Hopes For Myanmar

Rally Alert!

တရုပ်အစိုးရ၏ မြန်မာ့အရေး ၀င်ရောက်စွက်ဖက်မှုမှာ ပြန်လည် ပြင်းထန်လာပြန်ပြီ ဖြစ်ပါတယ်။ ယခုလကုန်တွင် မြောက်ပိုင်းညီနောင်တို့ကို တရုပ်က ဆင့်ခေါ်ထားပြန်ပါတယ်။

အဲဒီအတွက် ကင်ဘာရာမှာရှိတဲ့ တရုပ်သံရုံးနှင့် မြန်မာသံရုံးတို့ရှေ့မှာ ဆန္ဒဖော်ထုတ်ကြဖို့လိုပါတယ်၊ Global Movement ဖြစ်ပါတယ်။

ဘတ်စကားစီစဉ်ရမဲ့ရက်ကပ်နေလို့လိုက်ပါလိုသူများအမြန်စာရင်းပေးကြပါ။

ကိုဝင်းဆွေ - ၀၄၂၃ ၆၁၆ ၄၂၅

ကိုကြက် - ၀၄၀၈ ၂၉၁ ၆၂၀

လိုက်ပါမည့်သူရဲ့နံမည်များကို SMS ပို့ထားပေးပါ၊ နမူနာအနေနဲ့ ကိုကျော်+၁ လို့ပေးရင် လူတွေထပ်နိင်ပါတယ်၊ လိုက်မည့်သူအရေအတွက်ကိုကြည့်ပြီးဘတ်စကားစီစဉ်ရလို့ပါ။

ဘတ်စကား Strathfield ဘူတာဘေး Everton road မှ မနက် ၇ နာရီစထွက်ပြီး ကင်ဘာရာမှ ၃နာရီပြန်ထွက်ပါမည်။ လိုက်သူအရေအတွက်နှင့်ငှါးလို့ရတဲ့ဘတ်စကားအပေါ်မူတည်ပြီး အသွားအပြန် တယောက် $၅၀ လောက်ကျပါမည်။ အစားအသောက်လှူဒါန်းပေးမည့်သူများကိုလည်းဖိတ်ခေါ်ပါသည်။



တရုပ်အစိုးရ မြန်မာ့ အရေး စွတ်ဖက်မှု ရပ်တန့်ရန် ဆန္ဒ ထုပ်ဖေါ်ခြင်း အစီ အစဉ်

Canberra 31 July 2024


In front of Chinese Embassy program

MC - Ma Deborah Tin


In front of SAC Embassy

MC - Ko Tin Ko Ko


For MC - opening remark

လက်တကမ်းရောက်နေပြီဖြစ်တဲ့ နွေဦးအောင်ပွဲအတွက် နောက်ဆုံးတိုက်ပွဲကို တိုင်းရင်းသားပြည်သူအားလုံးနဲ့အတူ တော်လှန်ရေးအင်အားစုတွေ ရုန်းကန်ကြိုးစား တိုက်ပွဲဝင်နေကြချိန်မှာ 

ပြည်သူလူထုရဲ့ ဆန္ဒနဲ့ သဘောထားကို အလေးမထားပဲ ပြည်သူ့တော်လှန်ရေးကို ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ စသဖြင့် ကြေးဖြတ်ပြီး ဝင်ရောက်စွက်ဖက်နေကြသူတွေ ပေါ်ပေါက်လာပါတယ်။ 

သူတို့ရဲ့ အင်အားကို အသုံးပြုပြီး တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ရပ်တန့်စေဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးမှုတွေလဲ ရှိနေပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ စိတ်ဆန္ဒနဲ့ ရည်မှန်းချက်ဟာ ဘာလဲဆိုတာနဲ့ အဲဒီ့ ရည်မှန်းချက် မပြည့်မချင်း ဒီတော်လှန်ရေး ဘယ်သူတားတား မရပ်တန့်ဘူးဆိုတဲ့ ပြတ်သားတဲ့ သန္နိဌာန်ကို ကျွန်တော် ကျွန်မတို့အားလုံး ထပ်မံပြသကြဖို့ လိုအပ်နေပါပြီ။ ဒါ့ကြောင့် ကျွန်တော် ကျွန်မတို့ အားလုံးရဲ့ ရင်ထဲက တူညီတဲ့ အောက်ပါ သတင်းစကားတွေကို ကမ္ဘာ က သိအောင် နည်းလမ်းပေါင်းစုံနဲ့ ပြသကြချင်း ဖြစ်ပါတယ်။