ဒီသင်တန်းဟာ Computer Programming ကို ယခုမှ စတင်လေ့လာမည့်သူများအတွက် ရည်ရွယ်ရေးဆွဲထားသည့် အတန်းဖြစ်ပြီး Module အနေဖြင့် (၄) ခု ပါဝင်မှာ ဖြစ်ပါတယ်။ သင်ခန်းစာ Unit (၁၁) ခုနှင့် လက်တွေ့ Mini Project Unit (၂) ခု ပါဝင်ပြီး၊ အချိန်ကာလအားဖြင့် တစ်ဦးချင်းစီ၏ လေ့လာမှုပုံစံပေါ် မူတည်၍ ၅ ပတ်မှ ၈ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီအတန်းကို အောင်မြင်စွာ ပြီးဆုံးအောင် လေ့လာပြီးပါက Computer Programming အခြေခံသဘောတရားများကို နားလည်သဘောပေါက်သွားမည်ဖြစ်ပြီး၊ ပိုမိုအဆင့်မြင့်၍ ရှုပ်ထွေးသော Programming အကြောင်းအရာများကို ဆက်လက်လေ့လာရန်အတွက် အဆင်သင့် ဖြစ်စေပါလိမ့်မယ်။
ထူးခြားချက်အနေဖြင့် ဤသင်တန်းတွင် Programming Language တစ်ခုတည်းကိုသာ သင်ကြားပေးခြင်းမျိုး မဟုတ်ဘဲ C Programming, Python နှင့် JavaScript စသည့် Programming Language (၃) ခုလုံးကို မိတ်ဆက်သင်ကြားပေးသွားမည် ဖြစ်ပါသည်။
သင်ကြားပို့ချသွားမည့် ပုံစံမှာ Massive Open Online Course (MOOC) စနစ် ဖြစ်ပါသည်။ လေ့လာရမည့် သင်ခန်းစာများကို Unit အလိုက် ရုပ်သံဖိုင် (Video)၊ စာဖိုင် (Reading Material) နှင့် လေ့ကျင့်ခန်းများကို အပတ်စဉ် တင်ပေးသွားမည်ဖြစ်ကာ မိမိတို့ အားလပ်သည့်အချိန်တွင် တစ်ကြိမ်တည်းဖြစ်စေ၊ အပိုင်းလိုက်ဖြစ်စေ အဆင်ပြေသလို ဝင်ရောက်လေ့လာနိုင်ပါသည်။ သင်ခန်းစာများ လေ့လာရာတွင် မရှင်းလင်းသည်များကိုလည်း သတ်မှတ်ပေးထားသည့် Channel များမှတစ်ဆင့် တိုက်ရိုက် မေးမြန်းနိုင်ပါသည်။
သာမန်ရိုးကျ Video Course များနှင့် မတူဘဲ ကွဲပြားသည့်အချက်မှာ Unit အလိုက် လေ့လာမှုများအတွက် Deadline (နောက်ဆုံးသတ်မှတ်ရက်) ရှိမည်ဖြစ်ပြီး၊ Assignment များနှင့် Exam များကို သတ်မှတ်အချိန်အတွင်း ပြီးမြောက်အောင် ဖြေဆိုရမည် ဖြစ်သည်။ ထို့အပြင် Mini Project Unit များအတွက် သင်ကြားသူနှင့် တိုက်ရိုက် Live တွေ့ဆုံဆွေးနွေးပြီး Presentation ပြုလုပ်ရမည် ဖြစ်ပါသည်။
Module I. Introduction To Computer Programming
Unit 1 Understanding Computers and Computer Programming
Unit 2 Understanding Programming Languages
Unit 3 Understanding How Computers Work with Code
Unit 4 Environment Startup and "Hello World"
Module II. Data, Memory, and Math
Unit 5 Variables and Data Types
Unit 6 Arithmetic and Assignment Operators
Unit 7 User Input and Type Casting
Module III. Logic, Loops, and Your First Build
Unit 8 Control Flow – Conditional Statements
Unit 9 Control Flow – Loops
Unit 10 Mini-Project I
Module IV. Code Organization & Robustness
Unit 11 Functions
Unit 12 Error Handling & Debugging
Unit 13 Capstone Final Project
အတန်းအမည် - Introduction to Computer Programming (PF1)
သင်ကြားမည့်သူ - Zayar Thant
စတင်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့
သင်တန်းကာလ - ၅ ပတ်မှ ၈ ပတ်
အသုံးပြုမည့် Platform များ - Google Classroom, Google Drive, Google Meet
လိုအပ်ချက်များ - သင်ယူလိုစိတ်နှင့် အင်တာနက် အသုံးပြုနိုင်မှု
သင်တန်းကြေး - ၃၇,၀၀၀ ကျပ် / ၃၀၀ ဘတ်
သင်တန်းတက်ရောက်ရန်အတွက် အောက်ဖော်ပြပါ Google Form Link တွင် အချက်အလက်များဖြည့်သွင်း၍ စာရင်းပေးသွင်းပါ။
https://forms.gle/yX7sAyfQAZAdanLK8
ProDev ၏ စနစ်တကျ ရေးဆွဲသင်ကြားထားသော သင်တန်းများကို စိတ်ဝင်စားသူများအကြား ပိုမိုထိရောက်စွာ ပြန့်နှံ့စေရန်နှင့် တက်ရောက်လေ့လာမည့်သူများအတွက်လည်း ကုန်ကျစရိတ် သက်သာစေရန် ရည်ရွယ်၍ Promotion အစီအစဉ်လေး ပြုလုပ်ပေးထားပါသည်။ ဤပရိုမိုးရှင်းတွင် ပါဝင်ခြင်းဖြင့် သင်တန်းကြေး (၁၇,၀၀၀) ကျပ် လျှော့ဈေး ရရှိမည်ဖြစ်ပြီး (၂၀,၀၀၀) ကျပ်သာ ကျသင့်မည် ဖြစ်ပါသည်။
Promotion လျှော့ဈေး ရရှိရန်အတွက် အောက်ဖော်ပြပါ အချက် (၄) ချက်အနက် မိမိအဆင်ပြေရာ အချက် (၂) ချက်ကိုသာ ရွေးချယ်လုပ်ဆောင်ပေးရပါမည် -
ProDev ၏ Facebook စာမျက်နှာပေါ်ရှိ သင်တန်းကြော်ငြာ Post ကို Public (အားလုံးမြင်နိုင်သည့်စနစ်) ဖြင့် Share ပေးရပါမည်။
ProDev ၏ Facebook စာမျက်နှာပေါ်ရှိ သင်တန်းကြော်ငြာ Post အောက်တွင် မိမိသူငယ်ချင်း (၃) ယောက်ကို Mention ခေါ်ပေးရပါမည်။
ProDev ၏ TikTok စာမျက်နှာပေါ်ရှိ သင်တန်းကြော်ငြာ ဗီဒီယိုကို Repost ပြုလုပ်ပေးရပါမည်။
ProDev ၏ TikTok စာမျက်နှာပေါ်ရှိ သင်တန်းကြော်ငြာ ဗီဒီယိုအောက်တွင် မိမိသူငယ်ချင်း (၃) ယောက်ကို Mention ခေါ်ပေးရပါမည်။
ProDev ၏ ရည်ရွယ်ချက်မှာ လူတိုင်း လက်လှမ်းမီနိုင်သော သင်ကြားမှုမျိုးကို ပေးစွမ်းနိုင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် ဤသင်တန်းကို အမှန်တကယ် စိတ်ဝင်စားသော်လည်း ငွေကြေးအခက်အခဲကြောင့် မတက်ရောက်နိုင်သူများအတွက် တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်စေရန် ပညာသင်ဆု (Scholarship) လျှောက်ထားခွင့်ကိုလည်း စီစဉ်ပေးထားပါသည်။ လျှောက်ထားရမည့် ပုံစံမှာ ရိုးရှင်းပါသည်။ မိမိ၏ ရည်ရွယ်ချက်ဖော်ပြချက် (Statement of Purpose - SOP) ကို ရေးသားလျှောက်ထားရမည်ဖြစ်ပြီး၊ လျှောက်ထားမှုအပေါ် မူတည်၍ (၂၀,၀၀၀) ကျပ်မှ (၃၀,၀၀၀) ကျပ်အထိ ပညာသင်ဆု လျှော့ဈေး ခံစားခွင့် ရရှိမည် ဖြစ်သည်။
လျှောက်ထားရာတွင် "အဘယ်ကြောင့် ဤသင်တန်းကို တက်ရောက်လိုသနည်း"၊ "ဤသင်တန်းမှ ဘာTarget (မျှော်လင့်ချက်) များ ရှိသနည်း" နှင့် "သင်တန်းပြီးပါက ဘာများ ဆက်လက်လုပ်ဆောင်မည်နည်း" ဆိုသည့် အချက်များ ပါဝင်သော Statement of Purpose (SOP) ကို အနည်းဆုံး A4 စာမျက်နှာ (၁) ရွက် - စာလုံးရေ 400 ရေးသား တင်ပြရမည် ဖြစ်ပါသည်။
ပညာသင်ဆု (Scholarship) လျှောက်ထားလိုပါက အောက်ဖော်ပြပါ Link မှတစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။
https://forms.gle/8FF75nnKRmTs4M8N9
သတင်းကောင်းတစ်ခုကတော့ အထက်တွင် ဖော်ပြထားသော Promotion အစီအစဉ်နှင့် Scholarship (ပညာသင်ဆု) နှစ်ခုလုံးကို ပူးတွဲလုပ်ဆောင်ပြီး ဤသင်တန်းကို လုံးဝ အခမဲ့ (၁၀၀% Free) တက်ရောက်ခွင့် ရရှိနိုင်မည် ဖြစ်ပါသည်။
Promotion လျှော့ဈေး: ပထမဦးဆုံး စာရင်းသွင်းသူ (၁၀၀) ဦး အတွက်သာ။
Scholarship (ပညာသင်ဆု): ပထမဦးဆုံး လျှောက်ထားသူ (၅၀) ဦး အတွက်သာ။
(သတ်မှတ်လူဦးရေ ပြည့်ပါက ဤအစီအစဉ်များ ပိတ်သိမ်းသွားမည် ဖြစ်သဖြင့် စောစောစီးစီး စာရင်းသွင်းရန် တိုက်တွန်းအပ်ပါသည်။)
Facebook: https://www.facebook.com/ProfessionalDevelopmentInstitute
Telegram: https://t.me/ProDevInstitute
သင်တန်းအပ်နှံခြင်းနှင့် အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းရန်အတွက် အထက်တွင် ဖော်ပြထားသော Facebook နှင့် TikTok စာမျက်နှာများ၏ Message Box (ချက်ဘောက်စ်) များအပြင် Telegram ချန်နယ်မှတစ်ဆင့်လည်း တိုက်ရိုက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
သတ်မှတ်ထားသော သင်တန်းကာလအတွင်း Assignment (အိမ်စာ) များကို ပုံမှန်တင်ခြင်း၊ လေ့ကျင့်ခန်းများကို စနစ်တကျ ပြုလုပ်ခြင်းနှင့် လက်တွေ့ Mini Project (၂) ခုလုံးတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ပြီးပါက သင်တန်းပြီးဆုံးသည့်အခါတွင် သင်တန်းပြီးဆုံးကြောင်း အောင်လက်မှတ် (Certificate of Completion) ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။