YANGON မှ BANGKOK သို့
ပတ်စပို့
YANGON မှ BANGKOK သို့
မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံကို သွားဖို့အတွက်ဆိုရင် ပတ်စ်ပို့ ရှိပြီး လေယာဉ်လက်မှတ်လေး ဝယ်လိုက်ရုံနဲ့ သွားလို့ရနေပေမယ့် ယခုလက်ရှိ ကိုဗစ်ကာလမှာတော့ ထိုင်းနိုင်ငံကို ကာလတို အနေနဲ့ သွားရောက်ချင်တယ်ဆိုရင် ဗီဇာကင်းလွတ်ခွင့် ၁၄ ရက် (Visa Free) နဲ့ သော်လည်းကောင်း အလည်အပတ်ဗီဇာ ရက် ၆၀ ဗီဇာ (Tourist Visa) လျှောက်၍သော်လည်းကောင်း သွားရောက်လို့ရနေပါတယ်
လုပ်ဆောင်ရမည့် (၆)ချက်
- ဗီဇာလျှောက်ထားခြင်း (Visa Application)
- ကျန်းမာရေးအာမခံ (Health Insurance)
- လေယာဉ်လက်မှတ် (Air Ticket)
- ဟိုတယ် ကွာရန်တင်း (AQ Hotel Package)
- ထိုင်းနိုင်ငံဝင်ခွင့် (Thailand Pass)
- ကိုဗစ်ကင်းစင်ကြောင်းဆေးစစ်ချက် (Negative PCR Test) စတာတွေလိုအပ်ပါတယ်။
ဗီဇာလျှောက်ထားခြင်း
ဗီဇာလျှောက်ထားခြင်းကတော့ ဗီဇာကင်းလွတ်ခွင့် ၁၄ ရက်နဲ့ သွားရောက်မည့် သူများအတွက် လိုအပ်မှာမဟုတ်ပဲ၊ ရက် ၆၀ အလည်အပတ်ဗီဇာနဲ့ နေထိုင်လိုသူများအတွက်သာ လျှောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်.. ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားရမှာဖြစ်ပြီး အနည်းဆုံး ၂ ပတ်လောက်ကြိုတင်၍ လျှောက်ထားရမှာ ဖြစ်ပါတယ်ခင်ဗျာ
ကျန်းမာရေးအာမခံ
ဗီဇာကင်းလွတ်ခွင့် ၁၄ ရက် (Visa Free) နဲ့ သွားရောက်မယ်ဆိုရင်တော့ ကျန်းမာရေးအာမခံ ၁၄ ရက်စာ ဝယ်ထားဖို့လိုအပ်မှာဖြစ်ပြီး
ရက် ၆၀ အလည်အပတ်ဗီဇာ (Tourist Visa) နဲ့ သွားရောက်မယ်ဆိုရင်တော့ ကျန်းမာရေးအာမခံ ၃ လစာ ဝယ်ဖို့လိုအပ်ပါမယ်ခင်ဗျာ
လေယာဉ်လက်မှတ် ဗီဇာကင်းလွတ်ခွင့် ၁၄ ရက် (Visa Free) နဲ့ သွားရောက်မယ်ဆိုရင်တော့ လေယာဉ်လက်မှတ်အသွားအပြန် ဝယ်ဖို့လိုအပ်မှာဖြစ်ပြီး
ရက် ၆၀ အလည်အပတ်ဗီဇာ (Tourist Visa) နဲ့ သွားရောက်မယ်ဆိုရင်တော့ လေယာဉ်လက်မှတ် တစ်ကြောင်းစာပဲ ဝယ်လို့ ရပါတယ်ခင်ဗျာ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) တွေပဲရှိတာမို့ MAI နဲ့ MNA (၂) မျိုး ရွေးချယ်ဝယ်ယူလို့ရပါတယ်
ဟိုတယ်ကွာရန်တင်း
အသစ်ပြောင်းလဲထားတဲ့ ကန့်သတ်ချက်များအရ ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးတဲ့သူတွေက ထိုင်းနိုင်ငံမှာ ကွာရန်တင်း(၇) ရက်ဝင်ရမှာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေကတော့ ကွာရန်တင်း(၁၀) ရက်ဝင်ရမှာပဲဖြစ်ပါတယ်
(ကာကွယ်ဆေးထိုးပြီးတဲ့ သူတွေကတော့ ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ကို နိုတြီဘာသာပြန် လိုအပ်ပါတယ်.. ထိုင်းနိုင်ငံကို ဝင်မယ့်နေ့မှာ ဆေးထိုးထားတာ ၁၄ ရက် ပြည့်နေဖို့လည်း လိုပါတယ်)
Thailand Pass
Website ကနေတဆင့် လျှောက်ထားရတဲ့ Thailand Pass ကတော့ ဗီဇာကင်းလွတ်ခွင့် ၁၄ ရက် (Visa Free) နဲ့ သွားရောက်မည့်သူတွေပဲဖြစ်ဖြစ်၊ ရက် ၆၀ အလည်အပတ်ဗီဇာ (Tourist Visa) နဲ့ သွားရောက်မည့်သူတွေပဲဖြစ်ဖြစ် လျှောက်ထားဖို့လိုအပ်မှာပဲဖြစ်ပါတယ်
ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ်ချက်
ဗီဇာကင်းလွတ်ခွင့် ၁၄ ရက် (Visa Free) နဲ့ သွားရောက်မည့်သူတွေပဲဖြစ်ဖြစ်၊ ရက် ၆၀ အလည်အပတ်ဗီဇာ (Tourist Visa) နဲ့ သွားရောက်မည့်သူတွေပဲဖြစ်ဖြစ် လိုအပ်မှာဖြစ်ပြီး ထိုင်းနိုင်ငံသို့ မဝင်ရောက်မှီ ၇၂ နာရီအတွင်း စစ်ထားရမှာပဲဖြစ်ပါတယ်.. ရန်ကုန်လေဆိပ်အထွက်မှာလည်း ပြဖို့ လိုအပ်သလို ထိုင်းနိုင်ငံ လေဆိပ်အဝင်မှာလည်း ပြဖို့ လိုအပ်ပါတယ် NHealth Myanmar Lab နဲ့ Yangon Airport Molecular Lab မှာလည်း စစ်နိုင်သလို အခြားသော ပုဂ္ဂလိက ဆေးရုံတွေမှာလည်း စစ်ဆေးနိုင်ပါတယ်ခင်ဗျာ
ဒါဆိုရင်တော့ ထိုင်းနိုင်ငံကို သွားဖို့ လိုအပ်ချက်တွေကို စုံစုံလင်လင်သိသွားကြပြီလို့ ထင်ပါတယ်ခင်ဗျ
ဆက်သွယ်ရန်ဖုန်း +95 9 792 329035 (MMR)
+66 614644528 (THAI)