Diploma in Entrepreneurship Development
Diploma in Entrepreneurship Development
✎ Diploma in Entrepreneurship Development ဆိုတာကိုယ်ပိုင်စီးပွားရေးအသစ်တစ်ခုကို စတင်တည်ထောင်ချင်သူတွေ ဒါမှမဟုတ် ရှိပြီးသား လုပ်ငန်းကို ပိုမိုတိုးတက်အောင် စနစ်တကျ စီမံခန့်ခွဲချင်သူတွေအတွက် ရည်ရွယ်တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။
✎ ဒီဘာသာရပ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အိုင်ဒီယာအစကနေ လက်တွေ့အကောင်အထည်ဖော်တဲ့အထိ လိုအပ်တဲ့ အတတ်ပညာတွေကို အဓိကထား
သင်ကြားပေးပါတယ်။
သင်ကြားရမည့် အဓိက အစိတ်အပိုင်းများ
🔗 Business Planning: စီးပွားရေးလုပ်ငန်း အစီအစဉ် (Business Plan) တစ်ခုကို ဘယ်လိုစနစ်တကျ ရေးဆွဲမလဲ။
🔗 Market Research: ကိုယ့်ရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုအတွက် ဈေးကွက်ထဲမှာ ဝယ်လိုအားရှိမရှိနဲ့ ပြိုင်ဘက်တွေကို ဘယ်လိုလေ့လာမလဲ။
🔗 Financial Management: လုပ်ငန်းစတင်ဖို့ ရင်းနှီးမြှုပ်နှံမှု ရှာဖွေနည်း၊ အရှုံးအမြတ်တွက်ချက်နည်းနဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲနည်း။
🔗 Innovation & Creativity: တီထွင်ဖန်တီးမှုအသစ်တွေနဲ့ ဈေးကွက်အတွင်း အခွင့်အလမ်းသစ်တွေကို ဘယ်လိုရှာဖွေမလဲ။
🔗 Legal & Ethics: လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း၊ အခွန်အခဆိုင်ရာများနှင့် စီးပွားရေးကျင့်ဝတ်များ။
🔗 Operations & Logistics: ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု ပေးပို့မှု လုပ်ငန်းစဉ်တွေကို အစအဆုံး စီမံခန့်ခွဲခြင်း။
ဘယ်သူတွေ တက်သင့်သလဲ?
👨🏻🎓 မိမိကိုယ်ပိုင် လုပ်ငန်းငယ် (Startup) တစ်ခု စတင်ချင်သူများ။
👨🏻🎓 မိသားစု စီးပွားရေးကို အဆင့်မြှင့်တင်ပြီး ပိုမိုကျယ်ပြန့်အောင် လုပ်ချင်သူများ။
👨🏻🎓 လုပ်ငန်းခွင်အတွင်းမှာ တီထွင်ကြံဆနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တစ်ယောက် (Entrepreneur) ဖြစ်ချင်သူများ။
ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ?
💡 Risk Mitigation: စီးပွားရေးလုပ်ရာမှာ ဖြစ်တတ်တဲ့ အန္တရာယ် (Risks) တွေကို ကြိုတင်တွက်ဆပြီး ဆုံးရှုံးမှုနည်းအောင် လုပ်ဆောင်တတ်လာခြင်း။
💡 Networking: လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်နိုင်မယ့် အခွင့်အလမ်းများ ရရှိခြင်း။
💡 Confidence: စနစ်တကျ သင်ယူထားတဲ့အတွက် ဆုံးဖြတ်ချက်ချရာမှာ ပိုမိုခိုင်မာလာခြင်း။
💡 Problem Solving: လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို Critical Thinking နဲ့ ဖြေရှင်းနိုင်လာခြင်း။
ဘယ်လို အလုပ်ရာထူးတွေမှာ Join ဖို့ သင့်တော်သလဲ?
ဒီ Diploma ရထားရင် ကိုယ်ပိုင်လုပ်ငန်းလုပ်ရုံတင်မကဘဲ အောက်ပါ ရာထူးတွေမှာလည်း လုပ်ကိုင်နိုင်ပါတယ် -
💼 Business Development Manager: လုပ်ငန်းတိုးချဲ့ရေး တာဝန်ခံ။
💼 Startup Consultant: လုပ်ငန်းသစ်စတင်သူများကို အကြံပေးသူ။
💼 Project Manager: စီမံကိန်းအသစ်များကို ဦးဆောင်ရသူ။ Product Manager: ထုတ်ကုန်အသစ် ဖန်တီးသူ။
💼 Operations Manager: လုပ်ငန်းလည်ပတ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲသူ။
သင်တန်းတတ်ရောက်ရန်လိုအပ်ချက်များ။
၁။ အသက် ၁၈ နှစ်ပြည်ပြီး အသက် ၅၀ အထက်မကြီးသူဖြစ်ရမည်။
၂။ အနည်းဆုံး အထက်တန်းအဆင့်ရှိသူဖြစ်ပြီး English စာကို အခြေခံသဘောတရားနားလည်ထားသူဖြစ်ရမည်။
၃။ Zoom Platform ဖြင့် သင်တန်းမှ Discuss များလုပ်နိုင်ရမည်။
၄။ ပျက်ကွက်မည်ဆိုပါက ကြိုတင်ခွင့်တိုင်ကြားရမည်။
၅။ Telegram Acc ရှိပြီး/ Viber အသုံးပြုသူ ဖြစ်ရမည်။
၆။ Assignment များပါဝင်လုပ်ဆောင်ရမည်။
၇။ ပညာဒါန အတန်းဖြစ်သည့်အလျှောက် သင်တန်းစည်းမျဉ်းများချိုးဖောက်ခြင်း၊ တန်ဖိုးမဲ့စွာဆက်ဆံခြင်းများအား သင်တန်းမှရပ်စံ၍ ကျောင်းအမည်ပျက်စာရင်းပြုပါမည်။
သင်တန်းကာလနှင့် အစီအစဉ်များ
- သင်တန်းကာလ - ( ၁ ) လ
- သင်ကြားချိန်များ - Video Record + Zoom Discuss
( သင်တန်းကာလအတွင်း Video ဖြင့် ( ၅ ) ရက်လေ့လာရမည်၊ တတ်ရောက်စဉ်ကာလအတွင်း Assignment ( ၁ ) ကြိမ်၊
Zoom Discuss ( ၂ ) ကြိမ်ပါဝင်ရမည်။
- Zoom Face to Face Discuss အတွက် ညနေ ( ၅ ) နာရီနောက်ပိုင်း စီစဉ်ထားပါသည်။
- Final Exam ဖြေဆိုရန်အစီအစဉ်ရှိပါက Exam Fee အား Admin ထံချိတ်ဆက်၍ သတ်မှတ်နှုန်းထားအတိုင်းပေးသွင်းနိုင်ပါသည်။
စာမေးပွဲကြေးနှင့် ပေးသွင်းရန်ကိစ္စ
( Exam Fee အား သင်တန်းစတင်အပ်နှံချိန်တွင်ကောင်ခံသွားမည်ဖြစ်သည်။စာမေးပွဲကြေးအပြင် မည်သည့်အခကြေးငွေမှ ထက်မံကောက်ခံခြင်းများမရှိပါ။)
( သင်တန်းအပ်နှံပြီး Exam Fee ပေးသွင်းပြီးချိန် Admin ထံမှ Student ID + Telegram Channel Link + Viber Group များ Link ချပေးမည်ဖြစ်ပြီး Link ရသည်နှင့် Join ပေးထားရန်လိုအပ်ပါသည်။ )
Diploma Exam Fee
Normal Fee - 135,000 MMK
75 % Off - 33,750 MMK
50 % Off - 67,500 MMK
( မှတ်ချက် - ငွေသွင်းပြီး မတတ်ရောက်ဖြစ်ပါက ကျောင်းဘက်မှ Exam Fee အားပြန်အမ်းမည်မဟုတ်ပါ။ )