PURITO
AHA BHA Refreshing Solution
100ml - 31,000 Ks
Exfoliate လုပ်တယ်ဆိုတာဘာလဲ ??
Exfoliating ( သို့ ) Peeling လုပ်တယ်ဆိုတာ အရေပြားရဲ့အပေါ်ဆုံးအလွှာ(Epidermis) ကို အက်စစ်အပျော့စားကိုအသုံးပြုပြီးစားပြစ်လိုက်တာပဲဖြစ်ပါတယ်။
Acid ဆိုလို့ကြောက်မသွားပါနဲ့ AHA( Alpha Hydroxy Acids ) တွေနဲ့ BHA ( Beta Hydroxy Acids ) cosmetic grade ဆိုတာ တကမ္ဘာလုံးတွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာဖြစ်ပြီး skincare formulas တွေမှာထည့်သွင်းထားတဲ့ percentage အနည်းငယ်က မှန်မှန်ကန်ကန်သုံးရင် အသားအရည်ကိုမထိခိုက်စေပဲ ရလာဒ်က အရမ်းကိုကောင်းမွန်ပါတယ်။
ဘယ်လိုအသားအရည်တွေက Exfoliate ပြုလုပ်ပေးဖို့လိုလဲ??
အမှန်တော့ Exfoliate ဆိုတာ အသားအရည်ပေါ်က ဆဲလ်အသေတွေ ၊ ချွေးပေါက်ထဲက အညစ်အကြေးတွေနဲ့ မျက်နှာပေါ်က sebum တွေကို Deep cleansing လုပ်ပေးနိုင်တာကြောင့် ဝက်ခြံလျော့နည်းစေပြီး ၊ အသားအရည်ကိုဝင်းလက်စေတဲ့အပြင် နောက်ထပ်သုံးမည့် skincare တွေကိုပါ ပိုပြီး effective ဖြစ်စေတာကြောင့် အသားအရည်တိုင်း အသုံးပြုသင့်ပါသည်။
Exfoliation လုပ်ဖို့အသင့်တော်ဆုံးအသားအရည်တွေကတော့
ဝက်ခြံ အဆီဖုရှိတဲ့အသားအရည်
ချွေးပေါက်ကျယ်တဲ့ အသားအရည်
ဝက်ခြံအမာရွတ် အမည်းစက် ကျန်ရှိတတ်တဲ့အသားအရည်
မျက်နှာအသားအရောင်မညီတဲ့သူတွေ
အသားအရည် မွဲခြောက်ပြီး ၊ vitality လျော့နည်းနေတဲ့ skin types တွေ ပဲဖြစ်ပါတယ်
…………… …………… …………… …………… …………… ……………
ဒီနေ့မှာတော့ လူကြိုက်များပြီးသားဖြစ်တဲ့ BHA gel နဲ့အပြိုင် အသုံးများလာပြီဖြစ်တဲ့
AHA/BHA Refreshing Solution နှင့် မိတ်ဆက်ပေးပါရစေ။
Purito ရဲ့ AHA BHA solution ထဲမှာ Salix Alba (willow) Bark Water , AHA နှင့် BHA တို့ပါဝင်ပါသည်။
AHA ( Glycolic acid ) က အရေပြားပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အတွက်ကြောင့် ပိုမိုတောက်ပပြီး ချောမွတ်တဲ့ အသားအရည်အသစ်ကို ပေါ်ထွက်စေပါတယ်။ BHA ( Salicylic acid) မှာ anti-inflammatory နဲ့ anti bacterial properties တွေပါရှိပြီး ချွေးပေါက်အတွင်းထဲအထိ သန့်စင်ပေးခြင်းကြောင့် ဝက်ခြံအမည်းစံ ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အနီစက်တွေကို လျော့ချပေးနိုင်ပါတယ်။
Purito AHA BHA solution လေးကိုနေ့စဉ်သုံးပေးခြင်းဖြင့် ပိုမိုကြည်လင်ပြီး သန်စွမ်းတဲ့ အသားအရည်ကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။
Majn Ingredients
- Willow Bark Water
- Glycolic Acid (7%)
- Salicylic Acid (2%)
- Citric Acid (0.28%)
Salicylic Acid BHA ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အသုံးပြုရန်မသင့်တော်ပါ။
မကွေးမြို့တွင်း Cash On Deli ရပါတယ်
ကျန်မြို့များ ကားဂိတ်(Or)အမြန်ချောပို့ဖြင့်ပို့ပေးပါတယ်နော်