What is Make a Medic?
Discord Server for self learners is now opened!
What is Make a Medic?
Make a Medic အကြောင်း ကို Learner တို့ သိရှိပြီးကြပြီလား?🧐
Make a Medic ကိုတော့ UK အခြေစိုက် ဆေးကျောင်းသားများနှင့် အငယ်တန်းဆရာဝန်များအဖွဲ့မှ ဦးစီးလုပ်ဆောင်တဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဆေးပညာသီအိုရီကို ကမ္ဘာလုံးဆိုင်ရာဖြစ်တယ်လို့အသိအမှတ်ပြုထားပေမဲ့လည်း ကမ္ဘာ့လူနည်းစုဒေသများမှာဆိုရင် ဆေးကျောင်းသားတွေအတွက် အရင်းအမြစ်တွေကို ကန့်သတ်ထားပါတယ်။ Make a Medic ရဲ့အဓိကရည်ရွယ်ချက်ဟာဆိုရင် ဆေးကျောင်းသားတွေကို ပိုမိုကောင်းမွန်တဲ့ ပစ္စည်းတွေအသုံးပြုနိုင်ဖို့နဲ့ ပညာရေး ပံ့ပိုးပေးတဲ့ပဏာမခြေလှမ်းတွေကို စီမံခန့်ခွဲဖို့ဖြစ်ပြီး လူ့အဖွဲ့အစည်းမှာရှိတဲ့သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြေရှင်းဖို့အတွက်ဖြစ်ပါတယ်နော်။
UK ဆေးဘက်ဆိုင်ရာကျောင်းသားတွေအတွက်၊ တတ်နိုင်တဲ့သင်တန်းတွေနဲ့ပညာရေးဆိုင်ရာပစ္စည်းတွေကို ပေးဆောင်ထားပြီး ရရှိတဲ့ငွေကို ဝင်ငွေနည်းပြီးအလယ်အလတ်ရှိတဲ့နိုင်ငံတွေမှာ ဆေးဘက်ဆိုင်ရာပညာရေးပရိုဂရမ်တွေကို ပံ့ပိုးပေးပါတယ်။ Make a Medic ဟာ Uganda မှာ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်တွေကို ပံ့ပိုးပေးခဲ့ပြီး၊ Kenya and Zambia ဆီကို stethoscopes တွေလှူဒါန်းခဲ့ပြီး၊ သီရိလင်္ကာဆီကိုလည်း ကျောင်းသုံးစာအုပ် ရာပေါင်းများစွာကိုပေးပို့ခဲ့ပါတယ်။
ဆေးပညာကို သင်ယူခြင်းဟာ စိန်ခေါ်မှုရှိပေမဲ့လည်း ကောင်းမွန်တဲ့အရင်းအမြစ်တွေကို ရရှိနိုင်ခြင်းဟာ ကျောင်းသားတစ်ဦးကို ပြီးမြောက်အောင်မြင်ပြီး မိမိကိုယ်ကို စိတ်ချယုံကြည်ရတဲ့ ဆရာဝန်တစ်ဦးဖြစ်လာဖို့ လမ်းကြောင်းကို လွယ်ကူစေပါတယ်။😮😮
အခုလို Educational Website တစ်ခုဖြစ်တဲ့ Make a Medic အကြောင်းကို Learner တို့သိရှိစေဖို့မျှဝေပေးလိုက်ပါတယ်နော်😉။ Make a Medic အကြောင်း ထပ်မံသိရှိချင်တယ် ဒါမှမဟုတ် အခြားသော Educational Websites တွေကိုပါသိရှိချင်လိုမယ်ဆို အောက်မှာပေးထားတဲ့ Survey form link မှာပြောပြပေးနိုင်ပါတယ်နော်။ Form link ကအမြဲဖွင့်ထားတာမို့လို့ ကြိုက်တဲ့အချိန်တိုင်းပြောပြပေးနိုင်ပါတယ်နော်။
Survey form link : https://forms.gle/U8EY9mJTTEhcKfDFA
Anything you would like to suggest to Learners Platform: https://forms.gle/aMQ6TxG8J7uvGMjr5
အသစ်သစ်သော အကြောင်းအရာများကို အချိန်နဲ့ တပြေးညီ သိရှိစေဖို့ page ကို Like & Follow လုပ်ထားနိုင်ပါတယ်။