Honest Review
Reviewကောင်းတွေ အများကြီးရထားပြီး အရမ်းလည်း လူကြိုက်များလို့ ပစ္စည်းခဏခဏ ပျက်တဲ့အထိကို အားပေးကြတဲ့ foot maskလေးပါနော် ။ Peeling Foot mask လေးသုံးပေးရင် ရရှိမယ့်ကောင်းကျိုးတွေကတော့- ခြေထောက်အသားမာတက်တာတွေကို လျော့စေတယ် ၊ ခြေဖမိုးနေလောင်တာ ၊ မဲတာ ၊ အသားမညီတာ ၊ ခြေဖနောင့်ကွဲတာတွေ တဖြည်းဖြည်းနဲ့ သက်သာစေပြီး ဖြူဖွေးနူးညံ့စေပါတယ် ။
အသုံးပြုပုံ
အသုံးမပြုခင် ခြေထောက်ကို သန့်ရှင်းအောင် ရေဆေးပါ ။ အိတ်အတွင်းမှာပါတဲ့ ခြေထောက်၁စုံစာ mask လေးကို ကပ်ကြေးလေးနဲ့ ပုံပါလိုင်းလေးအတိုင်း ညှပ်ပေးပါ ။ ခြေထောက်ကိုစွပ်ပြီး အိတ်အတွင်းပါပြီးသား တိတ်လေးနဲ့ကပ်ပေးပါ ။ မိနစ်၆၀ခန့်ထားပြီး maskကိုချွတ်၍ လွှင့်ပစ်ပါ ၊ ပြီးလျှင် ခြေထောက်အားရေဆေးပါ ။ နောက် ၃ရက် (သို့မဟုတ်) ၅ရက်နေရင် အသားမာတွေ စကွာလာပါလိမ့်မယ်နော် ။ Maskကပ်ပြီး ၂ပတ်အတွင်း ရေနွေးမကြာမကြာ မကြာ စိမ်ပေးပါ Peeling အာနိသင်ပိုကောင်းပါတယ် ။ ၁လ၁ခါလောက်ပဲ သုံးပေးပါနော် အသားမာများတဲ့သူဆိုရင် ၃ပတ်၁ခါ သုံးပေးလို့ ရပါတယ် ။
သတိထားရန်
လှချင်သောစိတ်နဲ့ အရေပြားအနာရှိသောသူ ၊ သွေးကြောပါးသောသူ ၊ ခြင်ကိုက်တာတောင် အနာခဏခဏဖြစ်တက်သောသူ ၊ ဘာလိမ်းလိမ်း မတည့်တာများသောသူများ လုံးဝ လုံးဝ လုံးဝ မစမ်းပါနဲ့ (အသားအရေသည် ဖြစ်ပြီးကုရတာ ဈေးပိုကြီးပါတယ်)
# အတုအပ လုံးဝ မရောင်းပါ
# Authentic
# Direct from Korea
မင်မင်ဆီမှာ မှာယူလို့ ရပါပြီရှင့်
Yoon Waddy facebook page chat box ကနေ မှာယူလို့ ရပါတယ် ရှင့်
တာချီလိတ်မြို့တွင်း အိမ်အရောက်ပို့ဆောင် (ပို့ခရှိ) ပေးနေပါပြီရှင့်
တခြားမြို့နယ်တွေလည်း ကားဂိတ်ကို ပို့ဆောင်ပေးနေပါပြီရှင့်