What is SAT?
Discord Server for self learners is now opened!
What is SAT?
Undergraduate Application form တင်ရင် SAT အမှတ်တောင်းတာကို Learners တို့ မြင်ဖူးနိုင်ပါတယ်။
SAT ဆိုတာဘာလဲ။
SAT (Scholastic Assessment Test) သည် College Board မှ စစ်သော စာမေးပွဲဖြစ်ပြီး အဓိကအားဖြင့် အမေရိကန်နိုင်ငံမှ ကောလိပ်၊ တက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုရသော စာမေးပွဲ ၁ခုဖြစ်ပါတယ်။
SAT တွင် အင်္ဂလိပ်စာ နှင့် သင်္ချာ ကို စာရွက်နှင့် ခဲတံဖြင့် ဖြေဆိုရမှာ ဖြစ်ပြီး
- Reading - ဖြေဆိုချိန် ၆၅ မိနစ်
- Writing - ဖြေဆိုချိန် ၃၅ မိနစ်
- Mathematics (with calculator + without calculator) - ဖြေဆိုချိန် ၈၀ မိနစ်
စသဖြင့် ၃နာရီ ကြာ ဖြေဆိုရမည့် စာမေးပွဲ ဖြစ်ပါသည်။
SAT အမှတ်သည် အင်္ဂလိပ်စာ အမှတ် ၈၀၀ နှင့် သင်္ချာ အမှတ် ၈၀၀ ရှိသဖြင့် စုစုပေါင်း ၄၀၀ မှ ၁၆၀၀ ဝန်းကျင်ကြားတွင် ရှိပါသည်။
SAT ကို မြန်မာနိုင်ငံမှ ဖြေဆိုမယ့် ကျောင်းသူကျောင်းသားများအတွက် SAT registration fees US$ 60 ၊ Regional fees (East Asia/Pacific) US$ 53 စသဖြင့် အနည်းဆုံး US dollar 113 ကျသင့်မှာ ဖြစ်ပါတယ်။
SAT ကို December 3, 2022 မှာ ဖြေဆိုရန် အတွက် November 3, 2022 မှာ နောက်ဆုံးထားပြီး ကိုယ်တိုင် online registeration ကို College Board Official Website မှ တစ်ဆင့် စာရင်းပေးသွင်း၍ ရွေးချယ်ထားသော Test Center တွင် ဖြေဆိုနိုင်ပါတယ်။
Exam Dates - https://satsuite.collegeboard.org/sat/registration/dates-deadlines
ယခုအခါ Learners Platform မှာ သင်္ချာ သင်တန်းများ ဖွင့်လှစ်ထားတာဖြစ်လို့ စိတ်ဝင်စားပါက ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
ဤ post ကို like ပေး၍ Learners Platform Facebook Page ကို like ပေး၍ သို့မဟုတ် Telegram ကို subscribe လုပ်၍ သို့မဟုတ် Linkedin ကို Like ပေးထားကြောင်းကို screenshot ပြသ၍ SAT Official Practice Test ၃စုံကို လာရောက် ထုတ်ယူနိုင်ပါပြီ။
ယခုအခါ Learners Credit ၃ခု ရှိလျှင် The Official SAT Study Guide, 2018 Edition by College Board book file ၁ခု နှင့် Learners Platform တွင် လဲလှယ်နိုင်ပါတယ်။
Updated: 26th October 2022