့် အခြေခံ မသင်မနေရ ပညာရေးသည် အရေးပါလှသည်။ နေ့လည်စာများ ကျွေးမွေးပေးခြင်း၊ သွယ်ဝိုက်ကုန်ကျမှုများဖြစ်သည့် ကျောင်းဝတ်စုံများ၊ စာအုပ်များနှင့် သွားလာရေး စရိတ်ကို ထောက်ပံ့ပေး နိုင်သည့် အခမဲ့မသင်မနေရအခြေခံပညာရေးစနစ်ကို လက်လှမ်းမီရန်မှာ လွန်စွာ အရေးကြီးလှပါသည်။
▶️စည်းရုံးလှုံ့ဆော်မှုနှင့် မိတဖက်များ တိုးမြှင့်ခြင်း။အကျပ်အတည်းကာလ၌ ထိခိုက်လွယ်သော ကလေးများ နှင့် မိသားစုများကို မီးမောင်းထိုးပြရန်နှင့် ကလေးများ၏ လုိအပ်ချက်များ သည်အကျပ်အတည်းကာလတုံ့ပြန်မှု၏ ရှေ့တန်းမှ ဖြစ်ကြောင်းသေချာစေရန် သက်ဆိုင်ရာ မိတ်ဖက်များ အားလုံးနှင့် အတူတကွ လက်တွဲဆောင်ရွက် ရန် ပို၍အရေးကြးလှပါသည်။ အစိုးရများ၊ အလုပ်ရှင်များနင့် အလုပ်သမားအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာမိတ်ဖက်များနှင့် မီဒီယာများသည် ကလေး အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေး အစီအစဉ်တွင် မှန်ကန်သော မူဝါဒများထောက်ခံရန် နှင့် နိုင်ငံရေးနှင် ဘဏ္ဍာရေးအထောက်အပံ့များ မှန်ကန် လည်ပတ်စေရန်က အရေးကြီး သော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါသည်။
လုပ်ငန်းခွင်တွင်အခြေခံသဘောတရားများနှင့်ရပိုင်ခွင့်များနှင့် ပတ်သက် ၍ ဘက်ပေါင်းစုံ အမြင်ဖြင့် စိန်ခေါ်မှုကို ဖြေရှင်းရန် အရေးကြီးသည်။ ထိုအရာသည် အကျပ်အတည်းကာလ တွင် ပို၍အရေးကြီးလာသည်။ ထိုအခွင့်အရေး များတွင် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်း ခွင့်နှင့် ကလေးအလုပ်သမား အဖြစ်အန္တရာယ်ကျရောက်နေသော ကလေးများ၏ မိဘများ အတွက် သင့်တင့်လျောက်ပတ်သော လုပ်ခလစာနှင့် ကောင်းမွန်သောလုပ်ငန်းခွင် အခြေအနေများကို အထောက်အကူပြုသော အလုပ်သမားသမဂ္ဂနှင့် အလုပ်ရှင်တို့ဆွေးနွေး ညှိနှိုင်းခြင်းများ ပါဝင်သည်။ ၄င်းတို့တွင် တန်းတူညီမျှဆက်ဆံမှုနှင့် အခွင့်အရေးများပါဝင် သည်။ ထိုမှသာ အသက်၊ လိင်၊ လူမျိုး၊ ရွှေ့ပြောင်းနေထိုင်မှု အဆင့်အတန်း သို့မဟုတ် ဘာသာရေးယုံကြည်ချက်ကြောင့် အလုပ်သမားများ ခွဲခြားဆက်ဆံမှုမခံရနိုင်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည့် အဓမ္မခိုင်းစေမှုကို ဖျက်သိမ်းရန်လည်း ထည့်သွင်း စဉ်းစားရမည်။ ဤအခြေခံအလုပ်သမားအခွင့်အရေးများအားလုံးသည် ကျယ်ပြန့်သော လူ့အခွင့် အရေး အခြေပြုနှင့် ကလေးသူငယ် ဗဟိုပြု တုံ့ပြန်မှု၏ ပြီးပြည့်စုံသော အစိတ်အပိုင်းဖြစ်သည်။ ထိုအရာများသည် မည်သူမျှမကျန်ရစ်ပဲ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေးအတွက်ဖြစ်ပါသည
ကျွန်ုပ်တို့နှင့်အတူပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့သည်အစိုးရများ၊အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အခြား ကလေး အလုပ် သမားအရေး စိတ်ပါဝင်စားသော သူများသည် ကလေးအလုပ်သမားအရေးကိစ္စနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံ အားပေးလျက်ရှိကြသည်။ ကျွန်ုပ်တို့အနေ ဖြင့် ၂၀၂၀ခုနှစ်မှာ သင်နှင့် သင့်အဖွဲ့အစည်းကို ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့တွင် ပါဝင်ရန်အတွက် ဖိတ်ကြားလိုပါသည်။ ကျွန်ုပ်တို့နှင့်အတူ ပါဝင်ပြီး ကမ္ဘာတစ်ဝှမ်း ကလေး အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် သင်၏အသံ ကိုထည့်သွင်းပါ။ လူမှုကွန်ယက်တွင် စည်းရုံးလှုံ့ဆော်ရေးကိုမည်သို့ထောက်ပံ့ရမည်ကို ရှာဖွေရန်ကျွန်ုပ်တို့၏ စည်းရုံးလှုံ့ ဆော်ရေးစာမျက်နှာ-www.ilo.org/ChildLabourWorldDay-နှင့် ဆွေးနွေး တိုင်ပင်ပါ။ သင်တို့၏နိုင်ငံများတွင် စီစဉ်ထားသောလုပ်ဆောင်မှုများအကြောင်းကို ကျွန်ုပ်တို့ထံ အကြောင်းကြားပြီး ဓာတ်ပုံများကို ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန် - childlabour@ilo.org
၁* ၁၉၇၃နှစ် အနိမ့်ဆုံးလုပ်လုပ်နိုင်သည့် အသက် ILO ပြဌာန်းချက် (အမှတ်-၁၃၈)၊ ၁၉၉၉ခုနှစ် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေခြင်း ILo ပြဌာန်းချက် (အမှတ်-၁၈၂)၊ နှင့် ၂၀၁၇ခုနှစ် ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင် ရေးအတွက် အလုပ်အကိုင်နှင့် သင့်တော်လျောက်ပတ်သော အလုပ်ဆိုင်ရာ ILO အကြံပြုထောက်ခံချက် (အမှတ်-၂၀၅)။
ILO မှ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အတွက်ထုတ်ဝေသာေစာအုပ်မှကူးယူပါသည်။
ရယူရန် - https://tinyurl.com/ycbfo9pw
Tag: Article, Event, UN