MMU Proposal

“Bikes in Yangon ၏ စက်ဘီးအငှားဝန်ဆောင်မှု” လုပ်ငန်းဆောင်ရွက်ပုံ


မာတိကာ

၁။ ရည်ရွယ်ချက်

၂။ စီမံကိန်းတွင် ပါဝင်သူများ

၃။ ငွေကြေး ထောက်ပံ့သည့်အဖွဲ့အစည်း

၄။ လုပ်ငန်းလည်ပတ်ရန် ပြင်ဆင်ခဲ့ပုံ အကျဉ်းချုပ်ရှင်းလင်းချက်

၅။ လုပ်ကိုင်လိုသည့်ဝန်ဆောင်မှုလုပ်ငန်း

၆။ ဝန်ဆောင်မှုပေးလိုသည့် သုံးစွဲသူများ

၇။ လုပ်ငန်းလည်ပတ်မည့်ပုံစံ အကျဉ်းချုပ်

၇.၁။ ဝန်ဆောင်မှုပေးခြင်း

၇.၂။ ဖွင့်လှစ်မည့်အချိန်

၇.၃။ မန်ဘာဝင်ခွင့်ရှိသောသူများ

၇.၄။ ငွေကြေးနှုန်းထားသတ်မှတ်မှု

၇.၅။ လုံခြုံရေးအတွက် ပြင်ဆင်ထားမှုနှင့်အန္တရာယ်ဖြစ်လာပါက ပြုလုပ်မည့်လုပ်ထုံးလုပ်နည်း

၈။ ရန်ကုန်တက္ကသိုလ်စီမံဌာနမှ ပံပိုးပေးရန်ခွင့်ပြုချက်တောင်းရယူလိုသည်များ

၈.၁။ စက်ဘီးဝန်ဆောင်မှုထားရှိရန် တောင်းဆိုလိုသည့် စက်ဘီးများ ရပ်ရန်စုရပ်နေရာများ၊

၈.၂။ စက်ဘီးများ သိမ်းဆည်းရန်အတွက် အဆောက်ဦးနေရာ

၉။ စတင်လည်ပတ်လိုသည့်ရက်

၁၀။ လုပ်ငန်းပြီးဆုံးမည့်ရက်

၁၁။ ခန့်မှန်းအကျိုးဆက်

၁၁.၁။ လက်တွေ့ အကျိုးဆက်

၁၁.၂။ တန်ဖိုးသက်ရောက်မှု အကျိုးဆက်


၁။ ရည်ရွယ်ချက်



မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် အတွင်း စက်ဘီးယဉ်ကျေးမှုကို မိတ်ဆက်ပေးလိုခြင်း နှင့် စက်ဘီး၏အသုံးဝင်မှုအား မေ့လျော့စပြုနေသော လူငယ်ထုအတွက် စက်ဘီးပုံရိပ်အားပြန်လည် ဖော်ထုတ်ရန်

၂။ စီမံကိန်းတွင် ပါဝင်သူများ


ရေကြောင်းတက္ကသိုလ်ကျောင်းသားသမ္မဂ ၊

Bikes in Yangon အဖွဲ့ ၊

(Bikes in Yangon အဖွဲ့ စတင်တည်ထောင်သူမှာ ရေကြောင်းတက္ကသိုလ်ကျောင်းသားဟောင်း

တစ်ယောက်ဖြစ်ပြီး အဖွဲ့အစည်းတွင် ရေကြောင်းတက္ကသိုလ်ကျောင်းသားဟောင်း ၄ ယောက်ပါဝင်သည်။)

YSEALI မှ အကြံပေးအဖွဲ့ ၊



၃။ ငွေကြေး ထောက်ပံ့သည့်အဖွဲ့အစည်း


အမေရိကန်သမ္မတဟောင်း အိုဘားမား စတင်တည်ထောင်ခဲ့သော အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ ပျိုးထောင်ပေးရေး အစီအစဉ် ( YSEALI – Young Southeast Asia Leaders Initiative), Seeds for the Future အဖွဲ့မှ စီမံကိန်းအတွက် ဆယ်လကြာ ရန်ပုံငွေ ထောက်ပံ့ပေးထားပါသည်။


၄။ လုပ်ငန်းလည်ပတ်ရန် ပြင်ဆင်ခဲ့ပုံ အကျဉ်းချုပ်ရှင်းလင်းချက်


Bikes in Yangon အဖွဲ့သည့် ၂၀၁၇ခုနှစ် အမေရိကန်နိုင်ငံမှ ပေးအပ်သော YSEALI SEED FOR The FUTURE GRANT အားရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုလူငယ်အဖွဲ့ဖြစ်ပြီး အနိုင်ရရှိခဲ့သော အမေရိ

ကန် ဒေါ်လာ တစ်သောင်းခွဲ အား ကျောင်းသားများအတွက် တက္ကသိုလ်ဝင်းအတွင်း စက်ဘီးဝန်ဆောင်မှု လူမှုအကျိုးပြု စီးပွားရေးတစ်ခုအဖြစ် ပြန်လည်အကောင်ထည်ဖော်ရမည်ဖြစ်သည်။



၅။ လုပ်ကိုင်လိုသည့်ဝန်ဆောင်မှုလုပ်ငန်း


စက်ဘီးအငှားဝန်ဆောင်မှု


၆။ ဝန်ဆောင်မှုပေးလိုသည့် သုံးစွဲသူများ


ရေကြောင်းတက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့်


၇။ လုပ်ငန်းလည်ပတ်မည့်ပုံစံ အကျဉ်းချုပ်

၇.၁။ ဝန်ဆောင်မှုပေးခြင်း


ရေကြောင်းတက္ကသိုလ်အတွင်း ကျောင်းသားဦးရေ ခန့်မှန်းခြေ (၂၅၀၀) ခန့်ရှိပါသည်။ စီမံကိန်း ကို တက္ကသိုလ်ဝန်းတစ်ခုလုံးအနှံ့ စုရပ်(Checkpoint) (၄) နေရာ ချထားမည်ဖြစ်ပြီး စုရပ် တစ်နေရာတွင် စက်ဘီး(၁၀)စီးနှုန်းဖြင့် နေရာချထားမည်ဖြစ်သည်။ စုရပ် များတွင် RFID Sensor ( Radio Frequency Identification) တပ်ဆင်ထားမည်ဖြစ်ပြီး မည်သည့် စုရပ် တွင် စက်ဘီးမည်မျှရှိသည်ကို Online မှ တဆင့် ကျောင်းသားများ သိရှိနိုင်သည့်နည်းပညာကို စမ်းသပ်အသုံးပြုရန်ရည်ရွယ်ထားသည်။

စီမံကိန်း ရေရှည်တည်တံ့စေရန်အတွက် စက်ဘီးငှားခအနေဖြင့် ကျောင်းသားများအား Semester တစ်ခုလျှင် (၅၀၀၀)ကျပ် နှုန်းဖြင့် ကောက်ခံမည်ဖြစ်သည်။

၇.၂။ ဖွင့်လှစ်မည့်အချိန်

မန်ဘာကြေးပေးသွင့်ထားသော ရန်ကုန်တက္ကသိုလ်တွင်တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများ အနေနှင့် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ စက်ဘီးဝန်ဆောင်မှု အားအသုံးပြုခွင့်ရမည်ဖြစ်သည်။

၇.၃။ မန်ဘာဝင်ခွင့်ရှိသောသူများ

ရန်ကုန်တက္ကသိုလ်တွင် လက်ရှိပညာသင်ကြားနေသော ဘွဲ့လွန်၊ဘွဲ့ကြို၊မဟာနှင့်ပါရဂူတန်းများမှ ကျောင်းသူ၊ကျောင်းသားများ။

၇.၄။ ငွေကြေးနှုန်းထားသတ်မှတ်မှု


၁) ရန်ကုန်တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအတွက်

စာသင်နှစ်ဝက် တစ်ခုအတွက် ၅၀၀၀ ကျပ်


၇.၅။ လုံခြုံရေးအတွက် ပြင်ဆင်ထားမှု နှင့် အန္တရာယ်ဖြစ်လာပါက ပြုလုပ်မည့်လုပ်ထုံးလုပ်နည်း

စက်ဘီးဝန်ဆောင်မှုအားအသုံးပြုသူများအတွက် အောက်ပါအဆင့်(၃)ဆင့်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

၁) အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခြင်း

စက်ဘီးစီးနှင်းရာတွင်သိရှိရန်လိုအပ်သည့် အခြေခံလိုအပ်ချက်များ၊ စက်ဘီးအသုံးပြုပုံနည်းစနစ်နှင့် လမ်းစည်ကမ်းများအား Yangon Door 2 Door မှ မြန်မာစက်ဘီးစီးအားကစားလက်ရွေးစင်တစ်ဦးမှ တာဝန်ယူသင်ကြားပြသပေးမည်ဖြစ်သည်။

၂) အရည်သွေးအာမခံသော စက်ဘီးများအား အသုံးပြုခြင်း

၃) အချိန်နှင့်တစ်ပြေးညီဆက်သွယ်နိုင်သော ဖုန်းနံပါတ်များထားရှိခြင်း

စက်ဘီးချို့ယွင်းမှု တစ်စုံတစ်ရာရှိခဲ့ပါက ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ကျောင်းသားများသိရှိအောင် ထုတ်ပြန်ထားမည်ဖြစ်သည်။


၈။ ရန်ကုန်တက္ကသိုလ်စီမံဌာနမှ ပံပိုးပေးရန်ခွင့်ပြုချက်တောင်းရယူလိုသည်များ

၈.၁။ စက်ဘီးဝန်ဆောင်မှုထားရှိရန် တောင်းဆိုလိုသည့် စက်ဘီးများ ရပ်ရန်စုရပ်နေရာများ၊


၁) အရှေ့အဝင်ဂိတ်၊

၂) ကန်တင်း

၃) အဆောင် ၅

၄) သဇင်ဆောင်


စတင်လည်ပတ်လိုသည့်ရက်

၁ ဒီဇင်ဘာလ ၂၀၁၇၊ (၂၀၁၇ -၂၀၁၈ စာသင်နှစ်)


စီးမံကိန်း စတင်ဆောင်ရွက်ရန် လိုအပ်သည့် ပြင်ဆင်မှုများ နှင့်

အကြို စမ်းသပ်မှုများကို ခွင့်ပြုမိန့်ရပြီးသည်နှင့် စတင်လုပ်ဆောင်လိုပါသည်။



၁၀။ လုပ်ငန်းပြီးဆုံးမည့်ရက်

၂၀၁၉ စက်တင်ဘာ လတွင် ထောက်ပံ့မှုနှင့်လည်ပတ်သည့်လုပ်ငန်းစဉ်များပြီးဆုံးမည်ဖြစ်ပြီး

Bikes in Yangon မှ ဝန်ဆောင်မှုများကိုမှု ကျောင်းသားများ၏ လိုအပ်ချက်အရ ဆက်လတ်လုပ်ဆောင်သွားမည်ဖြစ်သည်။


၁၁။ ခန့်မှန်းအကျိုးဆက်

၁၁.၁။ လက်တွေ့ အကျိုးဆက်

အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုကြောင့် ကျောင်းသူ/ကျောင်းသားများ အနေနဲ့ တက္ကသိုလ်အတွင် သွာလာရေးပိုမိုအဆင် ပြေလာစေမည်။

၁၁.၂။ တန်ဖိုးသက်ရောက်မှု အကျိုးဆက်

လူဦးရေ သိပ်သည်းစ မြင့်မားလာပြီး လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသော ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်သော လူမှုနေထိုင်မှုရပ်ဝန်း အထူးသဖြင့် (လမ်းပန်းဆက်သွယ်ရေးပုံစံ) အတွက် စံပြပုံရိပ်အဖြစ် ရေကြောင်းတက္ကသိုလ်ဝန်းအတွင်းရှိ စက်ဘီးယဉ်ကျေးမှုမှာ မြို့တော်အတွက် ကြီးမားသော တန်ဖိုးသက်ရောက်မှု ဖြစ်ပါလိမ့်မည်။ အသုံးချ စက်ဘီးစီးခြင်းကို မြှင့်တင်သည့် ကမ်ပိန်းများအတွက် စံပြပုံရိပ်တစ်ခုဖြစ်လာပါလိမ့်မည်။