Client စက်တွေမှာ Software ဖွင့်မရတော့တဲ့အချိန် စစ်ကြည့်ရမဲ့အရာများနဲ့ ဖြေရှင်းနိုင်မဲ့ Troubleshoot များကိုတစ်ချက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ စစ်ကြည့်ရမဲ့အရာလေးတွေမပြောခင် ပထမဦးဆုံးအနေနဲ့ Client စက်ကဘယ်လိုအလုပ်လုပ်လဲ/ Server စက်နဲ့ဘယ်လိုချိတ်ဆက်ထားလဲ/ ဘယ်လိုအခြေအနေတွေမှာ Client စက် Software မပွင့်တာမျိုးဖြစ်တတ်လဲဆိုတာလေးတွေကိုတစ်ချက်ရှင်းပြပေးချင်ပါတယ်။
Software ရဲ့ Database က Serverစက်မှာပဲရှိတော့ ၎င်းစက်မှာပဲ Software ကိုအသုံးပြုနိုင်ပြီး တခြားစက်တွေမှာပါ Software ကိုပြိုင်တူသုံးချင်လာတဲ့အချိန်ကျရင် Software ထည့်ပြီး Server နဲ့ parallel အသုံးပြုလို့ရတဲ့စက်ကို Client လို့ခေါ်ပါတယ်။ Client စက်မှာ Software သည် အခွံအနေအထားပဲရှိပြီး Databaseက Serverစက်မှာရှိနေတာကြောင့် မဖြစ်မနေ Server စက်နဲ့ချိတ်ဆက်ထားမှသာ Software သုံးလို့ရမှာဖြစ်ပါတယ်။ Server စက်နဲ့ Client စက်ကို Connection ချိတ်ဆက်ရာတွင်လည်း Wifi နဲ့ပဲဖြစ်ဖြစ် / Network ကြိုးနဲ့ပဲဖြစ်ဖြစ် ချိတ်ဆက်ထားရမှာဖြစ်ပြီး မိမိတို့ရဲ့လုပ်ငန်းပေါ်မူတည်၍ အသုံးပြုထားသည့် Network ပုံစံအမျိုးမျိုးကွဲပြားနေနိုင်ပါတယ်။ အောက်ကပုံလေးတွေကိုကြည့်ပြီး Server/ Client ချိတ်ဆက်ထားပုံကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါတယ်။
Client စက် Software မပွင့်နိုင်တဲ့အခြေအနေတွေက အမျိုးမျိုးရှိနိုင်ပြီးတော့ အများဆုံးဖြစ်တတ်တဲ့အရာလေးတွေကို တစ်ချက်ပြောပြပေးသွားပါမယ်။
(1) Server နှင့် connection မရတဲ့အချိန်
(2) Firewall ပိတ်ထားမိတဲ့အချိန်
(3) Server မှာ IP Address ပြောင်းသွားသောအချိန် (IP Address ကျမလာခြင်း)
(4) Client စက်မှာ Virus ရှိနေတဲ့အချိန်
အထက်ပါပြောထားတဲ့ case များအလိုက် Step by Step စစ်ကြည့်သွားပြီးတော့ဖြေရှင်းရမှာဖြစ်ပါတယ်။
Wifi နဲ့ ချိတ်ဆက်ထားရင်တော့ Server/ Client ၂ခုစလုံးက same wifi ဖြစ်နေလားဆိုတာကို တစ်ချက်စစ်ကြည့်ပေးရပါမယ်။ လိုအပ်ရင် Wifi အပိတ်/အဖွင့်လေးလုပ်ကြည့်ပေးရပါမယ်။
Network ကြိုးနဲ့ချိတ်ဆက်ထားရင်တော့ အရင်ဆုံး Server/Client ၂ခုစလုံးရဲ့ Network ကြိုးကိုစစ်ကြည့်ရမှာဖြစ်ပြီး computer ၂စက်စလုံးရဲ့ Network Settingကနေပြီးတော့ Network ကြိုးက connection မိနေလား/ပြုတ်နေလား ဆိုတာတစ်ချက်စစ်ကြည့်နိုင်ပါတယ်။ Computer တွင် Network ကြိုး မိ/မမိ စစ်ဖို့အတွက် Keyboard ကနေ Window+R တွဲနှိပ်ပြီး Run box ပေါ်လာရင် 'ncpa.cpl' လို့ရိုက်ပြီးတော့ Enter (သို့) OK ကိုတစ်ချက်နှိပ်ပြီး စစ်ကြည့်နိုင်ပါတယ်။ Server / Client ၂ခုစလုံးမှာ စစ်ကြည့်ရမှာဖြစ်ပြီးတော့ လိုအပ်ရင် Network ခေါင်းကိုအဖြုတ်အတပ်လုပ်ကြည့်ပေးရပါမယ်။
Server စက်/ Client စက်တွေမှာ Firewall ပိတ်မိထားတဲ့အခြေအနေတွေမှာလည်း Software မပွင့်တတ်တာမျိုးဖြစ်တတ်ပါတယ်။
Firewall ပိတ်နေလား/ပွင့်နေလားဆိုတာစစ်ဖို့အတွက် keyboard ကနေ Window+R တွဲနှိပ်ပြီး Run box ပေါ်လာရင် 'firewall.cpl' လို့ရိုက်ပြီးတော့ Enter (သို့) OK ကိုတစ်ချက်နှိပ်ပြီး စစ်ကြည့်နိုင်ပါတယ်။ အကယ်၍ Firewall ပွင့်နေတယ်ဆိုရင်တော့ ပြန်ပြီးတော့ပိတ်ပေးရပါမယ်။
Server စက်နဲ့ connection လည်းရှိနေတယ်/ firewall လည်းပွင့်မနေဘူးဆိုရင်တော့ Server / Client ၂ခုစလုံးရဲ့ IP Address ကိုစစ်ကြည့်ရမှာဖြစ်ပြီး နှစ်ဖက်စလုံးကို အပြန်အလှန် data transfer(connection) ရှိ/မရှိ cmd ကနေ ping ကြည့်ရမှာဖြစ်ပါတယ်။ (ping- Packet Inter-Network Grouper)
cmd ကနေ connection ရ/မရ စစ်ကြည့်ဖို့အတွက် Client/Server ၂စက်လုံးမှာ keyboard ကနေ Window+R တွဲနှိပ်ပြီး Run box ပေါ်လာရင် 'cmd' လို့ရိုက်ပြီးတော့ Enter (သို့) OK ကိုတစ်ချက်နှိပ်ရပါမယ်။ command box (Black screen)ပေါ်လာပြီဆိုရင် အရင်ဆုံး မိမိစက်ရဲ့ IP ကိုစစ်ဖို့အတွက် 'ipconfig' ဆိုတာလေးကိုတစ်ချက်ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ပေးပါ။ IPv4 Address ဆိုတဲ့နေရာမှာ မိမိစက်ရဲ့ IP address ကိုမြင်ရမှာဖြစ်ပါတယ်။ ထိုအချိန်မှာ Address ကျလာခြင်းမရှိရင်တော့ Connection လွတ်နေတာဖြစ်ပြီး အပေါ်မှာပြောထားတဲ့ Step 1 အတိုင်းစစ်ကြည့်ပြီး fix လုပ်ဖို့လိုပါမယ်။ IP Address ကျနေရင်လည်း Server/Client ၂စက်စလုံးရဲ့ IP Address ကိုယှဉ်၍ Series တူ/မတူ တစ်ချက်စစ်ပေးရပါမယ်။ Example: Server စက်မှာ 192.168.110.10 ဆိုရင် Client စက်မှာ 192.168.110.__ ရှိနေပြီး 110- series တူနေတာမျိုးဖြစ်ရပါမယ်။ series လည်းတူနေရင်တော့ နှစ်ဖက်စလုံးကို တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် ping ကြည့်ပေးရပါမယ်။ Example : Client စက်က 192.168.110.20 ဆိုရင် Server စက်ကနေ cmd ကနေပဲ ping 192.168.110.20 ဆိုပြီးရိုက်၍ Enter ခေါက်ကြည့်ရပါမယ်။ ထိုအခါမှာ Reply ပြန်ရင်တော့ connection မိနေတာဖြစ်ပြီး Request Time Out ဆိုရင်တော့ Client စက်နဲ့ Connection မရဘဲဖြစ်နေပါတယ်။ Client စက်တွင်လည်း ထိုနည်းလမ်းအတိုင်း Server စက်နှင့် connection မိ/မမိ စမ်းကြည့်နိုင်ပါတယ်။
အကယ်၍ Server စက်မှာ IP Address က မိမိတို့ Network ရဲ့ IP series (192.168.110._) မဟုတ်ဘဲ ' 169.254._._ ' လို့ပြနေရင်တော့ Server စက်မှာ IP မကျတာ/ IP Address ထပ်နေတာမျိုးဖြစ်နိုင်ပါတယ်။ အဲ့ဒီအခါကျရင် Server စက်ကနေ Network ကြိုးထိုးထားတဲ့ Switch / Router ကိုပါဝါအဖွင့်/အပိတ်လုပ်တာ ကြိုးအဖြုတ်/အတပ်လုပ်ကြည့်တာမျိုးလုပ်ပေးရပါမယ်။ IP ကို Static (ပုံသေ) ပေးထားခဲ့ရင်လည်း DHCP (Dynamic) ပြောင်းပြီး ipconfig နဲ့ပြန်စစ်ကြည့်တာမျိုးလုပ်ပေးရပါမယ်။
အပေါ်က Step တွေအားလုံး စစ်ပြီးလို့ Software မပွင့်သေးဘူးဆိုရင်တော့ Client စက်မှာ ချိတ်ထားတဲ့ Software ရဲ့ config file လွဲနေတာ/ ဒါမှမဟုတ် config မှန်နေရင်လည်း Client စက်မှာ virus ရှိနေပြီး Software file (.exe) ဖွင့်မရတာမျိုးလဲဖြစ်နိုင်ပါတယ်။
အဲ့လိုအချိန်မှာဆိုရင်တော့ Server စက်က Software ကို Client ကနေခေါ်ပြီးတော့ ဖွင့်လို့ရတဲ့ပုံစံလေးနဲ့ Software ကိုယာယီအသုံးပြုနိုင်အောင် ပြုလုပ်လို့ရနိုင်ပါတယ်။