Brief Information about EJU
Discord Server for self learners is now opened!
Brief Information about EJU
ဒီနေ့ Learners တို့ကို EJU စာမေးပွဲ အကြောင်း အနည်းငယ် ရှင်းပြပါရစေ။
EJU စာမေးပွဲသည် International students တွေအတွက် Japan နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်များကို တက်ရောက်ဖို့အတွက် ဖြေဆိုရတဲ့ ဝင်ခွင့်စာမေးပွဲ၁ခု ဖြစ်ပါတယ်။
ဖြေဆိုရသည့် ဘာသာရပ်များမှာ
- Japanese as a Foreign Language [ဖြေဆိုချိန် - ၁၂၅ မိနစ်]
- Mathematics (Course 1 or Course 2) [ဖြေဆိုချိန် - ၈၀ မိနစ်]
- Science or Japan and the World [ဖြေဆိုချိန် - ၈၀ မိနစ်]
စသည်တို့ဖြစ်ပါတယ်။
Japanese as a Foreign Language နှင့် Mathematics ဘာသာရပ်များကတော့ မဖြစ်မနေ ဖြေဆိုရပြီး ကျောင်းသူ ကျောင်းသားများသည် Science နှင့် Japan and the World မှ ကြိုက်နှစ်သက်ရာ ၁ခုကို ရွေးချယ်၍ ဖြေဆိုနိုင်ပါတယ်။
Science မှာဆိုရင် Chemistry, Physics, Biology စသည့် ဘာသာရပ်များ ပါဝင်မှာ ဖြစ်ပြီး Science ရွေးချယ်ထားသော ကျောင်းသူကျောင်းသားများသည် ကြိုက်နှစ်သက်ရာ Science ၂ ဘာသာ (Chemistry, Physics, or Biology) ကို ဖြေဆိုခွင့်ရှိပါတယ်။
EJU စာမေးပွဲကြေးသည် ၁၅ အမေရိကန်ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး ၁နှစ်ကို ၂ကြိမ် (June နှင့် November) ကျင်းပလေ့ရှိတဲ့ စာမေးပွဲဖြစ်လို့ ဖြေဆိုလိုလျှင် MAJA မှ တစ်ဆင့် စာရင်းပေးသွင်း၍ ဖြေဆိုနိုင်ပါတယ်။
ယခုဆိုလျှင် Learners Platform မှ EJU Mathematics Course 2 မှာ ပါဝင်တဲ့ The concepts of differentiation and integration တွေကို လေ့လာနိုင်မယ့် Calculus Class (Differentiation) ကို သြဂုတ်လ ၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာ စတင်ဖွင့်လှစ်မှာ ဖြစ်လို့ စာရင်းမပေးသွင်းရသေးပါက https://forms.gle/cACgxsaHf6ynWK1t5 မှတစ်ဆင့် အမြန်ဆုံး စာရင်းပေးသွင်းပြီး တက်ရောက်လေ့လာနိုင်ပါတယ်။
More info about EJU - https://www.jasso.go.jp/en/ryugaku/eju/index.html
အသစ်သစ်သော အကြောင်းအရာများကို အချိန်နဲ့ တပြေးညီ သိရှိစေဖို့ page ကို Like & Follow လုပ်ထားနိုင်ပါတယ်။
#Learners_Platform