Office Software တွေဖြစ်တဲ့ Word/ Excel သုံးတဲ့အချိန်မှာ သုံးလို့မရဘဲ Activation Key တောင်းတာမျိုး/ Activate လုပ်ဖို့ Alert Box ကျနေတာမျိုး နဲ့ Window OS က Activate လုပ်ဖို့လိုအပ်လာတဲ့အချိန်မှာ Winodw/Office Activation ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုတစ်ချက်ရှင်းပြပေးသွားပါမယ်။ Activate မလုပ်ခင်ကျနော်တစ်ချက်လေးရှင်းပြချင်တာကတော့ လက်ရှိအသုံးပြုနေတဲ့ Window တွေ Office တွေက License ဝယ်ပြီးသုံးရတာဖြစ်တဲ့အတွက် အကယ်၍ မိမိက License ဝယ်ပြီးအသုံးပြုထားတယ်ဆိုရင်တော့ Activate လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။ License ဝယ်ပြီးသုံးထားတာမဟုတ်ဘဲ သာမန်အသုံးပြုနေတာဆိုရင်တော့ Activate လုပ်ဖို့လိုအပ်ပါလိမ့်မယ်။ Window/ Office activate ပြုလုပ်ဖို့အတွက် KMSpico Software ကိုအသုံးပြုပြီး Activate လုပ်တဲ့ပုံစံလေးကိုရှင်းပြပေးသွားပါမယ်။
KMSpico Software မှာဆိုရင် GUI Software ကိုအသုံးပြုပြီး Activate လုပ်တာနဲ့ cmdline software ကိုအသုံးပြုပြီး Activate လုပ်တဲ့ပုံစံနှစ်မျိုးစလုံးတစ်ချက်ရှင်းပြပေးသွားပါမယ်။ KMSpico သည် crack လုပ်မဲ့ software ဖြစ်တာကြောင့် Window Securityက မဖျက်ချအောင် install မလုပ်ခင် ပထမဉီးဆုံးအနေနဲ့ Window Security ရဲ့ Virus & threat protection မှာ Realtime Protection ကိုခနတစ်ချက်ပိတ်ထားပေးရပါမယ်။ (window key ကိုနှိပ်ပြီး Search Box မှာ Virus & threat protection ဆိုပြီးရှာလို့လည်းရပါတယ်)
KMSpico Software ကိုအောက်မှာဖော်ပြထားတဲ့ နေရာကနေတစ်ဆင့် download ဆွဲလို့ရပါတယ်။
အပေါ်က Download Link ကနေတဆင့် download ဆွဲပြီးရင်တော့ရလာတဲ့ rar(zip) ဖိုင်ကို ပုံမှာပြထားတဲ့အတိုင်း Right Click နှိပ်ပြီး extract လုပ်ပေးရပါမယ်။
Extract လုပ်ပြီးနောက်ပေါ်လာတဲ့ kmspico folder ထဲကိုဝင်ပြီးပုံမှာပြထားတဲ့အတိုင်း KMSPico-Setup File လေးကိုထပ်ပြီး ဖြည်ပေးရပါမယ်။
Extract လုပ်ပြီး Folder လေးပေါ်လာရင်တော့ ၎င်း Folder ကိုဖွင့်ပြီး KMSpico Software ကို installation လေးတစ်ချက်လုပ်ပေးရပါမယ်။
(ဒီနေရာမှာ အပေါ်ကပြောထားခဲ့သလို Window Security ထဲက Real-Time protection ကိုမပိတ်ထားခဲ့ဘူးဆိုရင်တော့ Window အနေနဲ့ ၎င်း software ကို virus of malware လို့ယူဆပြီး အလိုအလျောက်ရှင်းပစ်နိုင်ပါတယ်)
Installation Process ကတော့အောက်မှာပြထားတဲ့ပုံစံလေးအတိုင်းပဲဖြစ်ပါတယ်။
Installation လုပ်ပြီးရင်တော့ Window key နှိပ်လိုက်ပြီဆိုတာနဲ့ KMSpico Software လေးကိုတစ်ချက်တွေ့ရပါလိမ့်မယ်။ Activation လုပ်ရန်အတွက် Software ကိုတစ်ချက်ဖွင့်ပေးလိုက်ပါမယ်။ Software ပွင့်လာပြီဆိုရင်တော့ ခလုတ်လေးကိုနှိပ်လိုက်ရင် Activation လုပ်သွားပါလိမ့်မယ်။
အနီရောင်ခလုတ်ကိုနှိပ်ပြီး Activate လုပ်ရန်
(အကယ်၍ Window ပါ Activate လုပ်ဖို့ရှိရင် အပေါ်က Logo မှာ Window ပါပေါ်နေပါမည်)
Activation လုပ်ပြီးပြီဆိုတာနဲ့ လက်ရှိ install တင်ထားတဲ့ KMSpico Software ကိုပြန်ပြီး uninstall လုပ်ပေးရပါမယ်။ (Crack Software ဖြစ်တဲ့အတွက် Window Security မှာ Real-Time Protection ပြန်ဖွင့်တဲ့အချိန်ကျရင် Malware တွေ Virus တွေ မတက်စေရန်ဖြစ်ပါသည်) Uninstall လုပ်ဖို့အတွက် Window Key ကိုတစ်ချက်နှိပ်ပြီး Uninstall KMSpico လေးကိုတစ်ချက်နှိပ်ပေးရပါမယ်။ Uninstall လုပ်ပြီးပြီဆိုတာနဲ့ အလိုအလျောက် File Explorer တစ်ခုပွင့်လာပါလိမ့်မယ်။ ထို့နောက် This PC > Local Disk (C:) > Program Files > အောက်မှာရှိတဲ့ KMSpico ဆိုတဲ့ folder လေးကို shift+Del နဲ့ဖျက်ချပေးရပါမယ်။
Uninstall KMSpico
2. Press Next to Uninstall
3. After Uninstalled, Delete KMSpico Folder in that Location
ဒါဆိုရင်တော့ Window / Office Activate ပြုလုပ်တာအောင်မြင်ပြီဖြစ်ပါတယ်။ Down ထားခဲ့ KMSpico File အားလုံးကိုဖျက်ပေးပြီးရင်တော့ ခုနက ပိတ်ထားတဲ့ Real-Time Protection ကိုပြန်ဖွင့်ပေးရပါမယ်။ သက်ဆိုင်တဲ့အရာအားလုံးကိုပြုလုပ်ပြီးပြီဆိုရင်တော့ စက်ကို restart တစ်ခေါက်ချပေးပြီး ပြန်တက်လာပြီဆိုရင် Office Software တွေကိုပြန်ပြီးအသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။
အပေါ်က Download Link ကနေတဆင့် download ဆွဲပြီးရင်တော့ရလာတဲ့ rar(zip) ဖိုင်ကို ပုံမှာပြထားတဲ့အတိုင်း Right Click နှိပ်ပြီး extract လုပ်ပေးရပါမယ်။
Extract လုပ်ပြီးနောက်ပေါ်လာတဲ့ folder ထဲကိုဝင်ပြီးပုံမှာပြထားတဲ့အတိုင်း K M SPico ဆိုတာလေးကို double click တစ်ချက်နှိပ်ပေးပါမယ်။
Double click လုပ်ပြီး Folder လေးပေါ်လာရင်တော့ ၎င်း Folder ကိုဖွင့်ပြီး K M S pico.exe ကို double click လုပ်ပြီးဖွင့်ပေးရပါမယ်။
(ယခု Software သည် portable software ဖြစ်သောကြောင့် extract ဖြည်စရာမလိုဘဲ တန်းပြီးဖွင့်သုံးနိုင်သည့်အတွက် rar ထဲကပဲ တန်းပြီးဖွင့်နိုင်ပါသည်။ Extract လုပ်ပြီးဖွင့်လည်းအဆင်ပြေပါသည်)
ဖွင့်လိုက်ပြီဆိုရင်တော့ command Box (Black Screen) ကျလာမှာဖြစ်ပြီး Menu လေးတွေ တစ်ချက်ပြပေးနေပါမယ်။ အဲ့ဒီအခါကျရင် ကိုယ် Activate လုပ်ချင်တဲ့ပုံစံကို ရိုက်ပြီးတော့ activation လုပ်နိုင်ပါသည်။ ရိုက်ထည့်ပြီးသွားတဲ့အချိန် system ကနေပဲ auto အလုပ်လုပ်သွားမှာဖြစ်ပြီး Complete ဖြစ်သွားတဲ့အချိန်ကျရင်တော့ Activation လုပ်တာအောင်မြင်ပြီပဲဖြစ်ပါတယ်။ Down ထားခဲ့ KMSpico File အားလုံးကိုဖျက်ပေးပြီးရင်တော့ ခုနက ပိတ်ထားတဲ့ Real-Time Protection ကိုပြန်ဖွင့်ပေးရပါမယ်။ သက်ဆိုင်တဲ့အရာအားလုံးကိုပြုလုပ်ပြီးပြီဆိုရင်တော့ စက်ကို restart တစ်ခေါက်ချပေးပြီး ပြန်တက်လာပြီဆိုရင် Office Software တွေကိုပြန်ပြီးအသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။