ဓာတုပစ္စည်းတွေကြားထဲမှာ ရှင်သန်နေကြရတာ ခဏလောက်ပဲ ဖြစ်ဖြစ် အနားယူချင်တယ်ဆိုရင် The Fresh က ဝမ်းမြောက်စွာကြိုဆိုပါတယ်။
သဘာဝ သစ်သီးသစ်ဥ တွေကနေ အမြဲအသစ်ဖြစ်နေသော နည်းပညာတွေနဲ့ ပေါင်းစပ်ကာ မိတ်ဆွေတိုအတွက် အကောင်းဆုံးသော သဘာဝ ဆပ်ပြာ သဘာဝ Scrub တိုကို ယူဆောင်လာပေးမှာပါ။
ကျွန်ုပ်တိုထံမှဓာတုပစ္စည်းတွေနဲ့ ကင်းလွတ်တဲ့ Soap တွေ နဲ့ Scrub လေးတွေ သုံးရင်း နှစ်ခြိုက်စွာ အနားယူပါ။ အနယ်နယ်အရပ်ရပ်က ကိုယ်စားလှယ်တွေလဲ အမြဲ ကြိုဆိုချက်ပါ။
Products
The Fresh မှထုတ်လုပ်လိုက်တဲ့
Organic coffee soap လေးအကြောင်း
အသေးစိတ်ရှင်းပြပေးချင်ပါတယ်။
ဒီ Coffee soap လေးမှာ ဘာတွေပါဝင်ပါသလဲ ❓
အဓိကပါဝင်ပစ္စည်းတွေကတော့
ကော်ဖီ၊ပျားရည်၊သံလွင်ဆီတိုပဲဖြစ်ပါတယ်။
ပါပစ္စည်းတွေရဲ့ တစ်မျိုးခြင်းဂုဏ်သတ္တိတွေက ဘာတွေလဲ❓
ကော်ဖီကနေလောင်တာတွေကို အထိရောက်ဆုံး ကုသပေးပါတယ်။ နေလောင်ကွက်တွေကို အချိန်တိုအတွင်း အလျင်မြန်ဆုံး ပျောက်ကင်းစေပါတယ်။ ပျားရည်ကဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုသတ်ပေးနိုင်တဲ့သဘာဝပိုးသတ်ဆေးအဖြစ်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဝက်ခြံကြောင့် နီရဲရောင်ရမ်းနေတာတွေကို လျှော့ချပေးနိုင်တဲ့ အရောင်ကျစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။
သံလွင်ဆီက မျက်နှာပေါ်မှာ အရေးအကြောင်း မဖြစ်အောင် ကာကွယ်ပေးပြီး ရှိနေတဲ့ အရေးအကြောင်းများကိုလဲ လျော့ပါးစေပါတယ်။
Vitamin E နဲ့ Antioxidants ပါဝင်တာကြောင့်အချိန်မတိုင်မှီအိုမင်းရင့်ရော်ခြင်းနဲ့ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် Chemical တွေကိုလဲ လျှော့ချချင်တယ်၊ Organic Soap လေးလဲ သုံးကြည့်ချင်တယ်ဆိုရင် ဒီ Organic Coffee Soap လေးကို
Try ကြည့်ဖို တိုက်တွန်းပါရစေ။
ကိုယ်တိုင်သုံးကြည့်ပြီး တစ်တုံးကုန်တဲ့အချိန်မှာ ရလာတဲ့ Result ကို အရမ်းသဘာကျလို
သုံးဖြစ်အောင်သုံးကြည့်ဖို Recommend ပေးပါတယ်နော် ❤️
Fragrance ထပ်ထည့်စရာမလိုဘဲ
သဘာဝကော်ဖီအနံ့လေးနဲ့တင် ဆွဲဆောင်မှုအပြည့်ပါပဲ။
Face & Body အသုံးပြုနိုင်ပါတယ်။
The Fresh မှထုတ်လုပ်လိုက်တဲ့
Organic Aloe Vera soap လေးအကြောင်း
အသေးစိတ်ရှင်းပြပေးချင်ပါတယ်။
ရှားစောင်းအနှစ်စစ်စစ်ကိုသာ အသုံးပြုထားတာကြောင့် နေလောင်ဒဏ်ရာ၊ အမာရွတ်၊ အမဲစက်၊ ဝက်ခြံ၊ တင်းတိတ်တိုကို သက်သာပျောက်ကင်းစေပါတယ်။
ရှားစောင်းဟာ အသားအရေကို ရေဓာတ်အဖြည့်နိုင်ဆုံးမို Scrub တိုက်ပြီး သုံးသင့်တဲ့ Soap လေးပါပဲ။
ဒီ Soap လေးကတော့
ဝက်ခြံထွက်လွယ်သူ၊ အမဲစက်ရှိသူ၊
ခြောက်သွေ့တဲ့အသားအရေရှိသူတိုအတွက်
အထူးသင့်လျော်ပါတယ်။
The Fresh မှ Item အသစ်လေးကို
ထပ်မံထုတ်လုပ်လိုက်ပါပြီ။
သဘာဝဆန်ဆပ်ပြာလေးပါ
ဆန်ရဲ့ အသားအရေကို အကျိုးပြုပုံက
နေလောင်တာ ၊ ဝက်ခြံ၊ တင်းတိတ်နှင့်အရေးအကြောင်းစတဲ့ အရေပြားပြသာနာတွေကို
ဖြေရှင်းပေးနိုင်ပါတယ်။
ဝက်ခြံရှိသူလေးတွေအများစုက
Highly sensitive skin ပိုင်ရှင်လေးတွေဖြစ်တာကြောင့် Skin care ရွေးချယ်တဲ့အခါ
သေချာလေးစိစစ်ရွေးချယ်ရပါတယ်။
ဒီအသားအရေပိုင်ရှင်လေးတွေအတွက်
အသင့်လျော်ဆုံးကတော့
သဘာဝပစ္စည်းစစ်စစ်တွေပါပဲ။
သဘာဝပစ္စည်းစစ်စစ်တွေနဲ့ ထုတ်လုပ်ထားတဲ့
ဒီဆန်ဆပ်ပြာလေးက အဆီပြန်ခြင်းကို
သက်သာစေပြီး ချွေးပေါက်တွေကိုလဲ
ကျဥ်းစေတာကြောင့် အဆီပြန်၊ဝက်ခြံရှိသူ
တွေနဲ့ အသင့်လျော်ဆုံးပါပဲ။ ရေရှည်သုံးစွဲပေးခြင်းဖြင့် အရေးအကြောင်း၊အဆီပြန်၊ဝက်ခြံ
ကင်းစင်ပြီး အသားအရေလေးဖြူစင်ဝင်းပစေမှာပါရှင်။
အနံ့လေးကလဲ ဆန်နံ့သင်းသင်းလေးနဲ့ထုတ်ပေးထားပါတယ်။
The Fresh ရဲ့ Organic Soap အသစ်လေးဖြစ်တဲ့
Lavender Soap လေးထပ်မံထုတ်လုပ်လိုက်ပါပြီ
Lavender Oil အဓိကပါဝင်လို့
စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးခြင်း၊ အရေပြားယားယံခြင်းစတဲ့ ပြသာနာများကို
ဖယ်ရှားပေးနိုင်ပါတယ်။
Lavender oil ဟာ စိတ်ဖိစီးခြင်းကိုလျော့ကျစေပါတယ်။ အိပ်မပျော်တာတွေကို အလွယ်တကူ
အိပ်ပျော်စေပါတယ်။
Fragrance ကိုတော့ 2 မျိုး Mix လုပ်ပေးထားတာမို့ relax ဖြစ်စေမှာ အသေအချာပါပဲ
ခုကာလကြီးမှာ အားလုံးပဲ စိတ်ပင်ပန်းကြတယ်၊ စိတ်ဖိစီးကြတဲ့အတွက် ရေချိုးရင်း Relax ဖြစ်စေချင်တဲ့စိတ်လေးနဲ့ ထုတ်ပေးထားပါတယ်။