A talk with a brother from Kyauk-Myaung who talked about the difficulty to find a place to keeping a bike at Yangon

ရန်ကုန်မှာ စက်ဘီးစီးတာ အခက်အခဲရှိတယ်။ ရှိတယ် ဆိုတာ စက်ဘီးလမ်းတွေမှ မရှိတာ။ အရင်တုန်းကလည်း စက်ဘီးလမ်း တွေ မမြင်ဖူးပါဘူး။ စက်ဘီးကို စိတ်ဝင်စားတော့မှ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် ဖတ်တာပေါ့။ အဲ့ဒါနဲ့ တစ်ခြားနိုင်ငံတွေဆို စက်ဘီးလမ်း တွေရှိ

တယ် သိလာတာပေါ့။

အရင်တုန်းက မသိပါဘူး ဒီလိုမျိုးပဲ စီးနေကြတာ။ နယ်မှကြတော့ စီး

ရတာ လွယ်တယ်လေ။ ဒါပေမဲ့ ရန်ကုန်မှာကြတော့ ကားတွေချည်းပဲဆိုတော့ ကားတွေကို ကိုယ်တွေကရှောင်နေရတာရယ်၊ ကိုယ်တွေကကားတွေကိုရှောင်ေ နရတာရယ်နဲ့ ပြဿနာ။

ပြီးတော့ ရန်ကုန် အစိုးရက ဆန်းကြယ်တယ်။ ဒီ ဘာမှ မထိခိုက်တဲ့

စက်ဘီးတွေကိုကြတော့ ရန်ကုန်မှာ တရားမ၀င် ဖြစ်နေတယ်။ စဉ်းစားလို့မရ ဘူး။ တခြားနိုင်ငံတွေမှာက စက်ဘီးစီးဖို့ကို အစိုးရကပါ တိုက်တွန်းတာ။ ရုံးကို စက်ဘီးနဲ့လာရင် အပိုဆုကြေး ကဘယ်လောက်ပေးမယ်ဆိုတာ မျိုးတွေလုပ်တာ။ တို့စီမှာကြတော့ စက်ဘီးကို တရားမ၀င်ကြီးဖြစ်နေတာ။

အကိုကြီးနှစ်ယောက်ရှိတယ်။ ကျောက်မြောင်းထဲက ဆံပင်ညှပ်ဆိုင် ဖွင့်ထားတယ်။ သူတို့နေတာက ကန်တော်ကြီးတာဝါမှာ။ သူတို့က စက်ဘီးနဲ့ သွားတယ် စက်ဘီးနဲ့ ပြန်တယ်။ သူတို့ကို ကြည့်ပြီးတော့ စက်ဘီးစီးချင်လာ တယ်။ အဲ့အကိုကြီးနှစ်ယောက်က စီးတော့ ရန်ကုန်မှာလည်း အဆင်ပြေပါလား ဆိုပြီးတွေးမိသွားတာ။ ပထမထဲက စက်ဘီးကစီးချင်တယ် ဒါပေမဲ့ ရန်ကုန်မှာ အဆင်ပြေမပြေ မသိဘူးလေ။

ဝယ်ထားတာမကြာသေးပါဘူး။ လေးလ ငါးလလောက်ပဲရှိသေတယ်။ အရင်ထဲက စက်ဘီးက စီးချင်တယ် ဒါပေမဲ့ ထားစရာနေရာမရှိလို့။ အခုက လက်ဘက်ရည်ဆိုင် တစ်ဆိုင်မှာ ပြောလို့ရတယ်။ ထားမယ်ဆိုတော့ ပေးထား တယ်။ အဲ့ဒါကြောင့် ၀ယ်လိုက်တာ။

ရန်ကုန်မှာ စက်ဘီးစီးရတဲ့ အဓိကအခက်အခဲတစ်ခုကကတော့ စက် ဘီးထားတဲ့နေရာ။ ဘာဖြစ်လို့လဲဆိုတော့ အထပ်မြင့်မှာနေကြတာလေ။ အောက်က မြေပိုင်ရှင်တွေကလည်း အဲ့မော်တာရုံနားကို ပေးမထားဘူး။ အ ပေါ်ကို တင်သွားလို့လည်း မရဘူး။ ဘယ်လောက်ပဲ ပေါ့ပေါ့လေးလို့ဆိုလည်း အနည်းဆုံးတော့ လေး၊ ငါးပေါင်တော့ လေတာပဲ။ နေ့တိုင်းသယ်ပြီး အပေါ် တက်နေရတာ အထပ်မြင့်ဆို ပိုဆိုးတယ်။ အဲ့ဒါကမလွယ်ဘူး။ မြေညီထပ်မှာ

မနေဘူးဆိုရင်တော့ အရင်ဆုံး စက်ဘီးထားဖို့နေရာရှာထားတာပိုကောင်းတယ်။ ပိုကောင်းတယ် မဟုတ်ဘူး။ ဒါက ရှာကို ရှာရမှာ။

မနက်တိုင်း မနက်တိုင်း ရုံးကို စက်ဘီးနဲ့လာတယ်။ ဘာလို့ စက်ဘီး စီးလဲဆိုတော့ ဘတ်စ်ကား မစီးချင်လို့။ ခြွေးတွေ သန်တွေလူးပြီးတော့ ရုံးသွား လိုက် ရုံးပြန်လိုက်။ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ရှူပြီးတော့ အဲ့လို မသွားချင်ဘူး။ အဲ့ဒါကြောင့် စက်ဘီးစီးဖြစ်တာ။

အရင်တုန်းကဆိုရင် ဒီကျောက်မြောင်းကနေ မြို့ထဲတွေဘာတွေ သွား လို့ရှိရင် ကားစီးရတာ တစ်ပတ်ကြီးစီးရတယ်။ အခုက စက်ဘီးနဲ့ဆိုတော့ ကိုယ် တွေ ကြိုက်တဲ့လမ်းက ဒိုးလို့ရတယ်။

၂၃ ဖေဖေါ်ဝါရီ ၂၀၁၆

It is difficult to bike in Yangon. Well, there is no bike lane. Though, I have not seen bike lane before. Anyhow when I came to be interested in the bikes, I tried to read about bikes. Then I became to know there is bike lane in other countries.

In former time, I did not know value of bikes, I just bike. It is easy to bike in small towns. However, as there are a lot of cars in Yangon, it is a problem that bikers have to keep out from the way of cars.

Besides, Yangon government is strange. This harmless biking is illegal in Yangon. It is out of my logic consideration. In other countries, the government encourages to bike. They promote biking by giving bonus if you come to the office by bike. Unlikely, biking is being illegal in our city, Yangon.

There are two older men. They have a hair salon in Kyauk-Myaung. They live in Kandawgyi Tower. They bike to and from their work. I became to feel like biking seeing them biking. This thought came to my mind that it is also convenient to bike in Yangon. Since before, I wanted to bike but I was not sure that it would be convenient or not.

It has been just a while that I bought the bike. I wanted to bike before but there is no place to keep it. At the moment, my bike is kept at a Tea-Shop, the owner allowed me to keep at the shop. That is why I bought it.

The difficulty to bike in Yangon is the storage place to keep the bike as the residents live on the high floors. The landlord does not allow to keep the bike near the motor house. It can also not be brought up to those high floors we live. However it is light, it weighs at least four or five pounds. It would be a disaster to carry the bike to the high floor every day. It is not easy. If you do not stay in ground floor, it is better you find a place to keep the bike first. It is not better. You must find first surely.

I go to work by bike every morning. It is because I do not want to take buses. It is annoying that you have to be in the sweaty crowd to and from your work. I do not want to go to work like this inhaling carbon dioxide.

Before, if I want to go to downtown from Kyauk-Myaung, it takes me hours to get there as the buses go on the main road making a long path. But now as I bike, I can go whichever way I want.

Aung 23rd, February 2016

Translated by Thu Zar