Desktop စက်တော်တော်များများမှာဆိုရင် Wifi Built-In မပါတဲ့ အတွက်ကြောင့် internet သုံးဖို့လိုအပ်လာတဲ့အခါကျရင် Ethernet (Network Cable) ဒါမှမဟုတ် Wifi Adapter (wifi stick) ကို အသုံးပြုပြီး internet ရအောင်လုပ်ကြရပါတယ်။ အကယ်၍များ မိမိဆီမှာ internet ချိတ်ဖို့ network ချိတ်ထားလည်းမရှိဘူး၊ wifi adapter လည်းမရှိဘူးဆိုရင်တော့ Desktop Computer မှာ internet ရဖို့အတွက် မိမိရဲ့ Mobile Phone မှာရှိတဲ့ USB tethering စနစ်ကိုအသုံးပြုပြီး Desktop မှာ internet အသုံးပြုလို့ရအောင်လုပ်နည်းလေးကို တစ်ချက်ဖော်ပြပေးလိုက်ပါတယ်။
အဓိကလိုအပ်မဲ့ပစ္စည်းလေးတွေကတော့
1. Desktop (PC)
2. Mobile Phone
3. Phone Data Cable (ဖုန်းအားသွင်းကြိုး)
လုပ်ဆောင်ရမဲ့ အချက်လေးတွေကတော့
1. ပထမဆုံးသင့်ရဲ့ phone မှာ internet ရအောင် Mobile Data သို့မဟုတ် Wifiကို ဖွင့်ထားပေးရပါမယ်။ (အားသွင်းကြိုးသည် Charging ကြိုးသပ်သပ်မျိုးမဟုတ်ဘဲ Data Transfer လုပ်နိုင်သည့်ကြိုးမျိုးဖြစ်ရပါမယ်)
2. ထို့နောက် သင့်ရဲ့ phone နဲ့ computer ကို ဖုန်းအားသွင်းကြိုးနဲ့ချိတ်ထားရပါမယ်။
3. Phone နဲ့ Computer ကိုချိတ်ဆက်ပြီးရင်တော့ သင့်ရဲ့ phone setting မှာ ပုံမှာပြထားတဲ့အတိုင်း USB Tethering ကိုရှာပေးရပါမယ်။ Phone model တစ်ခုနှင့် တစ်ခုက မတူတဲ့အတွက် နေရာအထားအသိုကွဲပြားတတ်တာကြောင့် Setting ထဲမှာရှိတဲ့ Search Box ကနေ ရိုက်ရှာရင်တော့ပိုအဆင်ပြေပါတယ်။ (အကယ်၍ phone နဲ့ computer က connection မမိဘူးဆိုရင်တော့ ၎င်း Function လေးကမှိန်နေပါလိမ့်မယ်)
နောက်ပိုင်း Android ဖုန်းတွေမှာဆိုရင်တော့ ကြိုးနဲ့ computer ကိုချိတ်လိုက်ပြီဆိုတာနဲ့ ဖုန်းမှာပေါ်လာတဲ့ Menu မှာ USB Tethering ဆိုတာလေးကိုရွေးလိုက်ရင်လည်းရပါတယ်။
In Latest Android Ver
4. USB Tethering ကိုတွေ့ပြီဆိုရင်တော့ တစ်ချက်လေးဖွင့်လိုက်ပါ။
5. Tethering ဖွင့်လိုက်သည်နဲ့တစ်ပြိုင်နက်သင့်ရဲ့ PC မှာ network access ဖြစ်ကြောင်း noti လေးတက်လာရင်တော့ Yes ကိုနှိပ်လိုက်ပါက သင့်ရဲ့ PC မှာ internet အသုံးပြုလို့ရပြီဖြစ်ပါတယ်။
မိမိရဲ့ PC မှာ ဒီလို Sign လေးပေါ်လာပြီဆိုရင်တော့ Mobile Phone နဲ့ internet ချိတ်တာအောင်မြင်ပြီး စက်မှာ internet ကို စတင်ပြီးအသုံးပြုနိုင်ပါပြီ။