နေပြည်တော် လှေခွင်းတောင် ဆုတောင်း ပြည့်ဘုရားကို လူသူ အရောက် အပေါက်နည်းခဲ့တယ်လို့ ဆိုရမှာပါ။
အခုတော့ တောင်ထိပ်အထိ ကွန်ကရစ်လမ်းခင်းထားလို့ ဘုရားရင်ပြင် အထိ ကားရောက်တာမို့ ရင်ပြင်တော်ပေါ်မှာ ဘုရားဖူး သူ၊ ရှုခင်းကြည့် သူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။
ဘုရားရင်ပြင်တော်ပေါ်ကနေ အရှေ့ဘက်ကို လှမ်းမျှော် ကြည့်လိုက်ရင် ပေါင်းလောင်းဆည် ပင်မတမံနဲ့ ရှမ်းရိုးမတောင် တန်းကြီးတွေ ကိုလှမ်း မြင်နေရပါတယ်။ တောင်ဘက်မှာတော့ စိမ်းပြာရောင် ပေါင်းလောင်း မြစ်ဟာ တောင်ခြေမှာကပ်ပြီး ကျည်တောင်၊ ခေါမရွာတွေဘေးကနေ ရစ်ခွေစီးဆင်း နေပါတယ်။ အနောက်ဘက် တစ်ခွင်မှာတော့ ဥပ္ပါတသန္တိ စေတီနဲ့ နေပြည်တော်မြို့သစ်ကြီးကို မှုန်ပျပျ မြင်နေရပါတယ်။
View beautiful scenery from mountain top, where you can view Lower Paung Laung Dam at one side and beautiful Sittaung River at the other side.
Historical heritage related to ancient king of myanmar and it was a bed time tale for this region.