စာမျက်နှာ-၂

ရွှေတိဂုံဘုရား ကျားတက်တာ
(ယခင်အပတ်မှ အဆက်)
တန်းစီရင်း အသက်ခြောက် ဆယ်လောက်ရှိမယ့် အဘွား ကြီး တစ်ယောက်နဲ့ ကလေး ငယ် တစ်ယောက်ကို ဦးစား ပေးလိုက် တယ်။
    ပြီးမှ စဉ်းစားမိတယ်။ ကျွန် တော်တို့ ဇနီးမောင်နှံလည်း အသက် ခြောက်ဆယ်တန်း တွေပဲ။ ကျွန် တော်ဆို ခြောက် ဆယ်ကနေ သုံး ဘူတာလောက်ကျော်ခဲ့ပြီ။
    အဲသလို စဉ်းစားမိတော့ တစ် ယောက်တည်း ပြုံးမိပါသေးတယ်။
    ဓာတ်လှေကားထဲရောက် တော့ ကျွန်တော်နဲ့ ကပ်လျက်မှာ အသက်နှစ် ဆယ်ဝန်းကျင်မိန်းကလေး တစ်ယောက်ရပ်နေတယ်။ ခေတ် အလျောက် ဝတ်စားဆင်ယင်ထား တာမို့ ကြည့်ကောင်းကောင်းနဲ့ ကြည့် (ငမ်း)နေမိတယ်။ 'ဘုရားလာ ဖူးတာလေ' လို့ ကိုယ့်ကိုယ်ကို ပြန် ပြီး သတိပေးရသေးရဲ့။
    ကလေးမကတော့ အဘိုးကြီး ကျွန်တော်နဲ့ ကပ်လျက်ရပ်နေရတာ ဘာမှ ရှိုးတိုးရှန့်တန့် မဖြစ်ပါဘူး။
    ကျွန်တော့်အဖြစ်ကို ကျွန် တော့်မိန်းမ ရိပ်မိလေသလားလို့ မလုံမလဲ လှမ်းကြည့်သေးတယ်။ ဇနီးဖြစ်သူကတော့ အေးဆေးပါပဲ။
    ဓာတ်လှေကားရပ်တော့ စင်္ကြံ ရှည်အတိုင်း လျှောက်လာတယ်။ အရှေ့ဘက်ကို လှမ်းကြည့်တော့ မီး ရောင်တွေကြားမှာ ရန်ကုန်မြို့ကြီး ဟာ ဝိုးတဝါး။
    ကျွန်တော့်စိတ်အစဉ်ဟာ ကျွန်တော်တို့ငယ်ငယ် ကျားကူး ကွက်သစ်မှာနေတုန်းက အချိန်ကို ဖျတ်ခနဲ လွင့်စင်သွားပါတယ်။
(နှစ်)
    လွတ်လပ်ရေးရခါစမှာ ရန်ကုန်မြို့ဟာ ဖရိုဖရဲပါပဲ။ ကျားကူး ကွက်သစ်ဆိုတာ ရွှေတိဂုံစေတီ တောင်ဘက်မုခ်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျားကူးဘုန်းတော်ကြီးကျောင်း တိုက်အနီးအနားမှာရှိတဲ့ ရပ်ကွက် တစ်ခုပါ။ ခုခေတ်အခေါ်တော့ ကျူးကျော်ရပ်ကွက်ပေါ့။ အဲဒီတုန်း ကတော့ ကျူးကျော်လို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။
    ဒုတိယကမ္ဘာစစ်အတွင်းက ပြေးရင်းလွှားရင်း ရောက်လာကြတဲ့ လူတွေ၊ ပြည်တွင်းစစ်ဖြစ်တော့ နယ်မှာ မနေရဲလို့ ရန်ကုန်တက်လာ ကြတဲ့ လူတွေ၊ ကိုယ်ကြိုက်သလို ကြိုက်တဲ့နေရာမှာ တဲထိုးပြီးနေခဲ့ ကြတာပါ။ ကျွန်တော်တို့ နေခဲ့တဲ့ တဲကြီးဆို ပလက်ဖောင်းကို ခွ ဆောက်ထားခဲ့တာ။ ကျွန်တော်တို့ ချာတိတ်တွေ အခင်းစွန့်တာ လမ်း ဘေးရေနုတ်မြောင်းထဲ။   
    ကျွန်တော်တို့ ဆော့ကစားတဲ့ နေရာက ကတ္တရာလမ်းပေါ်မှာ။ ဒါပေမဲ့ မိုးချုပ်တာနဲ့ အိမ်ထဲ (တဲ ထဲ) ဝင်နေခဲ့ရတာပါ။ နေဝင်မီးငြိမ်း (ကာဖျူး) အမိန့်က ထုတ်ပြန်လိုက်၊ ရုပ်သိမ်းလိုက်နဲ့။
    နေဝင်မီးငြိမ်းကတော့ အမိန့် တောင်ပြန်နေစရာမလိုပါဘူး။ မီး ဘေးကြောက်လို့ ညခုနစ်နာရီ လောက်မှာ ရေနံဆီ မီးခွက်တွေ အားလုံး ငြိမ်းသတ်ပြီးသားပါပဲ။ ရှို့မီး ကလည်း ဟိုနားလောင်ပြန်ပြီ၊ ဒီ နားလောင်ပြန်ပြီနဲ့။ ဒီတော့ အိမ် တိုင်းစေ့ နေဝင်မီးငြိမ်းနေခဲ့ရတာပါ။
    အဲသလို မှောင်မိုက်မိုက်ဖြစ်နေ တဲ့ အချိန် ညဦးပိုင်းမှာ ကျွန်တော် တို့ တဲရှေ့ ကတ္တရာလမ်းပေါ် တက် ဆော့ရင်း ရွှေတိဂုံစေတီတော်ကို ဖူးခဲ့ရပါတယ်။
    လျှပ်စစ်မီးမောင်းတွေ ထိုးထား တဲ့ ခုလက်ရှိပုံစံမျိုး ဘယ်ဟုတ်ပါ့ မလဲ။ စေတီတော်ရဲ့ ဖိနပ်တော် (ပန်းတည်ခုံ) အထက်ကစပြီး စေတီတော်ရဲ့ ခေါင်းလောင်းပုံ အပါ အဝင် ဖောင်းရစ်နေရာတိုင်း အဝိုင်း လိုက် မီးလုံးမီးသီးတွေ ပူဇော်ထား တာ စေတီတော်ပုံစံအတိုင်း အထက်ဘက်ခပ်ပြေပြေ စွင့်တက် သွားတာကို ဖူးတွေ့ခဲ့ရပါတယ်။
    အင်္ဂလိပ်ကိုလိုနီခေတ်က တော့ မီးမောင်းကြီးတွေနဲ့ ပူဇော်ဖူး ပါသတဲ့။ အဲဒီခေတ်ကတည်းက ဘုရားလူကြီးတွေရဲ့ အကြံဥာဏ် ကောင်းခဲ့ပါလိမ့်မယ်။ ဒါမှမဟုတ် လည်း အင်္ဂလိပ်တွေက Óဏ် ကောင်းသားမဟုတ်လား။ ပင်လယ် ဝက လှမ်းကြည့်တာနဲ့ ရန်ကုန်မြို့ တော်ရဲ့ အမှတ်သင်္ကေတအဖြစ် လှမ်းမြင်တွေ့နိုင်တဲ့ ရွှေတိဂုံစေတီ တော်ကို မီးမောင်းတွေ ထိုးပြထား ခဲ့လေသလားမသိ။ အင်္ဂလိပ်တွေက ရွှေတိဂုံစေတီတော်ကို မီးပြတိုက် သဘောများထားခဲ့လေရော့သလား။ စိန်ဖူးတော်ထိပ်မှာ အမြဲလိုလို မီးနီနီ ထွန်းထားတာတော့ အမှတ်ရပါ တယ်။
    အဲဒီအချိန် ၁၉၅ဝ ဝန်းကျင် တုန်းက ရွှေတိဂုံစေတီတော်ရဲ့ ပတ် ပတ်လည်မှာ လူနေအိမ်ခြေတွေြ>ွပတ်သိပ်နေခဲ့သပေါ့။ စစ်ရုံး (ကာကွယ်ရေးရုံး)ကြီးရှေ့က ပလက် ဖောင်းပေါ်မှာတောင် လမ်းဘေး ဈေးဆိုင်တွေ ပြည့်နှက်နေခဲ့တာပါ။
    တောင်ဘက်မုခ်ဝ မရောက် ခင်မှာလည်း ဈေးဆိုင်မျိုးစုံ၊ လူနေ အိမ်ခြေကလည်း ဆက်တိုက် ခပ် စိပ်စိပ်ပါပဲ။ ဆိုက်ကား၊ မြင်းလှည်း သံတွေကလည်း တညံညံ ''ဘုရားကို ဘုရားကို တစ်ယောက်လို တစ် ယောက်လို'' ဆိုတဲ့ ကားဆရာ၊ မြင်းလှည်းဆရာတွေရဲ့ အသံတွေ ကလည်း မကြားချင်အဆုံးပေါ့။ အရုဏ်တက်လောက်ကစပြီး မိုးချုပ် ထိ တစ်ယံမစဲ၊ ညံစီစီ သာယာလှ စွာပါပဲ။
    ခုဌာနဆိုင်ရာ ဓမ္မာရုံတွေ ဆောက်ထားတဲ့ နေရာမှန်သမျှ လူနေအိမ်ခြေတွေ ပြတ်သိပ်နေခဲ့ တာပေါ့။ အရှေ့ဘက် စောင်းတန်း ဗဟန်းဘက်ဆို အလယ်ပစ္စယံအထိ လူနေရပ်ကွက်ကြီးဖြစ်လို့။ ဘုန်းကြီး ကျောင်း၊ ဇရပ်မှန်သမျှလည်း ကျောင်းဘေးမှာ အဖီချ၊ တဲထိုး၊ နည်းအမျိုးမျိုးနဲ့ ဘုရားရိပ်ကို ခိုခဲ့ ကြသပေါ့။
    အလယ်ပစ္စယံ ပတ်ပတ်လည် မှာ ကျောင်း၊ ဇရပ်တွေရှိခဲ့ပါတယ်။ မြို့နယ်တွေ၊ ခရိုင်တွေအလိုက် ဇရပ် တန်ဆောင်း ဘုန်းကြီးကျောင်းတွေ ဆောက်ခဲ့ကြတယ်။ အဲဒီမြို့နယ်၊ ခရိုင်တွေက လူတွေ ဘုရားဖူးလာရင် အဲဒီဇရပ်တွေ၊ ကျောင်းတွေမှာပဲ တည်းကြခိုကြတယ်။ တည်းရင်း ခိုရင်း အမြဲနေသွားတဲ့ မိသားစုတွေ လည်းရှိပါတယ်။
    ဘုန်းတော်ကြီးတွေကလည်း ဒုက္ခရောက်နေတဲ့ ကိုယ့်ရပ်သူ ရွာ သားတွေကို နှင်မထုတ်ရက်ဘဲ ဒီ အတိုင်းကြည့်နေရသပေါ့။ တချို့က (မကပါဘူးလေ၊ တော်တော်များ များက) ဘုန်းကြီးကျောင်းထဲဝင် နေပြီး အိမ်ငှားပါချခဲ့ကြသေးသကိုး။
    အရှေ့ဘက်စောင်းတန်း ဗဟန်းဘက်က အစည်ကားဆုံးလို့ ထင်ပါတယ်။ ဈေးဆိုင်တွေကလည်း အစုံပါပဲ။ ဖိနပ်ချုပ်တဲ့ ဆိုင်ကအစ ဆံပင်ညှပ်ဆိုင်အထိ။ အဝတ် အထည် (ထဘီကအစ) ရောင်းတဲ့ ဆိုင်ကနေ သင်္ကန်းပရိက္ခရာဆိုင် အထိ၊ မျက်မှန်၊ လက်ပွေ့အိတ်၊ ဒေါက်ဖိနပ်၊----အမျိုးကို စုံနေတာ ပါပဲ။
    စစ်ရုံးရှေ့ ပလက်ဖောင်းမှာ တောင် လမ်းဘေးဆိုင်တွေရှိပါ တယ်ဆိုမှတော့ ဘုရားကြီးပတ်ပတ် လည် ဈေးဆိုင်မျိုးစုံနဲ့ လူမျိုးစုံ နေ တော့တာပါပဲ။ ဘယ်အရပ်ကဘုရား ဖူးလာလာ ဘုရားဖူးပြီးအပြန်မှာ  ဝယ်ချင်တာမှန်သမျှ ဝယ်လို့ရ အောင် ဆိုင်မျိုးစုံ ဖွင့်ထားတာပါ။
    ကုန်ကုန်ပြောရရင် ကျွန်တော် တို့ နေခဲ့တဲ့ ကျားကူးကျောင်းတိုက် ဘေးက ကျားကူးကွက်သစ်၊ ကျွန်တော်တို့တဲကြီးနဲ့ မျက်စောင်း ထိုး ပလက်ဖောင်းပေါ်မှာ တရုတ် ဘုံဆိုင် (အရက်ဆိုင်) ရှိခဲ့သဗျ။ ဦးလေး ဦးတင့်တယ်၊ ဦးသော်တာ ဆွေ၊ ဦးသန်းဆွေ၊ ဦးအောင်လင်း၊ ဦးရန်ကုန်ဘတွေ အစရှိတဲ့ စာရေး ဆရာကြီးများ (ညနေစောင်းရင်) အဲဒီဘုံဆိုင်က အရက်နဲ့ လမ်းဘေး ဝက်ခေါင်းသုပ် မြည်းနေကျပေါ့။
    အဲဒီအရက်ဆိုင်မှာ အရောင် မျိုးစုံရှိတဲ့ နိုင်ငံရေးသမားတွေက လည်း မူးမူးနဲ့ တရားဟောခဲ့ကြတယ် ခင်ဗျ။ စောင်းမြောင်းပြောရင်းကနေ ဆဲတဲ့ဆိုတဲ့ အသံတွေလည်း ညံနေခဲ့ တာပါ။တစ်ခါတလေ ရိုက်ပွဲတောင် ဖြစ်သေး။ နိုင်ငံရေးဆရာတွေက လည်း ခြေချင်းလိမ်၊ စုံထောက်က လည်း ခြေချင်းလိမ်၊ လူမိုက်တွေ လည်း ခြေချင်းလိမ်။ သူခိုးဖမ်းပွဲဆို လည်း ခြိမ့်ခြိမ့်သဲ။ ရွှေတိဂုံစေတီ တော်ကြီးမှ အားမနာကြ။
    အနောက်ဘက်မုခ်နဲ့ မြောက် ဘက်မုခ်ကြား တစ်နေရာမှာ ချိုင့် ဝှမ်းတစ်ခုရှိတယ်။ အဲဒီနေရာကို သံပုံချိုင့်လို့ခေါ်ခဲ့ပါတယ်။ ပုဇွန်တောင်ကြက်တန်းနဲ့ မြေနီကုန်း ကြက်တန်းတို့ရဲ့ ဘိုးအေပေါ့ဗျာ။ စစ်လက်ကျန် ကားပစ္စည်းအဟောင်း  တွေ၊ ဂျစ်ကားဘော်ဒီတွေ၊ ခေါင်းတို ကားဘော်ဒီတွေ၊ အင်ဂျင်တွေ အပြင် ကျွန်တော်တွေ့ဖူးတာတော့ သံချပ်ကား ချိန်းကြိုး အပြတ် ကြီးတချို့တောင်ရှိတယ်ခင်ဗျ။
    သံပုံချိုင့်ဆိုတဲ့ နာမည်နဲ့လိုက် အောင် သံတိုသံစအစုံပါပဲဗျာ။ အဲဒီ သံပုံချိုင့်နဲ့ မလှမ်းမကမ်းမှာ ကုန်း ကမူလေးတွေရှိတယ်။ အဲဒီနေရာမှာ စတန့်ရုပ်ရှင်တွေလာရိုက်ဖူးတယ်။ မှတ်မှတ်ရရ ရုပ်ရှင်မင်းသား ဒိုင်ဗင် (ဦး)တင်လှက လူစားမထိုးဘဲ ကိုယ် တိုင်ဒိုင်ဗင်ထိုးချခန်း ရိုက်တာကို ကျွန်တော်တို့ ချာတိတ်တွေ သွား ကြည့်ဖူးတယ်။ လက်လှည့် ရုပ်ရှင် ရိုက်စက် (ဒီဗရေး) ကင်မရာဘေးက လက်လှည့်ဂေါက်တံကြီး ပြုတ်ထွက် သွားလို့ 'ဟိုး ဟိုး' နဲ့ အော်တာကို ကြားလိုက်မိပါသေးတယ်။
    ကျွန်တော်အဖေက နိုင်ငံရေး သမားဟောင်း၊ ပူတူတူးပေါင်ဒါ သယ်၊ လက်ထိုးပုံနှိပ်စက်ရိုက်သမား။
    အဖေက စစ်အတွင်းတုန်းက ရေဒီယိုအစုတ်တစ်လုံး ဝယ်ထား တယ်။အသံချဲ့စက်ဟောင်းတစ်လုံး လည်းဝယ်ထားတယ်။ ဖောက်သည်  တွေဆီကပါပဲ။ (စစ်ဖြစ်တော့ ရန်ကုန်ဝန်းကျင်က ဂိုဒေါင်တွေ ကုန်တိုက်တွေကို ဖောက်ကြတယ်။ ဘာပစ္စည်းပဲရရ သယ်ထုတ်ခဲ့ကြ တယ်။ ရသမျှနဲ့ ပြန်ရောင်းတယ်။ ရေဒီယိုမှန်း၊ ဓာတ်စက်မှန်း၊ အသံချဲ့ စက်မှန်းသိပုံမရပါဘူး။)
    အဖေက စစ်အတွင်းမှာ မဟာ မိတ်ကလွှင့်တဲ့ ရေဒီယိုသတင်း နားထောင်ခဲ့သတဲ့။ နားလေးတဲ့ ဖေဖေ ရေဒီယိုဘယ်လို နားထောင် သလဲမသိပါ။ စစ်အတွင်းမှာ အင်္ဂလိပ် အမေရိကန် မဟာမိတ် ဘက်ကလွှင့်တဲ့ အသံ (အိန္ဒိယက လွှင့်တဲ့အသံ)ကို နားထောင်မှန်း ဖက်ဆစ်ကသိရင် 'ကင်ပေဆွဲ'သတဲ့၊  ပြန်လမ်းမရှိနေရာကို သွားရသတဲ့။
    အဲဒါကို နားလေးတဲ့ အဖေက ဘယ်လိုများ နားထောင်ခဲ့ပါလိမ့်။ ဖြစ်နိုင်တာကတော့ ရေဒီယိုတိုးတိုး လေးဖွင့်၊ အမေက နားထောင် အဖေ့ကိုနားနားကပ်ပြောပြ စသဖြင့် ဖြစ်ပါလိမ့်မယ်။ အဲသလို လုပ်တာ ဂျပန်ခေတ်မှာတော့ စွန့်စားခန်းကြီး ပဲ။(အမေကလည်း ဗိုလ်အောင် ကျော် တို့နဲ့အတူ အတွင်းဝန်ရုံးကို ဝိုင်းခဲ့တာကိုး။ ပန်ချာပုလိပ် လက်ချက်နဲ့ အမေ့ခေါင်းကွဲတဲ့ ဒဏ်ရာသေရာပါခဲ့ပါရော။)
    အဲဒီရေဒီယိုနဲ့ အသံချဲ့စက်က စစ်ပြီးစနဲ့ လွတ်လပ်ရေးရခါစမှ တော်တော်အသုံးဝင်ခဲ့ပါလိမ့်မယ်။ အရပ်ထဲ ရေဒီယိုရှိတဲ့ အိမ်ကနည်း နည်းရယ်။ ရေဒီယိုအသံလွှင့်ရင် ကျွန်တော်တို့ တဲရှေ့ပလက်ဖောင်း ပေါ်မှာ အရပ်ထဲက လူကြီးလူငယ် တွေက နားထောင်တယ်။ အဖေက တဲခေါင်မိုးပေါ် 'လော်'တင်ပြီး ရေဒီယိုသံကို အသံချဲ့စက်နဲ့ 'ထပ်ဆင့်လွှင့်ထုတ်' ပေးခဲ့ပါတယ်။
    ဒါ့အပြင် ရွှေတိဂုံအလယ် ပစ္စယံမှာ ၁၉၄၆ ဗိုလ်ချုပ်အောင် ဆန်းတရားဟောတော့ ကျွန်တော့် အဖေ နိုင်ငံရေးသမားကောင်း သခင်ဖေသန်းက အသံချဲ့စက်ဆရာ တဲ့၊ လူစိုက်အိတ်စိုက်ပေါ့။ (နိုင်ငံရေး အစွဲအလမ်းကြီးတယ်ခင်ဗျ။)
    ရွှေတိဂုံအလယ်ပစ္စယံ တရား ပွဲက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောတဲ့ ပုံမှာပါတဲ့ လေးထောင့်မိုက် ခရိုဖုန်းကြီးဟာ စစ်အတွင်း အဖေ စုဆောင်းခဲ့တဲ့ဟာကြီးပေါ့။ အော်လံ ကြီးကိုလည်း အဖေနဲ့ သူ့တပည့် (ဦး) လှတို့ ဆင်ခဲ့ကြတာတဲ့။ ကျွနတော်ကိုယ်တိုင် မသိမမီပါဘူး။ အဖေနဲ့ အဖေ့တပည့်  ဦးလှ ပြန် ပြောပြတာ။ ဦးလှက ''အဲဒီတုန်းက ကွာ င့ါဒူးတွေ တဆတ်ဆတ်တုန်လို့ အစ်ကို(ကျွန်တော့်အဖေ)ကတော့ အသံချဲ့စက်ပေါ်မှာ ခွထိုင်ထား တယ်ကွ။ ဘေးမှာလည်း ပြည်သူ့ ရဲ ဘော်တွေက စတင်းဂန်းတွေနဲ့ စောင့်ပေးတယ်ကွ။ င့ါဖြင့် အသက် တောင်မရှုရဲဘူး'' စသဖြင့် ပြန်ပြော ပြပါတယ်။
    အဖေ့ကို သခင်ဖေသန်းမှန်း သိကြလို့ အသံချဲ့စက်ဆရာ ဆို ပေမယ့် ဘော်ဒီဂတ်အပြည့်နဲ့ဆိုပါ တော့ဗျာ။ လူကိုစောင့်ပေးတာ မဟုတ်ပါ၊ အသံချဲ့စက်ကို စောင့် တာတဲ့။မိုက်ခွက်ကနေ အသံချဲ့စက်၊ အသံချဲ့စက်ကနေ လော်စပီကာထိ သွယ်ထားတဲ့ ဝိုင်ယာကြိုးကိုလည်း ပြည့်သူရဲဘော်တွေက ကျကျနန စောင့်ပေးထားသတဲ့။ (ဗိုလ်ချုပ်နား မှာတော့ ဘော်ဒီဂတ် စောင့်ခွင့် မရဘူးတဲ့။ ဗိုလ်ချုပ်က ခွင့်မပြုဘူး တဲ့။)
    'အင်္ဂလိပ်ဆီက လွတ်လပ်ရေး ရရင်ရ၊ မရရင် ချမယ်' ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင် မိန့်ခွန်းဟာ ရွှေတိဂုံအလယ်ပစ္စယံ ကနေ တစ်ကမ္ဘာလုံးအထိ ပြန့်နှံ့ခဲ့ သပေါ့။
(၃)
    ရွှေတိဂုံရင်ပြင်တော်ပေါ် ရောက်တော့ မြောက်ဘက်စောင်း တန်းထိပ်ကကွက်လပ်မှာ ကျွန်တော် တို့ ဇနီးမောင်နှံဘုရား ဝတ်ပြုပါ တယ်။
    ကျွန်တော့် စိတ်ထင်ပြောရရင် ရွှေတိဂုံစေတီတော်ကြီးကို ဖူးတဲ့ အခါ အဲဒီမြောက်ဘက်စောင်းတန်း ထိပ် ရင်ပြင်တော် ကွက်လပ်မှာ ထိုင်ပြီး စေတီတော်ကြီးကိုကြည်ညို  ရတာ အကောင်းဆုံးနေရာပါပဲ။
    ကျွန်တော်တို့ ဇနီးမောင်နှံ အဲဒီကွက်လပ်ရဲ့ နောက်ဘက်ကျကျ နေရာမှာ ပုဆစ်ဒူးတုပ်ထိုင်ပြီး စေတီတော်ကြီးကို ကြည်ညိုဝပ်တွား ကြပါတယ်။ ကျွန်တော့်သဘောက  ပြောရရင် အဲဒီ ကွက်လပ်ရဲ့ ရှေ့နား မှာြyွပတ်သိပ်ထိုင်ပြီး ကန်တော့တာနဲ့ စာရင် နောက်ဘက်နား လွတ်လွတ် ကင်းကင်းနေရာက ကြည်ညိုရတာ ကို ပိုကြိုက်ပါတယ်။
    စေတီတော်ကြီးရဲ့ (ဖိနပ်တော်) ပန်းတည်ခုံကစပြီး ထီးတော်၊ စိန်ဖူး တော်အထိ ခေါင်းသိပ်မမော့ဘဲ သာမန်အနေအထားနဲ့ ကြည်ညို ပူဇော်လို့ရပါတယ်။
    အဲဒီနောက်နားမှာ ထန်းပင် တစ်ပင်ရှိတယ်။ ဘုရင်မကြီး ရှင်စောပု လှူဒါန်းစိုက်ပျိုးခဲ့တဲ့ ထန်းပင်ထန်းတောတွေရဲ့ မြေးမြစ် တီ၊ တွတ်ဖြစ်ပါလိမ့်မယ်။ ဘုရား လူကြီးတွေက အဲဒီထန်းပင်တွေကို စနစ်တကျ စောင့်ရှောက်ထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် တစ်ယောက်တည်း ဘုရားဖူးဖြစ်ရင် အဲဒီမြောက်ဘက် မုခ် ထန်းပင်ခြေရင်းနားကနေ လူ သွားလူလာ လွတ်အောင်ထိုင်ပြီး စေတီတော်ကို ကြည်ညိုလေ့ရှိပါ တယ်။
    စေတီတော်ကြီးရဲ့ (ဖိနပ်တော်) ပန်းတည်ခုံက အမြှောင်းလိုက် အမြှောင်းလိုက် တည်ရှိနေတဲ့ သစ်မြစ်ဆုံကြီးလိုပါပဲ။
    စေတီတော်နား တိုးကပ်သွား တာနဲ့အမျှ အဲဒီ အမြှောင်းလိုက် တည်တဲ့ ပန်းတည်ခုံကို ထင်ထင်ရှားရှား မမြင်နိုင်ပါဘူး။ စေတီရံတွေနဲ့ ကွယ်  နေလေ့ရှိပါတယ်။
    အဲဒီ ပန်းတည်ခုံ(ဖိနပ်တော်) ကို မြန်မာစာပါမောက္ခ ဆရာကြီး ဦးမောင်မောင်ကြီး (တက္ကသိုလ် မောင်မောင်ကြီး) က သည်လိုရေး ခဲ့ဖူးပါတယ်။
    'ပန်းတည်ခုံ အမြှောင့်မြှောင့် တို့မှာ အဓိကရ သစ်ပင်ကြီးတို့မှ မြစ်ပျဉ်းကြီးများတမျှ အမြှောင်း မြှောင်းထနေသည်။'
    ကျွန်တော်က ဘုရားရှိခိုး များများစားစားမရပါ။ ကျွန်တော့်ဇနီး ကတော့ အလွတ်ရသမျှ ဂုဏ်တော် တွေ အားလုံးရွတ်ဆိုပူဇော်နေဟန် တူပါတယ်။ မျက်စိမှိတ်ပြီး အာရုံပြု နေလေရဲ့။
    ကျွန်တော်စေတီတော်ကြီးကို တစိမ့်စိမ့်ကြည့်နေမိပါတယ်။ ရွှေတိဂုံ စေတီတော်ရဲ့ ပန္နက်ဟာ လေး ထောင့်တိတိဖြစ်ပါတယ်။ အဲဒီ လေးထောင့်ပန္နက်အတွင်းမှာမှ ထောင့်ချိုးတွေချိုးပြီး ထပ်ဆင့်ခဲ့ပါ တယ်။ တြိဂံပုံတွေကို ချိုးပြီးစပ်တဲ့ ဗဟုဂံ ခိုင်ခံစေကြောင်း ဖတ်ဖူးပါ တယ်။ မြန်မာဟာ ပျူနဲ့ မွန်တို့ဆီက ဗိသုကာအမွေဆက်ခံပါတယ်။ ပျူ၊ မွန်၊ မြန်မာတို့ရဲ့ ပန္နက်ပုံဟာ ဗဟုဂံ ထောင့်ကွက်ခိုင်ခိုင်ခံ့ခံ့တွေပါ။ ပုထိုး အများစုမှာ လေးထောင့်ပန္နက် အတွင်း ရှစ်မြှောင့်ထောင့်ချိုးချိုး လေ့ရှိပါတယ်။ တနင်္ဂနွေ၊ တနင်္လာ အစရှိတဲ့ ထောင့်တွေကိုလည်း အတိုင်းအဆညီညီမျှမျှ ထားကြပါ တယ်။
    ထူးခြားတာက အမြှောင်းလိုက် တည်ရှိနေတဲ့ ပန်းတည်ခုံပါ။ ဖူးမြင် ရတာကိုက ခိုင်မာတောင့်တင်းတဲ့ သဘောကို ဆောင်နေပါတယ်။ အခြေအမြစ်တောင့်တင်းခိုင်မာပြီးမှ တစ်ဆင့် ခေါင်းလောင်းပုံ စက်ဝိုင်း ဆင့်ထားတာပါ။
    ခေါင်းလောင်းပုံဟာ အဆင် မပြေ အချိုးကျကျ သွယ်လျညွတ် ပြောင်းစွာ စွင့်တက်သွားပါတယ်။ ဖေါင်းရစ်များကလည်း စီရရီ မြင့် သွားပါတယ်။ ခေါင်းလောင်းပုံ အထက်မှာ ကြာမှောက် ကြာလန် နှစ်ထပ်ဆင့် ကြာမှောက်ကြာလှန် ပုံစံဟာ ကြာပွင့်ဖတ်တွေကို ဘေး တိုက်မြင်ရတဲ့ သဏ္ဌာန်ယူထားပါ တယ်။
    အဲဒီကြာမှောက်နဲ့ ကြာလန်ရဲ့ ကြားမှာ ချရားသီး(ရွဲ) အဖု၊ အလုံး ကြီးတွေရှိပါတယ်။ လုံးလုံးဝိုင်းဝိုင်း ကြီးမဟုတ်ဘဲ ဘဲဥပုံသဏ္ဌာန်ခပ် လျားလျားပါ။ ရွှေရွဲလုံးကြီးတွေနဲ့ လည်း တူပါတယ်။
    အဲဒီကြာမှောက်ကြာလန်နဲ့ ချရားသီးအထက်မှာ ငှက်ပျောဖူးရှိ ပါတယ်။ ငှက်ပျောပင်က ငှက်ပျော ဖူးကို ထက်အောက်လှန်ပြီး ထောင်လိုက် ထောင်ထားသလိုပါပဲ။ လုံးဝန်းပြေပြစ်စွာ အထက်ကို ပျံတက် နေပုံပါပဲ။
    ငှက်ပျောဖူးရဲ့ထိပ်မှာ ထီးတော်။
    တိတ်ဆိတ်အေးချမ်းတဲ့ အချိန်တွေမှာ လေသင့်ရင် ဆည်းလည်းသံလေးတွေ ကြားနိုင်ပါလိမ့် မယ်။ ဆည်းလည်းတွေဟာ အရွယ် အစားအမျိုးမျိုး၊ သံ၊ ကြေးနီ၊ လောဟာ အစရှိတဲ့ သတ္တုအမျိုးမျိုး နဲ့ ပြုပြင်စီရင်ထားလေတော့ ဆည်းလည်းသံလွင်လွင်ဟာလည်း ကြည်နူးဖွယ် သံစုံကလေးတွေပါ။
    ထီးတော်မှာ အဖိုးတန် ကျောက်မျက်ရတနာတွေ စီခြယ်ထားပါတယ်။ ရောင်ခြည်တော် ခြောက်သွယ်အလား အရောင်စုံနဲ့ ပြိုးပြက်လင်းလက်နေတာကို သေ သေချာချာ ဂရုစိုက်အာရုံပြုရင် မြင်သာပါလိမ့်မယ်။
    စိန်ဖူးတော်ရဲ့ရောင်ပြန်ကို ထီးတော်အရိပ်မှာ မြင်သာပါတယ်။ ငှက်မြတ်နားမှာစီခြယ်ထားတဲ့ ကျောက်မျက်ရောင်စုံကလည်း ငှက်ပျောဖူးပေါ်က ရွှေရောင်တွေ ကြားမှာ လှစ်ခနဲ လှစ်ခနဲ အရိပ်ထင်နေပါ လိမ့်မယ်။
    မြင်ရလို မြင်ရငြား အဝေး ကြည့်မျက်မှန်တပ်လိုက်ပါတယ်။ မှုန်ဝေသီနေတဲ့ ကျွန်တော့်မျက်စိကို မျက်မှန်က အားဖြည့်ပေးပေမယ့် ရောင်ပြန်တွေက ကျောက်မျက်တွေ ရဲ့ အရောင်စစ်ကို ကွယ်ကာထားပုံ ရပါတယ်။ သိသိသာသာမမြင်ရပါ ဘူး။
    ဒါပေမဲ့ အဲဒီ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြားအစရှိတဲ့ ရတနာတွေဟာ ကျွန်တော်တို့ တိုင်း သူပြည်သားအားလုံးရဲ့ ဥစ္စာဓန တောင့်တင်းမှုနဲ့ သဒ္ဓါယုံကြည်မှု အင်အားကို အထည်ဒြပ်လိုက်ပြသနေတာပါ။
(၄)
    ကျွန်တော့်ဇနီးဘုရားရှိခိုး၊ မေတ္တာပို့အမျှဝေပြီးတော့ ကျွန်တော် တို့ နှစ်ယောက်ရင်ပြင်တော်ပေါ် လျှောက်ခဲ့ပါတယ်။
    ကျွန်တော်တို့ ဘုရားဖူးရင် အတွင်းဘက်ရင်ပြင်တော်က ဖူးမြော်ခဲပါတယ်။ အပြင်ဘက် ရင်ပြင် တော်ကပဲ လှည့်ပြီး ဖူးမြော်လေ့ရှိပါတယ်။ စေတီတော်နားကပ်လျက်မှာရှိတဲ့ ရင်ပြင်တော်ပေါ်မှာ အစဉ် သဖြင့်ဆိုသလို ဘုရားဖူးတွေများနေလေ့ရှိပါတယ်။
    အပြင်ဘက် မဟာရံတံတိုင်း နားက ရင်ပြင်တော်မှာတော့ လူရှင်း လေ့ရှိပါတယ်။
    ဒါကြောင့် အပြင်ရင်ပြင်တော် ဘက်လျှောက်ခဲ့ကြပါတယ်။ ရွှေတိဂုံ စေတီရဲ့ ရင်ပြင်တော်ကို ပထမဦးဆုံး စပြီး ချဲ့ထွင်ကုသိုလ်ပြုခဲ့တာ ဘုရင်မကြီး ရှင်စောပုပါ။
    ''ဘုရားပေါ်မရောက်တာ လေးငါးနှစ်ရှိရော့မယ်'' လို့ ကျွန်တော့်ဇနီးက ပြောပါတယ်။ ဟုတ်ပါရဲ့၊ ကျွန်တော်တို့ လင်မယား စုံတွဲဘုရားပေါ်မရောက်တာ ကြာပြီပဲ။
    ကျွန်တော်ကတော့ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ချင်ရင် တနင်္ဂနွေနေ့တိုင်းဆုံလေရှိတဲ့ (မူလ အလှူရှင်) 'လှေအုပ်မင်းဦးဒွန်း' ရဲ့ ဇရပ်ကို ရောက်လေ့ရှိပါတယ်။ အဲဒီ ဇရပ်ကို စိန်ပေါကျောင်းသား ဟောင်းများအသင်းက မွမ်းမံ ထိန်းသိမ်းခဲ့ကြတာပါ။ ခရစ်ယာန် သာသနာပြုကျောင်းထွက် ကျောင်းသားဟောင်းတွေနဲ့ မိသားစုများက မွမ်းမံစောင့်ရှောက်ခဲ့ကြတာပါ။
    ငယ်စဉ်က အာဝ်ဖားသား ဟူအတ်အင်ဟဲဗင်း စသဖြင့် နံနက် တိုင်း ခရစ်ယာန်ဘုရားရှိခိုးတွေ အော်ခဲ့ရတဲ့ ကျွန်တော်တို့တစ်တွေ ခုတော့ ရွှေတိဂုံဘုရားပေါ်မှာ ဆုံနေ လေ့ရှိပါပြီ။ အဲဒီငယ်သူငယ်ချင်းတွေ ထဲမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မူဆလင်၊ ခရစ်ယာန် စသဖြင့် ကိုးကွယ်ရာ စုံပါတယ်။ ဒါပေမဲ့ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်နားက 'ဦးဒွန်း' တန် ဆောင်းမှာ ဆုံပြီး ရှေးဟောင်း နှောင်းဖြစ်တွေ ပြောနေကြပါပြီ။ တရားစကားပြောသူက နည်းနည်း၊ ငယ်ကျိုးငယ်နာပေါက်ကရတွေ ပြောတာက များများပေါ့။
    အပြင်ဘက်ရင်ပြင်တော် အတိုင်း နည်းနည်းလျှောက်မိတော့ စေတီငယ် တစ်ဆူတွေ့ပါတယ်။ အနီးအနားမှာ လင်းလွန်းပင်လို့ ထင်ရတဲ့ သစ်ပင်တစ်ပင်ရှိပါတယ်။ အဲဒီစေတီငယ်နားမှာ ကျွန်တော့် ဇနီးက ထိုင်ပြီး ဦးချကန်တော့ရင်း ဝင်လေ၊ ထွက်လေ (အာနပါန) ကမ္မဋ္ဌာန်းထိုင်ဖို့ ပြင်ပါ တယ်။ ဟုတ်သားပဲ၊ ကျွန်တော့်ဇနီး ညစဉ်နဲ့ အမျှ ထွက်လေဝင်လေမှတ်ခဲ့တာ နှစ်ပေါင်းတော်တော်ကြာပေါ့။
    ကျွန်တော်ကတော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကျော်တုန်းက စိပ်ပုတီးစိပ်ဖူးတယ်။ အရက် မသောက်ရတော့ ထင်မိထင်ရာ လုပ်ခဲ့တာဖြစ်ပါလိမ့်မယ်။ စိပ်ပုတီး ကို ရေရှည်မစိပ်ဖြစ်ပါဘူး။ စိတ်ပါ တုန်းခဏလောက်ပါပဲ။
    အဲဒီတုန်းကတော့ ရွှေတိဂုံ၊ ကျိုက္ကဆံနဲ့ မြန်မာပြည်အရပ်ရပ် ရောက်လေရာ နေရာမှာ ဘုရား ပုထိုး တွေ့တိုင်း ပုတီးစိပ်ခဲ့ပါတယ်။ ထူးဆန်းအံ့သြစရာတွေလည်း ကြုံဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ငြိမ် တာတော့ အမှန်ပါ။
    ဒီနောက်တော့ စိတ်ပုတီး မစိပ်တော့ဘူး။ တရားမှတ်ကြည့် တယ်။ ခဏတစ်ဖြုတ်ပါ။ စွဲစွဲမြဲမြဲ မလုပ်ဖြစ်ပါဘူး။
    ခုအချိန်မှာ ငါးမိနစ်ပြည့် အောင် တရားမှတ်ဖို့ ခက်ခဲနေပါပြီ။ ဒါပေမဲ့ ဇနီးဘေးမှာ ခဏထိုင်ပြီး လေးငါးမိနစ်လောက် တရားမှတ်ပါတယ်။ ပြီးတော့ - ကျွန်တော့်ဇနီး တရားမှတ်တဲ့နေရာကနေ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ လက်ထဲမှာ သူ့ပိုက်ဆံအိတ်ကလေး ယူခဲ့တယ်။ စိတ်ဖြောင့်ဖြောင့် တရားမှတ် ပါစေ။
(၅)
    ဆောင်းဦးလေညင်းက ချိုမြ အေးစိမ့်ပြောင်းနွဲ့လှပါတယ်။ စေတီ ငယ်တွေက ပျံ့လွင့်ဆင်းလာတဲ့ ဆည်းလည်းသံတွေကလည်း လွင်နေတာပါပဲ။
    ခရေပင်၊ ညောင်ပင်ငယ်တို့ရဲ့ သစ်ရွက်တွေက တလှုပ်လှုပ် တခတ်ခတ်။ ညဘက်မို့ တိတ်ဆိတ်ငြိမ်သက် အေးချမ်းလှတယ်။
    တန်ဆောင်းတစ်ခုရဲ့ လှေကား ထစ်မှာ ငယ်ရွယ်သူ စုံတွဲတစ်တွဲ ထိုင်နေတယ်။ ဣေ`ႏၵရရပါပဲ။ ဟိုး တစ်ချိန်ကတော့ ဘုရားရင်ပြင်တော် ပေါ်မှာ အတင့်ရဲတဲ့ စုံတွဲတွေကို ဘုရားရဲက မောင်းထုတ်ခဲ့ရဖူးပါတယ်။
    ကျွန်တော်တို့ အိမ်ထောင်မကျခင် သမီးရည်းစားဘဝတုန်းကလည်း ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်တက်ပြီး ဘုရားဖူးခဲ့ကြဖူးပါတယ်။
    မှတ်မှတ်ရရ တောင်ဘက်မုခ်က တက်ခဲ့ကြတာပါ။
    အဲဒီအချိန်တုန်းက အကောက်ခွန်ဓမ္မာရုံ (ထင်ပါရဲ့) ရှေ့က ခြင်္သေ့ ရုပ်တုနှစ်ခုကို ပန်းပုဆရာ ဆန်နီညိမ်းက ထုပေးနေတဲ့ အချိန်ပေါ့။ အဲ့ဒီဓမ္မာရုံမှာ သူရှိတယ်ဆိုတာ ကျွန်တော်တို့က သတိမထားမိဘူး။
    ဆန်နီညိမ်းက ကျွန်တော်တို့ စုံတွဲကိုမြင်တော့ ရရာစက္ကူနဲ့ ကောက်ကြောင်းပန်းချီပုံ ခြစ်လိုက်ပါတယ်။ ကျွန်တော့်ဇနီးလောင်းက ကျစ်ဆံမြီးအရှည်ကြီးနဲ့။(ခုတော့ ဆံပင်ဖြူ၊ ဆံပင်ကျွတ် စသဖြင့်မို့ ကုပ်ပေါ်ဝဲ ဆံပင်ပဲရှိတော့တယ်။ ဇရာက မနေဘူးလေ။) အဲဒီတုန်းက ကျွန်တော်ကလည်း မဝတ်စဖူး သပ်သပ်ရပ်ရပ် ဝတ်စားလို့။ ကျွန်တော့် ဖိနပ်ကို ရည်းစားက ကောက်ကိုင်ပါ တယ်။ အဲဒါကို ဆန်နီညိမ်းက အမိအရကောက်ကြောင်း ဆွဲခြစ်ပြီး အောက်က စာတန်းတစ်ခုရေးတယ်။
    'ရွှေတိဂုံဘုရား ကျားတက် တယ်'တဲ့။ ဖြစ်ချင်တော့ ကျွန်တော် က ဘုရားစောင်းတန်းဆိုင်တစ်ဆိုင် မှာ ငှက်ပျော်သီးတစ်လုံး ဝယ်စားမိတယ်။
ဆက်လက်ဖော်ပြပါဦးမည်။
မောင်ဝဏ္ဏ
    
အပြုံး ဝန်ဆောင်မှု
(တစ်)
လွန်ခဲ့သော ဆယ်နှစ်လောက် က ကိုယ်သည် ကိုးမိုင်က ပုဂ္ဂလိက ဘဏ်ကြီးတစ်ခုတွင် လက်ထဲပိုနေ သော ငွေလေး တွေကို သမီးအမည် ဖြင့် ငွေစု စာအုပ်လုပ်ဖို့ သွားခဲ့လေ သည်။ ဘဏ်မသွားခင်ကပင် သမီး အမည်၊ မှတ်ပုံတင်အမှတ်၊ မွေး သက္ကရာဇ်၊နေရပ်လိပ်စာ၊ ဖုန်းနံပါတ် တို့ကို အိမ်ကပင်ကြိုတင်၍ စာရွက် တစ်ရွက်ပေါ်တွင် ထင်းထင်းရှင်းရှင်း ရေးခဲ့ပြီးမှ ထွက်လာခဲ့ပါသည်။ ဘဏ်ရောက်တော့ ထုံးစံဟုဆိုရမ လားမသိသော အပြုံးမဲ့မျက်နှာသေ ဝန်ထမ်းတွေ၏ မျက်နှာကိုစတင်ကြုံ တွေ့ရသည်။ စိတ်ထဲ ထင့်ခနဲဖြစ် သွားမိသေး၏။ ကိုယ်က မကောင်း မြင်စိတ်ရှိလို့နေမှာပါဟု တွေးလိုက် ပြီး ငွေစုကောင်တာကို သွားလိုက် သည်။ ကိုယ်က ငွေစုစာအုပ်လုပ် လိုကြောင်း ငွေပမာဏ၊ အမည်၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ ဖုန်းနံ ပါတ် ပါသော စာရွက်ကိုကောင်တာက မမကို ထိုး ပေးလိုက်ပါသည်။မမက တည်တည် တစ်ချက်အကြည့်ပေးကာ စာရွက် ကိုကြည့်ပြီး ငွေစုစာအုပ်ထဲသို့ ကူး ထည့်ပါသည်။ ထိုအချိန်က ကွန်ပျူတာဖြင့် ရိုက်မပေးသေးပါ။ မမက သူကူးထည့်ပြီးသောအခါ ကိုယ့်ကိုစုမည့်ငွေတွေ တောင်းပါ သည်။ ကိုယ် လည်း ထုတ်ပေးလိုက် ပါသည်။ ခဏနေတော့ မမက ငွေစု စာအုပ်ရပါပြီဟု ပြောသဖြင့် ထိုင်ခုံ တွင်ထိုင်နေရာမှထ၍သူ့ကောင်တာ ကိုသွားရသည်။ ကိုယ်လည်း ငွေစု စာအုပ်လေးကို ဖွင့်ကြည့်လိုက် သည်။ အလို သမီး အမည် လေးလုံး ရှိရာ တစ်လုံးပြုတ်ကျန်နေသည်။ မှတ်ပုံတင်နံပါတ်က မှားရေးထား သည်။ ထို့အပြင် လိပ်စာမှာ အိမ် နံပါတ်လွဲပြန်သည်။ ဖုန်းနံပါတ် တစ်ခုပဲ မှန်လေ၏။ဒါနဲ့ ကိုယ်လည်း  ကောင်တာမမကို စာအုပ်လေးပြန် ပေးပြီးပြ လိုက်သည်။ သူမက မျက် လုံးဝင့်တဲ့ပြီး ကိုယ်ထိုးပြသော အမှားကိုကြည့် လေသည်။ထို့နောက် မတော့ မမက စာအုပ်ထဲကအမည် ကျန်နေတာကို ဘေးကတစ်လုံး ထပ်ဖြည့်ရာ မဆံ့ဘဲအောက်မှာ ရေး။ ကိုယ်က ဘာလို့ အမည်ကို တစ်လုံးချန်ထားခဲ့တာလဲ မေးလိုက် တော့ သူမကရှည်လို့ ဟုဖြေပါသည်။  တစ်ခါမှားနေသောမှတ်ပုံတင်နံပါတ် ကို ဖောင်တိန်ဖြင့် ခြစ်ချလိုက်ပြီး နောက် အပေါ်ကနေ ဂဏန်းအမှန် ပြန်ရေးသည်။ လိပ်စာ၊ အိမ်နံပါတ် လည်း ဒီလိုပဲ ခြစ်ထည့်ပြန်ရေးလုပ် လိုက်ရာ စဉ်းစားသာ ကြည့်လိုက်ပါ တော့။ ငွေစုစာအုပ်လေးမှာ ဖျက်ရာ ခြစ်ရာ၊ ဖြည့်ရာတွေဖြင့် ရှုပ်ယှက် ခတ်နေပါတော့သည်။ သည်တော့ သမီးလုပ်သူမှာ သူ့ငွေစုစာအုပ် လေး ကို ကြည့်ရင်းငိုမဲ့မဲ့ဖြစ်နေရာ ကိုယ်က စာအုပ်အသစ်ပြန်လုပ်ပေး ပါလား၊ကြည့်ပါဦး ငွေသွင်းငွေထုတ် လုပ်တဲ့အခါ ပြဿနာဖြစ်တော့မှာပဲ ဟုပြောတော့ ကိစ္စမရှိပါ၊ ရပါတယ် ဟု ပြန်ဖြေသည်။ ကိုယ်လည်း ညစ် ပတ်စုတ်ပေနေသော ငွေစုစာအုပ် လေးကိုတစ်လှည့်၊ သမီးမျက်နှာတစ် လှည့် ကြည့်ရင်းက နောက်တစ်ကြိမ် ထပ် တောင်းပန်ပါသည်။ ထိုအခါ မမက ဒါဆို စာအုပ်ဖိုး ရှင်ကပေးရ လိမ့်မယ်ဟု ပြန်ပြောလေရာ ကိုယ့် ဒေါသထ ပေါက်ရ လေတော့သည်။ ဘာလဲဟ ဒီအရေးတွေ၊ အရေတွေ ကြိုမြင်လို့ကို အိမ်ကနေ တစ်ခါ တည်း အသင့်ရေးလာတာတောင်မှ မမက မှန်အောင်မကူး၊ အမည်ကို ရှည်လို့ တစ်လုံးချန်သေး။ ဒါ့အပြင် သူ့အပြစ်ကို ကိုယ်ကနောက်ထပ် စာအုပ် ဖိုးငွေ ထပ်ပေးရဦးမည်။ တောင်းပန်စကား တစ်လုံးမှတောင် မပြောဘဲ မျက်နှာက တင်းပြီးမာ လာသည်။ နောက်ဆုံးမတော့ ကိုယ် ကပဲ ဒါဆိုအခု အပ် ထားတဲ့ငွေတွေ အခုပဲပြန်ထုတ်သွားပါတော့မယ် နောက်နောင်လည်း မလာတော့ပါ ဘူးပြောလိုက်တော့ ကိုယ်တို့ အချေ အတင်ပြောနေတာ မန်နေ ဂျာလုပ် သူက ကြားနေပုံရပြီး ကိုယ်တို့နား ရောက်လာသည်။ သူ့ မျက်ခွက်က လည်း တင်းလို့ပါလား။ တောင်းပန် စကားမဆိုပါချေ။ ကိုယ်လည်း စင်ကာပူ မှာ သူတောင်းစားကိုတောင်မှ ဘဏ်ကဝန်ထမ်းတွေက ပြုံးချိုချို နှုတ်စကား ဆိုကြတဲ့အကြောင်း၊ ဘဏ်ကိုလာတဲ့ဖောက်သည်တွေကို  ရိုရိုကျိုးကျိုး ဆက် ဆံကြပုံ၊ ဂျပန်မှာ ဆို ဘဏ်သာမက ကုန်တိုက်၊ ဈေး၊ ဘူတာ နေရာတိုင်းမှာ အရီငတို ဂိုဇိုင်းမတ်တချင်းထပ်နေအောင်ပြော ပြုံးချိုနေကြကြောင်း ပြော လိုက် တော့ မန်နေဂျာက ဒါမြန်မာပြည် လေဟု ပြန်ဖြေသောအခါ ကိုယ့် ပိုက်ဆံတွေပြန်ထုတ်ပြီး သားအဖ နှစ်ယောက်သား ဘဏ်မှတပ်ခေါက် ခဲ့ရဖူးပါသည်။ တကယ့်အဖြစ်ပါပဲ။ အခုတော့ အဲသည်ဘဏ်မရှိတော့ ပါပြီ။ ဒီလိုနဲ့ နောက်ဘဏ်တစ်ခု ပြောင်းပေါ့လေ။ ဒါလည်း အဆင် ပြေမယ်ထင်ပါ သလား။ရှားရှားပါးပါး အပြုံးဝန်ဆောင်မှုကတော့ နိမ့်ကျပါ ပေသည်။ နောက် များကျတော့ ကိုယ်နေသော တောမြို့ကလေးမှာ ဘဏ်အသစ် ၃ခုတောင်လာ ဖွင့်ကြသည်။ ၁နှင့် အဆင်မချော၊ ၂နှင့် မပြေလည်။ နောက်ဆုံး ၃ဘဏ် မှာတော့ ပြဿနာပါပဲ။
    ကိုယ်က တစ်လတစ်ခါ ရန် ကုန်ရှိ သမီးကျောင်းမုန့်ဖိုးကို ဘဏ် ကနေ လွှဲပါသည်။ တစ်လ တစ်လ ၃ သိန်းကနေ ၁ဝ သိန်းအတွင်းပါပဲ။ လစဉ်လ တိုင်း ပုံမှန် ငွေလွှဲနေရာ ၁ဝ စုနှစ်တစ်ခု လောက်တောင် ရှိနေပါ သော်လည်း ယနေ့ထိ မငြိမ်းချမ်းနိုင် သေးပါ။
    သိတဲ့အတိုင်း ကိုယ်ကငွေလွှဲ ပို့လိုသည့် ဘဏ်ခွဲ၊ ငွေလက်ခံမည့် သူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ပို့သည့် ကိစ္စ၊ တစ်ခါ ပေးပို့သူ၏အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုကြိုတင် ကွန်ပျူတာ စာစီပြီး ငွေလွှဲဖို့ယူသွားခဲ့ပါသည်။ သို့သော် ထုံးစံအတိုင်း ကောင် တာ ဝန်ထမ်းမမလေးတွေက မှန်အောင် မကူးကြပါ။ခင်သန်းသန်းနုကို ခင်သန်းသန်းဥဟုရေးသည်။ မှတ် ပုံတင်နံပါတ်လွဲရေးသည်။ ကိုယ်က ပို့သည့် ကိစ္စကို မုန့်ဖိုးဟု ရေးထား တာ မမလေးက ကုန်ဖိုးဟု ပြောင်း ရေးသည်။ ဖုန်းနံပါတ် ချန်ထား သည်။ ကိုယ်က ဘာလို့လဲမေးတော့ မလိုလို့ဟုဖြေသည်။ ဒါဆို ရန်ကုန် ဘဏ်က သမီးဆီ ဘယ်လိုလုပ် အကြောင်းကြားမလဲဆိုတော့ ကိုယ့် ဘာသာ ဖုံးဆက်အကြောင်းကြား ပါဟု ဖြေပါသည်။ ထားလိုက်ပါ တော့ လေ။ နောက်မုန့်ဖိုးကို ဘာလို့ ကုန်ဖိုးလို့ရေးရတာလဲ။ ကုန်ဖိုးလို့ ရေးရမယ်လို့ ဘဏ်စည်းကမ်းမူ ချထားလို့လားဟု မေးလိုက်တော့ ရေးနေကျမို့ ရှုပ်လို့ ပြောင်း မရေးတာ ပါတဲ့။ မပူပါနဲ့ ရောက်ပါတယ်၊ ဖြေ၏။ နေပါစေတော့လေ။ ကိုယ် လည်းဖြေလျော့ခွေ ပြန်ခဲ့ပါသည်။
    သိတဲ့အတိုင်း ဟိုဘက်ရန်ကုန် လမ်းမတော်ဘဏ်က ဖက်စ်ထဲက သမီး နာမည် ခင်သန်းသန်းဥ။ လာ ထုတ်တဲ့သူက ခင်သန်းသန်းနု။ ငွေ ထုတ်မ ပေးပါ။
    ဒီဘက်ဘဏ်ကိုလည်း ဖုန်း လေးနဲ့တောင်ပြန်အကြောင်းမကြား ပေးပါ။ ဒါနဲ့ သမီးကသူ့ကျောင်းပြန် သွားရသည်။ ကျောင်းနှင့်ဘဏ်ကို ကကငှားစီးရာ ၃ဝဝဝ ကုန်သည်။ သမီးက အဖေထံဖုန်းခေါ်၊ တစ်ခါ ကိုယ်က ဒီဘက်ဘဏ် တစ်ခါသွား ပြော၊ ဒီဘက်က တစ်ခါဖက်စ်ဖြင့် ပြန်ပို့လေရာ နောက် ၂ ရက်ကြာမှ ငွေကထုတ်လို့ရသည်။ သမီးခမျာ ကျောင်းနှင့်ဘဏ် ၂ ခေါက် သွားရ သည်။ ကကဖိုးအတော်ပင် သူ့မုန့်ဖိုး ထဲကပါသွားသည်။ ကိုယ်က ဘဏ် မန်နေဂျာကိုပြောပြတော့ တော်ရှာ ပါသည်။ ချိုချိုသာသာ။ ဒုမန်နေဂျာ ကတော့ တင်းလွန်းသောမျက်နှာ ထားဖြင့် ကိုယ့်ကိုတုံ့ပြန်ပါသည်။ တောင်း ပန် စကားဆိုဖို့ဝေးလို့ ရိုက် ထည့်လိုက်ရမလားလို့ မပြောရုံ တစ်မည်ပါပဲ။ ကိုယ်ကမေးတော့ ဖက်စ်နဲ့ပို့ရတော့ နုနဲ့ဥမှားရတာပါ တဲ့။ ထားပါတော့လေ။ ကိုယ်က ဘာလို့ ဘဏ်ဝန်ထမ်းတွေ ပြုံးပြုံး လေးမဆက်ဆံကြတာလဲ၊ မျက်နှာ တင်းတင်းနဲ့ ဆက်ဆံရမယ်လို့ ဘဏ်က သင်တန်းပေးထားသလား လို့ မေးလိုက်တော့ အဲသလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကတ်စတန် မာ တွေကို ပြုံးချိုချိုပြောဆိုရမယ်လို့ တော့ သင်တန်းသပ်သပ်မပေးပါဘူး တဲ့၊ မှာလည်း မထားပါဘူးတဲ့။ ကိုယ် က ဂျပန်မှာ အပြုံးသင်တန်း အောင် လက် မှတ်ရမှ ကုန်တိုက်၊ ဘဏ်တွေ မှာ အလုပ်ခန့်ကြောင်း၊ ကိုယ်တိုင် တီဗီထဲမှာ လေယာဉ်မယ်လေးတွေ အပြုံးသင်တန်းတက်နေရပုံကို ကြည့်ဖူးကြောင်း ပြောပြပါသည်။ ဒါနဲ့ နောက်ကျတော့ ကိုယ်က ခင်သန်းသန်းနုကို ဘေးကနေ အင်္ဂလိပ်လို ထပ်ရေးပြီး ကွန်ပျူတာ အသစ်ပရင့်ထုတ်ပြီး လစဉ်ယူသွား ရလေသည်။ တစ်ခါကျတော့ အင်္ဂလိပ်လို မလိုပါဟု ပြောပြီးချန် ထားခဲ့ပြန် လေသည်။ ဒါဆို ပြဿနာ အေးပြီပေါ့နော်ဟု မေးသော် မှားပါ လိမ့်မည်။ နောက်လတွေလည်း ရေးပေးတဲ့ ကွန်ပျူတာစာကို မှန် အောင် မကူးနိုင်လို့ လစဉ်အခက် တွေ့နေဆဲပါတည်း။ ဒီလိုနဲ့ ကျောင်း သုံးကျောင်းပြောင်းသော သီလရှင် လို ဖြစ်နေရာ ကိုယ်ကပဲ လျှော့ရပါ သည်။
    ကိုယ်တွေးနေမိတာတစ်ခုက တော့ ဘဏ်ဝန်ထမ်းတချို့သည် ငွေလာပို့၊ စုကြသော လူတွေအပေါ် ခွဲခြားဆက်ဆံတတ်ကြသည်။ ဥပမာ ဆိုသော် သိန်းရာချီလာလွှဲတဲ့ သူကျ တော့ အပြုံးဝန်ဆောင်မှုတွေဝေနေ ပေမယ့် တစ်သိန်း၊ နှစ်သိန်းလောက် ဆို အရေးမလုပ်ချင်တာလည်း ပါပါ သည်။ ကိုယ်တို့လို မျက်နှာမွဲ ငနဲဆို အပြုံးနိုးပါပဲ။ အပြုံးဝန်ဆောင်မှု မမျှော်လင့်နဲ့ ပြန်ပေတော့။ ရှင်းရှင်း လေးပဲပြောမယ် ပြန်ပေတော့ပဲ။ ကိုယ်ကလည်း အပြုံးကိုသိပ်ကြိုက်၊ သူတို့ကလည်း နိုးပဲ။ တစ်ခါ စိတ် မကောင်းစရာတစ်ခုက ရွှင်ပြုံးချို သာလျှာလေးဖြင့် ပြောဆိုခြင်းသည် အောက်ကျသည်ဟု တလွဲ ထင်နေ နိုင်ခြင်းလည်းဖြစ်သည်။
    နောက်တစ်ချက်အံ့မိတာက ဘဏ်ဝန်ထမ်းတွေကို ဘွဲ့ရပြီးသူများ ကိုသာ ခန့်လေ့ရှိကြောင်း ကြားဖူး ထားရာ ဘွဲ့ရပညာတတ်များသည် လူမှုဆက်ဆံ ရေးကို နားမလည်နိုင် ကြဘူးလား။ တက္ကသိုလ်တွေမှာ ပေါင်းသင်းဆက်ဆံ ရေးတွေ မလုပ် ခဲ့ကြဘူးလား။ ယဉ်ကျေးမှုကို နားမလည်နိုင်ကြဘူးလား။ တစ်ခါ စာတွေထဲမှာ ဝန်ဆောင်မှုဆိုတာ မဖတ်ဖူးကြတာလား။ ဒါလည်း ဖြစ်နိုင်သည်။ စာဖတ်ကြမည်မထင်။ ဒါဆို တီဗီဇာတ်လမ်းတွဲတွေထဲက ဂျပန်၊ ကိုရီးယားကားတွေမှာ ခါးကုန်းပြုံးပြ ချိုမြနေကြတဲ့ ဂျပန် မလေးတွေ၊ ငနဲ တွေ၊ ကိုရီးယား မလေးတွေ၊ ငနဲတွေကိုတော့ ကြည့် ဖူးကြလိမ့်မည် ထင်ပါ သည်။
    ကိုယ်နှင့်ဒီတစ်ခေါက်မှာ ငွေ ရေတဲ့ ကောင်တာရှိ ကောင်တာ မောင်က ကိုယ်မေးသမျှကို ပြန် မဖြေပါ။ ကိုယ်က အရင်က ဘဏ် မန်နေဂျာကို မေး သည်၊ မဖြေပါ။ ကိုယ်က ၂ဝဝ တန် ငွေစက္ကူတွေ     လဲချင်လို့ပါဆိုလည်း အရေးမလုပ်။
    သူက ပြန်အမ်းငွေ ၂ဝဝ တန် အစုတ်အပြတ်ကိုပေးတော့ ကိုယ် က ပြန် လဲခိုင်းသည်။ သူက မျက်နှာ တင်းတင်းဖြင့် ၂ဝဝ တန်ကိုလဲပြီး ကောင်တာ ပေါ်ပစ်ချပေးသည်။ သည်းခံ။ ဒါနဲ့ သူ့ဘေးနားက နောက်ကျောပေးနေတဲ့ မမကို လှမ်း ခေါ်ခိုင်းမေးတော့ မမကလည်း အပြုံးမပေးပါ။ တင်းတင်းရင်း ရင်းပါ ပဲ။ အံ့စရာကောင်းတာ တစ်ခုက တော့သူတို့ ဝန်ထမ်းအချင်းချင်း ရယ်မောပြောဆိုနေရာက ကတ်စ တန်မာကိုလည်း စကားပြောရော ချက်ချင်း မျက်နှာသေ မျက်နှာတင်း တွေ ဖြစ်ဖြစ်သွားကြခြင်းပါပဲ။ ခဏ နေတော့ မန်နေဂျာ မမလေးအသစ် အပြေးရောက်လာ တောင်းပန်ပါ သည်။ ကိုယ် လည်း ဘဏ်ကိုလာတဲ့ ကတ်စတန်မာတွေကို သူတောင်း စားတွေလို့ ထင် နေလားလို့ပြောရင်း၊ ရင်တွေ ဒိန်းတလိန်းခုန်ရင်း၊ အသား တွေ တဆတ် ဆတ်တုန်ရင်း ဆုတ် ခွာလာခဲ့ရလေတော့သည်။ သည်လို နဲ့ နောက်တစ်နေ့ ကိုယ်မြို့ထဲက ဈေးမှအပြန် ညနေဘဏ်က အလုပ် ဆင်းလို့ ပြန်လာသော၊ မနေ့က ပြဿနာဖြစ်ခဲ့သော ဝန်ထမ်းမောင် က ကိုယ့်ကိုလည်း မြင်ရော မျက် ကြည့်စူးစူး ဘုကြည့်ကြည့်ကာ တံ တွေးကို ပျစ်ခနဲ လမ်းမပေါ် ထွေးချ လိုက် ပါသည်။ အလိုလေး သူက ကိုယ့်ကို စိန်ခေါ်နေပါပေါ့လား။ မဖြစ်ချေဘူး ပြေးမှ ပါပဲ။ ကိုယ် နောက်လတွေ ဒီဘဏ်သွားငွေလွှဲ လို့ မဖြစ်တော့ပါဘူးလို့ ဇနီးသည် ကိုပြောတော့ သုံးကျောင်းပြောင်း သော မယ်သီလရှင်ဖြစ်နေတော့ နောက်လလည်း ဒီဘဏ်နဲ့ပဲ ဆက် ဆံရမှာမို့ သူပဲ သွားလွှဲပေးပါ့မယ်၊ သူတို့ မပြုံးလည်း ကိုယ်လည်း ခပ် တည်တည်ပေါ့ဟု ဖြေလေသည်။
    ကိုယ်ကလည်း အပြုံးဝန် ဆောင်မှုကို လိုချင်လှသကိုး။ ဘာ လို့ အပြုံးတွေ ဒီလောက် ကိုယ်တို့ ဝန်းကျင်မှာ ရှားပါးနေရတာလဲ။ အပြုံးအလိုရှိသည်။ အပြုံးပေး သနားပါ။
ပြေ- ဆေး ၂

ရင်တွင်းမချိစရာ ရောဂါဆန်းများကို
အိုဝင် ခေါ် မောင်အောင် ကျော်လင်းရောဂါကိစ္စကို ကျွန် တော့်လာ တိုင်ပင် ပါသည်။ ကျွန် တော်သာဂဒိုး ဆေးကု တတ်သော အစွမ်း ဘာမျှမရှိ တာကို သူတို့သိပါ သည်။ သို့သော် လူမစွမ်း နတ်မ လား။ ကျွန်တော်မတတ်ပါ။ ကျွန် တော်မတတ် သော်လည်း ပိစပ်က တတ်ပြီး ပိစပ် အတတ်တတ် နေရာ ဒါအား ကိုးနှင့် ကျွန်တော့်တိုင်ပင်တာ ပဲဖြစ်ပါသည်။
    ကြားကြားချင်း ကျွန်တော်မှာ ရင်ထဲကျဉ်ခနဲ ဖြစ်သွားမိရပါသည်။ ရောဂါရှင် အိုဝင်ခေါ် မောင်အောင် ကျော်လင်း ဘယ်အရွယ်က ရောဂါ စဖြစ်သနည်း၊ သိလား။ သုံးလသား က စဖြစ်တာဖြစ်သည်။ သူ့ရောဂါ ကကော ဘာနည်း၊ သိလား။ ဦးနှောက်အတွင်းကိစ္စ ရောဂါဖြစ် သည်။
    ဦးနှောက်အတွင်း ရောဂါ ကြောင့် သုံးလသားလေး မောင် အောင်ကျော် လင်းသည် အပြင်း 'တက်' ခဲ့ပါလေတော့သည်။ ဘယ် လိုမှကြိုးစားမရအောင် တက်သည်။ မျိုးစုံအောင်၊ မတက်အောင် ကြိုး စားသည်။ မရပါလား။ နောက်တော့ ဘယ်လိုမှ အဆင်မပြေနိုင်မှန်းသိ လာ၍ စင်ကာပူမှာ ဤသုံးလ သား လေးက ဦးနှောက်ခွဲစိတ်လိုက်ရ သည့်ဘဝ ကျရောက်ပါလေတော့ သည်။
    ဟင်..ဒီလိုအရွယ်လေး ခွဲရ သလား။ ဟုတ်ကဲ့..အခွဲအစိတ် ကိစ္စတွေကို ဘယ်သူလုပ်ချင်ကြမှာ လဲ။ မောင်အောင်ကျော်လင်းမိဘက လည်း သုံးလသား မောင်အောင် ကျော်လင်းကို ဘယ်မှာဦးနှောက် ခွဲ စိတ်ချင်မှာလဲ။ သို့သော် စင်ကာပူ ဆရာဝန်များက မခွဲလျှင်မဖြစ်ဘူး။ မောင်အောင်ကျော်လင်းခေါင်းတွင်း က ရောဂါဟာ ခွဲစိတ်ပစ်မှ အသက် ကို ကယ်နိုင်မှာ (ဝါ) အသက်ရှင်နိုင် တော့မှာဆိုလို့ခွဲခဲ့ကြရတာဖြစ်သည်။
    နို့..သူ့ရောဂါက ဘယ်လို လက္ခဏာလဲ။ တခြား မဟုတ်ပါ ဘူး။ ကြောက် မက် ဖွယ်ကောင်း လောက်အောင် သည်းထန်တက် တက်နေသည့် ရောဂါ ဖြစ်သည်ပဲ။ သုံးလသားလေးဟာ အသက် ပျောက်မတတ်ဘဲ တက်တက်နေ တာ ဖြစ်တော့သည်။ ယင်းသည် ဦးနှောက်တွင်ချွတ်ယွင်းမှုလို့ ဆရာ ဝန်များ က ချက်ချင်းရောဂါတွေ့ သည်။ ဒါနှင့် ဤအရွယ်လေး ကိုပင် ခက်ခဲစွာခွဲကြဖို့ ဆုံးဖြတ်လိုက်ကြ တာဖြစ်သည်။
    အခု မောင်အောင်ကျော်လင်း သည် အရင်လို ပြင်းထန်စွာတက် တာမျိုး မရှိတော့ဘဲ ကျန်းမာကြည် လင်ပျော်ရွှင်လန်းဆန်း ရှိလို့နေပါပြီ။ သို့သော် မိဘများကတော့ မပျော် နိုင်ကြပါ။ ဆရာဝန်ကြီးများ စကား က ရှိနေသည်။
    သူ့ရောဂါသည် ပျောက်သည် လို့ မဆိုနိုင်၊ ပြန်ဖြစ်ဖြစ်နေနိုင်သည် လို့ ဆရာဝန်ကြီးများ ကြိုတင်ပြော နေခဲ့တာဖြစ်သည်။ ဒီတော့ အမိ အဘမှာ တထိတ်ထိတ်နေရသည့် ဘဝလို ဖြစ်နေလေသည်။ အခု မောင်အောင်ကျော် လင်းကအသက် ရှစ်လရှိခဲ့ပြီ။ သို့သော် ခုထိကတော့ ဖြင့် သူတို့ပြောသလို မတွေ့ကြုံရ သေး။ အရင်လိုဖြစ်မည့် လက္ခဏာ ကို မတွေ့ကြုံရသေး။ သို့သော် အချိန်မရွေးရောဂါပေါ်လေမည် လားလို့က စိတ်တထင့်ထင့်နေကြရ သည်။
    အခု မောင်အောင်ကျော်လင်း အသက်ရှစ်လရောက်သည့်တိုင်က တော့ ရောဂါလက္ခဏာ အထူး အထွေ မတွေ့ကြုံကြသေးပါ။
    သို့သော် ရောဂါပြန်ဖြစ်နိုင် သည့် အခြေအနေက ရှိနေသည်ဆို တော့ ပူပင်ကြရသည်။ အမြဲလို စိုး ရိမ်နေကြရသည်လေ။ ဤတွင် သာဂဒိုးနှင့်ဆုံမိဖို့၊ တွေ့ဖို့ သူတို့လာ ကြသည်။ ကလေးအကြောင်းကို ကြားပြီး ကျွန်တော်လည်း ရင်တွင်း မှာ မကောင်းအတော်ဖြစ်ရသည်။
    ကျွန်တော့်မှာ အခြားကလေး လူနာတစ်ယောက်အတွက်လည်း ပူရ၊ စိတ်လှုပ်ရှားရ ဖြစ်လို့နေသည်။ စာနာသည်။ ဤကလေးလူနာလေး ကမောင် အောင်ကျော်လင်းလောက် ကြီး ငယ်လွန်းတာမဟုတ်သော် လည်း သူ့အပိုင်း က တစ်ဘာသာ ကြိုးစားရမှာဖြစ်သည်။ သူလေး လည်း ပိစပ်အားကိုးလို့ လာကြုံရ သည်။ သုဝဏ္ဏမှဖြစ်သည်။ အမည် လေးက မအေးချမ်းမူရာပါတဲ့။
    မအေးချမ်းမူရာကလည်း ဦးနှောက်တွင် ထိခိုက်သည့် အာရုံ ကြောရောဂါ ပင်ဖြစ်သည်။အသက် က ဆယ်နှစ်။ ကျောင်းနေရလျှင် လေးတန်းမျှရှိနိုင်ပြီ။ သို့သော် ဦးခေါင်းအာရုံကြောထိခိုက်မှုဖြင့်ပင် နှစ်တန်းမှ ထွက်နေရသည်။ ဘဝနာ ရတာ တစ်ခုဖြစ်နေသည်။ သူလေး ၏ အာရုံကြောကိစ္စ ဂရုထားပြီး စိတ် မကောင်းဖြစ်နေရသည့်ကြား၊ ရှစ် လသားလေး၏ အာရုံကြောကိစ္စ အပူ က ဝင်လာပြန်တာဖြစ်ပါသည်။
    ကျွန်တော့် အားကိုးတာကို ကိုယ်ကလည်း တတ်နိုင်သလောက် မေတ္တာ စေတနာထားကာ ကြည့်ပါ သည်။ ခုနပြောသလိုကြည့်နိုင်တာ ကတော့ ကျွန်တော်မဟုတ်။ ပိစပ် က ကြည့်နိုင်တာပဲဖြစ်သည်။ ဦးနှောက်အာရုံကြောကိစ္စ၊ အကျိတ် ကိစ္စများ ရောဂါအန္တရာယ်တွေ ယှက်နွှယ် တွေးနေရပါသည်။
    ပိစပ်က ဤလို အာရုံကြော ကိစ္စ၊ အကျိတ်ကိစ္စများတွင် အစွမ်း ထက်လှ တာကို ကျွန်တော်တွေ့ကြုံ ရပေါင်းများပြီ။ သိကြသည့်အတိုင်း ပိစပ်၏ ဆန်းကြယ်မှုက ဦးနှောက် တွင်းရောဂါဆိုလျှင် အာရုံကြော ကိစ္စဖြစ်စေ၊ အကျိတ်တို့နှင့် ပတ် သက်လျှင်ဖြစ်စေ ရောဂါများဖယ် ရှင်းသုတ်သင်နိုင် တာကို ကျွန်တော် များစွာ တွေ့ဖူးကြုံဖူးနေပါသည်။
    ပိစပ်၏ အကြီးမားဆုံးအစွမ်း ပြချက်မှာ ဦးနှောက်အတွင်း အကြောမလွတ်၊ အစွန်းမလွတ်၊ ထောင့်မလွတ်တွေရှိတာ ခွဲထုတ်မရ သည့် ဦးနှောက် အကျိတ် ကို ပိစပ် က မခွဲရဘဲနှင့် ရောဂါဝေဒနာ ပျောက်အောင် စွမ်းဆောင်နိုင်စွမ်း ခြင်း ဖြစ်ပါသည်။ စကားလင်းလင်း နှင့်ဆိုရလျှင် ခွဲကိုခွဲမှရမည့်အကျိတ် ကိစ္စကို လုံးလုံးမခွဲဘဲနှင့် ရောဂါ ပျောက်အောင် စွမ်းဆောင်နိုင်ခြင်း အချက် ဖြစ်သည်။
    ထို့ကြောင့်ပင် ကလေးများ ရောဂါရှင်တို့က ပိစပ်ကို အားကိုး လာခဲ့ကြခြင်း ဖြစ်ပါသည်။ လသား ကလေးဖြစ်သူ အိုဝင်ခေါ် မောင် အောင်ကျော်လင်း ရောဂါကဆို စင် ကာပူဆရာဝန်များက မုချဝေဒနာ ပြန်ပေါ်နိုင်သည်လို့ ပြောထားကြ သည်။ ယင်းကို ပိစပ်က တားနိုင် မည်လား။ မေး..။ ကျွန်တော်က တော့ တားနိုင်မည် ဧကန်ထင်မြင် နေပါသည်။ ဘာလို့နည်း ဆိုတော့ ခွဲလျှင်မရသည့်ရောဂါများကို ပိစပ် က မခွဲဘဲ ပိစပ်သောက် ဆောင်ရွက် နိုင်တာကို များစွာတွေ့ထားရလို့ဖြစ် ပါသည်။
    ဦးနှောက်ကျူးမားအကျိတ်ခွဲ လျှင် ရှောင်မလွတ်နိုင်သည့် ကိစ္စ များရှိနေက မခွဲဘဲထားကြရသည်။ ပိစပ်ကား ဦးနှောက်အကျိတ်ကို ရှောင်မလွတ်တာ မရှိဘဲရအောင် အကျိတ်ကို 'သတ်' နိုင်တာ သူ့ အစွမ်းဖြစ်သည်။ ထို့ကြောင့် ယခု ခေတ်သစ်ဆေးပညာတွင် ထူးထား အားကိုးလောက်သည့်အစွမ်းရှိ နတ် ဆေးပမာလို အားကိုးပြုစရာဖြစ် လာနေသည်။
    ထို့ကြောင့် မောင်အောင် ကျော်လင်းနှင့် မအေးချမ်းမူရာတို့၏ ရောဂါအမှု ကိစ္စများတွင် အသက် ကယ်ကာ ဆောင်ရွက်လာနိုင်မည် လို့ ယုံကြည် နေ ပါသည်။
    မောင်အောင်ကျော်လင်း ရော ဂါမှာက 'ပြန်ဖြစ်နိုင်သည်၊ ထပ်ဖြစ် နိုင် သည်' လို့ စင်ကာပူဆရာဝန်များ မြင်ထားကြသည်။ ယင်းကိစ္စကို (ယနေ့ အထိအတွေ့အကြုံများအရ) ပိစပ်က ကာကွယ်ပေးနိုင်မည်လို့ ကျွန်တော် ယုံကြည်နေပါသည်။ မအေးချမ်းမူရာလေး၏ ရောဂါကို လည်း ပိစပ်က ပျောက်ကင်းအောင် ဆောင်ရွက်နိုင်မည်လို့ ထိုထိုအတွေ့ အကြုံများအရပဲ ထင်နေမိပါသည်။
    အကြောမလွတ်၍ ခွဲစိတ်ကု ပေးမရလို့ ပယ်ထားခဲ့ရသည့် ဖျာပုံ မှ ကိုမင်းမင်းသည် ခြောက်လပဲ အသက်ရှည်မယ်လို့ ဆိုခဲ့ကြပါ သည်။ ကိုမင်း မင်းက ပိစပ်ကိုတွေ့ပြီး ယုံ ကြည်စွာသောက်လိုက်ရာ ယခု အထိ အသက်ရှင် နေခဲ့ပြီ ဖြစ်ပါ သည်။ ကိုမင်းမင်း ခွဲမရသော ဦးနှောက်အကျိတ်ကို ပိစပ်ဖယ် ရှင်း ပစ်လိုက်သည်။ ထို့ကြောင့် ကိုမင်း မင်း ခဏခဏတက်ပြီး သတိမေ့လဲ ကျ မြောသောရောဂါသည် ပိစပ်က နှင်သည်နှင့် လျင်လျင်ပြေးခဲ့သည်။ ကိုမင်းမင်းသည် အကြိမ်ပေါင်း ၃၇ ကြိမ်သတိမေ့၍ တက်သလိုလဲကျပြီး မှ ပိစပ်ကကယ်ကာ ဝဋ်တစ်ခုကျွတ် သလို ဖြစ်ရသည်။
    ကျွန်တော်မြင်သမျှက အိုဝင် ခေါ်မောင်အောင်ကျော်လင်းရောဂါ ရော၊ မအေးချမ်းမူရာရောဂါရော အဖြစ်တူကြရာ ပိစပ်က ကယ်နိုင် မည်လို့ မြင် နေမိပါသည်။ ပိစပ်က ကြီးငယ်မဟူကို ရောဂါများဖယ်ရှား ပေးနိုင်တာ ကျွန်တော်တို့က လက် တွေ့တွေ့နေလို့ ယုံကြည်စွာဆောင် ရွက်ကူညီ တာပဲဖြစ်သည်။ ကျွန်တော့်မှာကား မောင်အောင် ကျော်လင်းလေး ၏ကု သိုလ်ကံတရား၊ မအေးချမ်းမူရာ၏ ကုသိုလ်ကံ တရားများကို စဉ်းစားရင်းသာ အံ့ သြနေရပါသည်ကော။
သာဂဒိုး


နတ်မျက်စိတဲ့
ဒီလ ၅ ရက်နေ့ကပဲ အိမ် နားက အဘွားတစ်ယောက် အသက် ၈ဝ လောက် ဟာ ရေဒီယိုလေးတစ်လုံးကို နားမှာ ကပ်ထားရင်းလှမ်းအော်လိုက် တာက အဲကပ္ပလီနိုင် သွား ပြီတဲ့။ အဖွားက အင်္ဂလိပ် စကားနားလည် လို့လားလို့ မေးလိုက်တော့ ''အိုဘားမား' နဲ့အခါတစ်ရာလောက် အော်သံ ကြားနေရတာပဲ သူနိုင်လို့ပေါ့။ ဒီခေတ်မှာ သတင်းအရေးကြီးတယ်၊ မှတ်ထားတဲ့'' ပြောသွားလိုက်တာများ တကယ့် ၂၁ ရာစုရဲ့ဘွားဘွား ဒေါ်တုတ်ပါပဲ။
    မိုးလေဝသတင်းမှာ မုန်တိုင်း အရိပ်အယောင်ပါခါရှိသေး တန်ဆောင်မုန်း မိုးက ပင်စင်စားအရွယ် တွေကို ဂျာကင်ဝတ်ခိုင်းတာ ငါးရက် မကတော့ဘူး။ သို့ပေမယ့် မြို့လုံးကျွတ်သံဃာအပါး ၈ဝဝလောက်ကို တစ်ဦးချင်း ဒါယကာ များကဆွမ်း လောင်းလှူတာ နံနက်တိုင်းပါ။ မိုးရွာရွာ၊ မရွာရွာ။
    ဒုတိယ လမ်းမတော်ကဝတ်လုံ တော်ရ ရှေ့နေဒေါ်ခင်သန်း နွဲ့ကလည်း လဆန်းတုန်းကဆွမ်း လောင်းပါတယ်။ အဲဒီနံနက်က ဆွမ်းခံကြွလာ သော သံဃာများကို ဖူးမြော်ကုသိုလ်ယူချင်လို့ အိမ်က အထွက်ဗြောင်း ဗြောင်းသံ ချင်းစပ် သွားတယ်။ မိုးတွေကျလာတာသည် အခိုက်မှာပဲ အဆောက်အအုံ တစ်ခု ရှေ့မှာဆိုင်းဘုတ်တစ်ခုထောင်ပါ ရော။ အင်တာနက်ရှော့ပ်တဲ့။ ကျွန်တော် စိတ်ဝင်စားသွားပါတယ်။ ဒါနဲ့အဲဒီအဆောက်အအုံထဲဝင် ကြည့် လိုက်တော့ အားပါးကွန်ပျူ တာ ၁၅ လုံးလောက်၊ အဆောက် အအုံရှေ့မှာက မီးစက်တစ်လုံး၊ အနီး အနားမှာရပ်နေသူ တစ်ဦးကပြော တာတော့ လော လောဆယ်တော့ ကွန်ပျူတာဂိမ်းပဲ ကစားလို့ရဦးမယ်၊ အင်တာနက်နဲ့ မဆက်ခင်တဲ့။
    တကယ်တော့ အင်တာနက် ချင်နက်၊ ဖြူချင်ဖြူ၊ ကွန်ပျူတာ ၂ လုံးသေး သေး ကြီးကြီးရှိရင်ကြားခံ တယ်လီဖုန်းလိုင်းကိုသုံး၊ ကွန်ပျူတာ တစ်လုံး ကနေ တစ်လုံးကိုပို့ပေတော့။ မြောက်ဝင်ရိုးစွန်းကနေ တောင်ဝင် ရိုးစွန်း မှာရှိတဲ့ ရည်းစားဆီစကား ပြောမလား၊ ကမ္ဘာကြီးပူနွေးလာလို့ ပိုလာဘဲယား (Pola Bear) တွေရဲ့ ဒုက္ခကိုပြောမလား၊ ရီဆာ့ခ်ျလုပ်ငန်း တွင်ကျယ် ချင်တာက အင်တာနက် ကြီးရဲ့ အေ၊ ဘီ၊ စီလို့ ပြောပါတယ်။ အဲ ကွန်ပျူတာ နဲ့ကပို့တဲ့ အကြောင်း အရာတွေကို အသံအဖြစ်ပြောင်းဖို့ မှင်စာတစ်ကောင် တော့လိုတယ်။ Modem လို့ခေါ်ပါတယ်။ ဒီဘက် မှင်စာက မတ်ဆေ့ခ်ျကို အသံအဖြစ် ပြောင်း၊ တယ်လီဖုန်းထဲထည့်ပေး၊ ဟိုဘက်အစွန်ကမှင်စာက အသံကို မက်ဆေ့ခ်ျအဖြစ်ပြောင်းပြီး ကွန်ပျူ တာထဲထည့်ပေး၊ အဲသလို နည်းနဲ့ ကမ္ဘာအရပ်ရပ်ကို ဆက်သွယ်တော့ အင်တာနက်ဖြစ်တာပါပဲ။
    ကျွန်တော်က ကွန်ပျူတာ တွေကို စိတ်ဝင်စားစွာကြည့်နေခိုက် ဆွမ်း လောင်း အဖွဲ့က လက်ဖက်ရည် သောက်ဖို့လာခေါ်ပါတယ်။ လက် ဖက်ရည် ဝိုင်းက လူအတော်စုံပါ တယ်။ ဈေးအတွင်း ရန်အောင်မြင် စေတီဆွမ်း လောင်းအသင်းဟာ ဝါတွင်းမှာ စနေ၊ ဝါပမှာနေ့စဉ်ကိုးလ လုံးဆွမ်းချက် လောင်းလှူပါတယ်။ နေ့စဉ် တစ်ဦးချင်းဒါယကာတွေ ရှိပါတယ်။ ဈေး အတွင်းမှာ ဦးစိန် ဒေါ်သော့ဆိုလျှင် မသိသူမရှိ။ သူတို့ ရဲ့သားကြီးဦးဘဌေး ကကျွန်တော်နှင့် ကျောင်းနေဖက်၊ ကျွန်တော့်ထက် တော့အသက်ကြီး ပါတယ်။ မိတ္ထီလာ ဈေးထဲမှာ ကုန်သည်ကြီးတစ်ဦးဖြစ် ပါတယ်။ အဲဦးဘဌေး အသက် ၄ဝ လောက်လည်းရောက်ရောဒီရန်အောင် မြင်ဆွမ်းလောင်း အသင်းအတွက် သူ့ရဲ့ဘဝကို Devoded  လုပ်သွား တာ အခုလက်ရှိဆွမ်း လောင်း အသင်းရဲ့ဥက္ကဋ္ဌ ဦးအုန်းကျော်တို့၊ ဦးမြင့်သိန်းတို့ဆိုတာလည်း သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးကို လုံးဝလှည့် မကြည့်တာ၊ ရန်အောင်မြင်ဘုရား အသင်းရဲ့ မဏ္ဍိုင်တွေပါပဲ။ 'ဥက္ကဋ္ဌ ကြီး ကျော်မင်းရဲ့မိဘတွေက ဒီလထဲ တစ်ရက်လောက်ဆွမ်းလောင်းချင်လို့ ရက်ရမလားမသိဘူးလို့ ကျွန်တော် တို့က မေးလိုက်တော့ 'ရက်ညှိသေး တာပေါ့လို့' ဦးအုန်းကျော်က ဖြေတဲ့ အခါ ကျော်မင်းကသူတို့ ဂေါပက အဖွဲ့ဘက်ကို လက်အုပ်ချီ ကန်တော့ ရင်း 'ဘဘ တို့အသက်ရာ ကျော်ရှည် ပါစေလို့' ဆုတောင်းပါတယ်။ဒီတော့ ဦးတိုးဆိုသော သူက 'တို့ကမှ အသက်ရာကျော်ရှည်ချင်တာအလွန်၊ သိပ္ပံပညာဘယ် လောက် ထိ တိုး တက်ထွန်းကားမယ် ဆိုတာသိချင် လို့' တဲ့။
    လူရွယ်တစ်ဦး ပြောတာက ''စင်ကာပူမှာ  dabao.com.sg မှာအွန်လိုင်း ကနေ ကြိုက်တာမှာ စား ချက်ချင်းအိမ်ကိုလာပို့တယ် အဘ'' တဲ့။
    Technology Revolution Linked to Changes in Workplace လို့ဖတ်ရပါတယ်။ သူတို့နိုင်ငံ တွေမှာရုံးတွေ၊ ကုမ္ပဏီတွေက အလုပ်တွေကို အိမ်မှာယူ လုပ်နေ ကြပါပြီ။ အဲဒါကွန်ပျူတာနဲ့ တယ်လီ ဖုန်းနည်းပညာ တိုးတက်မှုကြောင့် ပါပဲ။ Fascimile ဆိုတာFaxmachines တွေကိုခေါ် တာပါ။ အဲဒီ ဖက်စ်နဲ့စာတွေကို ဘယ်နိုင်ငံ ပို့မလဲရပါတယ်။ ကျော်မင်းဆိုတဲ့ အကောင်ကတော့ သူ့မိန်းမလူစီ ဆီကဖက်စ်တွေ ဝင်လွန်းလို့ညည်း သလား မမေးနဲ့။ ဒီအနောက်နိုင်ငံ တွေမှာ နေ့စဉ်နဲ့အမျှ တိုးတက် ပြောင်းလဲနေတဲ့ နည်းပညာသစ်များ ကြောင့် ကွန်ပျူတာတစ်လုံးနဲ့ အိမ် မှာပဲနေပြီး အလုပ်ဖြစ် နေသူတွေ တစ်ပုံကြီး။ စာရေးဆရာတွေ၊ ဒီဇိုင် နာတွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေ တွေ၊ နင်သာကွန်ပျူတာသင်ဖို့ နေ့ဆွဲ၊ ရက်ဆွဲလုပ်နေတာတဲ့၊ အဲဒါ ကလူစီရဲ့ ဖက်စ်တိုင်းမှာလိုပါတယ် ပြောပါတယ်။
    ၁၉၄၅ ခုနှစ်မှာ မိတ္ထီလာ အနောက်ဘက်ကြာအင်း-ကျောက် ဖူးမှာ နေရှင်နယ်ကျောင်းစဖွင့်တော့ ကျွန်တော်စပြီး ခင်မင်ရသူတွေထဲ မှာ ကိုမြင့် တင်ဆိုသူပါတယ်။ ကိုမြင့်တင်က ကျွန်တော့်ထက်အသက် နည်းနည်းပို ကြီးတယ်။ သူက ၁၉၅၇ လောက်မှာ ရန်ကုန်တက္ကသိုလ်မှာ Statistics Professor ဖြစ်နေပါပြီ။ နောက်တော့ ကုလသမဂ္ဂမှာ သွားရောက် တာဝန် ထမ်းဆောင်ပါ တယ်။ မြန်မာပြည်ကိုဘုရားဖူးပြန် လာတိုင်း ဒေါက်တာမြင့် တင် က စကားတစ်ခွန်းကျွန်တော့်ကိုပြော လေ့ရှိပါတယ်။
    ရန်ကုန်မှာ နေ့အပူချိန်ဟာ ၃ဝ အောက်လျော့တယ်မရှိပါဘူး။ သို့ပေမယ့် ဒေါက်တာဦးစိုးညွန့် (ထီလာစစ်သူ) ကတကယ်ချမ်းတာလား အညာလွမ်းတာ လားမသိဘူး၊ အညာငါးထပ်စောင်ဈေး ဈေးလွယ်ရင်မေးပေးစမ်းပါတဲ့ 'ရတယ်၊ ရတယ်၊ အစ်မကြီးညိန်းတို့၊ ကိုမျိုးကြည်တို့ရှိတယ် မေးပေးမယ်' လို့ပြော၊ ဖုန်းချတဲ့ပြီး ဈေးကြီးဘက် ထွက်လာခဲ့ပါတယ်။
    အစ်မကြီးညိန်းရဲ့ ဆိုင်နာမည် ကိုတော့ ကျွန်တော်မသိဘူး။ လူချင်း ခင်တာတော့ပြောစရာမလိုပါ။ စစ်ကြီးပြီးလျှင်ပြီးချင်း မိတ္ထီလာမြို့ မှာပေါ် ပေါက်လာတာ မီးသတ်အဖွဲ့၊ ယခုဆက်သွယ်ရေးစာတိုက်နေရာ မှာ။ နောက် တစ်ခုက နေရှင်နယ် ကျောင်း၊ ပထမလမ်းမတော် ယခင် နေရာဟောင်းမှာ၊ ပြီးတော့ဈေးကြီး ပဲ။
    ကျွန်တော့်ရဲ့စစ်အတွင်းမှာ ဆုံးပါးသွားသော အစ်မတစ်ယောက် က အထည်သည်၊ သူ့ရဲ့အထည်တွေ ကိုအခြားအစ်မတစ်ယောက်က စစ် အတွင်းက ရွာဈေးတွေမှာလိုက် ရောင်း၊ စစ်ကြီးပြီးတော့မိတ္ထီလာ ဈေးကြီး ထဲမှာ အထည်ဆိုင်ရောင်း တော့ ဒေါက်တာမြင့်တင်ရဲ့ အစ်မ ဖြစ်သူ အစ်မကြီးဒေါ်ညိန်းတင်ရဲ့ ဆိုင်ကဘယ်ဘက်က။ ပထမကမ္ဘာ စစ်ပြန် ဦးဖိုးထိန်နဲ့သူ့ရဲ့ညီမ ဒေါ်သက်မေတို့ဆိုင်က ညာဘက် က။ ဦးဖိုးထိန်က ရယ်စရာပြောတတ် တယ်။ အဲဒီတုန်းက လွတ်လပ်ရေး မရသေးဘူး။ တစ်ခါမှာ ကုလားစစ် သားတွေက ပလေကပ်လုံချည်တွေ ဝယ်နေတယ်။ အဲဒီပလေကပ်တွေ ကအနံကြီးကွင်းကျယ်လို့ ပြော ရောင်းရရင်လည်း မုသားမပါဘူး။ ဆေးရောင်အာမခံလို့ ပြောရရင် လည်းမုသားမပါဘူး။ ရွာတစ်ရွာက အမျိုးသမီးတစ်သိုက်ကို ဦးပÍ္စင်း တစ်ပါးက ဦးဆောင်လာတဲ့အဖွဲ့က ဦးဖိုးထိန်ရဲ့ဆိုင်မှာ ဘော်လီအင်္ကျီ ပြပါဆိုတော့ စစ်ပြန်ကြီးက တစ်ထည်ယူပြပါတယ်။ ဒီတော့ အဖွဲ့ခေါင်းဆောင် ဦးပÍ္စင်းက ''ဒကာကြီး ဒါ မိန်းမဝတ်လား၊ ယောက်ျားဝတ်လားလို့'' မေးတယ်။ ''အရှင်ဘုရား၊ ဒါကိုမိန်းမ တွေရော၊ ကလေးတွေရော၊ ဟိုကုလားစစ် သား တွေရော ဝတ်ကြပါတယ် ဘုရား'' လို့ဖြေလိုက်တော့ ကျွန်တော့်ရဲ့အစ်မရော၊ ဒေါ်ညိန်း တင်ရော ရယ်လိုက်ကြတာ အတော မသတ်ပါပဲ။
    ကျွန်တော်က အထက်ပါ အကြောင်းအရာတွေ တွေးရင်းဈေး ထဲမှာ လျှောက်လာနေတုန်း၊ အဲ ဆရာပဲ တရားဝင်နာသွားပါဆရာတဲ့၊ ပြောပြောဆို ဆိုနဲ့ လက်လာဆွဲ သူက စောင်နဲ့အနွေးထည်လက်လီ လက်ကားရွှေနဂါး ဆိုင်မကွာရဲ့ ယောက်ျားကိုမျိုးကြည် ဖြစ်နေ တယ်။ သူတို့ရဲ့ရုံ (၁၃)က ရွှေကျောင်းကို ကထိန်ခင်းတာကိုး။
    ငါတော့ ကထိန်အလှူပွဲတွေ ကို ရှောင်မရအောင်ဖြစ်နေပြီလို့ ပြောလိုက် တာနဲ့ '' ဟုတ်ပ ဆရာကြီး ရယ်၊ မြိုင်မြိုင်ဆိုင်ဆိုင်လတန် ဆောင်တိုင်ဆိုတာ တကယ်မှအစစ် မြောက်ဈေးကြီးကထိန်၊ ဆိုင်ကယ် ပွဲစားများကထိန်၊ လေးဘီး ကားများ ကထိန်'' ဆည်မြောင်းကထိန်၊ ဘူတာရုံဝန်ထမ်း များ ကထိန်၊ ရှေ့နေ များရဲ့ ကထိန်ဆိုပြီး စီကာပတ်ကုံး ကျော်မင်းဆိုတဲ့ ကောင် ကပြောရင်း ကျုပ်မိန်းမလူစီကသာ အထင်မကြီး တာ ကျုပ်ဘာမဆိုမှတ် မိတယ်။ ကွန်ပျူတာမင်မိုရီလို့ ကြွားပါရော။ ''မင်းတို့ပြောမှ ဟိုဘက်ကဆိုင်ရှင် အစ်မကြီး ဒေါ်ညိန်းတင်ရဲ့မောင် ပြောတာ ပြန်ပြောရဦးမယ်၊ အဲဒီဒေါက်တာ မြင့်တင်က မြန်မာ ပြည်ပြန်လာတိုင်း ပြောလေ့ရှိတာက ''ဗမာတွေရဲ့အိမ်တိုင်း မှာ ကွန်ပျူတာ တစ်လုံးစီရှိစေချင်တယ်၊ အဲဒါနတ် မျက်စိကွ'' တဲ့လို့ ကျွန်တော်ကပြော လိုက်ပါတယ်။          
သံဒိုင်ကောင်း
Comments