Diploma in Project Management
Diploma in Project Management
Diploma in Project Management (စီမံကိန်းစီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာ) ဆိုတာ လုပ်ငန်းတစ်ခု ဒါမှမဟုတ် ပရောဂျက်တစ်ခုကို စတင်တာကနေ ပြီးဆုံးတဲ့အထိ သတ်မှတ်ထားတဲ့ အချိန်၊ ဘတ်ဂျက် နဲ့ အရည်အသွေးအတွင်းမှာ အောင်အောင်မြင်မြင် ပြီးမြောက်အောင် ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သင်ကြားပေးတဲ့ ဘာသာရပ်ဖြစ်ပါတယ်။
အဓိက သင်ကြားရမယ့် အစိတ်အပိုင်းများ
✎ Project Initiation: စီမံကိန်းရဲ့ ရည်မှန်းချက်နဲ့ ဖြစ်နိုင်ခြေကို စတင်သတ်မှတ်ခြင်း။
✎ Project Planning: အချိန်ဇယားဆွဲခြင်း (Scheduling)၊ ဘတ်ဂျက်သတ်မှတ်ခြင်းနှင့် အရင်းအမြစ်များ စီစဉ်ခြင်း။
✎ Project Execution: စီမံကိန်းကို လက်တွေ့စတင် အကောင်အထည်ဖော်ခြင်း။
✎ Monitoring and Control: အမှားအယွင်းရှိမရှိ စောင့်ကြည့်ခြင်းနှင့် လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်း။
✎ Project Closing: စီမံကိန်းကို အောင်မြင်စွာ ပိတ်သိမ်းခြင်းနှင့် ရလဒ်များကို ပြန်လည်သုံးသပ်ခြင်း။
ဘယ်သူတွေ တက်သင့်သလဲ?
👨🏻🎓 လုပ်ငန်းခွင်မှာ အတွေ့အကြုံရှိပြီးဖြစ်သော်လည်း စနစ်တကျ စီမံခန့်ခွဲနည်းကို သိလိုသူများ။
👨🏻🎓 Project Manager ဖြစ်ရန် ရည်မှန်းထားသူများ။
👨🏻🎓 အင်ဂျင်နီယာ၊ IT၊ ဆောက်လုပ်ရေး၊ စီးပွားရေး စတဲ့ ကဏ္ဍစုံက အဖွဲ့အစည်းကို ဦးဆောင်ချင်သူများ။
👨🏻🎓 မိမိရဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်ပြီး ထိရောက်အောင် လုပ်လိုတဲ့ လုပ်ငန်းရှင်များ။
ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ?
၁။ စနစ်တကျ လုပ်ကိုင်တတ်ခြင်း: ရှုပ်ထွေးတဲ့ အလုပ်တွေကို အပိုင်းလိုက် ခွဲခြမ်းပြီး စနစ်တကျ တွက်ချက်လုပ်ကိုင်တတ်လာမယ်။
၂။ အချိန်နှင့် ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ခြင်း: အလေအလွင့်နည်းအောင် စီမံနိုင်တဲ့အတွက် လုပ်ငန်းအတွက် အကျိုးအမြတ် ပိုရစေတယ်။
၃။ ဦးဆောင်နိုင်စွမ်း (Leadership) တိုးတက်ခြင်း: အဖွဲ့ဝင်တွေနဲ့ ဘယ်လို ဆက်သွယ်ဆောင်ရွက်ရမလဲ၊ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို နားလည်လာမယ်။
၄။ Risk Management: ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်တွက်ဆပြီး ကာကွယ်တတ်လာမယ်။
သင်တန်းတတ်ရောက်ရန်လိုအပ်ချက်များ။
၁။ အသက် ၁၈ နှစ်ပြည်ပြီး အသက် ၅၀ အထက်မကြီးသူဖြစ်ရမည်။
၂။ အနည်းဆုံး အထက်တန်းအဆင့်ရှိသူဖြစ်ပြီး English စာကို အခြေခံသဘောတရားနားလည်ထားသူဖြစ်ရမည်။
၃။ Zoom Platform ဖြင့် သင်တန်းမှ Discuss များလုပ်နိုင်ရမည်။
၄။ ပျက်ကွက်မည်ဆိုပါက ကြိုတင်ခွင့်တိုင်ကြားရမည်။
၅။ Telegram Acc ရှိပြီး/ Viber အသုံးပြုသူ ဖြစ်ရမည်။
၆။ Assignment များပါဝင်လုပ်ဆောင်ရမည်။
၇။ ပညာဒါန အတန်းဖြစ်သည့်အလျှောက် သင်တန်းစည်းမျဉ်းများချိုးဖောက်ခြင်း၊ တန်ဖိုးမဲ့စွာဆက်ဆံခြင်းများအား သင်တန်းမှရပ်စံ၍ ကျောင်းအမည်ပျက်စာရင်းပြုပါမည်။
သင်တန်းကာလနှင့် အစီအစဉ်များ
- သင်တန်းကာလ - ( ၁ ) လ
- သင်ကြားချိန်များ - Video Record + Zoom Discuss
( သင်တန်းကာလအတွင်း Video ဖြင့် ( ၅ ) ရက်လေ့လာရမည်၊ တတ်ရောက်စဉ်ကာလအတွင်း Assignment ( ၁ ) ကြိမ်၊
Zoom Discuss ( ၂ ) ကြိမ်ပါဝင်ရမည်။
- Zoom Face to Face Discuss အတွက် ညနေ ( ၅ ) နာရီနောက်ပိုင်း စီစဉ်ထားပါသည်။
- Final Exam ဖြေဆိုရန်အစီအစဉ်ရှိပါက Exam Fee အား Admin ထံချိတ်ဆက်၍ သတ်မှတ်နှုန်းထားအတိုင်းပေးသွင်းနိုင်ပါသည်။
စာမေးပွဲကြေး နှင့် ပေးသွင်းရန်ကိစ္စ
( Exam Fee အား သင်တန်းစတင်အပ်နှံချိန်တွင်ကောင်ခံသွားမည်ဖြစ်သည်။စာမေးပွဲကြေးအပြင် မည်သည့်အခကြေးငွေမှ ထက်မံကောက်ခံခြင်းများမရှိပါ။)
( သင်တန်းအပ်နှံပြီး Exam Fee ပေးသွင်းပြီးချိန် Admin ထံမှ Student ID + Telegram Channel Link + Viber Group များ Link ချပေးမည်ဖြစ်ပြီး Link ရသည်နှင့် Join ပေးထားရန်လိုအပ်ပါသည်။ )
Diploma Exam Fee
Normal Fee - 135,000 MMK
75 % Off - 33,750 MMK
50 % Off - 67,500 MMK
( မှတ်ချက် - ငွေသွင်းပြီး မတတ်ရောက်ဖြစ်ပါက ကျောင်းဘက်မှ Exam Fee အားပြန်အမ်းမည်မဟုတ်ပါ။ )