အကယ်၍ Operation Run နေတဲ့အချိန်အတွင်းမှာ Order Slip ထုတ်တဲ့ printerက အကြောင်းတစ်ခုခုကြောင့် ထုတ်မရတော့ပဲ ပျက်သွားတာမျိုးဖြစ်တဲ့အခါကျရင် operation ကိုလည်းမထိခိုက်အောင် order slip ကို အနီးဆုံးမှာရှိတဲ့ printer နဲ့ပေါင်းထုတ်လို့ရတဲ့နည်းလမ်းလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။
အရင်ဆုံးပေါင်းထုတ်နိုင်တဲ့နည်းလမ်းကိုမပြောခင် POS Software မှာ printer တွေကိုဘယ်လိုမျိုးချိတ်ဆက်ထားလဲဆိုတာကိုရှင်းပြပေးချင်ပါတယ်။
Software ကနေ item တစ်ခုကို print order နှိပ်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ printer ကနေ order slip ထွက်ဖို့ကို Setup ထဲက သက်ဆိုင်ရာ stock ရဲ့ Detail မှာ printer name ကိုရွေးချယ်ပေးရပါတယ်။ (e.g. "Tiger Beer" ဆိုရင် Bar Printer ကထွက်မှာဖြစ်တဲ့အတွက် "Bar" ကိုရွေးပေးရတဲ့ပုံစံမျိုးကိုဆိုလိုပါတယ်) Printer Name ရွေးတဲ့အခါမှာသိဖို့လိုအပ်တာက Software ထဲက Stock မှာ printerရွေးတဲ့အချိန်ပေါ်နေတဲ့ Printer Name က Internal name (Software ထဲမှာပေးထားသောနာမည်) သာဖြစ်ပြီး System Setting ကနေမှတဆင့် အပြင်ဘက်(Computer)မှာတကယ် install တင်ထားတဲ့ Printer Name (External Name) နဲ့ ပြန်ပြီးချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။
Software ထဲကပေးထားတဲ့ printer name (internal name) နဲ့ install လုပ်ထားတဲ့ printer name ကိုချိတ်တဲ့နေရာကတော့ Software ထဲမှာရှိတဲ့ System Setting ထဲက Kitchen Printer ဆိုတဲ့နေရာမှာပဲဖြစ်ပါတယ်။ နားလည်လွယ်အောင် ပုံနှင့်တကွရှင်းပြပေးထားပါတယ်။
အပေါ်ကရှင်းပြပေးထားတာလေးကိုနားလည်သဘောပေါက်သွားပြီဆိုရင်တော့ ဘယ်လိုပေါင်းထုတ်လို့ရမလဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်။ Example နဲ့ရှင်းပြပေးရရင် BBQ Printer ကပျက်သွားပြီး print မထွက်တော့ဘူးဆိုပါစို့။ ဒါဆိုရင် အနီးဆုံမှာရှိတဲ့ Bar Printer ကနေပေါင်းထုတ်ချင်တယ်ဆိုရင် BBQ item တစ်ခုချင်းဆီကို Bar နဲ့ချိတ်စရာမလိုပဲ System Setting ထဲကနေ Printer Name - BBQ ကို အပြင်မှာ install လုပ်ထားတဲ့ Printer - Bar Printer နဲ့ချိတ်ဆက်ပေးလိုက်ရင် Bar Printer မှာပေါင်းပြီးထွက်ပေးသွားမှာပဲဖြစ်ပါတယ်။ ထပ်ပြီးရှင်းသွားအောင် ပုံနှင့်တကွဖော်ပြပေးပါမယ်။