👩💻Scratch Programmingအတန်းမှာဆိုရင်တော့
Game, Science Project, Interactive Artwork နဲ့ Animation တွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ စာသားတွေနဲ့ ရေးရတဲ့ Text Base မဟုတ်ဘဲ အရုပ်တွေ အရောင်တွေ ဘလောက်တုံးတွေ စတဲ့ Graphic Base ဖြစ်တာကြောင့် Program ရေးသားရတာ Drag & Drop ဘဲ လုပ်ရလို့ အရမ်း လွယ်ကူပြီး ပျော်စရာ ကောင်းပါတယ်။ အရမ်းခက်ခဲလှတဲ့ Computer Science Programming Fundamental သဘောတရားများကို Game Program များ ရေးဆွဲရင်း သင်ယူလေ့လာရတာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။
👩💻Scratch Programming ကို အမေရိကန်နိုင်ငံရှိ MIT Media Lab က ဖန်တီးရေးသားခဲ့တာ ဖြစ်ပါတယ်။ MIT ဆိုတာကတော့ Massachusetts Institute of Technology ဖြစ်ပါတယ်။ ဒီ Scratch Project ကို ၂၀၀၃ ခုနှစ်မှာ Mitchel Resnick က စတင်ဦးစီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Scratch Programming နဲ့ ဘာတွေ လုပ်နိုင်သလဲ?
✅ CPU, Memory စတဲ့ ကွန်ပျူတာ Device တွေ ဘယ်လို အလုပ်လုပ်ဆောင်သလဲဆိုတဲ့ Computational Thinking Concept တွေကို လေ့လာသင်ယူနိုင်ပါတယ်။
✅ လက်တွေ့ အသုံးကျပြီး ဖြစ်နိုင်တဲ့ နည်းလမ်း စည်းကမ်း Pratical Algorithms တွေကို သင်ယူနိုင်ပါတယ်။ Algorithm ဆိုတာ အလုပ်တာဝန်တစ်ခု ပြီးမြောက်စေဖို့အတွက် ပါဝင်ဆောင်ရွက်မည့် အဆင့်တွေ (Step List) တစ်ခုကို ပြောတာပါ။
✅ Scratch Programming ကို Computing Tool အဖြစ် အသုံးပြုနိုင်ပါတယ်။
✅ Scratch Programming အသုံးပြုပြီး Story ဇာတ်လမ်းတွေ ဖန်တီးတာ၊ Game Program တွေ ရေးဆွဲတာ၊ ပန်းချီ၊ ဂီတ၊ အနုပညာ စတာတွေကို ပျော်ပျော်ရွှင်ရွှင် ဆော့ကစားပြီး ဖန်တီးနိုင်ပါတယ်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
⌛ တစ်နေ့၁နာရီ ၁ပတ်ကို ၂ရက်၊ ၁လ(4weeks) တက်ရောက်ရမှာဖြစ်ပါတယ်။
🚩သင်တန်းအပ်ပြီးသည်နှင့် စတင်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
📭သင်တန်းတက်ရောက်လိုပါက Page Messengerမှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎