What is Coursera?
Discord Server for self learners is now opened!
What is Coursera?
Coursera အကြောင်း ကို Learner တို့ သိရှိပြီးကြပြီလား?🧐
Coursera ဆိုတာ ကမ္ဘာလုံးဆိုင်ရာလူကြိုက်အများဆုံးထဲက တစ်ခုဖြစ်တဲ့ သင်ကြားရေးပလပ်ဖောင်းတစ်ခုဖြစ်ပါတယ်။ Coursera ဟာဆိုရင် ထိပ်တန်းတက္ကသိုလ်များ၊ တွဲဖက်များစွာနှင့် အမျိုးအစားမျိုးစုံတွေထဲမှ ထောင်ပေါင်းများစွာသော သင်တန်းများကို ပို့ချသင်ကြားပေးနေပါတယ်။🤯😮
Coursera ကို ၂၀၁၂ ခုနှစ်မှာ စတန်းဖို့ဒ်တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနမှ
(Stanford University’s computer science department) Andrew Ng နှင့် Daphne Koller တို့ကစတင်တည်ထောင်ခဲ့ပါတယ်။😮😮
၎င်း website မှာ များပြားသောသင်တန်းများ (MOOCS)၊ ဒီဂရီများ၊
ပရော်ဖက်ရှင်နယ်နှင့် master tracking သင်တန်းများ ကိုဖွင့်လှစ်ပေးလျက်
ရှိပါတယ်။ ထိုသင်တန်းများကို ထိပ်တန်းတက္ကသိုလ်များမှ ထိပ်တန်းနည်းပြများ၊
ဆရာများနဲ့ သင်ကြားပေးပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကျောင်းများ၊
အဖွဲ့စည်းများမှ အတန်းများကို Learner များက အချိန်မရွေး⌚ မည်သည့်နေရာမှာမဆို🌍 အသစ်ဆန်းများကို သင်ယူလေ့လာနိုင်ပါတယ်။😇🤯 ဗီဒီယိုပို့ချချက်များ📺၊ အိမ်စာများ📚 ကိုဝင်ရောက်ကြည့်ရှုနိုင်တဲ့အပြင် ရာနဲ့ချီတဲ့အခမဲ့သင်တန်းများ၊ ဆွေးနွေးခန်းများ💬ကိုပါ လေ့လာတက်ရောက်နိုင်ပါတယ်။ အခပေးသင်တန်း🤑💸တွေလည်းရှိသလို ၎င်းအတန်းတွေမှာတော့ စာမေးပွဲတွေ📝၊ assignment📄 တွေပါတဲ့အပြင် မျှဝေလို့ရတဲ့ သင်တန်းဆင်းလက်မှတ် ✅လည်းပါဝင်ပါတယ်။
အတိကျပြောရမယ်ဆိုရင်တော့ Coursera ဆိုတာ အွန်လိုင်းသင်တန်းမြောက်များစွာကို ဖွင့်လှစ်ပေးထားတဲ့ Educational Website တစ်ခုဖြစ်ပါတယ်💯။
၎င်းဟာဆိုရင် ကမ္ဘာ့ထပ်တန်းပညာရေးအဖွဲ့စည်းများချမှတ်ထားတဲ့ အလယ်တန်းလွန် ကျောင်းသား/သူ တွေကိုရည်ညွှန်းထားတာဖြစ်ပါတယ်။🤩 သင်တန်းအများစုက အခမဲ့တက်ရောက်နိုင်ပြီး ဗီဒီယိုတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ အချို့သောအတန်းတွေကအသိမှတ်ပြုပေမဲ့ အပိုထပ်မံလုပ်ဆောင်ချက်တွေကိုလုပ်ပေးဖို့လိုအပ်ပါတယ်။
အခုလို Educational Website တစ်ခုဖြစ်တဲ့ Coursera အကြောင်းကို Learner တို့သိရှိစေဖို့မျှဝေပေးလိုက်ပါတယ်နော်😉။ Coursera အကြောင်း ထပ်မံသိရှိချင်တယ် ဒါမှမဟုတ် အခြားသော Educational Websites တွေကိုပါသိရှိချင်လိုမယ်ဆို အောက်မှာပေးထားတဲ့ Survey form link မှာပြောပြပေးနိုင်ပါတယ်နော်။ Form link ကအမြဲဖွင့်ထားတာမို့လို့ ကြိုက်တဲ့အချိန်တိုင်းပြောပြပေးနိုင်ပါတယ်နော်။😉
Survey form link : https://forms.gle/U8EY9mJTTEhcKfDFA
Anything you would like to suggest to Learners Platform: https://forms.gle/aMQ6TxG8J7uvGMjr5
အသစ်သစ်သော အကြောင်းအရာများကို အချိန်နဲ့ တပြေးညီ သိရှိစေဖို့ page ကို Like & Follow လုပ်ထားနိုင်ပါတယ်။