ပေါ်ပြူလာသတင်း(အတွဲ-၁၃/အမှတ်-၁၂)

ဒီနှစ်မှာ မဏ္ဍပ်မလုပ်ဖြစ်တဲ့ နေတိုး
ရိပ်သာဝင်မလား၊ အိမ်မှာနေရမလား စဉ်းစားနေကားတွေရိုက်ဖို့အတွက်  ဇာတ်လမ်းတို လေးတွေ ဝယ်ထားတာ ၁ဝ ပုဒ်လောက်ရှိတယ်တဲ့။ သူဝယ်ထား တဲ့ ဇာတ်လမ်းတွေက အစုံဖြစ်ပြီး အဲဒီဇာတ်တွေကို ထုတ်မရိုက်ဖြစ် သေးဘဲ လောလောဆယ် ရုပ်ရှင် ကားကြီး တွေကို ဆက်တိုက်ရိုက်ဖြစ် နေလို့ပါလို့ပြောတဲ့ နေတိုးနဲ့..
    နေတိုး ဒီနှစ်မဏ္ဍပ်မထောင်ဘူး ကြားတယ်။ ပြီးခဲ့တဲ့ နှစ်က နေတိုးရှဲ့အမေ Club မဏ္ဍပ်က အောင်မြင်ခဲ့ တာပဲ။ ဘာလို့ ဒီနှစ် မလုပ်တာလဲ။
    ဟုတ်တယ်၊ ဒီနှစ်တော့ မဏ္ဍပ် မလုပ်ဖြစ်ဘူး။ ကျွန်တော် အေးအေး ဆေးဆေးပဲ နား မယ်။ ဘာဖြစ်လို့လဲ ဆိုတော့အလုပ်ကတောက်လျောက် ဖြစ်နေပြီးပင်ပန်း တာကြောင့် သင်္ကြန် တွင်းတော့ နားလိုက်မယ်ပေါ့။ အိမ်မှာပဲ နေဖြစ်မလား၊ ရိပ်သာတစ် ခုခုပဲ ဝင်ဖြစ် မလား မသိသေးဘူး။
    ပြီးခဲ့တဲ့နှစ်က နေတိုးရှဲ့အမေ ဃူကဘ မဏ္ဍပ် အတွေ့အကြုံကရော ကိုယ့်အ တွက် အမှတ်တရပဲလား။
    မဏ္ဍပ်လုပ်ရတာ ပျော်စရာ တော့ ကောင်းပါတယ်၊ အန္တရာယ် လည်းရှိတယ် မျိုးစုံပဲပေါ့။ ပြီးခဲ့တဲ့ နှစ်က မဏ္ဍပ်ပထမဆုံးစလုပ်တာဆို တော့ အဲဒါကတော့ ကျွန်တော့် သရုပ်ဆောင် ဘဝမှာ စလုပ်တာဖြစ် လို့ ဘဝမှာ မှတ်မှတ်ရရပါပဲ။ ဒီပြင် သင်္ကြန်တွေတော့ရှိပါတယ်။ ဒါ ပေမဲ့ မှတ်မှတ်ရရလို့ ပြောရလောက် အောင် မရှိဘူး။ ဒါပေမဲ့ ကျွန်တော် ရခိုင်သင်္ကြန် ကို တော့ လွမ်းပါတယ်။ သင်္ကြန်ဆိုရင်တော့ သိမ်ဖြူကွင်း ရခိုင်သင်္ကြန်ကိုသွားပြီး မဏ္ဍပ်တွေ ဘာတွေ ဖွင့်ပေးရတော့ အလွမ်း နည်းနည်းတော့ ပြေတာပေါ့။
    သင်္ကြန်က တစ်ယောက်နဲ့တစ် ယောက် ရင်းနှီးလွယ်ပြီး သင်္ကြန်ဇာတ် လမ်း တွေ ဖြစ် သွားကြတာများတယ်။ နေတိုးရော သင်္ကြန်ဇာတ်လမ်းတွေ ရှိခဲ့သေး လား။
    ဟုတ်တယ်ဗျ၊ သင်္ကြန်က ထူး ခြားတယ်။ သင်္ကြန်မှာ မိန်းကလေး တွေလည်း အလှဆုံး ပြင်ကြတယ်။ သင်္ကြန်မှာ အကုန်လုံးက လှနေတာ ချည်းပဲ။ ရင်ခုန်တယ်၊ မခုန်ဘူးရယ် တော့ မဟုတ်ဘူးပေါ့။ သင်္ကြန်မှာ အကုန်လုံးလှနေတော့ အားလုံးကို ကြည့်ရတာ ကျေနပ် တယ်။ ရင်ခုန် စရာမျိုးချည်း သွားပြီးတော့ လုပ် တာတော့ မရှိပါဘူး။ ကိုယ်ကလည်း အနုပညာအလုပ်ကိုပဲ ဆက်လုပ်ရ မှာဆိုတော့ အကြောင်းအရာတွေ ရှုပ်ထွေးလာမှာ ဆိုး တယ်။ အဓိက ကတော့ ဖူးစာဆိုတာ မတွေ့သေး ဘူးလို့ပဲ ပြောလို့ရမှာပါ။ ဘယ်လို အ ကြောင်းအရာမျိုးပဲဖြစ်ဖြစ် သင်္ကြန်မှာလည်း တွေ့နိုင်တာပဲ။ တွေ့ရင်တော့လည်း ကျွန် တော် လည်း အဲဒီထဲက တစ်ယောက်ဖြစ် ရင် ဖြစ်သွားမှာပေါ့။
    လမင်းသစ်ပင်ကားမှာ အမေက သားဖြစ်တဲ့ နေတိုးကို မိန်းမတွေနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်ပြောတယ်။ အပြင်က အမေကရော နေတိုးကို ဘာမှာထားသေးလဲ။
    အဲဒီလိုမျိုးကြီးတော့ မရှိပါဘူး။ ကျွန်တော်က သရုပ်ဆောင်တစ် ယောက်ဖြစ်နေတော့ လိုက်လျောညီ ထွေဖြစ်အောင် နေရတယ်။ အဓိက ကတော့ ကိုယ့်စိတ်ကို လုံးဝပိုင်းဖြတ် ထားဖို့ လိုတယ်။
    အခုကားတွေကို ဝိတ်လျှော့ပြီး ရိုက်နေကြတယ်ဆိုတော့ နေတိုးရော ကိုယ့် ရဲ့ကား တွေကို ကွာလတီဘယ်လို ပုံစံနဲ့ ထိန်းထားလဲ။
    အဲဒါကတော့ ဈေးကွက် အခြေအနေအရဖြစ်လာတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့် ကားတွေကို ကွာလတီ အလျော့ မခံပါဘူး။ ကိုယ့်အိတ်ထဲက စိုက်ပြီး ထိန်းရတာ ပေါ့။ တချို့ပရိုဂျူဆာ တွေကိုဆိုရင် သီချင်းခတွေ ဘာတွေ ကအစ ကျွန်တော် စိုက်ပြီးသုံး ပေး တယ်။ အခုမှ မဟုတ်ပါဘူး၊ အရင် ကလည်း ကားကောင်းဖို့ဆိုရင် ကျွန် တော် သုံးတာ ပါပဲ။

ဒီနှစ်သင်္ကြန်မှာ မဏ္ဍပ်မထိုင်ဖြစ်ဘဲ
ဘန်ကောက်၊ စင်ကာပူကို သွားရောက်လည်ပတ်မည့် မိုးဟေကို

 မိုးဟေကိုက ဒရာမာကားကြီး တစ်ကားနဲ့ဟာသဖန်စီကားကြီး သုံး ကားကို ဆက်တိုက် ရိုက်ထားပါ တယ်။ ဈေးကွက်ဝင်မင်းသားနေတိုး နဲ့ မတ်လတစ်လလုံး ကားတွေဆက် တိုက်ရိုက်နေရတာကြောင့် ကိုယ် ရော ဈေးကွက်ဝင်မင်းသမီးဖြစ်ပြီလို့ သတ်မှတ် ရင်ရမ လားဆိုတော့ ''ဒါက ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ဘဲ ပရို ဂျူဆာတွေပိုသိပါလိမ့်မယ်''လို့ ဆိုပါ တယ်။ ချစ်ကြည့်ရအောင်ကားမှာ နေတိုးနဲ့ ကုလားအက ကတာကို  ပရိသတ် ကြိုက်ကြတယ်ဆိုတဲ့ မိုးဟေကိုက နေတိုးနဲ့ပဲ သုခဘုံကား မှာ ချက်ချင်းငို၊ ချက်ချင်းရယ် ပြီး သရုပ်ဆောင်တာကို တွေ့ရတော့ ကိုယ်လုပ်နိုင်တယ်ဆိုတာကို ပြခွင့် ရတဲ့ကားလား ဆိုတော့ ''အဲဒီကားက ကိုယ့်အတွက် ကျန်တဲ့ကားလို့ ပြော ရမယ်။ အိုက်တင်လုပ်ပြလို့ရတဲ့ ကားမျိုးပေါ့။ အဲဒီကားတုန်းက ကိုဝိုင်းက အချိုးအကွေ့တွေကို သင် ပေးပြီး သူသင်တဲ့အတိုင်း လိုက်နင်း သွားလို့ ပီပြင်သွားတာပါ။ အဲဒီကား မှာ ပရိ သတ်က ကိုယ့်အိုက်တင်တွေ ကို သတိထားပြီး ကြည့်မိသွားတာ ပေါ့''လို့ ဆိုပါတယ်။ ဒိုင် ယာလော့ခ် တွေပြောပြီး သရုပ်ဆောင်တာ ခက် သလို အိုက်တင်တွေနဲ့သရုပ်ဆောင် ရ တာလည်း ခက်တာပါပဲလို့ မိုးဟေ ကိုက ပြောပါတယ်။ ဟာသကား ဆိုရင် မရိုက်ဘူး ဆို တဲ့အထဲမှာ မိုးဟေကိုမပါဘူးနဲ့ တူတယ်လို့ပြော တော့ ''အဲဒါကတစ်ယောက်နဲ့ တစ် ယောက် ခံယူချက်ချင်း မတူကြ ဘူးပေါ့နော်။ အခုအချိန်မှာ မိုးဟေကိုတို့က သရုပ်ဆောင် ဖြစ်တဲ့ အတွက် ဆေးစက်ကျရာ အရုပ်ထင် ရမှာပဲလေ။ သရုပ်ဆောင်ဖြစ်တဲ့ အတွက် တစ် မျိုးတည်းသွားနေရင် ပရိသတ်ရိုးသွားမယ်။ အဲဒါကြောင့် အားလုံးမျှအောင် ရိုက်နေတာပါ'' လို့ ဆိုပါတယ်။ ရှေ့မှာ အိုက် တင်နဲ့ ပတ်သက် ပြီး မိုးဟေကိုကို အသိ အမှတ်ပြု လို့ရ တဲ့ ကားမျိုး တွေ ထွက်လာ ခဲ့ပေမယ့် လော လောဆယ်မှာ တော့ ဖန်စီကား လေးတွေပဲ သူ့ ဆီကို လာတာ များပါတယ်တဲ့။ မင်းသမီးတစ် ယောက် အနေ နဲ့ မိတ်ကပ်ကို အပြင်မှာ တော့ မလိမ်းဖြစ်ဘဲ၊ ရိုက်မှပဲ လိမ်း တာပါတဲ့။ ဖက် ရှင်နဲ့ ပတ်သက် ပြီး ပရိသတ်က သူ့ကို သတိထား စောင့် ကြည့် သ လို မိုးဟေကိုက လည်း သူ ကိုယ်တိုင် ဖက်ရှင်ကို ဂရု စိုက်ပါ သတဲ့။  ဟာသကားတွေ ရိုက် တဲ့အခါမှာလည်း အံဝင်တာက သူ လည်းအပြင်မှာ သူငယ် ချင်းတွေနဲ့ တွေ့ရင်ပျော်ပျော်နေတတ်ပါတယ်တဲ့။ ဒါပေမဲ့ မိုးဟေကိုဆီကို လာသမျှ ဇာတ် တွေကို ရွေးတာကတော့ အခု မှ မဟုတ်ဘဲ 'အိပ်မက်အလွန်'စရိုက် ကတည်းကဇာတ် ရွေး တာလို့ မိုးဟေ ကိုက ပြောပါတယ်။ မိုးဟေကိုက သင်္ကြန်တွေဆိုရင် သူငယ်ချင်း မဏ္ဍပ် တွေကိုပဲ သွားထိုင်ဖြစ်ခဲ့ပြီး သူငယ်ချင်းမဏ္ဍပ်တွေမှာတောင် အချိန်ပြည့်မထိုင်ဘဲ ခဏ သာထိုင် ဖြစ်တယ်လို့ဆိုပါတယ်။ ခဏသာ ထိုင်ဖြစ်ရတဲ့အကြောင်းရင်းကတော့ သင်္ကြန် မို့လူများတာကြောင့် တစ်ခုခု ထိခိုက်မှာ စိုးတာကြောင့်လို့ ဆိုပါ တယ်။ ကားတွေဆက်တိုက် ရိုက်နေ ရတဲ့ မိုးဟေကိုက သင်္ကြန်မှာ မဏ္ဍပ် ထောင်ဖို့မရှိဘဲ ဒီနှစ် သင်္ကြန်မှာ တော့ ဘန်ကောက်၊ စင်ကာပူကို နှစ်ပတ်ကြာသွားရောက်လည်ပတ် မယ်လို့ သိရပါတယ်။

အချစ်ရေးမစဉ်းစားဘဲ တစ်ယောက်တည်း အေးအေးဆေးဆေးဖြစ်သွားတဲ့ မျိုးစန္ဒီကျော်
    ဂန္ထဝင်မေမေဆိုတဲ့ ဗီဒီယိုဇာတ် ကားနဲ့ မင်းသားစွမ်းဇာနည်ရဲ့ မိခင်နေ ရာ(အမေခန်း)ကို ပထမဆုံးသရုပ်ဆောင် ခဲ့ပြီး၊ ယခု ဒုတိယအကြိမ်မြောက် မိခင် နေရာက သရုပ်ဆောင်နေ တဲ့ မျိုး စန္ဒီကျော်ကို ဆုံတွေ့တဲ့အခါ ...
    အစ်မ စွမ်းဇာနည်ရဲ့ အမေနေရာမှာ သရုပ်ဆောင်တာ နှစ်ခါရှိပြီဆိုတော့ အမေ ခန်းကြီး ပဲ ဖြစ်လာမှာ မစိုးရိမ်ဘူးလား။ တော် တော်များများက ငယ်တဲ့အခန်းပဲ လုပ်ချင် ကြတာ မှာ အစ်မက အကြီးခန်းလုပ်နေတာ က . .
    စွမ်းနဲ့ အမေခန်းရိုက်တာ နှစ်ကားပဲ ရှိသေးတာ။ ခေါက်ရိုးတော့ မကျိုးပါဘူး။ စွမ်းနဲ့ရည်း စားလို ကားတွေ၊ ဖန်စီပုံစံတွေ လည်း ထွက်ထားတော့လေ။ ပရိသတ်က လည်းခေတ်မီ နေပါပြီ။ ပထမတော့ အခု ကားမှာ စွမ်းနဲ့ လင်မယားလုပ်ရမှာ၊ နောက်တော့ဇာတ်က အမေ လုပ်မှ ပိုကောင်းမှာ ဆိုလို့ အစ်မက အမေ လုပ်လိုက်တာပါ။
    မင်းသားအသစ်တွေ ဗီဒီယိုဈေးကွက်ထဲ ကို ဝင်လာကြတာများတော့ အစ်မတို့ အနေနဲ့ မင်းသားအသစ်တွေနဲ့ ရိုက်ရတဲ့အခါ-
    အဆင်ပြေပါတယ်။ အတွေ့အကြုံ ရှိတဲ့ သူအချင်းချင်းလောက် မမြန်ပေမယ့် အဆင် ပြေတာ များပါတယ်။ ကိုယ်လည်း အသစ်ကလာတာပဲ လေ။ အသစ်တွေကိုလည်း လက် တွဲ ခေါ်ပါတယ်။ ရိုက်ပါ တယ်။
    ဟိုရက်ပိုင်းတွေက ကားရိုက် အား နေတဲ့ အချိန်တွေမှာ ဘယ်သူတွေကိုကိုယ့် ရဲ့အချိန်တွေ မျှပေးဖြစ်လဲ။
    အစ်မရဲ့ တူလေးကို အချိန် ပေး ဖြစ်တယ်။ သူနဲ့ပဲနေဖြစ်တယ်။ အဲဒီတုန်းက ကလေးက ငွေဆောင် မှာနေတော့ အစ်မလည်း လိုက် သွားဖြစ်ပြီး၊ တူလေးကိုပဲ အချိန် ပေးဖြစ်တယ်။
    တူလေးကိုချစ်တဲ့ အန်တီက အပျိုကြီးပဲ လုပ်မှာလား။
    အခုလောလောဆယ် အဲဒီ အစီအစဉ် လုံးဝ လုံးဝ မရှိသေး ဘူး။
    ဒါဆို အချစ်ရေး အခြေအနေနဲ့ များဆိုင်မလား။
    အစ်မ အလုပ်ပဲ သေချာလုပ် ချင်တယ်။ အိမ်ထောင်ရေးရော၊ အချစ်ရေးရောခေါင်းထဲ မှာ လုံးဝမ ရှိတော့ဘူး။ အခု တစ်ယောက် တည်း အေးဆေးပါပဲ။

အချစ်ဆုံး . . . . သို့ မယ်လိုဒီရဲ့မျှော်လင့်ချက်
 သရုပ်ဆောင်မယ်လိုဒီက သူမရဲ့ 'အချစ်ဆုံး....သို့'  စီးရီး  Live Show ကို ရိုက်ကူးခဲ့တာ မို့ ပရိုဂျူဆာအဖြစ် ရပ်တည်ရာမှာ ခိုးကူးခွေနဲ့ ပတ် သက်ပြီး ဂရုစိုက် စရာမရှိဘူးလား လို့ မေးဖြစ်တဲ့ အခါ ''အခွေကို အကောင်းဆုံး ဖြစ်အောင် လုပ် ထားတာမို့လို့ ပရိသတ်တွေကို ပြောချင်တဲ့စကား က ကြိုက်သလို အားပေးကြပါ။ ခိုးကူးနဲ့ အော်ရီ ဂျင်နယ်က ဈေး အရမ်း ကွာနေတဲ့ အတွက်ပရိသတ် တွေ ခိုးကူးခွေတွေ အားပေးနေကြ တာကိုလည်း နားလည် ပါတယ်။ သမီးအနုပညာ မလုပ်ခင်ကတော့ အခွေတစ်ခွေထွက်ရင် ကြိုက်မှဝယ် တယ်။ ကြိုက်ပြီဆိုရင်လည်း ဆိုင်ကို သွားပြီး သေချာဝယ်တယ်။ ထွက် သမျှအခွေတိုင်း ကြိုက် တာ မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့ အခွေ တွေဆိုရင် ခုချိန်ထိ နားထောင် ဖြစ်နေတုန်းပါပဲ။ အဲဒါကြောင့်တူ သော အကျိုးပေး ဆိုတာကိုတော့ ပရို ဂျူဆာတစ်ယောက် အနေနဲ့ မျှော် လင့် မိသား''လို့ ပြန် လည် ဖြေကြားရင်း လက်ရှိအနုပညာ လှုပ်ရှားမှုမှာ ဇာတ် ကား ရိုက် များဆက် နေကြောင်း၊ ရင်ထဲ က အနုပညာကို ထုတ်ဖော်ပြဖို့ မရဲ ခဲ့ပေမယ့် သူငယ် ချင်း တွေနဲ့ ဆရာ သမားတွေရဲ့ တွန်း အားကြောင့်သာ ဒီလိုအခြေအနေကို ရောက်ခဲ့ရတာ ဖြစ် ကြောင်းကိုလည်း ရှင်းပြခဲ့ပါ တယ်။ အခုတော့ သူမက သရုပ် ဆောင်၊အဆိုတော်အဖြစ် အနုပညာ နယ်မှာ အရှိန်ကောင်းကောင်းနဲ့ ထိုး ဖောက်နိုင်ခဲ့ပါပြီ။ 

ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေလို့ မငြီးငွေ့သူ
    မေသဉ္ဇာဦးက အမေဇာတ်ရုပ် တွေရိုက်နေရပေမယ့် သူက အမေအရွယ်ဖြစ်တာကြောင့် သရုပ် ဆောင်နေရရင်ပဲ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတာကြောင့် မငြီးငွေ့ပါဘူး တဲ့။ ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရတဲ့ မေသဉ္ဇာဦး က လက်ရှိဗီဒီယိုဈေးကွက်အနေ အထားနဲ့ပတ်သက်ပြီး ...
    ''တချို့နားတော့ နားနေကြ တာပဲ။ ဒါပေမဲ့ကိုယ်တွေကလည်း နဂိုကချိတ်ထားပြီးသား ဟာလေး တွေမို့ရိုက်ဖြစ်နေတာပါ'' လို့ဆိုပါ တယ်။ သူ့ရဲ့ပညာတွေကို လက်ဆင့် ကမ်းဖို့နဲ့ ပတ်သက်ပြီး...
    ''ကိုယ်သင်ချင်တိုင်း သင်လို့မှ မရတာ။ သူတို့ကလည်းသင်ချင်ဦး  မှ။ အမှန်တော့ ကိုယ် သင်တန်းဖွင့်မှ၊ ဒါမှမဟုတ်ကိုယ့်ရဲ့အမူအရာကို စိတ် ဝင်စားမှ လာပြီးတော့မေးကြမယ်၊ ကိုယ့်တပည့် လုပ်ကြမယ်လေ။ ဒါ စိတ်မဝင်စားလို့ လာမမေးကြ၊ မပြု ကြတာဖြစ်မှာပေါ့'' လို့ ရယ်စရာ စကားဆိုပါတယ်။
    သူ့တူမလေး မေသက်ခိုင် တောင် ၁ဝ တန်းအောင်ပြီးရှုတင် ခေါ်သွားရင်းနဲ့ ရိုက်ဖြစ် သွားတာ ကြောင့် သူဘာမှကိုမသင်လိုက်ရ ဘူးလို့ဆိုပါတယ်။ သူရိုက်မယ်ဆို တော့ ဖြစ် ပါ့မလားဆိုပြီး စိုးရိမ်ခဲ့ ပေမယ့် အခုတော့ သူလမ်းလျှောက် တတ်သွားပြီလို့ ဆက်ပြောတဲ့ မေသဉ္ဇာဦးက သူတို့ခေတ်တုန်းက မီဒီယာတွေ အားနည်းတာကြောင့် ဖြစ်ဖို့ခက်ခဲပြီး ဒီ ဘက်ခေတ်မှာတော့ မီဒီယာအားကောင်းပြီး အဘက် ဘက်က ဝင်လို့ရတာကြောင့် အ ဆက်အသွယ်တွေ ပိုရလွယ်တယ် လို့မြင်ကြောင်းပြောပါတယ်။ သူ့ အနေနဲ့ ပိုက်ဆံ ထုတ် ပြီးကားရိုက်၊ ပရိုဂျူဆာလုပ်ဖို့အတွက် အဲဒီ လောက် မချမ်းသာသေးဘဲ သူများ ခေါ်ရိုက် တာတွေကိုပဲ ရိုက်စရာရှိ ပါတယ်လို့ ရယ်ရယ်မောမောပြော ပါတယ်။           

အစ်ကိုမရှိတော့ပေမယ့် ပရိသတ်အတွက် ဆက်ပြီးကြိုးစားနေမယ့် သားညီ
    ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ပြည်သူချစ်တဲ့ အနုပညာရှင်ဒွေး(ကိုသားကြီး)နဲ့ ညီဖြစ်သူ သား ညီတို့ရဲ့ 'တစ်ယောက်တစ်ဝက်'လို့ အမည်ပေးထားတဲ့ တေးစီးရီးဟာ တိပ်၊ စီဒီအဖြစ် ထွက်ရှိခဲ့တာ အချိန်ကာလတစ်ခုကို ရောက်ရှိခဲ့ပြီးတဲ့နောက် ပရိသတ်များ မျှော်လင့်နေတဲ့ သူတို့ရဲ့ ဗီစီဒီကို မကြာခင်မှာ ထွက်ရှိနိုင်ဖို့ ကြိုးစားနေကြောင်းသိရပါတယ်။ အစ်ကိုဖြစ်တဲ့ (ကိုသားကြီး)မရှိတော့တဲ့နောက်မှာ အနုပညာရပ်များနဲ့ပတ်သက်ပြီး ဖန်တီးရာမှာ စိတ်ခံ စားမှုတစ်ခုက အမြဲတမ်းရှိနေကြောင်း သားညီကဆိုပါတယ်။ ''အရင်တုန်းကတော့ အစ်ကို ရှိတဲ့အတွက် ကျွန်တော်တို့ အနုပညာနဲ့ပတ်သက်ပြီး လုပ်ချင်တာတွေ၊ ဖန်တီးချင်တာတွေ ကို တိုင်ပင်လို့ရတယ်။ စီးရီးအတွက်ဆိုရင်လည်း ဂီတနဲ့ပတ်သက်တာတွေကို ဆွေးနွေးလို့ ရတယ်။ ကိုသားကြီးနဲ့ ကျွန်တော်နဲ့က ဂီတကို ခံစားတာချင်းတော့တူတယ်။ အကြိုက် ချင်းတော့ မတူဘူးဗျ။ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်တာ အကြံပေးတာတွေရှိတယ်။ ခုတော့ သူက ရုတ်တရက် ထွက်ခွာသွားတဲ့အခါကျတော့ ကျွန်တော့်နောက်မှာ တကယ် ခိုင်မာတဲ့ အရိပ်ကြီးတစ်ခု မရှိတော့ဘူးပေါ့ဗျာ။ ဒါပေမဲ့လည်း ကျွန်တော့်အနေနဲ့ကတော့ ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ အခု ကျွန်တော်တို့ ဆို ထားတဲ့ 'တစ်ယောက်တစ်ဝက်' ဗီစီဒီလည်း ထွက်ဖို့ကြိုးစားထားပါတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် စီးရီးအတွက်လည်း သီချင်းတွေစုပြီး ပြင်ဆင်နေပါတယ်။ အားလုံး ကိုယ် ပိုင်သံစဉ်သီချင်းအသစ်တွေချည်းပါပဲ'' လို့ ပြောပါတယ်။
    အစ်ကိုမရှိတဲ့ နောက်ပိုင်းမှာ ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ကိုယ်ယုံကြည်တဲ့ အနုပညာလောကမှာ ပရိသတ်အတွက် ကြိုးစားနေတဲ့ သရုပ်ဆောင်၊ တေးသံရှင် သားညီ ရဲ့အနုပညာကိုလည်း ကြိုဆိုရမှာဖြစ်ပါတယ်။                                                            

စင်ကာပူမှာ ကျောင်းသွားတက်ပြီး ပြန်ရောက်လာတဲ.Bambino  ဂီတလှုပ်ရှားမှု တွေပြန်စတော့မည်
    စင်ကာပူနိုင်ငံမှာ ဒီပလိုမာ သင်တန်း ၁ နှစ်နီးပါးသွားရောက် သင်ယူခဲ့တဲ့  Bambino ညီအစ်မ ဟာမတ်လ ၁၁ ရက်နေ့ကသင်တန်း ပြီးသွားလို့ ပြန်လည်ရောက်ရှိလာခဲ့ ပါ တယ်။ စင်ကာပူအတွေ့ အကြုံ များနဲ့ Bambino ရဲ့အနာ ဂတ်ဂီတ ဖန်တီးမှုများကို ယခု လိုမေး ဖြစ်ခဲ့ပါ တယ်။
    စင်ကာပူမှာ ကျောင်းသွားတက် တာဆိုတော့ ဘယ်ဘာသာရပ်တွေကို အဓိက ထား သင်ယူခဲ့တာလဲ။
    ဒီပလိုမာသင်တန်းပါ။ မအိ ကတော့ Tourisim  ပါ။ သီရိက တော့  Business Management ပါ။ ၁ နှစ်ပဲကြာတာပါ။
    စင်ကာပူက ဂီတနဲ့ပတ်သက်တဲ့   Software  တွေ ဝယ်လာသေးလား။
    ပြောရမယ်ဆိုရင်တော့ ရယ်စ ရာကြီးပါ။ အစ်ကိုပြောတဲ့  Music Software တွေတစ်ခု မှဝယ်မလာ ဖြစ်ဘူး။ အလှပြင်ပစ္စည်းတွေပဲဝယ် လာတယ် (ရယ်လျက်)။ နောက် Laptop တစ်လုံးတော့ဝယ်လာသေး တယ်။
    Bambino ရဲ့သီချင်းသစ်တွေ ကိုဘယ်တော့လောက် ပရိသတ်ထဲ ချပြမှာလဲ။
    မကြာခင်လာတော့မှာပါ။ ပြန် ရောက်တာ သိပ်မကြာသေးတော့ နည်းနည်း အဆက်အ သွယ် ပြတ်နေ တယ်။ ကိုရဲလေးနဲ့တော့ ပြောထား တာတွေရှိတယ်။ လောလောဆယ် သီ ချင်းအသစ်တွေကို Group အခွေတွေနဲ့ နားဆင်ရတော့မှာပါ။
    မြန်မာပြည်ကို ၁ နှစ်ခွဲခွာသွား တဲ့အချိန်အတွင် ဂီတရပ်ဝန်းမှာ ဘာ တွေ ပြောင်းလဲသွား တယ်လို့ မြင်မိလဲ။
    တော်တော်လေး တိုးတက် လာပါတယ်။ အဓိကကတော့ နည်း ပညာအပိုင်းတွေ ပေါ့ လေ။ သီချင်း ခွေတွေလည်း အများကြီး ထွက်လာ ကြတယ်နော်။
    သင်္ကြန်ရန်ကုန်မှာပဲ ရှိနေမှာ လား။
    သူငယ်ချင်းတွေနဲ့ မဏ္ဍပ်ထိုး ဖြစ်ရင်တော့ ရန်ကုန်မှာရှိမှာပါ။ မထိုးဖြစ်ရင်တော့ ခရီး ထွက်ချင် ထွက်ဖြစ်မယ်။        

ပဲခူးဘုရားပွဲတွင် တင်ဆက်မှုအသစ်များနှင့်အတူ နောက်ပိုင်းဇာတ်ပါကပြမည့်  ဖိုးချစ်
    မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားပွဲတော်ကြီးများထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ ပဲခူး ရွှေ မော်ဓော ဘုရားပွဲတော်ကြီးမှာနာမည်ကြီးဇာတ် အဖွဲ့များကလည်း အနုပညာ ဖျော်ဖြေမှု များကို အပြိုင်အဆိုင်ပရိ သတ်ကို တင်ဆက် ကပြကြတာ ကြောင့် သဘင်ချစ်ပရိ သတ် များ ကြိတ်ကြိတ် တိုးစည်ကားတဲ့ ပွဲ တော်ကြီးဖြစ်ပါတယ်။ ဧပြီလဆန်း ပိုင်းမှာစတင် ကျင်းပတော့မယ့် အဆိုပါပွဲတော်ကြီးမှာ ဇာတ်မင်းသားဖိုးချစ်အဖွဲ့က ဧပြီ ၆ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၈ ညတိုင်တိုင် ဖျော်ဖြေကပြမှာဖြစ်ကြောင်း သိ ရပါတယ်။ အဆိုပါ ဖျော်ဖြေ မှုပိုင်း နဲ့ပတ်သက်ပြီး ဇာတ်မင်းသား ဖိုးချစ် က ကျွန်တော့်ဇာတ် သဘင်အနု ပညာသက် တမ်း ၈ နှစ် တိုင်တိုင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အတွက် အထူးအစီအစဉ် အဖြစ် အော်ပရာသစ်၊ ပြဇာတ်သစ်တွေ အပြင် နောက်ပိုင်းဇာတ်တော်ကြီး ကိုပါ ထည့်သွင်း က ပြမှာပါ။ ပြီး တော့ဖျာဈေးနှုန်း၊ ရုံဝင်ခတွေကို လည်း အထူးသက်သာအောင်စီစဉ် ထားပါ တယ်။ နောက်ဖျော်ဖြေမှုမှာ လည်း lED ရောင်စုံမြင်ကွင်းကျယ် Screen ကြီးနဲ့လည်း ပြ သမှာ ဖြစ်ကြောင်း၊ အခြားထူးခြားမှုတွေ လည်းရှိကြောင်း ပြောပြခဲ့ပါတယ်။ ဘယ်လို ထူး ခြားမှုတွေလည်း ဆိုတာ သိဖို့အတွက် ပရိသတ်ကြီးအနေနဲ့ ဖိုးချစ်ဇာတ်ရုံထဲကို လာ ရောက် ကြည့်ရှုလှည့်စေချင်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဝတ္ထုတွေကို ဇာတ်ကားတွေရိုက်တဲ့အခါမှာ
မူရင်းဝတ္ထုကို မီတယ် မမီဘူးပြောနေကြတဲ့အပေါ် နေနော်ရဲ့အမြင်
    နေနော်ရဲ့ ဝတ္ထုတွေကိုဇာတ် ကားအဖြစ် အသက်သွင်းခဲ့တာ များစွာရှိနေပါပြီ။ ဝတ္ထု ရေးသူ တချို့က သူတို့ဝတ္ထုတွေကို ရုပ်ရှင် က မီအောင် မရိုက်နိုင်ဘူးလို့ ဆို နေကြသလို ရုပ်ရှင်ရိုက်ကူးသူ တွေကလည်းရိုက်ဖို့ခက်ခဲတဲ့အနေ အထားတွေရှိတယ်။ အဲဒီ အပေါ် မှာ မူလဇာတ် ဖန်တီးသူ တစ် ယောက်အနေနဲ့ ဘာပြောဖို့ရှိလဲ လို့နေနော် ကိုမေး ကြည့် တော့...
    ''အဲဒါက ဘက်နှစ်ဘက် ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ စာပေဘက်က လူတွေက ဝတ္ထု ကို မမီဘူးပြောသလို ရုပ်ရှင် ဘက်ကလူတွေကလည်း ဝတ္ထုလို ရိုက်လို့မရဘူးလို့ပြော မှာ ပဲ။ ကိုယ့် ဝတ္ထုကို ရုပ်ရှင်ဖြစ်ဖြစ်၊ ဗီဒီယို ဖြစ်ဖြစ်ရိုက်ရင် အများကြီး မျှော် လင့်ထားလို့ မရ ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဘာသာရပ်ချင်း မတူ ဘူးလေ။ အဲဒီတော့ အရသာချင်း မ တူနိုင်ဘူး။ အဲဒါကိုတော့ လက်ခံ နားလည်ထားဖို့လိုတာပေါ့'' လို့ သူ့ အမြင်ကိုပြော ပါ တယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုရိုက်ဖို့ ရည်ရွယ်ပြီး ဝတ္ထု တည်ရေးတာနဲ့ပတ်သက်ပြီး သူ ဘာမျှမ ပြောချင်ဘဲ ရေးချင်ရင် ရေးပါဆိုတဲ့ နေနော်က ခေတ်တွေ မတူတော့ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ နှစ်သီးစားဆိုတာကို ဖန်တီး တဲ့အချိန်မှာ ခေါင်းထဲမထည့်ဘဲ၊ အနုပညာကို အနုပ ညာသပ်သပ် လုပ်ပြီး ကိုယ့်အနုပညာပြီး မြောက်သွားရင် ကျန်တာကနောက် ကိစ္စလို့ဆို ပြီး ဖန်တီးနေတဲ့ အချိန်မှာ အဲဒီကိစ္စကို ခေါင်းထဲထည့်ထားရင် တော့ အဲဒီအနုပညာက ကောင်းမှာ မဟုတ်ဘူးထင်တယ်လို့ပြောပါတယ်။ ဝတ္ထုတွေကို ရုပ်ရှင်ရိုက်တယ်။ ဒါပေမဲ့ အကယ်ဒမီပေးတော့ မူရင်း ဝတ္ထုဆရာဆုဆိုတာမရှိဘူး။ မူရင်း ဝတ္ထုဖန်တီးသူ တစ် ယောက်အနေနဲ့ ဘာပြောချင်လဲဆိုတော့...
    ''ကျွန်တော် ယေဘုယျတစ် ယောက်တည်းအမြင်နဲ့ ပြော ရမယ်ဆိုရင် ပေးသင့်တာပေါ့ ဗျာ။ ပေးသင့်တယ်ဆိုတာ ဇာတ် တစ် ပုဒ်ရဲ့ မူရင်း ပိုင်ရှင်ဇာတ်က ကောင်းမှ ဒါရိုက်တာက ပို ကောင်းအောင်လုပ်လို့ရမယ်။ မူရင်းဇာတ် မကောင်းရင် ဒါရိုက်တာ ဘယ်လောက်တော် တော် ဇာတ်က ၁ဝဝ ရာခိုင်နှုန်း အပြည့် မကောင်းနိုင်တော့ဘူး။ ဒါပေမဲ့ ကျွန်တော့် တစ် ယောက် တည်းအမြင်က အခုအချိန်မှာ ဆုတွေကို စိတ်မဝင်စားဘူး။ တစ်ခါက ကမူးပြော ဖူးတာ ရှိတယ်။ အရာဝတ္ထုတစ်ခုကို အမည်နာမပညတ်လိုက်ရင် အဲဒီအရာဝတ္ထုကို ဖန်တီး လိုက် တာဖြစ်သလို တစ်ချိန်တည်းမှာပဲ ဖျက်ဆီးလိုက်တာဖြစ်တယ်တဲ့။ ကျွန်တော်က တော့ တံဆိပ်တစ်ခု ကပ်လိုက်တယ်ဆိုရင် ဒီအရာ ဝတ္ထုက အဲဒီ အချိန်ထဲမှာ သေသွား ပြီ လို့ ထင်တယ်ဗျ။ ဘာမှ နာမည်ပေးမထားတဲ့ ပန်းချီကားက ပိုလှပါတယ်။ ဒါပေမဲ့ ဒီ     ခေတ်ကြီးမှာ အဲလို နာမည်တပ်မှုရှေ့ဆက်လို့ရမယ် ဆိုရင်တော့တပ် ဖို့လိုတာပေါ့ဗျာ'' လို့ဆိုပါတယ်။

မိတ်ကပ်ခင်စန်းဝင်းနှင့် ဒီဇိုင်နာပြည်စိုးအောင်တို့၏ မြင့်မြတ်သောအလှူ
    ဖခင်ဦးညွန့်တင်၊ မိခင်ဒေါ်တင်မြင့် (ခ) ဒေါ်တင်မိတို့အားရည်စူးပြီး အစ်ကိုကြီး ကိုသိန်း ဝင်းအားအမှူးထား၍ အမှတ် ၂၄၇၊ ၃၅ လမ်း၊ ရန်ကုန်မြို့နေ မိတ်ကပ်ခင်စန်းဝင်း၊ ဒီဇိုင်နာ ပြည်စိုးအောင်နှင့်မောင်နှမများ၊တပည့်များ၏ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာကို မတ်လ ၁၉၊ ၂ဝ ရက်များ က ပျဉ်ပုံကြီး စံပြကျေးရွာ၊ ဘုရားကျောင်းကျောင်းတိုက်တွင် ကျင်းပခဲ့ သည်။ မိတ်ကပ်ခင်စန်းဝင်း၊ ဒီဇိုင်နာပြည်စိုးအောင်တို့က မောင်လင်းလင်းချစ်၊ မောင် အောင်လင်းထွန်း၊ မောင်မျိုးမင်းသိန်းတို့ကို ဥပသမ္ပဒကံဆောင်ရဟန်းဘောင်သို့ သွတ် သွင်းချီးမြှောက်ပြီး သားရတနာ ၄၅ ဦးတို့အား ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက် မင်္ဂလာပြုလုပ်ခဲ့ပါသည်။ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းကာ ရေစက်ချအမျှဝေခဲ့ကြပါ သည်။

မိတ်ကပ်အောင်အောင်(တောင်ကြီး)ရဲ့ မွေးနေ့အလှူဒါန
    မိတ်ကပ်အောင်အောင် (တောင်ကြီး) က မတ်လ ၁၆ ရက်မှာကျရောက်တဲ့ မွေးနေ့အ ထိမ်းအမှတ်အဖြစ် ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအတွက် ငွေကျပ်တစ်သိန်း၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာအတွက် ငွေကျပ်တစ်သိန်း၊ ထောက် ကြန့်ကလေးပြုစုရေးဌာနအတွက် ငွေကျပ်တစ်သိန်း၊ မူဆလင်ကုသိုလ်ဖြစ်ဆေးရုံအတွက် ငွေကျပ်တစ်သိန်းတို့ကို လှူဒါန်း ကုသိုလ်ယူခဲ့ပါတယ်။ ညပိုင်းမှာတော့ သူငယ်ချင်းများ၊ အနုပညာမိတ်ဆွေများနဲ့အတူ မြ ရိပ်ညိုဟိုတယ်မြက်ခင်းပြင်မှာမွေးနေ့ပွဲပျော်ရွှင်စွာကျင်းပခဲ့ပါတယ်။                                                                           

၂ဝဝ၉ခုနှစ်အတွင်း ရုပ်ရှင်ကားကြီး ၁၅ ကားမှ
ကား ၂ဝ လောက်အထိ ရုံတင်ပြသရန်ရှိ

 ၂ဝဝ၉ခုနှစ် ရုပ်ရှင်ကားကြီးများ အခြေအနေနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေနဲ့ တွေ့ဆုံကာ ယခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။
    ၂ဝဝ၉ ခုနှစ်အတွင်းမှာ ရုပ်ရှင် ကားကြီးအရေအတွက် ဘယ်လောက် လောက် ရုံတင်ပြသနိုင်မယ်လို့ ထင်ပါ သလဲ။
    ကျွန်တော် ထင်ပါတယ်။ ၂ဝဝ၉ ခုနှစ်ထဲမှာ အနည်းဆုံးရုပ်ရှင် ကားကြီး ၁၅ ကားကနေ ကား ၂ဝ လောက်အထိ ရုံတင်ပြသနိုင်ပါလိမ့် မယ်။
    ကျွန်တော်တို့ဆီမှာ စက်မှုပိုင်း အားနည်းတယ်၊ စတူဒီယိုမရှိဘူး ဘာညာစသဖြင့် ပြော နေကြတယ်။ အခုအိန္ဒိယဇာတ်ကား Slumdog Millionaire ဆိုရင်  ဘာ Effect  မှ မပါ ဘဲနဲ့ ရိုးရိုးလေး ရိုက်သွားတယ်။ မြန်မာပြည်မှာရော အဲဒီလိုပုံစံမျိုး ဘာဖြစ်လို့ မရိုက်ကြ တာလဲ။
    တစ်ခုတော့ရှိပါတယ်။ အိန္ဒိယ လူမျိုး၊ အိန္ဒိယစရိုက် သူတို့ဆီမှာ ချ မှတ်ထားတဲ့ဆင် ဆာဥပဒေ၊ ရိုက် ကွင်းတည်ရာ၊ ခွင့်ပြုမှု၊ စတဲ့ဟာတွေ ကတော့ ကွာခြားလိမ့်မယ်ထင် တယ်။ ရိုက်လို့ရပါတယ်။ ရိုက်လို့မရ စရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ ခုနက ကျွန်တော် ပြောသလိုလုပ်ပိုင် ခွင့်အပိုင်းတွေတော့ ကွာခြားလိမ့် မယ်။ အဲဒီအတွက်အရသာလည်း ကွာလိမ့်မယ်။
    မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး အနေနဲ့သင်္ကြန်အတွက် ဘာတွေများ လုပ်ဖို့ရှိ နေပါသလဲ။
    တခြား ထွေထွေထူးထူးတော့ မရှိပါဘူး။ အမေများအဖွဲ့တွေ၊ အစ်မများအဖွဲ့တွေ၊ ကိုလူ ချောတို့ အဖွဲ့တွေတော့ကကြမှာပါ။
    ရန်ပုံငွေပြဇာတ်ကရော ဘယ် တော့လောက်စဖြစ်မလဲ။
    အဲဒီကိစ္စကို ကြိုးစားနေပါ တယ်။ ဒါပေမဲ့သိတဲ့အတိုင်းပဲရာသီ ဥတုအခြေအနေ၊ သရုပ် ဆောင်တွေ ရဲ့အခြေအနေ၊ နောက် ၁ဝ တန်းစာ မေးပွဲတွေရဲ့ အခြေအနေတွေကရှိ နေ သေးတယ်လေ။ မကြာခင်မှာ တော့ လုပ်ဖြစ်တော့မှာပါ။

Ashion Music Festival ရဲ့ ဆန်းသစ်တဲ့ ဒုတိယအစီအစဉ်
    Ashion Music Festival   ကို မတ်လ ၉ ရက်နေ့နဲ့ ၁၆ ရက် နေ့တွေ မှာ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားဌာန Studio (A) မှာ ကျင်း ပခဲ့ပါတယ်။ ဒီအစီအစဉ်ကို ထူးခြားဆန်း သစ်တဲ့ တင်ဆက်မှုများနဲ့ ရိုက်ကူးခဲ့ပါတယ်။

ရိုက်ရသူတွေ ဘာကြောင့် ရိုက်ရပြီး မရိုက်ရသူတွေ ဘာကြောင့် မရိုက်ရ တာ လဲ၊ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် ဇာတ်ပို့ဇာတ်ရံများနှင့် တွေ့ဆုံခြင်း
      အခုဗီဒီယိုလောကရဲ့ လက်ရှိ ဈေးကွက်အခြေအနေကြောင့် တချို့ ဇာတ်ပို့ ဇာတ်ရံ တွေဟာ မရိုက်ရဘဲ ထိုင်နေရပြီး တချို့တွေကျတော့ လက်မလည်အောင် ရိုက်နေရပါ တယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ရဲ့ရင် တွင်းခံစားချက်တွေကို ဖော်ပြပေး လိုက်ပါတယ်။
ဘိုဘို
    လက်ရှိစီးပွားရေး ကျပ်တည်း မှု၊ ဈေးကွက်အခြေအနေကြောင့် ကားရိုက်တော့ နည်း သွားပါတယ်။ အဲဒီလိုအခြေအနေကြောင့်ဈေးတွေ လည်းလျှော့ပေးရတာမျိုးတွေ ဖြစ် လာ တာပေါ့။ ဒါပေမဲ့ကျွန်တော်က မင်းဗီဒီယိုထုတ်လုပ်ရေးနဲ့ ရိုက်တာများတော့ ပုံမှန်ရိုက် နေ ရပါတယ်။ ကိုယ့်ရဲ့ပုံမှန်တိုက်ရှိနေတော့ အပြင် က သရုပ်ဆောင်တွေခက်ခဲသ လောက် တော့ မခက်ခဲဘူးပေါ့။ တိုက်မှာလည်းရိုက်သလို၊ အပြင် တိုက်လည်း ထွက် ထွက် ရိုက် ရတော့ အဆင်ပြေပါတယ်။ ဒီလိုအခက်အခဲ တွေဖြစ်နေချိန်မှာ ရိုက်ရတာလည်း ကိုယ့် ကြိုးစားမှုလည်းပါသလို၊ မင်း ကုမ္ပဏီကောင်းတာလည်း ပါပါ တယ်။ တကယ်လို့တိုက်ပိုင် မရှိရင် သူများခေါ်တာ စောင့်နေရရင် လည်း နည်းနည်းအခက်အခဲဖြစ် သွားနိုင်ပြီး မရိုက် ရတာမျိုး၊ ကျဲသွား တာမျိုးဖြစ်မှာပေါ့နော်။ ကျွန်တော့်ရဲ့ အနုပညာသက်တမ်း ၂ နှစ်ကျော် အတွင်းမှာ ဒီလိုအခက်အခဲမျိုးကို ကြုံဖူးတာ အခုစီးပွားရေးအကျပ် အတည်း ကိစ္စရယ်၊ နာဂစ်တုန်း ကရယ် နှစ်ခါပေါ့။ ဒီလိုတွေကြုံရ ပေမယ့်လည်း စိတ်ပျက်သွားပြီး မလုပ်ချင် တော့တာမျိုးတော့ မဖြစ် ဘူး။ ကျွန်တော်ရည်မှန်းထားတဲ့ အောင်မြင်တဲ့ ဇာတ်ပို့တစ် ယောက် ဖြစ်အောင်တော့ ကြိုးစားသွားမှာ ပါ။
မင်းလှိုင်
    အခုကျွန်တော်တို့က အရင်က ထက်စာရင် မရိုက်ရတာ၊ နည်းသွား တာသေချာတယ်။ ဒါကလည်းဗီဒီယို ဈေးကွက်အရရော၊ တခြားဘာတွေ ရှိမလဲတော့ မသိဘူး။ ကျွန်တော် တို့က သရုပ်ဆောင်ဖို့ပဲစိတ်ဝင်စား နေတော့လေ။ မရိုက်ရလည်းရိုက်ရ အောင်လိုက် ရ တာပေါ့။ ဘယ်သူ တွေ ဘာလုပ်နေလဲမေးရတယ်။ ကိုယ်နဲ့သိတဲ့ ဒါရိုက်တာတွေဆီဆက် တယ်။ ကျွန်တော်တို့ကဒီအနု ပညာပဲ လုပ်တတ်တော့ကိုယ့်စား ဝတ်နေရေးအတွက် ကား ရိုက်ရဖို့ ကြိုးစားပါတယ်။ အခုမှလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဇာတ် ပို့ဇာတ်ရံတွေက ဟိုအရင်ကတည်း ကကြိုးစားရတယ်။ အားလုံးနဲ့အဆင် ပြေအောင်၊ တည့်အောင်ပေါင်းရ တယ်။ မတည့်ရင်၊ အဆင်မပြေရင် ကိုယ့်ကိုအဖယ်ခံရတယ်လေ။ အခု ကတော့ ပုံမှန် တော့ရိုက်ရပါတယ်။ ဟိုတုန်းကလောက်တော့ မဟုတ် ဘူး။ မရိုက်ရဘူးဆိုရင် ၃ ကား လောက်တော့ရိုက်ရတယ်။ အခုချိန် ကတော့ အားလုံးဒီလိုပါပဲ။ ရိုက်ရတဲ့ သူတွေတောင် ကားရိုက်ကျဲသွား တယ်လို့ ညည်းနေကြတာလေ။
ဒေါ်တင်တင်လှ
    အမေတို့က အသက်ကြီးသွား ပြီဆိုတော့ အဘွားခန်းဖြစ်သွားပြီ လေ။ အမေတွေက လည်း ငယ်ငယ် လေးတွေလုပ်လာကြတယ်။ တချို့ ဈေးကွက်ဝင် မင်းသမီးကြီးတွေ လည်း အမေခန်းရိုက်လာတော့ အမေတို့အတွက် ကားရိုက်အင် မတန်နည်းသွားပြီ။ အ ဘွားပါတဲ့ ဇာတ်ကလည်းရှားတယ်လေ။ အခု တော့ ရိုက်ကွင်းတွေမှာလည်းကြား နေရ တယ်။ ဗီဒီယိုဈေးကွက်ပျက် တယ်ဆိုတော့ အခက်အခဲပိုဖြစ် တယ်။ ပိုမရိုက်ရဘူးပေါ့ သ မီးရယ်။ အမေဆို ၄၊ ၅ လလောက်မှ ၂ ကားပဲ ရိုက်ရတယ်။ နာဂစ်ဖြစ်ပြီးတဲ့ နောက်ပိုင်း က စပြီး ဒီလိုဖြစ်သွား တယ်။ ဒီအနုပညာနဲ့လုပ်စားရတဲ့ အမေတို့အတွက် သိပ်ပြီးအဆင် မ ပြေလှဘူး။ ကားမရိုက်ရတဲ့အချိန် တွေဆိုရင်တော့ အမေတို့ရဲ့ခရီး အတွက် ဘာသာရေး လုပ်တယ်။ သီလရှင်ဝတ်ဖြစ်တယ်။ ပြင်ဆင်ရ တာပေါ့။ ငယ်ရွယ်တဲ့သူ တွေက တော့ အ ပြင်ပွဲတွေမှာသီချင်း ဆိုကြတာတွေလုပ်လို့ရတယ်။ အမေတို့က အသက်ကြီးပြီဆိုတော့ သီချင်းလည်းလိုက်ဆိုလို့ မရတော့ ဘူးလေ။ အမေများအဖွဲ့အနေနဲ့ တော့ဇာတ်တွေမှာ တစ်ခါတစ်ရံ လိုက်ကဖြစ်ပါတယ်။ အခုဆိုရင် သင်္ကြန် နားနီးလာပြီဆိုတော့ ယိမ်း အ ဖွဲ့ လိုက် လိုက်ကဖြစ်တာပေါ့။ ပြီးခဲ့တဲ့နှစ်ကတော့ တစ်ယောက်ကို ၃ သိန်းစီ လောက်ရ ကြတယ်။ ဒီနှစ် တော့ စီးပွားရေးအခြေအနေ သိပ်မ ကောင်းဘူးဆိုတော့ အမေတို့ အ တွက် သိပ်မမျှော်လင့်ထားပါဘူး။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အမေ တို့က အနု ပညာ လုပ်နေရရင် ကျေ နပ်နေရတာပါပဲ။
ဗေလုဝ
    ရိုက်ရတဲ့သူတွေကတော့  ငှား လို့ရိုက်ရတယ်။ မရိုက်ရတဲ့သူတွေ ကတော့ မငှားလို့ပေါ့။ အစ်ကိုက တော့ ဗီဒီယိုဈေးကွက်ပျက်နေတယ် ဆိုပေမယ့် ပုံမှန်ပဲရိုက်နေရပါတယ်။
ဂွမ်းပုံလေး
    ဈေးကွက်အပေါ်မှာ မူတည် ပြီး ပရိုဂျူဆာပိုင်းတွေ၊ ဒါရိုက်တာ ပိုင်းတွေချိန်ပြီး လုပ်ကြ တာပေါ့နော်။ အစ်မအနေနဲ့ကတော့ ကားရိုက်မရှိ ရင် ကိုယ့်အိမ်မှာကိုယ်နေတယ်။ ကိုယ့်ဆီကိုဖုန်းလာတယ်၊ ညီမရေ ဒီနေ့ကီငေူပ ရိုက်ရမယ်။ ဒီလိုပဲ ကန်ထရိုက်စသဖြင့် အမျိုး မျိုးလာ ငှားကြတယ်။ ဈေးကွက်ပျက်တယ်၊  မပျက်ဘူးဆိုပေမယ့် မဂွမ်းတို့က တော့ရိုက် နေရတာပါပဲ။ ပြီးတော့ မဂွမ်းကနယ်မှာလည်း သီချင်းဆို တယ်။ ပြန်လာရင်လည်း ပုံမှန် တော့ ရိုက်ရတယ်။ီငေူပ နဲ့ကန်ထရိုက်ပဲ ကွာတာပေါ့။ ဈေးကွက်စီးပွားရေး အပေါ်မူတည် ပြီး သရုပ်ဆောင်တိုင်း ဟာ ဈေးနှုန်းအလျော့အတင်းပေါ် မူတည်ပြီး ရိုက်နေ ကြတာ ပါ။ အစ်မ က သရုပ်ဆောင်စဖြစ်ကတည်းက ဘယ်သူ့ဆီကိုမှ ဖုန်းဆက်ပြီး ကျွန်မ ကိုငှားပါ၊ ရိုက်ပေးပါ့မယ်ဆိုပြီး  ဖုန်း ဆက်ပြောတာမျိုးတွေ မရှိပါဘူး။ လာငှားပြီဆိုကတည်းက ကိုယ့်လို ဇာတ်ရုပ်နဲ့ လိုက်လို့လာငှားတာ လေ။ ကျရာကဏ္ဍမှာ ပါဝင်သရုပ် ဆောင်တယ်။ အချင်းချင်းမို့၊ အခြေ အနေတွေကြောင့် မဂွမ်းကို ဈေး လျှော့ပေးဖို့ ပြောလာရင်လည်း ကိုယ်တတ်နိုင်သလောက်ထိ လျော့ ပေးပြီး ရိုက်ပါတယ်။ အစ်မရော၊ အစ်မရဲ့အနုပညာ မိတ်ဆွေ တော် တော်များများလည်း ပုံမှန်လေးရိုက် နေရပါတယ်။
မျိုးမျိုးခိုင်
    လက်ရှိ ဗီဒီယိုဈေးကွက်အခြေ အနေတွေ သိပ်မကောင်းဘူးဆို ပေမယ့် အစ်မတို့က ပုံမှန်တော့ ရိုက် နေရပါတယ်။ တစ်လမှာတော့ ၃၊ ၄ ကားလောက်တော့ ရိုက်ရပါ တယ်။ ရိုက်ရက်မရှိတာတော့ သိပ် မရှိဘူး။ အခုထိလည်း ဈေးကွက် အဆင်မပြေလို့ လျှော့ပေး ပါလို့ ပြောတဲ့တိုက်လည်း မတွေ့ရပါဘူး။ အစ်မသိသလောက် ၊ ကြားသ လောက်က တော့ အစ်မတို့ အငယ် ဇာတ်ပို့၊ ဇာတ်ရံတွေကတော့ ပုံမှန် ရိုက်နေရပါတယ်။ ဒါပေမဲ့ အစ် မတို့ ထက်ကြီးတဲ့ အကြီးပိုင်းတွေကတော့ သိပ်မရိုက်ရဘူး။ ပရိုဂျူဆာတွေ လည်း ပြော နေကြတာ လည်းကြား ပါတယ်။ အစ်မတို့ပုံမှန်တော့ ရိုက် နေရပါတယ်။ ဒါက လည်းအစ် မရဲ့  အနုပညာကြောင့်လည်း ပါသလို၊ ပေါင်းသင်းဆက်ဆံမှုကြောင့်လည်း ပါပါတယ်။ ပြောလို့ဆိုလို့ရတယ် ဆိုပြီး ငှားကြတာဖြစ်မှာပါ။ အစ်မတို့ အရင်ကအနစ်နာခံခဲ့တဲ့ အ ကျိုးပြန် ခံ စားရတယ်လို့ထင်ပါတယ်။
အေးသီတာ
    အစ်မက ကားရိုက်တွေ ပုံမှန် ပဲလို့ ပြောရမှာပဲ။ အရင်ကထက် ကြဲသွားတယ်လို့တော့ ပြောလို့ရ တယ်။ ဒါပေမဲ့ တစ်လကို သုံး၊ လေးကားကတော့ ပုံမှန်ပဲ။ ဈေးက တော့ဆစ် တဲ့လူတွေကတော့ ဆစ် ပေမယ့် ကိုယ့်တန်းနဲ့ကိုယ်ပဲဆိုတော့ အရမ်းကြီးတော့ ဈေးဖျက် ပြီးရိုက် တာမရှိပါဘူး။ အစ်မတို့တွေ ကား ရိုက်နေရတယ်ဆိုတာကလည်းကိုယ့် ဒါရိုက် တာတွေ၊ မင်းသားတွေက ရိုက်နေလို့ ခေါ်ရိုက်ကြတာပါ။ ပြီး တော့ လိုအပ်လို့ ငှားကြ တာပါပဲ။ အဓိကဇာတ်ပို့၊ ဇာတ်ရံဆိုတာက လည်း အများကြီးမှ မရှိတာ။ ကား ရိုက်ဟသွား ရင် တခြားစီးပွားရေး လုပ်တာတော့ မရှိပါဘူး။ ဒါပေမဲ့ အစ်မစာသင်ပေးတာတော့ ရှိတာ ပေါ့။
ဦးဝင်းနိုင်(အနုပညာ)

    အခုဇာတ်ပို့၊ ဇာတ်ရံတွေက အရမ်းများတာ၊ တချို့မင်းသား၊ မင်း သမီး၊ ဒါရိုက်တာတွေနဲ့သိတဲ့ ဇာတ် ပို့၊ ဇာတ်ရံတွေက ကားရိုက်ကြရ သလို မရင်းနှီးတဲ့လူကတော့ မရိုက် ကြရဘူးပေါ့။ အရမ်းများတဲ့အတွက် ရင်းနှီးမှုရှိတဲ့လူ၊ ဇာတ်နဲ့အံဝင်တဲ့လူ တွေကို စိစစ်ပြီး သုံးတာရှိတယ်။ ကားရိုက်က အရင်တုန်းက သုံး၊ လေးကားရိုက်ရင် အခု နှစ်ကား၊ သုံး ကားပေါ့။ အဲဒီလိုဖြစ်လာရတာက မင်းသားကြီးတွေ ထက်အောက်ကား နဲ့ နယ်မင်းသားတွေက ပိုရိုက်ရတော့ ဈေးတွေ ဘာတွေကို ညှိရတာပေါ့။ မင်းသားကြီးတွေနဲ့ ရိုက်သလို တောင်းလို့ မရဘူး။ ကားရိုက်က တော့ အရမ်းဟသွားတာ မရှိပါဘူး။ ဒီလိုပါပဲ။
အေးအေးခိုင်
    ကားရိုက် အရမ်းကြီးမဟပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက ကိုယ်တွေနဲ့ အမြဲတွဲ ရိုက်နေတဲ့ ဒါရိုက်တာတွေ၊ မင်းသားတွေက ရိုက်နေကြရတာကြောင့်ပါ။ ကိုယ်နဲ့ တွဲနေကျ ဒါရိုက်တာတွေမှာ ဘယ် သူနဲ့တွဲမယ်ဆိုတဲ့ အတွဲရှိတာပေါ့။ အဲဒီ လူမရမှ နောက်တစ် ယောက် ဆိုတဲ့ ပုံစံမျိုးခေါ်တာ။ ဒါပေမဲ့လည်း ကိုယ် နဲ့ခင်နေပေမယ့် ဇာတ်နဲ့ အံမဝင်ရင် ဘယ်ခေါ်ရိုက်မလဲ။ အံဝင်မှ သုံးပေးမှာပေါ့။ အဓိက ဇာတ်ပို့ဆိုတာကလည်း နည်းနည်း ပဲရှိတော့ လိုအပ်နေလို့ ရိုက်နေရ တာပါ။ ဈေးကတော့ ညှိပြီးလုပ်ပေး ရတာပေါ့။ အရမ်း ကြီးတော့ မဆစ်ကြပါဘူး။ ကိုယ့်တန်းနဲ့ကိုယ်ပဲ အရမ်းကြီးလည်း မလျှော့ပါဘူး။ တခြားစီး ပွားရေးတော့ လုပ်ထား တာ မရှိပါဘူး။ အိမ်က စီးပွားရေးပဲ လုပ်ပေးတာရှိတယ်။ ကိုယ့် ရဲ့ ဆရာ ဒါရိုက်တာ ကျော်ဇောလင်းတို့၊ တခြားကိုယ်နဲ့ရင်းနှီးပြီးသား ဒါရိုက် တာတွေက တောက်လျှောက် ခေါ် ရိုက်နေကြတာပါ။ကိုယ်က စေတနာ ထားပြီး လုပ်တာကြောင့်လား မသိ ပါဘူး၊ ဒီအလုပ်က ဘုရားပေးတဲ့ ကျေးဇူးပဲပေါ့။

သားစိုးရဲ့ 'မွှေလို့မဝလို့' စီးရီးသစ် သင်္ကြန်အမီ ထွက်ရှိ
သားစိုးရဲ့'မွှေလို့မဝလို့' တေး စီးရီးမိတ်ဆက်ပွဲအခမ်းအနားကို မတ်လ ၂ဝ ရက်နေ့ မနက် ၁ဝ နာရီ က စင်ထရယ်ဟိုတယ်မှာ ကျင်းပခဲ့ ပါတယ်။ အခမ်းအနား မှာ သားစိုးအတွက် ဆရာဦးဟိန်း လတ်၊ ဆရာဦးမြတ်ခိုင်၊ ဆရာ မောင်ယဉ်ကျော်၊ ဆရာဟိန်းဇေနဲ့ ဒါရိုက်တာ ဒီအေးလွင်တို့က အမှတ်တရစကားများ ပြောကြား ပေးခဲ့ပြီး သားစိုးက မိတ်ဆက်စကား ပြောခဲ့ပါတယ်။ ဒီပွဲရဲ့ထူးခြားမှုကတော့ သားစိုးနဲ့အတူ နတ်ကတော်များဟာ ရိုးရာနတ် ဝတ်စုံများ ဝတ်ဆင်ထားခြင်းပဲဖြစ်ပါတယ်။ ထွဋ်ခေါင်တေးထုတ်လုပ်ရေးက မတ်လ ၁၉ ရက်နေ့ကစပြီး မြန်မာတစ်ပြည်လုံးကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။  Polor မြေပဲဆီက အဓိ ကပံ့ပိုးကူညီပေးထားပြီး မတ်လ ၂၂ ရက်နေ့ နေ့လယ် ၃ နာရီမှာ စိန်ဂေဟာ(လှည်းတန်း)၊ ၄ နာရီမှာ Diamond City ၊ ညနေ ၆ နာရီမှာ လှိုင်သာယာ  Victoria တို့မှာ လက်မှတ် ရေး  ထိုးမှာဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီ ဟက်ပီး ဝေါလ်မှာ လက်မှတ်ရေး ထိုး ဖျော်ဖြေဦးမှာဖြစ်ပါတယ်။ ဧပြီလ ၁၁ ရက်နေ့ ညနေ မျှော်စင်ကျွန်းမှာ သားစိုးနဲ.အက အဖွဲ့များက 'မွှေလို့မဝလို့'သီချင်းကို လိုက်ဖ်ရှိုးဖျော်ဖြေမှာဖြစ်ပြီး မူရင်းစီဒီတစ်ချပ်ဝယ် ယူ ရုံနဲ့ ရှိုးကြည့်ရမယ့် အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။ သင်္ကြန်ပြီးတာနဲ့ နိုင်ငံခြားကိုခဏ ထွက်ခွာမှာဖြစ်ကြောင်း၊ ဆင်ဆာမဲ့ပုံများနဲ့ ရောသမနာမည်အလွဲသုံးစား လုပ်ပြီးထုတ် လာတဲ့ အခွေတွေဟာ သားစိုးနဲ့လုံးဝမသက်ဆိုင်ကြောင်း သားစိုးကအတိ အလင်း ကြေ ညာသွားခဲ့ပါတယ်။

သြစတြေးလျကို တိတ်တိတ်ဆိတ်ဆိတ်ထွက်ခွာသွားသူ
    ပြီးခဲ့တဲ့လပိုင်းက The Ants  အဖွဲ့က မောင်မောင်ဇော်လတ်တစ်ယောက် သူ့ဇနီးရှိရာ သြစတြေးလျ  နိုင်ငံကို အပြီးထွက်သွားတော့မယ်လို့ သတင်းတစ်ခုထွက်လာပါတယ်။ ဒါ ပေမဲ့ မောင်မောင်ဇော်လတ်က အဲဒီသတင်းကို မဟုတ်ဘူးလို့ ငြင်း ဆိုခဲ့ပါတယ်။ ဒါပေမဲ့ မောင်မောင်ဇော်လတ်တစ်ယောက်  သူ့ဇနီးရှိရာ  သြစတြေးလျကိုကျောင်းတက်ဖို့ ဖေ ဖော်ဝါရီလက မြန်မာပြည်မှ ထွက်ခွာသွားပြီလို့ သိရပါတယ်။ ကျောင်းသွားတက်တာသာဖြစ်ပြီး အပြီးထွက်ခွာ သွားတာမဟုတ်ဘူး လို့ သိရပါတယ်။ သူ့ရဲ့ သြစတြေး လျခရီးကိုတော့ ဂီတညီအစ်ကိုနဲ့ တပည့်တချို့ လိုက်ပါနှုတ်ဆက်ကြ ကြောင်း၊တပည့်တစ်ဦးမှာ မောင်မောင်ဇော်လတ်ကို ချစ်ခင်လွန်းလို့ မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာပြည်ကို အလည်ပြန်လာတဲ့ မေဝင်းမောင်တို့မိသားစု
    တစ်ခေတ်တစ်ခါက ပြည်သူချစ်သော ရုပ်ရှင်အနုပညာရှင်ကြယ် တစ်ပွင့်အဖြစ်လင်း လက်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး အကယ်ဒမီမေဝင်းမောင် ဟာ ခင်ပွန်းသည်နဲ့အတူ အမေရိကန် နိုင်ငံမှာ နေထိုင်လျက်ရှိ တာကြောင့် မြန်မာ့ရုပ်ရှင်လောကနဲ့နှစ်အတော်ကြာဝေးကွာ သွား ခဲ့ပါတယ်။ မြန်မာ ပြည်ကို မကြာခဏ လာလည်တတ်ပေမယ့် အနုပညာ အလုပ်တွေကို တော့ ပြန်လည်လုပ်ကိုင်ခြင်း မရှိတော့ပါဘူး။ ဒါပေမဲ့ သူမကိုချစ်သောသူမရဲ့ ပရိသတ် တွေကတော့ မြန်မာပြည်ပြန်လာတဲ့ သူမရဲ့ပုံရိပ်တချို့ကို မြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမှာပါ။ သူမဟာ သမီးလေး မေသန္ဒီနဝရတ်ဝင်းကို မွေးဖွားပြီး ၁ နှစ်ကျော်အကြာ ၂ဝဝ၇ ခုနှစ်၊ သြ ဂုတ်လတုန်းက မြန်မာနိုင်ငံကို အလည်တစ်ခေါက် ရောက်ရှိလာခဲ့ပါတယ်။ ယခု မတ်လ ၁၉ ရက်နေ့မှာ လည်း မြန်မာနိုင်ငံကို အလည်တစ်ခေါက် မိသားစုလိုက် ရောက်ရှိလာခဲ့ပြန် ပြီ။ ဒီတစ်ခေါက်မှာတော့ မိသားစုဝင်အသစ်ဖြစ်တဲ့ သားလေး သိင်္ဂါမောင် သူရဝင်းလည်း ပါရှိလာပါတယ်။ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ မေဝင်း မောင်တို့မိသားစုဟာ တစ်လ လောက်လည်ပတ်ရင်း နေထိုင်ဖြစ်မှာဖြစ် ကြောင်း သိရပါတယ်။

ဖခင်ကျန်းမာရေးကြောင့် ခေတ္တပြန်လာတဲ့မေဆွိ၊ အခြေအနေပေးရင် ပရိသတ်တွေအ တွက် သီချင်းဆိုသွားမယ်ဟုပြောကြား
    ဖခင်ဖြစ်သူ ကျန်းမာရေး ကြောင့် ခင်ပွန်းသည်နဲ့အတူ အမေရိကားမှ ခေတ္တပြန် ရောက် လာတဲ့ အဆိုတော်မေဆွိကို မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက  City FM  ရဲ.Star On Line အစီအစဉ်မှာ သူ့ပရိသတ်နဲ့ ဖုန်းပြောနေတာကို တွေ့ခဲ့ရပါတယ်။ ခင်ပွန်းသည်နဲ့ အ တူ မေလကျမှ အလည်ပြန်လာ ဖို့ စီစဉ်ထားခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် သူမတစ်ဦး တည်း မတ်လ ၁၂ ရက်နေ့က ရုတ် တရက်ပြန်လာခဲ့တယ်လို့ သိရပါ တယ်..
    မမ ပရိသတ်တွေနဲ့ ဖုန်းပြော လိုက်ရတဲ့အခါအဆိုတော်တစ်ယောက် ရဲ့ ကြည် နူးမှုကို ဘယ်လောက်ခံစား လိုက်ရလဲ။
    မောတာပေါ့ကွယ် (ရယ် လျက်)။ နောက်တာပါ။ တမင်ဒီလို ပြောချင်လို့ကို လာခဲ့တာ လေ။ ဒီမှာ နေတုန်းကတော့ ပရိသတ်နဲ့ တွေ့ရ တာ သိပ်မထူးဆန်းခဲ့ဘူး။ အခုကျ တော့ အနုပညာအလုပ်မလုပ်တာ ကြာသွားပြီ။ မြန်မာပြည် ပြန်မ ရောက်တာ ၆ နှစ်ရှိပြီ။ ဒါပေမဲ့ မမ ရောက်နေတာသိတာနဲ့ ဖုန်းပြော ချင်တဲ့ ပရိသတ်တွေရှိနေတာ သိရ တော့ အရမ်း ပျော်တယ်။ ဒယ်ဒီ့ ကျန်းမာရေးအခြေအနေကို ကြည့် လိုက်ဦးမယ်၊ အဆင်ပြေရင် မမ ပရိ သတ်အတွက် သီချင်းဆိုသွားမှာ ပါ။ မိသားစုကိစ္စက အရေးကြီးနေ တော့ ကျိန်းသေ တော.မပြောနိုင် သေးဘူးပေါ့နော်။ လုပ်ဖြစ်ရင်လည်း နားစွဲပြီးသား သီချင်းတွေကို ပုံစံ ပြောင်းပြီးဆိုသွားမယ်။ အသစ်ဆို ရင် နားမစွဲမှာ စိုးလို့လေ။
    ဟိုမှာလည်း မြန်မာပွဲတွေမှာ သီချင်းဆိုဖြစ်တယ်ဆိုတော့ မမရဲ့ အဆိုတော် ဘဝက ပျောက်မသွားဘူး ပေါ့။ အခုခေတ်ရေစီးကြောင်းထဲက အဆိုတော်တွေ ကိုရော လေ့လာဖြစ် လား။ ရုပ်ရှင်နဲ့ ပတ်သက်ရင်ရော။
    လေ့လာဖြစ်တာပေါ့ကွယ်။No, Bambino, ကြိုးကြာ,စင်ဒီ။ ယောက်ျားလေးထဲမှာ ဆို ရင် ဖိုးကာ ကို နားထောင်တယ်။ ပြောင်းလဲ လာတဲ့ ရေစီးကြောင်းတွေကိုလည်း မျက်ခြည် ပြတ်မခံဘူး။ အခွေတစ်ခွေ ထဲမှာ တစ်ပုဒ်စီဆိုကြတာ ခေတ် စားလာတယ်နော်။မမလည်း ကြိုက် တယ်။ ရုပ်ရှင်တွေလည်း ကြည့်ဖြစ် ပါတယ်။ ရုပ်ရှင်ရိုက်ဖို့တော့ မရှိ တော့ဘူး။
    မမ ဟိုမှာနေတုန်း တခြားဘာ တွေ လုပ်ဖြစ်သေးလဲ။ အဲဒီ နိုင်ငံ မှာ အသားကျ နေပြီလား။
    ကလေးလေးတွေကို စာသင် တဲ့ စေတနာ့ဝန်ထမ်း မမလုပ်ဖြစ် တယ်။ ခင်ပွန်းသည် အ လုပ်သွား ရင် အိမ်မှာနေရာတာ ပျင်းတယ်လေ။ ဟိုက ကျောင်းတွေမှာ စေတနာ့ဝန် ထမ်း ဆရာမတွေလိုတယ်။ ကလေး တွေရဲ့ ဥာဏ်ရည်၊ ကျန်းမာရေး၊ အစားအသောက်စသဖြင့် အသေး စိတ်သိရတယ်။ ကလေးလေးတွေနဲ့ နေရတာ မမ ပျော်ပါတယ်။ မမတို့ မှာတော့ ကလေးမရှိသေးဘူးပေါ့။ လိုချင်တယ်။ ကြိုးစားတုန်းပဲ (ရယ် လျက်)။ ပြီးတော့ အသက် ကြီးတဲ့ လူတွေကို ပြုစုတဲ့နေရာတွေဆီသွား တယ်။ သူတို့ဆီမှာက ဒီမှာလို မိသားစုနဲ့ နေ ရတဲ့ အခြေအနေမှ မရှိတာ။ အဲဒါကြောင့် သူတို့ကို သနားတယ်။ ဒယ်ဒီနဲ့ မာမီကိုယ်စား ပြု စုတာပေါ့နော်။ ဟိုမှာကအသက် ကြီးရင်တစ်ယောက်တည်းနေရ တာ။ ခရစ္စမတ်တို့၊နယူး ရီးယားတို့ ကျမှ သားသမီးတွေက လာခေါ်ပြီး Dinner စားကြတာ။ အဲဒီ ဘဝကို ကြည့်ပြီး အသက်ကြီးရင် မြန်မာပြည် ပဲ ပြန်နေကြမယ်လို့ ခင်ပွန်းကို ပြော ထားတယ်။
    အဆိုတော် မေဆွိရဲ့ ဘဝကို ထားခဲ့ပြီး နိုင်ငံခြားရောက်သွားရတော့ ဘဝအ ပြောင်းအ လဲကို ဘယ် လိုတွေ့ ကြုံခဲ့ရလဲ။
    တစ်သက်လုံး ဒီနိုင်ငံမှာပဲ နေ မယ်တွေးခဲ့ပြီးသားပါ။ ဒါပေမဲ့ နဖူး မှာစာဆိုတာ ပါပြီးသား လေ။ အိမ် ထောင်ပြုဖို့ မမစဉ်းစားခဲ့တော့ အသက် ၃၅ နှစ်ရှိပြီ။ မမ သူ့ကို တကယ်ချစ်လို့ ယူခဲ့တာပါ။ နိုင်ငံ ခြားနေချင်လို့ ယူတာလို့ အပြောခံ ခဲ့ရဖူးတယ်။ မမက ဒီမှာပဲ နေချင် ခဲ့ တာပါ။ ဒါပေမဲ့ ဘဝဆိုတာ ကိုယ် ကလိုက်စီစဉ်နေလို့မှ မရတာ။ ကံ တရားပါပဲ။ အဓိကက တော့ ဘယ် နေရာပဲ နေရနေရ၊ စိတ်ချမ်းသာ အောင်ထားတတ်ဖို့ပါပဲ။ ရောက်ခါစက တော့ မနေတတ်ဘူး။ သီချင်းမ ဆိုရလို့ မနေတတ်တာတော့ မဟုတ် ဘူး။ ဟိုမှာ အစစအ ရာရာ ကိုယ့်ဟာကိုယ် လုပ်ရတယ်။ အကျင့် မဖြစ်ခဲ့ဘူး။ တဖြည်းဖြည်းနေသား ကျလာ တော့ သူများလုပ်ပေးတာ တောင် မကြိုက်တော့ဘူး။ ဟိုမှာက ယောက်ျားနဲ့ မိန်းမနှစ် ယောက်မှာ တစ်ယောက်ထမင်းချက်၊တစ်ယောက် ပန်းကန်ဆေးပဲ။ မမက အဲဒီဘဝမှာ အ သားကျနေပြီ။ ပျော်တယ်။
    မမ ပရိသတ်တွေကို ပြောစရာ များရှိဦးမလား။
    မမဘက်က အမှတ်တရ တစ် ခုခုစီစဉ်ပြီး သီချင်းဆိုပေးသွားဦးမှာ ပါ။ အခြေအနေပေး ခဲ့ရင်ပေါ့။ ခုထိ အားပေးကြတာကို ကျေးဇူးတင်ပါ တယ်။ အရမ်းလည်း ကျေနပ်ပီတိ ဖြစ် ရပါတယ်။                               



၁၅ နှစ်ကျော်ကျော် သင်္ကြန်မှာသီချင်းဆိုခဲ့တဲ့ ထွန်းအိန္ဒြာဗို ဒီနှစ်သင်္ကြန် သား လေးနားမှာပဲနေမယ်
    ထွန်းအိန္ဒြာဗိုက လက်ဦး ဆရာဆိုတဲ့ ဗီဒီယိုကားမှာ သား ကို မြှောက်ပင့်ပေးတဲ့ အမေ ဆိုး ကြီးပုံစံ သရုပ်ဆောင်ပေမယ့် အပြင်မှာတော့ အဲဒီပုံစံမျိုးနဲ့ အုပ် ချုပ်မှာမဟုတ်ပါ ဘူး တဲ့။ သူ့သား လေးကို သူရိုက်ထားတဲ့ကားတွေ မပြဖြစ်သေးဘဲ ကလေးအသိ ပညာရမယ့် ကာတွန်းကားလေးတွေကိုသာ ပြဖြစ်နေပြီး လူကြီးကားတွေ မပြသေးဘူးလို့ ဆိုပါ တယ်။ သားလေးက မြူးဇစ် ကြိုက် ပေမယ့် ဒီအချိန်မှာ ဘာဝါသနာ ပါတယ်ဆိုတာ သိဖို့ခက်ခဲနေ ပြီး သူလုပ်ချင်တာကို လုပ်ပေးမယ်ဆို တဲ့ ထွန်းအိန္ဒြာဗိုက သူ အနုပညာ ရှင်တစ် ယောက် ဖြစ်လို့ သူ့သား ဒါတွေလိုက်လုပ်ရမယ်ဆိုတဲ့ စိတ်ကူး မရှိပါဘူးလို့ဆိုပါတယ်။ ၂ဝဝ၉ ထဲ မှာ မျိုးကျော့မြိုင်နဲ့ အတွဲခွေထွက်ဖို့ရှိတဲ့ ထွန်းအိန္ဒြာ ဗိုက သူ့ရဲ့တစ်ကိုယ်တော်ခွေကို လည်း ဒီနှစ်ထဲမှာ လုပ်ဖြစ်မယ် လို့ပြောပါတယ်။ ထွန်းအိန္ဒြာဗိုနဲ့ ပြောဖြစ်ခဲ့သမျှကတော့...
    မခိုင်ကြီး ဟိန်းဝေယံနဲ့ 'အက်စစ်လိုမိန်းမ'ကားမှာ ကိုယ့် ထက်ငယ်တဲ့ ယော က်ျား လေးတစ် ယောက်ကို လိုက်ကြိုက်ရတဲ့ပုံကို သရုပ်ဆောင်ထားတာ တော် တော် ကောင်း တာတွေ့ရတယ်။ အဲဒီကား ရိုက်တုန်းက အဲဒီ သြသိ ရဖို့ လွယ် ကူ ခဲ့ရဲ့လား။
  အဲဒီကားရိုက်တုန်း က သြသိ သွင်း ရတာ အခက်အခဲ မရှိပါဘူး။ အဲဒါက အိပ်မက်ပဲလေ  အဲဒီကားနဲ့ပတ်သက် ပြီး ပရိသတ်က ကြိုက်ကြတယ်။ ဘာလို့ကြိုက်လဲ။ ဆိုတော့ သူတို့ က အစ်မကို အမေခန်း ချည်းပဲ မရိုက်စေ ချင်တဲ့ ဆန္ဒရှိတော့ အဲဒီလိုမျိုးလေးတွေ လည်း ရိုက်စေချင် တယ်။ သူတို့က အစ်မ အသက် ၄ဝ ကျော်ပေမယ့်လည်း ၄ဝ ကျော် အမျိုး သ မီးတစ်ယောက် ရဲ့ အချစ်ဇာတ်လမ်း၊ မိသားစု ဇာတ်လမ်း တွေကိုလည်း ရိုက် စေချင်၊ မြင် ချင်တယ်။ အဲဒီ 'အက် စစ်လို မိန်းမ'ကားဆို လည်းဇာတ်ကိုကြိုက် လို့လက်ခံထားတယ် ဆိုကတည်းက အဲဒီဇာတ်ကို ခံစား၊ စဉ်းစားပြီး လုပ်သင့်တာကို လုပ်ကြ ရတာပါပဲ။
    'ကြိုးတန်း'ကားမှာ တံငါသည် မိန်းမတစ်ယောက်အဖြစ် သရုပ်ဆောင် ထား တာပီပြင် တယ်။ အဲဒီကားက အကယ်ဒမီမှန်းလို့ရတဲ့ကားလို့ပြော ရင်ရမလား။
    မရဘူးရှင့်။ အဲဒီကားကို အကယ်ဒမီ မပေးဘူးလို့လည်း ကြား ပါတယ်။ အရမ်းစုတ်ပြတ် လို့တဲ့လေ (ရယ်လျက်)။
    ဒါပေမဲ့လည်း အဲဒီကားက အဓိကသရုပ်ဆောင်နည်းနည်းလေးနဲ့ ရိုက်ထား တော့ မခိုင်ကြီးတို့အနေနဲ့ အနုပညာအရ လုပ်ကွက်ပေါ်ပြီး ကျန် တဲ့ကားလို့ သတ်မှတ်ရင် ရမလား။
    အဲဒီလိုတော့ ပြောလို့မရဘူး။ အဲဒီကားက ကျွန်မတို့ သရုပ်ဆောင်မှုရဲ့ Tempo အား ဖြင့် အများကြီး မရှိဘူး။ သူက ကိုယ့်ကိုမြင်လိုက်တဲ့ အခန်းတိုင်းမှာ တံငါသည်အဖြစ် ပီပြင် နေ ရုံနဲ့တင် ကျွန်မတို့ တာဝန် ကျေပါတယ်။ လုပ်ကွက်အားဖြင့် တော.Tempo ကဒီ လောက် အများ  ကြီးမရှိဘူး။ အဓိကကလည်း စင်နရီ ဦးစားပေးတဲ့ကားမျိုးပါ။
    အစ်မဆီကို ခိုင်းမယ့်ကား တွေ လာတာ များလား။
    အစ်မဆီကိုလာတည်းက လုပ် ကွက်မရဘဲ မလာဘူး။ မလာဘူး ဆိုပေမယ့် လုပ်ကွက် မရတဲ့ ကား တွေလည်းရှိပါတယ်။ ဒါပေမဲ့ဗီဒီယို တွေက များသောအားဖြင့် အစ်မ ကို တ ကယ်ခိုင်းလို့လာတာတွေ များပါတယ်။ ဒီဗီဒီတို့၊ ကားကြီးတို့ မှာလည်း မင်းသား၊ မင်းသမီး စုံစုံ လင်လင်ပါဝင်စေချင်လို့ငှားတာတွေ လည်းရှိပါတယ်၊ဒါပေမဲ့ရှားပါတယ်။
    ဈေးကွက်ပျက်လာပြီ ဘာညာ ပြောနေတယ်။ မခိုင်ကြီးတို့ကျတော့ တောက် လျှောက်ရိုက်နေရတာက ဘာ ကြောင့်ပါလဲ။
    အဲဒါက အစ်မ ထင်တာ ဈေးကွက်က ကောင်းလွန်းလှတယ် တော့မဟုတ်နိုင်ပါဘူး။ အ မျိုးသား သရုပ်ဆောင်အသစ်လေးတွေ အများကြီးပေါ်ထွက်လာတဲ့အချိန်မှာ ကျွန်မတို့ တွေ လိုအပ်နေသေးလို့ ပါနေရတာထင်ပါတယ်။
    ဒီနှစ်သင်္ကြန်မှာ အစ်မကို Alpine မှာပဲ IC   နဲ့ တွေ့ရဦးမှာလား။
    မဟုတ်ဘူးရှင့်၊ ဒီနှစ်မှာတော့ အစ်မ နားမယ်။ အစ်မသားလေးနဲ့ သင်္ကြန်ရေကစားပါ မယ်။ ၁၅ နှစ် လောက် သီချင်းဆိုခဲ့ပြီးပြီ။ ဒီ နှစ်မှာတော့ သားကလည်း သိပြီဆို တော့ သင်္ကြန်အငွေ့အသက်လေး သိအောင် လျှောက်လည်မယ်။ အလုပ်မပါဘဲ သားနားမှာအ ချိန် ပြည့်နေမယ့် နှစ်ပေါ့။

သင်္ကြန်မှာ မိသားစုနဲ့ တရုတ်ပြည်ကို ရောက်နေမယ့် ရဲအောင်
    အကယ်ဒမီရဲအောင်က ဒီနှစ်သင်္ကြန်ကို ပြည်ပခရီး သွားဖို့ရှိတယ်လို့ သိရတာကြောင့် မေးကြည့်တော့ ''ဟုတ် တယ်၊ အစ်ကို့မိသားစုနဲ့အတူ တရုတ်ပြည်ကိုသွားဖို့ရှိတယ်။ အ လုပ်ကိစ္စမဟုတ်ပါဘူး။ ဟိုမှာရောက်နေတဲ့ ညီမတစ် ယောက်နဲ့ အစ်ကိုတို့မိသားစုတွေ တွေ့ပြီး နားဖို့ပါပဲ။ တစ်လ လောက်တော့ ကြာမယ်။ ဒီမှာလည်း သင်္ကြန်ကိုယ်က ကား ရိုက်နားရတာကြောင့် စိတ်လွတ်၊ ကိုယ်လွတ် မိသားစု သွားကြတာပေါ့။ မိသားစုလိုက် ခရီးသွားဖို့ဆိုတာကလည်း ကိုယ်တို့အတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ အကြောင်း တိုက်ဆိုင်တာနဲ့သွားဖြစ်တာပါ'' လို့ဆိုပါတယ်။ ရဲအောင် အနေနဲ့ သင်္ကြန်ဆိုရင် ရန်ကုန်၊ မန္တလေး ဘယ်နယ်မဆို ပရိသတ်နဲ့ထိတွေ့ပြီး ရင်းရင်းနှီးနှီးသီချင်းဆို ဖြတ်သန်းခဲ့ တာ ကြောင့်သူ့အတွက် သင်္ကြန်ဆိုတာ သူများတွေပျော် အောင် ဖျော်ဖြေနေရလို့ ကိုယ်ကိုယ် တိုင်လည်း ပျော်ပါ တယ်တဲ့။                                    

ဟိန်းဝေယံပြုလုပ်မယ့် ရေစက်ချအလှူမင်္ဂလာ
    သရုပ်ဆောင်ဟိန်းဝေယံက မတ်လ ၂၅ ရက်နေ့မှာ မော်လမြိုင် မြို့၊ ဒိုင်းဝန်ကွင်း၊ ကျိုက္ဖ နဲရပ်တွင် တည်ရှိသော သမိုင်းဝင်ရွှေကြက်ယက်စေတီတော်မြတ်ကြီးအား ငှက်မြတ်နား တော်အသစ်ပြုလုပ် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ထီးတော်ရွှေ သင်္ကန်းဆက် ကပ် လှူဒါန်းခြင်းနဲ့ ငှက်ပျောဖူးတော်အား ၉ x ၉ လက်မ ပတ်လည် ရွှေသင်္ကန်းအသစ်ပြုလုပ် ဆက်ကပ်လှူဒါန်းခြင်း အစုစုတို့အတွက် ရေစက်သွန်းချတရားတော်နာ ကျင်းပပြုလုပ် မယ်လို့ သိရပါတယ်။ နှစ်ဖက်သောအဘိုးအဘွားများနဲ့ ဖခင်ဦးဝင်းကို၊ မိခင်ဒေါ်စန်းစန်းဝင်း တို့ကို အမှူးထားပြီး ၂၅ ရက် နေ့မနက် ၅ နာရီခွဲမှာ သံဃာတော်များအား ဆွမ်းကပ် တရား တော်နာပြီး မနက် ၇ နာရီ ၁ဝ မိနစ်အချိန် စိန်ဖူးတော်တင်လှူဒါန်းပါမယ်။ မော်လမြိုင်မြို့ ကို မတ်လ ၂၄ ရက်နေ့မနက် ၁၁ နာရီ မှာ ၃၅ လမ်း (အထက်)ရှိ မာန်ထက်ချီထုတ်လုပ် ရေးမှ တားများနဲ့စတင်ထွက်ခွာမှာဖြစ်ပြီး အနုပညာအသိုက် အဝန်းမှမိတ်ဆွေများ လိုက်ပါ ကုသိုလ်ယူမယ်လို့ သိရပါတယ်။

မိသားစုဆီ သမီးလေးနဲ့အတူ အလည်ပြန်လာတဲ့ နီနီဝင်းရွှေ
    မြန်မာပရိသတ်တွေနဲ့ ၉ နှစ်နီး ပါး ဝေးကွာနေတဲ့ တေးသံရှင် နီနီဝင်း ရွှေဟာ ၆ နှစ်အ ရွယ်သမီးလေးနဲ့ အတူ မတ်လ ၁၂ ရက်နေ့က အမေ ရိကန်နိုင်ငံမှ ခေတ္တ အလည်ပြန် ရောက်လာခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ တစ်လခန့်နေထိုင်မှာဖြစ်ပြီး အခြေ အနေပေးခဲ့ရင် သီချင်းတွေဆိုသွား မယ်လို့ ဆိုပါတယ်။ သူ့အနားမှာ မိခင်၊ ညီအစ်မတွေ ဝိုင်းဝိုင်းလည် နေပြီး မိသားစုနဲ့ စကားလက်ဆုံပြော မကုန်တာကိုလည်း တွေ့ခဲ့ရပါတယ်။ အဆိုတော် ဘဝကိုရော အခု လက်ရှိအိမ်ထောင်ရှင် အမျိုးသမီး ဘဝကိုရော နှစ်သက်တယ်ဆိုတဲ့ နီနီ ဝင်းရွှေရဲ့ စကားသံများကို ဖော်ပြ ပေးလိုက်ပါတယ်။
    အစ်မဒီကိုလာတုန်း ပရိသတ် အတွက် သီချင်းတွေဆိုဖြစ် ဦးမှာလား။ ဒီမှာရှိ နေတဲ့ ဂီတ လောကရဲ့ ပြောင်းလဲမှု တွေကိုရော အစ်မဘယ် လိုမြင်မိလဲ။
    သမီးလေး Valerie နဲ့ လာလည်တာ။ ခင်ပွန်း ကိုအောင်မင်းနိုင်ကတော့ အလုပ်မအား လို့ ကျန်ခဲ့ တယ်။ ပြန်ရောက်တာနဲ့ ဒီက မိတ် ဆွေတချို့ကတော့ ညပိုင်းတွေ လာခေါ်ပြီး Dinner  လုပ်ပေးကြပါ တယ်။ ဒီမှာ ပြောင်းလဲနေတာကျတော့ သိပ်မသိသေးဘူး။ သီချင်း ကတော့ ဆိုချင် တာပေါ့။ ကိုယ့်ပရိသတ်နဲ့လည်း တွေ့ချင် တယ်။ အခြေအနေပေး ရင် တော့ ဆိုသွား ဦးမှာပါ။  အဆက်အသွယ်တွေကတော့ ပြတ်နေတယ်။ အားလုံးက စိတ်ဝင် စားလို့ လုပ်မယ်ဆိုရင်တော့ မမက Welcome  ပါ။
    အစ်မဟိုမှာ သီချင်းတွေဆိုဖြစ်သေး လား။ သမီးလေးကရော အစ်မကို အဆို တော် မှန်းသိထားလား။
    ဆိုဖြစ်ပါတယ်။ မြန်မာတွေ ဆုံတဲ့ပွဲ တွေမှာလည်း ဆိုဖြစ်ပါတယ်။ ဘုန်းကြီး ကျောင်း တွေမှာရောပေါ့။ မင်္ဂလာအခါ တော်ပေးတွေလည်း ဆိုတယ်။ မမက ဟိုမှာ အိမ်ရှင်မတာ ဝန်ပဲယူထားတာလေ။ သမီး လေးကိစ္စကိုပဲ လုပ်တာ။ အဲဒါကြောင့် ဒီက မမသူငယ်ချင်း တွေ သီချင်းဆိုတဲ့ အခွေ တွေကို နားမထောင်ဖြစ်ဘူးပေါ့။ မမသီချင်း ဆိုဖို့ မြန်မာဝတ်စုံ လေး ဝတ်ပြီးသွားရင် သမီးက အံ့သြနေတာ။ ပြီးရင် မေမေက သီချင်းဆိုကောင်းတယ် ချည်းပဲ ပြောတာ။ အဲဒါနဲ့ မေမေက Singer လေလို့ ပြောပြ ထားရတယ်။
    သမီးလေးက မြန်မာစကားတတ်တယ် ဆိုတော့ မြန်မာနာမည်ရောရှိလား။ အစ်မက မြန်မာစကား သင်နိုင်တယ်ဆိုတော့ ချီးကျူးဖို့ ကောင်းတယ်။
    သမီးက မမနဲ့ စကားပြောရင် မြန်မာ လို ပြောတယ်။ သူ့အဖေနဲ့ပြောရင် အမေရိကန်လို ပေါ့။ မြန်မာနာမည် ရွှေမိုးသည်း လို့ ယာယီပေးထားတယ်။ သမီးက အသက် ၆ နှစ်ရှိပြီ။ သမီး ကိုယ်ဝန်နဲ့တုန်း က တစ်ခေါက်လာလည်သေးတယ်။ သမီး လေးမွေးပြီးကတည်းက ဟိုမှာ မမတို့ လင်မယားပဲ ထိန်းခဲ့ရတာ။ ဟိုရောက်တော့ ကိုယ်ထူကိုယ်ထလေ။
    ကယ်လီဖိုးနီးယားမှာ မိသားစုသုံးဦး ဘဝလေးနဲ့ နေရတာကို အသား ကျနေပြီ လား။ အစ်မ အတုယူ ဖြစ်တဲ့ အလေ့အထတွေရောရှိ နေလား။
    ပျော်ပါတယ်။ အသားကျ သွားတာပေါ့နော်။ ဘဝက ပြောင်းလဲသွားခဲ့တယ်။ မြန်မာထ မင်းဟင်းကြိုက်ပြီး မြန်မာ သီချင်းတွေဆိုခဲ့တဲ့ မမက ဘို စာတွေနဲ့ ဒီလိုစားပြီး နေဖြစ်လိမ့် မယ်လို့ မတွေးဖူးခဲ့ပါဘူး။ အခုကျတော့ သမီးစားတဲ့ ဘိုစာတွေကို လုပ်ပေးတတ်နေပြီ။ အ ရင်က နိုင်ငံခြားကြိုက်တဲ့ အထဲမှာ မမ မပါခဲ့ဘူး။ အခု တော့ ဟိုမှာနေရတာ အဆင် ပြေပါ တယ်။ နိုင်ငံခြားသား တွေရဲ့ စိတ်ထား၊ အလုပ်လုပ် တာ၊ သဘောထားပြည့်တာ၊ အခြား အတုယူစရာ အများ ကြီးပါပဲ။
    မကော်နီက ပြောဖူးတယ်။ အချစ် အကြောင်းလည်း ဘာမှပြောသံ မကြားရ ဘဲနဲ့ အိမ်ထောင်ပြုသွားတာတဲ့။ ဟုတ်လား အစ်မ။
    (ရယ်လျက်) ဟုတ်တယ်၊ ဟုတ် တယ်။ အချစ်ဆိုတာ ခဏလေးနဲ့လည်း ပေါ်ပေါက်လာတတ်တယ်။ ကိုယ့်ကို လည်း ချစ်တယ်။ မြတ်နိုးတယ်။ အခုထိ လည်း ဂရုစိုက်တယ်။ အဲဒါတွေကြောင့် လက်ထပ်ခဲ့တာပါ။
    သမီးရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးပြီး နေရတော့ မပျင်းဘူးလား။ သီချင်းဆိုခဲ့တဲ့ အချိန်တွေကိုရောပြန်သတိရမိတာမျိုးရှိလား။
    သမီးလေးကျောင်းက အိမ်နဲ့ နီး တယ်။ သူတို့ကျောင်းမှာ စေတနာ့ဝန် ထမ်းအဖြစ် ကျောင်းစာတွေကို ဆရာမ တွေဆီမှာ ဝိုင်းလုပ်ပေးလို့ရတယ်။ အဲဒါနဲ့ မမက စေတနာ့ဝန် ထမ်းအဖြစ် လုပ်ပေး တာက ဗတမေိ တွေရတယ်။ သမီးက ဂုဏ်ယူနေတယ်လေ။
    ကယ်လီဖိုးနီးယားမှာ နေရင်း မြန်မာ အဆိုတော်တွေနဲ့တွေ့ပြီး အလှူ လုပ်ဖြစ် တာ ရှိလား။
    တွေ့ဖြစ်ကြပါတယ်။ မမေဝင်းမောင်၊ မဆွေ(မေဆွိ)တို့နဲ့က မြန်မာပွဲတွေမှာ ဆုံနေ ကျ ပါ။ ဘာသာရေးကကျတော့ လော့စ် အိန်ဂျလိစ်က မြန်မာဘုန်းကြီးတစ်ပါးကို အမြဲတမ်း မမတို့လင်မယားက ပံ့ပိုးတာ ရှိတယ်။ အလှူ့ဒကာပေါ့။ တရားစခန်းဝင် တာတွေကျတော့ မလုပ်ဖြစ်ဘူးပေါ့။ ကလေးက ငယ်သေးတယ်လေ။
    သားအမိနှစ်ယောက်ရဲ့ အမှတ်တရကို ပြောပြပါလား။
    အခု နေ့နဲ့ ညနဲ့ သားအမိ နှစ်ယောက် မှားနေကြတယ်။ ညနေ လေးနာရီခွဲ လောက်ဆို ရင် အိပ်ချင်ကြပြီ။ ည ၂ နာရီ လောက်ကျတော့ ထပြီး မုန့်တွေစားကြ ပေါ့ (ရယ်လျက်)။

သရုပ်ဆောင်ခွင့်များများရဖို့ အခွင့်အရေးတွေကို ရှာယူတဲ့ ဇေယျ
    ဗီစီဒီတွေ အရိုက်များခဲ့ပြီး ပရိ သတ်ခိုင်မာခဲ့တဲ့ ဇေယျရဲ့ အနုပညာ ကို 'ချစ်ချစ်လီဆက် ချစ်' ဒီဗီဒီမှာ မြင်တွေ့ရတော့မယ့်အကြောင်း အသိပေးရင်း သူနဲ့ ပြောဆိုခဲ့သမျှကို ဖော်ပြ ပေးလိုက်ပါတယ်။
    လုပ်ခွင့်ရထားတဲ့ ကာရိုက်တာနဲ့ ရိုက်ပြီးသလောက် အနေအထားကို ပြော ပြပေးပါဦး။
    ရထားတဲ့ ကာရိုက်တာက ကိုလွင်မိုးရဲ့ သားအငယ်ဆုံး။ ပြေတီ ဦးက သားအကြီး၊ ကျော်ကျော်ဗိုက သားအလတ်။ ကျွန်တော့်နာမည်က ဒီထဲမှာလည်း ဇေယျပဲ။ မယ်လိုဒီ နဲ့ တွဲရတယ်။ လုပ်ပြီးသလောက်တော့ ကျေနပ်ပါတယ်။ မဆိုးပါဘူး။ ဒါရိုက်တာသင်တဲ့အ တိုင်း ကြိုးစား ပြီး ဝါရင့်ပြီးသား ဆရာအစ်ကိုတွေ ဆီက လေ့လာသင်ယူပါတယ်။ ပြည့် ပြည့်ဝဝကတော့ ကျွန်တော်တို့ အနု ပညာသမားတွေစိတ်ထဲ ဘယ်တော့ မှ အားရမှာ မ ဟုတ်ပါဘူး။
    အဲဒီစကားကို သရုပ်ဆောင် တော်တော်များများဆီက ကြားရတာ မို့လို့ အချိန် ယူစိတ်ကြိုက်လုပ်ခွင့်ရရင် ရော အားရနိုင်လားလို့ သိချင်ပါတယ်။
    အလုပ်လုပ်ပြီးမှ ပြန်ကြည့်ရင်း အဲဒီလို စိတ်တွေဝင်မိကြတာ။ ကျား ထိုးသလိုပါပဲ။ဘေး ကကြည့်မှ ပို မြင်တယ်။ ကာရိုက်တာတစ်ခုကို တစ်ခါ အားမရရင် မှတ်ထားပြီး နောက် တစ်ခါ ပိုကောင်းအောင် လုပ်ရတာပါပဲ။ အဲဒါ လူတိုင်းပေါ့။
    အိုက်တင်တွေ ကောင်းလာဖို့ အတွက် ရိုက်ခွင့်ကြုံဖို့၊ အခွင့်အရေး တွေ ခဏ ခဏရှိလာဖို့ လိုတာပေါ့ နော်။
    ဟုတ်ပါတယ်ခင်ဗျ။ ဒီ အလုပ် က လွယ်မလိုနဲ့ အရမ်းခက်တယ်။ အတွေ့အကြုံမရှိဘဲနဲ့ ဒီလောက ကြီးကို ဖြတ်သန်းဖို့ မလွယ်ပါဘူး။ အတွေ့အကြုံများမှ သရုပ်ဆောင် ကောင်း ဖြစ်မှာပါ။ သင်ခန်းစာများ များကျေလေ လူကပြည့်ဝ လေပေါ့ နော်။ အဲဒါကြောင့် အခွင့်အ ရေး များများရအောင် ကိုယ်ကလိုက်ရှာ ရမယ်။ ကိုယ်က ရှာသလို ပေးတဲ့လူ ကလည်း ရှိ ဦးမှလေ။ ကံ၊ စန်းက လည်း လိုတယ်။
    လုပ်ခဲ့တာကြာပြီ။ မှန်းသ လောက် မဖြစ်သေးတာကို စိတ်ပျက် မိဖူးလား။
    တစ်ခါမှ စိတ်မပျက်ဖူးပါဘူး။ ကျွန်တော်က ဒီအလုပ်ကို ချစ် တယ်၊ ဒါကိုပဲ လုပ်ချင် နေ တာ။ ဒါ ကို လုပ်နေရရင် ပျော်တယ်။ အဲဒါ ကြောင့် ဘယ်လို အခြေအနေပဲ ကြုံ ကြုံ စိတ် ပျက်မသွားတတ်ဘူး။

စိုးပြည့်သဇင်ရဲ့ပုံကို ပန်းပုထုကြဦးမယ်တဲ့
    ဆရာစံပလာဇာမှာ ဗဟိုသမဝါယမအသင်းကစီစဉ်တဲ့ မြန်မာ့သမ ဝါယမအနုပညာနှင့် ပန်းပုအရောင်းပွဲတော်အတွက် မြန်မာဆန်တဲ့အမျိုး သမီးရုပ်တုပုံစံထုလုပ်ဖို့အတွက် မော် ဒယ်ပုံစံထိုင်ရန် မြန်မာဆန်သော အမျိုးသမီးရွေးချယ်ရာမှာ မင်းသမီး စိုးပြည့်သဇင် အရွေး ချယ်ခံရကြောင်း သိရပါတယ်။ စိုးပြည့်သဇင်အနေနဲ့ ကားရိုက်နဲ့လွတ်တဲ့ အချိန်တွေမှာ ပန်းပု ဆရာတွေနဲ့ညှိပြီး မော်ဒယ်ပုံစံထိုင်ပေးမှာဖြစ်တယ်လို့သိရပြီး မြန်မာဆန်တဲ့ ရုပ် ရည်ရှိတာကြောင့် ရွေးချယ်ခံရတာထင်တယ်လို့ဆိုပါတယ်။ မြန်မာ့ သမဝါယမအနုပညာ နှင့် ပန်းပုအရောင်းပွဲတော်အတွက် ရုပ်တုပေါင်းများစွာ ထုလုပ်ထားပြီး အဆိုပါပန်းပုပြ ခန်း ကြီးကို မတ်လအတွင်းမှာ ဖွင့်လှစ်နိုင် ဖို့ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

တေးသံရှင် ရွှေရည်သိန်းတန်ရဲ့ ထူးခြားတဲ့ မွေးနေ့
    တေးသံရှင် ရွှေရည်သိန်းတန် ရဲ့ ၂၈ နှစ်မြောက်မွေးနေ့မင်္ဂလာကို မတ်လ ၁၈ ရက်နေ့၊ မနက် ၉ နာရီ ခွဲမှာ နေအိမ်အမှတ် ၆၇၆  သင်္ဃန်း ကျွန်းမြို့နယ်၊ ဇဝန၊ ၁၆/၄၊ ဇောတိ က ၁ လမ်းမှာ ကျင်းပခဲ့ပါတယ်။ သူမရဲ့ မွေးနေ့ပွဲကို အရင်နှစ်ကနဲ့ မတူဘဲ ထူးထုးခြားခြားအဖြစ် ဣစ္ဆာ သယ လိုတရကိုယ်တော်မြတ်ကြီး အား နေအိမ်တွင်တစ်ညပင့်ဆောင် ပူဇော်ထား ကြောင်း ပြောပြပြီး မွေးနေ့ရဲ့ထူးခြားမှုနဲ့ပတ်သက်လို့ ''ခါတိုင်းနှစ်တွေကတော့ မွေးနေ့ပွဲ တစ်ခုအနေနဲ့ အပေါင်းအသင်းတွေ နဲ့ လုပ်ခဲ့တာများတယ်။ ဒီနှစ်က မွေး နေ့ရော၊ မွေးရက် ရောတိုက်တဲ့ အတွက် ထူးထူးခြားခြားလေးလည်း ဖြစ်သွားတယ်။ အဲဒါနဲ့ တခြားပကာ သ နတွေ ဘာမှမလုပ်ဖြစ်တော့ဘဲနဲ့ ဣစ္ဆာသယဘုရားပဲ ပင့်ချင်တယ် ဆိုပြီး ဒီဘုရား ကြီး ပင့် ချင်ရင် တစ် နှစ်လောက်ကြိုပြီးတော့ တိုကင် ယူ ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူများ ပင့်ထားတဲ့ရက်ထဲကနေပြီး ဣစ္ဆာသယဆရာတော်ကြီးက မွေး နေ့ကိုပေးမယ်ဆိုတော့ ဆန္ဒပြည့် သွားတာပေါ့''ဟု ပြောပြပါတယ်။  

စနိုးဝှိုက်ရဲ့ အိမ်ထဲကမောင်အိမ်ထောင်အစီအစဉ်ကိုရှုစားရဦးမည်
    စနိုးဝှိုက် ဗီဒီယိုထုတ်လုပ်ရေးကစီစဉ်ပြုလုပ်မည့် ကဏ္ဍအသစ် 'အိမ်ထဲကမောင်အိမ် ထောင်' ဆိုသည့် အစီအစဉ် သစ်ကို မေလနောက်ဆုံးပတ်တွင် စတင်အကောင်အ ထည် ဖော်တော့မည်ဟုသိရသည်။ အဆိုပါအစီအစဉ်နှင့် ပတ်  သက်၍စနိုးဝှိုက်ဦး လွင် က...''အ ခုရိုက်မယ့် အစီအစဉ်က အိမ်ထောင်သည်တွေရဲ့ အကြောင်းပေါ့နော်။ ကိုယ့် ပတ်ဝန်း ကျင်မှာက အိမ်ထောင်သည်တွေ မြောက်မြားစွာရှိတယ်လေ။ အဲလိုအများကြီးရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပုံစံလေးတွေထပ်တူမကျဘူး။ သူ့အလွဲလေးတွေနဲ့သူအဆင် ပြေမှုလည်းရှိသလို၊ အဆင်မပြေမှုလေး တွေလည်း အိမ်ထောင်တိုင်းမှာရှိတယ်လေ။ အဲဒါ လေးတွေကို ရယ်စရာဟာသလေးအဖြစ် ဖန်တီးမှာပါ။ တစ်ပတ်နဲ့ တစ်ပတ်လည်း မတူ ဘူး၊ တစ်မျိုးစီပေါ့။ ပါဝင်သရုပ်ဆောင်ပေးကြမယ့် သူတွေကိုလည်း ဘတ်ဂျက်ပေါ် မှာမူ တည်ပြီး လုပ်မှာပါ။ ဘတ်ဂျက်ကတောင့်တောင့်တင်းတင်းရတယ်ဆိုရင် မင်းသားမင်း သ မီးတွေသုံးမယ်။ ဘတ်ဂျက် အနေ အထားအရ ချွေတာရမယ်ဆိုရင်တော့ ဇာတ်ပို့၊ ဇာတ်ရံ၊ ဟာသသရုပ်ဆောင်တွေကိုသုံးမယ်။ မေလအကုန်လောက် တော့ လုပ်ဖြစ်မယ် ထင် တယ်။ အဲဒီအစီအစဉ်အတွက် ဦးလွင်ဘက်ကတော့ အသင့်ဖြစ်နေပြီ။ ဒါပေမဲ့အခုလော လော ဆယ်ချက်ချင်း ထမလုပ်သေးတာက ဒါရိုက်တာမောင်မောင်ဦးနဲ့ နိုင်းနိုင်း မရှိ သေး တာလည်းပါတယ်။ နောက် ဦးလွင်တို့စနိုးဝှိုက်က 'ပင်လယ်ကိုဖြတ်၍'ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီးရုံတင်ဖို့လုံးပန်းနေတော့မအားတာတွေရယ်ကြောင့်ပါ''လို့ပြောပြပါတယ်။                                                        

သင်္ကြန်ဇာတ်ကားသစ်ရိုက်ထားတဲ့ ပြေတီဦး
အနုပညာကြေးကို တိုးလည်းမယူ၊ လျှော့ချခြင်းလည်းမရှိဟုဆို။
    ပြေတီဦးနဲ့ဆုံတွေ့ခိုက် အနုပညာ ကြေး အလျှော့အတင်းကိစ္စ၊ သင်္ကြန် ဇာတ်ကားကိစ္စ များအပေါ် မူတည်ပြီး ယခုလိုမေးဖြစ်ခဲ့ပါတယ်။
    အခုအချိန်မှာ တချို့သော သရုပ် ဆောင်တွေက သရုပ်ဆောင်ကြေးလျှော့ယူ ရမယ် စသဖြင့် ပြောနေကြတယ်လေ။ အဲဒီ အပေါ်မှာဘာများပြောစရာရှိသလဲ။
    တကယ်တမ်းပြောရရင် သူများတွေ ကတော့ မသိဘူး၊ ကျွန်တော်က အရင် ကတည်း က သရုပ်ဆောင်ကြေးကို ပိုကို မယူထားတာပါ။ တချို့သော သရုပ် ဆောင်တွေ၊ ကျွန် တော်နဲ့တန်းတူတဲ့ သူ တွေ ကျွန်တော့်ထက်အများကြီး ယူကြ တယ်လေ။ ကျွန်တော်က အဲဒီအတွက် အခုအချိန်မှာ လျှော့ဖို့လည်း မရှိသလို တိုးဖို့လည်းမရှိပါဘူး။ ပုံမှန်လေးအ တိုင်း ပဲသွားမယ်။
    သင်္ကြန်ဇာတ်ကားတွေ အရိုက်ကျဲတဲ့ ပြေတီဦးက ၂ဝဝ၉ ခုနှစ်မှာသင်္ကြန် ဇာတ် ကားအသစ်တွေများ ရိုက်ထားသေးလား။
    ကျွန်တော်ကတော့ ထူးထူးခြားခြား သင်္ကြန်ဇာတ်ကားတစ်ကား  ရိုက်ထား တယ်။ ခင်ဗျားပြောသလို ၂ဝဝ၉ သင်္ကြန် အတွက်ပေါ့။ 'ရင်ခတ်တန်ခူး'ဆိုတဲ့ ဇာတ်ကားပါ။ ကျွန်တော်ရယ်၊ နဝရတ် ရယ်ပါ။ အသစ်လတ်လတ်ဆတ်ဆတ်ဆို လို့ ဒီတစ် ကားပဲ ရှိ ပါတယ်။
    သင်္ကြန်ဆိုရင်ထူးထူးခြားခြား ဘာလုပ် လေ့ရှိသလဲ။
    ထူးခြားမှုကတော့ သင်္ကြန်ဆိုရင် ကျွန်တော် ဘာအလုပ်မှ မလုပ်ဘူးဗျ။ လုံးဝ Relax  ပဲ။ သူငယ်ချင်းတွေဆီ သွားမယ်။ ဒါပဲရှိပါတယ်။ ကျွန်တော်က သရုပ်ဆောင် သူငယ်ချင်း မဏ္ဍပ်တွေသွားတယ်။ အဲဒီ လောက်ပါပဲ။
    တချို့သော သရုပ်ဆောင်တွေက ဇာတ် လမ်းတစ်ခုကြိုက်ပြီဆိုရင် ဝယ်သိမ်း တာတို့၊  Producer  ကြိုက်ရင် ထုတ်ရိုက်တာတို့ စသဖြင့် ရှိကြတယ်လေ။ ပြေတီရော အဲဒီလို မျိုးရှိလား။
    ရှိပါတယ်။ ကျွန်တော်အရင်ကတည်း က ကျွန်တော်ကြိုက်တဲ့ ဇာတ်လမ်းတွေကို ဝယ် သိမ်းခဲ့ပါတယ်။ ကျွန်တော်တစ်ခုပြော ပြမယ်။ 'ကျွန်မပခုံးမှာ လိပ်ပြာတစ်ကောင် နားခဲ့ဖူး တယ်'ဆိုတဲ့ကားဆိုရင် ကျွန်တော် ဝယ်ထားတဲ့ ဇာတ်လမ်းလေးပေါ့။ ဒါရိုက် တာဝိုင်းပါ။ အဲဒီလိုမျိုး ဇာတ်လမ်းရှာရတာ ကိုလည်း စိတ်ဝင်စားတယ်ဗျ။

နန္ဒာလှိုင် ဆီးချိုရောဂါဖြစ်လို့ ဆေးရုံတက်ရတာမဟုတ်ပါ
    နန္ဒာလှိုင် ဆီးချိုရောဂါဖြစ်လို့ SSC ဆေးခန်းမှာ တက်နေတာ ဟုတ် ပါသလား၊ သူ့အ ခြေအနေ ဘယ်လိုရှိလဲဆိုပြီး ပေါ်ပြူ လာဂျာနယ်တိုက်ကို သူ့ပရိသတ်တွေက စိုးရိမ်တ ကြီးမေးလာကြပါတယ်။ ဘယ်က ဘယ်လို နန္ဒာလှိုင်က ဆေးရုံတက်သွားရတာလဲဆိုပြီး ကိုယ်တောင်မသိဘဲ မေးလာတဲ့ ပရိသတ်ကြောင့် နန္ဒာလှိုင်ကို ဖုန်းဆက်ပြီး လှမ်းမေး ကြည့်တော့ ''မဟုတ်ပါ ဘူး။ အစ်မအမေဒေါ်ခင်လှဃ ဆေးခန်းမှာ တက်တာပါ၊ အမေက ဆီးချိုကလည်း နည်းနည်းပါ။ သွေးအားနည်း သွားတာနဲ့ ဆေးခန်းတင်လိုက် တာ၊ အခု ကောင်းသွားပါပြီ။ အစ်မက ကိုယ့်အမေဖြစ်နေတော့ ဆေးခန်းမှာ စောင့်ပေးနေတာပါ။ အစ်မ ဘာမှမဖြစ်ပါဘူး။ ဒီလိုအစ်မ နေမကောင်းဖြစ် နေတယ်ထင်ပြီး စိုးရိမ်ပြီး မေးတဲ့ ပရိ သတ်တွေကိုလည်း နန္ဒာ ကျန်းမာပကတိ ချမ်းသာစွာရှိပါ့လို့၊ အခုလို အစ်မကိုချစ် လို့အား ပေးပြီး စိုးရိမ်တဲ့ ပရိသတ်ကြီး ကိုလည်း ကျေးဇူးပါ'' လို့ ပြောကြားခဲ့ပါတယ်။  သူ့ပရိသတ် စိုးရိမ်မယ်ဆို လည်း စိုးရိမ်စရာပါ။ နန္ဒာလှိုင်က မကြာခင်မှာ သူ့ရင်သွေးလေးကို မွေးဖွား တော့မှာဖြစ်လို့ပါပဲ။

သက္ကရာဇ်ဗေလုဝ အသက် ၁၈ နှစ်ပြည့်ရင် သားဘီလူးဇာတ်ကို
ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီးရိုက်မယ်

    ဗေလုဝနဲ့ ဆုံဖြစ်ခိုက် ဘီလူး ဇာတ်ကားအကြောင်းနဲ့ ပတ်သက် တဲ့ အနုပညာဆိုင်ရာ ကိစ္စတွေကို အခုလို မေးဖြစ်ခဲ့ပါတယ်။
    ဇာတ်ကားတစ်ခုကို ရုပ်ရှင် ကားကြီးအဖြစ် ရုံတင် ပြသကြ တယ်။ ရုံတင်ပြီး သွားရင် စီဒီ သုံး ချပ်တွဲ ဗီဒီယို အနေနဲ့ ပြန်ထုတ် ကြတယ်။ အဲဒီအခါမှာ သရုပ် ဆောင်တွေကို အနု ပညာကြေး ထပ်ပေး သေးလား။
    မပေးပါဘူး။ ကားကြီးတစ်ကားစာ ပဲရပါတယ်။ ဒါ ဘယ် ခေတ်ကဖော်မြူလာ လဲတော့ မသိဘူး။ လုံးဝမရပါဘူး။
    ၂ဝဝ၉ ထဲမှာ ရုပ်ရှင်ကားကြီး တော် တော်များများ ရိုက် ထားတယ်ဆို။ အ ကယ် ဒမီမှန်းမယ့်ကားတွေ လား။
    သိပ်မရှိပါဘူး။ နှစ်ကား သုံးကားတည်းပါ။ နောက်ထပ် ဘာတွေ ထပ်ရိုက်ဖြစ်မယ် ဆို တာ တော့ မသိသေးဘူး။ အကယ်ဒမီ ကတော့ အင်း .. အကယ်ဒမီ ပဲပေါ့ဗျာ။
    ဗေလုဝရဲ့ ကာရိုက်တာ ခပ် မိုက်မိုက်နဲ့ ကားကြီးတစ်ကား လောက် မရိုက်ချင် ဘူးလား။
    ရှင်းရှင်းလေးပါ။ ခပ်မိုက်မိုက် ပရိုဂျူဆာတစ်ယောက်နဲ့ မိုက်မိုက် ကန်းကန်း ဒါရိုက်တာ တစ်ယောက်ပဲ လိုတယ်။ ဒါပေမဲ့ ပြောလို့မရပါဘူး။ ရုပ်ရှင်ရဲ့ ပုံသဏ္ဌာန်တွေ၊ ဈေးကွက် ပုံ သဏ္ဌာန်တွေ ရှိသေးတယ်။ ဖြစ် လာချင်ဖြစ်လာမှာပါ။
    သင်္ကြန်မှာ မှတ်တိုင်တွေ အများ ကြီးစိုက်ခဲ့သူဆိုတော့ ဒီနှစ်သင်္ကြန် ရော ဘာတွေလုပ်ဖို့ ရှိနေသလဲ။
    အရင်တုန်းကတော့ သင်္ကြန် နဲ့ပတ်သက်ပြီး မှတ်တိုင်တွေ အများကြီးစိုက်ခဲ့ပါတယ်။ နောက် ပိုင်း မှတ်တိုင်မစိုက်ဖြစ်တာတောင် ကြာသွားပါပြီ။ အရင်တုန်းက အချိန်တွေ၊ ရူး သွပ်ခဲ့တဲ့ အချိန် တွေကို ပြန်လွမ်းနေတာ ပေါ့။ ဒီနှစ်သင်္ကြန်လည်း ရေ ပက်ခံထွက်၊ မဏ္ဍပ် ဖျော် ဖြေရေးတွေနဲ့ပဲ ကုန်ဆုံးမယ် ထင်တယ်။ ဒါမှ မဟုတ် သာသနာ့အရိပ်ဝင်ပြီး ရေ ပက် ခံထွက် မလားလို့... (ရယ်လျက်)။
    Returns of  ဘီလူးကို ဒီ ၂ဝဝ၉ ထဲမှာ ရိုက်ဖြစ်ဦးမှာ လား။
    သွားပါပြီ၊ ဝေးသထက် ဝေးသွားပါပြီ။ မထင်တော့ ဘူး။ ကျွန်တော့်မှာ အတွေး တစ်ခုရှိ တယ်။အဲဒါကတော့ ဘာလဲဆိုတော့သားအကြီး သက္ကရာဇ် ၁၈ နှစ်ပြည့်ရင် သားဘီလူးကို ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီးရိုက်မယ်။ အခု 'ဘီလူးပြန်လာပြီ' ဇာတ်ကား ဟာလည်း ပရို ဂျူဆာပြဿနာ ကြောင့် မရိုက်ဖြစ်သေးတာပါ။ နောက်တစ်ခုက သားဘီလူးကို မီးပွားနဲ့ပဲ ရိုက်မယ်။ မီးပွားမသေ သေး ရင်ပေါ့ဗျာ။ ဟဲ..ဟဲ  TTL

ကွယ်လွန်သွားကြပြီဖြစ်သော ပန်းချီဆရာကြီးများ၏ လက်ရာမွန်များ ပြသ လျက်ရှိသော မန္တလေးပံသုစန္ဒာ
  ကွယ်လွန်သွားကြပြီဖြစ်ကြသော ပန်းချီဆရာကြီးများ၏ လက်ရာမွန် ပန်းချီကားများကို ပံသုစန္ဒာ ပန်းချီ ပြခန်း ပိုင်ရှင်ဒေါ်ချိုချိုအောင်က ၂၅.၂.၂ဝဝ၉ ရက်နေ့ နံနက်  ၉ နာရီက ၂၇x၂၈ လမ်းကြား၊ ၇၈ လမ်းရှိ ပံသုစန္ဒာ ပန်းချီပြခန်း၌ ပြသ သွားခဲ့သည်။
    အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီ ဆရာကြီးများ၏ ပုံတူပန်းချီကား များ၊ မဂ္ဂဇင်း၊ ဝတ္ထုသရုပ် လဖော်ပုံ ပန်းချီကားများကို ရှားရှားပါးပါး သိမ်းဆည်းထားပြီးပြသသွားခဲ့သည်။ ပြပွဲလာသူ များအား အလွယ်တကူ မှတ်သားလေ့လာနိုင်ရန် ပန်းချီ ဆရာကြီးများ၏ ဘဝမှတ်တမ်းစာ ဖိုင်များကို ခင်းကျင်းပြသသွားသည်။
    ပြပွဲတွင် အလင်္ကာကျော်စွာ ဦးစောမောင်၊ ဦးချစ်မြဲ၊ ဦးဘကျင်၊ ဆရာသောင်၊ ဦးရွှေစိုး၊ ဦးအောင် ခင်၊ ပေါ်ဦးသက်နှင့်ဦးကျော်လေး တို့၏ မှတ်တမ်းများကို လေ့လာခဲ့ရ သလို အ ခြားပန်းချီဆရာကြီးများ၏ လက်ရာကောင်းများလည်း စုံစုံလင် လင်တွေ့ရှိရသည်။

မိဘကို အသက်လေးနှစ်ကျော်ကစပြီး အနုပညာနဲ့လုပ်ကျွေးလာတဲ့ အိစိကွေး
    အသက် လေးနှစ်ခွဲလောက် ကတည်းက Nutro-Plus ကြော်ငြာ မှာ ဆုမေနဲ့အ တူပါ ဝင်သရုပ်ဆောင် ရာကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ကလေးသရုပ် ဆောင် အိစိကွေးဟာအခုဆို ၈ နှစ် အရွယ်ကို ရောက်ရှိလာပါပြီ။ သူ့ရဲ့ အနုပညာသက် တမ်း လေးနှစ်ကျော် အတွင်းမှာ ကြော်ငြာ၊ ဗီဒီယိုများ သာမက ရုပ်ရှင်နဲ့ဒီဗီဒီများမှာလည်း ပရိသတ် သတိထားမိလောက် အောင်သရုပ်ဆောင်ကောင်း ခဲ့ပါတယ်။ လက်ရှိ ရုံ တင်နေ တဲ့ ခန့်စည် သူရဲ့ 'အများ နဲ့မသက် ဆိုင်သောသူ' ရုပ်ရှင်ကားကြီးမှာ လည်း ဝါရင့်သရုပ် ဆောင်များစွာ နဲ့အတူ မိန်းကလေးပုံစံမျိုး သရုပ် ဆောင်ထားသလို၊ လူမင်း၊ ဖိုးချစ်နဲ့ ထွန်း အိန္ဒြာဗိုတို့ ပါဝင်တဲ့ '၅၂၈ မျဉ်းပြိုင်' ဇာတ်ကားမှာလည်း မွေးစားသားငယ်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ကောင်းခဲ့ သူလေးဖြစ် ပါတယ်။ သူဟာတစ်ဦးတည်းသော သားဖြစ်ကာ ကျောင်းနာမည် ကိုကိုအောင်ဖြစ်ပြီး အနုပညာ နာမည်က အိစိကွေးဖြစ်ပါ တယ်။ ဒုတိယ တန်းစာမေး ပွဲကို ဖြေဆိုထားပြီး နွေ ကျောင်းပိတ်ရက်မှာ အနုပညာအလုပ်တွေ လုပ်နေသ လို အရှင် ဆေကိန္ဒရဲ့ ယဉ်ကျေး လိမ္မာ သင်တန်းကျောင်း မှာတက်နေသူ ဖြစ်ပါ တယ်။ သူ့ရဲ့အနုပညာ ကြေးများနဲ့မိဘကို လုပ်ကျွေးနေသလို သူ့ရဲ့ အနု ပညာကြေးထဲ ကနေ အလှူ ဒါနများလည်း အမြဲတမ်းပြု လုပ်ဖြစ်ကြောင်း သိရပါတယ်။

အဝေးဆုံးကမ္ဘာထဲက
ကချင်ကပြားမလေး ခရစ္စတီးနား

  'အချစ်နဲ့အဝေးဆုံးကမ္ဘာ'လို့ အမည်ပေးထားတဲ့ ဒီဗီဒီဇာတ်ကားမှာ ကချင်-မြန်မာ ကပြား မလေးအဖြစ် သရုပ်ဆောင်နေသူ ခရစ္စတီးနားကို ကချင်ရိုးရာအဆင်လေးများနဲ့ ချုပ် ထား တဲ့ မြန်မာဝတ်စုံလေးများ ဝတ် ဆင်သရုပ်ဆောင်နေတာ တွေ့ခဲ့ရပါ တယ်။ စမ်းချောင်းမြို့နယ်ရှိ ရှရီ အထည်ဆိုင်က တာဝန်ယူချုပ်ပေးခဲ့ တယ်လို့သိရပြီး၊ ကချင်စ ကားပြောဒီဗီဒီ မှာ ပထမဦးဆုံးပါဝင်ပေးခဲ့တာ ဘာ ကြောင့်ပါလဲလို့ မေးတော့...
    ''ဖြစ်နိုင်ရင်တော့ မြန်မာတစ် နိုင်ငံလုံးကို ဖြန့်ချိတဲ့ကားတွေမှာပဲ ပါဝင်ချင်တယ်။ ဒါပေမဲ့ အခုက ဒေါင် လွဏ်းနဲ့ ရေဗက္ကဝင်းတို့အတွက် ကချင်ဇာတ်လမ်းလေးမှာ အဓိကနေရာက ပါပေးရ တယ်။ ကချင်စကား နည်းနည်းပြောရမယ်။ အဲ လိုဆိုတော့ အတွေ့ အကြုံအသစ် တစ်ခုဖြစ် နေလို့လုပ်တာပါ။ ရိုက်ပြီး သလောက်လည်း အဆင် ပြေနေပါတယ်'' လို့ ပြန် လည်ရှင်းပြပါတယ်။ အဆိုတော်နှစ်ယောက် က အိုက်တင်မှာ ကိုယ့်ကိုမီပါ့မလား လို့ ဆက်လက်မေး ဖြစ်တော့ ရယ် မောရင်း..
    ''အခုက အဆိုတော် တွေလည်း သရုပ်ဆောင် တတ်တယ်။ လှလည်း လှ ကြတယ်။ ဒါရိုက်တာသင် ပေးတာကို လုပ် နိုင်ကြပါတယ်'' လို့ဖြေပါတယ်။ သီချင်းဆိုဖြစ်လာ လို့ အဆိုတော် တွေအပေါ်ကူညီ ပေးချင်တဲ့စိတ်ပို ဖြစ်လာသလားလို့ ဆက်မေးခဲ့ရာ..
    ''မဟုတ်ပါ ဘူး။ သီချင်းဆိုခဲ့ တာက နယ်ပရိ သတ်တွေ ကိုယ့်ကို မြင်ဖူးအောင်လို့ပါ။ အခုဆိုတာများလာ လို့ တော်တော် တောင် အဆင်ပြေနေပါပြီ။ သမီး အဆိုတော်တွေနဲ့ခင်တာ အလုပ် အတွက် မဟုတ်ပါဘူး။ သူတို့နဲ့ ရင်းနှီး လာတဲ့အခါ သရုပ်ဆောင်တွေထက် ပိုပြီး ပေါ့ပေါ့ပါးပါး နေကြတာကိုတွေ့ ရတယ်။ သူတို့အလုပ်က ပိုလွတ်လပ် တယ်လို့ မြင်တယ်။ အခုနောက်ပိုင်း သမီးဆိုရင် အပြင်တောင်ထွက်လည် ချင်တဲ့ စိတ်မရှိတော့ဘူး။ ကားရိုက် ပြန်လာတာနဲ့ နောက်နေ့အတွက် စီစဉ်ရတယ်။ အပြင်သွားလို့လူတွေ ကြည့်တာခံရရင်လည်း ရှက်တယ်'' လို့ သူမရဲ့ သရုပ်ဆောင်ဘဝကိုပြော ပြခဲ့ပြီး...
    ''အခုနောက်ပိုင်း သရုပ်ဆောင် အလုပ်လုပ်ရင် အဝတ် အစား၊ဖန်စီကအလယ်၊ မိတ်ကပ်အဆုံး စိတ် တိုင်းကျလုပ်ချင်လာ တယ်။ တစ်ခါ တလေကိုယ်တိုင် ထွက်ဝယ်တယ်'' လို့ ပြောခဲ့ပြန်ပါ တယ်။ ဒီနှစ် သင်္ကြန် အ တွက် သီချင်းတစ် ပုဒ်ကိုယုန် လေး၊ရသ တို့နဲ့တွဲပြီး ဆို ထား ကြောင်း၊Hip Hopသီချင်း ဖြစ်ပြီး'လွန်လွန်း တယ်'လို့ အမည် ရကြောင်း၊ညီမငယ် မာရီယာလည်း အနု ပညာလောကထဲဝင် ရောက်လာဖို့ပြင်ဆင်နေ ပြီး သူမထက် ပိုအောင် မြင်စေချင်ကြောင်းပြော ပြသွားခဲ့ပါတယ်။

ရွှေပြည်သာရှိ သီလရှင် စာသင်တိုက် စေတနာအလှူရှင်များလိုအပ်လျက်ရှိ
    ရွှေပြည်သာမြို့နယ်တွင်းမှာ တည်ရှိတဲ့ 'ရွှေရတနာ' ပရဟိတသီလရှင် စာသင်တိုက် ဟာပရဟိတလုပ်ငန်းများနဲ့ စာသင်စာချဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိရာ မိဘ မဲ့နဲ့ ဆင်းရဲနွမ်းပါးပြီး ပညာရေးကို စိတ်ဝင်စားတဲ့ အမျိုးသမီးငယ်များကို သီလရှင်အဖြစ်ချီး မြှင့်ပြီး အတန်းပညာများလည်း ဆက်လက်သင်ကြားပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဧရာဝ တီတိုင်းအတွင်းရှိ လေဘေးသင့်ဒေသကျေးရွာများမှ အမျိုးသမီး ငယ်ကျောင်းသူများကို လည်း  သီလရှင်ဝတ်ပေးကာ ပညာသင်ကြားပေးနေပါတယ်။
    ယခုဆောက်လုပ်ဆဲ ပင်မကျောင်းဆောင်အဆောက်အအုံဟာ ခေါင်မိုးတစ်ခုမှလွဲပြီး ဘေးအကာများမရှိလို့ အလှူရှင်များလိုအပ်နေပါတယ်။ ပရဟိတလုပ်ငန်းနဲ့ စာသင်စာချ    ဆောင်ရွက်မှုများ ရေရှည်ရပ်တည်နိုင်ဖို့ ဆွမ်း၊ သင်္ကန်း၊  ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါးနဲ့  ပညာရေးမြင့်မားစေရန် အလှူငွေများလိုအပ်နေပါသဖြင့် 'ရွှေရတနာ' ပရဟိတစာသင်   တိုက်ကို ဆက်သွယ်လှူဒါန်းလိုပါက တိုက်အုပ်ဆရာလေး ဒေါ်ပညာစာရီ၊ ဖုန်း-ဝ၉၅၁၄၈၇၉၃၊ သံဒင်း၊ အမှတ်(၂ဝ) ရပ်ကွက်၊ မကွေးလမ်း၊ ရွှေပြည်သာ မြို့နယ်သို့ ဆက် သွယ်လှူဒါန်းနိုင်ပါတယ်။    

စာနယ်ဇင်းများ၏ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်
ဆီမီး ၁၈ဝဝဝ ပူဇော်ကုသိုလ်ယူပွဲ
    ၁၆.၁.ဝ၉ နေ့မှာ ဒါရိုက်တာ အဏ်ထော်နီက စာနယ်ဇင်းသမား တွေကို ကျိုက်ထီးရိုးဆံ တော်ရှင် စေတီတော်ဖူးစေချင်လို့ (ကုသိုလ် ယူစေချင်လို့) ဆိုပြီး ကျွန်တော်တို့ကို စရိတ်  စက အကုန်အကျခံပြီး ပို့ပေးခဲ့တယ်။ ရိုးရိုးလေးတည်းခိုခန်း လို့ ရိုးရိုးလေးမော်တော်ယာဉ် တို့က ဒေါ်မြမြဝင်းတို့၊ ကိုသန့်နိုင်တို့ မောင် နှမတွေကလည်း နေရေးထိုင်ရေးက အစလို လေသေးမရှိ ပြုစုစောင့် ရှောက်ကြပါတယ်။ ကျိုက်ထီးရိုးဆံ တော်ရှင်ကြီးကို ရွှေသင်္ကန်း ကပ်လှူ၊  နံနက်အရုဏ်ဆွမ်းကပ်လှူ၊ ကျိုက် ထီးရိုး ဘိုးဘိုးကြီးတို့၊ တောင်ပိုင် ဘိုးဘိုးကြီး၊ ဘိုးဘိုးနီတို့ကို ကန် တော့ပွဲတွေ လှူဒါန်း၊ အစ်မတော် ရွှေနန်းကျင်တို့ကိုလည်း လှူဒါန်း အ မျှပေးဝေပြီးကြတဲ့အခါ  တောင် ခြေဆင်းခဲ့ကြပါတယ်။ တောင်ခြေ ရောက်လို့ ခေတ္တအ မော အပန်းဖြေ နေကြတုန်း ဟိန္ဒူလူမျိုးတွေ တစ် အုပ်ကြီးရောက်လာကြပြီး 'ဆီမီး ၉ဝဝဝ' ကပ်လှူဖို့ ပြင်ဆင်နေကြ တာတွေ့ရတယ်။ အဲဒီမှာတင် ဦးမြတ်ခိုင်က ''ကျွန်တော်တို့ စာ နယ် ဇင်းတွေလည်း ဆီမီးလှူကြရင် မကောင်းဘူးလား။ သူများထက်ပို ကုသိုလ်ရအောင် ဆီမီး ၉ဝဝဝ မပူ ဇော်ဘဲ ဆီမီး ၁၈ဝဝဝ ပူဇော်ကြတာ ပေါ့''လို့ အဆိုပြုတယ်။ အဲဒီမှာတင် စာနယ်ဇင်းဆရာတွေဖြစ်ကြတဲ့ ကိုအောင်သျှံဝိုင်း၊ ကိုအောင်စိုးသူ၊ ဦးသန့်၊ ကိုမျိုး (ကြောင် နှစ်ကောင်)၊ ကိုဆူးဈာန်၊ ဒါရိုက်တာ အဏ်ထော် ဏီနဲ့ ကျွန်တော်တို့ တစ်စုလုံးက 'ဒီ အ ကြံသိပ်ကောင်းတယ်' ဆိုပြီး ချက် ချင်းအတည်ပြုလိုက်ကြတယ်။ ပြီး တော့ သူတို့ဘာ သာ သူတို့ ဘဏ္ဍာ ရှာဖွေရေးကော်မတီ၊ ဖြစ်မြောက် ရေးကော်မတီ၊ ပြန်ကြားရေးကော်မ တီတွေ ဖွဲ့လိုက်ကြတယ်။ ကျွန် တော့်ကို ဥက္ကဋ္ဌတင်၊ ဦးမြတ်ခိုင်ကို အတွင်းရေးမှူး တင် ပြီး ရန်ကုန်လည်း ပြန်ရောက်ရော စတင်အကောင် အထည် ဖော်ကြတော့တာပဲ။ တပေါင်း လပြည့်နေ့ညမှာ ဆီမီး ၁၈ဝဝဝ ကပ်လှူမယ်ဆိုတော့ လှုပ်ရှားခွင့်ရတဲ့ ရက်ကလည်းတစ် လ မပြည့်တပြည့်။

    သဒ္ဓါတရားထက်သန်ကြတဲ့ စာပေနယ်၊ ရုပ်ရှင်ဂီတနယ်တွေက အလှူရှင်တွေ ဝိုင်းဝန်း လှူဒါန်းကြတာနဲ့ပဲ တပေါင်းလပြည့်နေ့ နံနက်မှာ လူ ၄ဝကျော်လောက် ကားကြီး နှစ်စီးနဲ့ ထွက်ခဲ့ကြတယ်။ ရှေ့ပြေး ကြိုပွိုင့် သွားနှင့်သူတွေကတော့ ကိုအောင်စိုးသူရယ်၊ကိုနွယ်ဦး ရယ်၊ ကိုဆူးဈာန်ရယ်ပါပဲ။ လိုက်ပါဖို့ ပထမ စာရင်းပေးသွင်းထားကြတာ လူပေါင်း ၉ဝ နီး ပါး ရှိပေမယ့် တကယ်တမ်းကျတော့ တစ်ဝက် လောက်ပဲ လိုက်နိုင်ခဲ့ကြပါတယ်။
    ထူးခြားတာကတော့ ရန်ကုန် က ပရိသတ်တင်မကဘူး၊ မန္တလေး က ဦးဇော်မြင့် (ရီမြင့် ရုပ်ရှင်) က ၁၃ ဦးနဲ့ သီလရှင်ဆရာကြီး ၇ ပါးတို့ ပါ ဆီမီး ၁၈ဝဝဝ ပွဲကို ဆင်နွှဲ ကုသိုလ်ယူ ကြတာဖြစ်ပါတယ်။ သူတို့ကတော့ ရန်ကုန်ကို မလာဘဲ မန္တလေးကနေ ဆင်းလာကြပါ တယ်။ ကျွန်တော်တို့စာနယ်ဇင်း တွေ အဖွဲ့မှာတော့ လျှပ်တစ်ပြက် ဂျာနယ်၊ အလင်းတန်း ဂျာနယ်၊ အလင်္ကာဂျာနယ်၊ နေလဂျာနယ်၊ ရွှေမြန်မာဂျာနယ်၊ မုခမဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း၊ ရုပ်ရှင်အမြုတေ မဂ္ဂဇင်း၊ အင်တာနေရှင်နယ်မဂ္ဂဇင်း၊ ဟဲလိုဂျာနယ်၊ ပန်းလင်္ကာမဂ္ဂဇင်း၊ အ ပျိုစင်မဂ္ဂဇင်း၊ ဖီးနစ်ဂျာနယ်၊ လာဘ်မိုးဆွေစာပေ၊ ဘုန်းရောင် ဂျာနယ်၊ ပေါ်ပြူလာဂျာ နယ် စသဖြင့် မဂ္ဂဇင်းဂျာနယ်အသီးသီးက အလွှာစုံပါဝင်ကြပါတယ်။ တစ်ဦးနဲ့ တစ်ဦး သိ ကျွမ်း ရင်းနှီးကြသူတွေပါ သလို အခုမှပဲ တွေ့ဖူးဆုံဖူးတဲ့ လူ တွေလည်း ပါပါတယ်။ အခု ဆီမီး ၁၈ဝဝဝ ပူဇော်ပွဲကို ပြုလုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓ တရားတော်တွေကို မျိုးဆက်သစ် စာနယ်ဇင်းတွေ သေသေချာချာ လေ့လာနိုင်ကြဖို့ရယ်၊ ဆံတော်ရှင် ကျိုက် ထီးရိုး စေတီတော်ရဲ့ ထူးခြား အံ့မခန်းမှုကို မျက်ဝါးထင်ထင်တွေ့ မြင်ဖူးမြော်ဖို့ရယ်၊ စာ နယ်ဇင်းတွေရဲ့ ညီညွတ်ရေးကို ပိုမိုတည်ဆောက် နိုင်ဖို့ရယ်ပါပဲ။
    ဒါကြောင့် ခရီးမသွားမီက တည်းက ကန့်သတ်ချက်စည်းမျဉ်း တွေကို သေသေချာချာ ချမှတ် ထားပါတယ်။ ကုသိုလ်ခရီးစဉ် တစ် လျှောက်လုံး Press အမှတ်အသား စတဲ့ လည်ဆွဲကို ချိတ်ဆွဲထားဖို့၊ ကုသိုလ်ခရီးစဉ်တစ်လျှောက် သက် သတ်လွတ်ပဲစားဖို့၊ စည်း လုံးညီညွတ် မှု ပျက်ပြားစေမယ့် အပြောအဆို၊ အပြုအမူ၊ အနေအထိုင်တွေကို လုံးဝရှောင် ကြဉ်ဖို့စတဲ့ အရာတွေ ပါပါတယ်။
    ဒီကုသိုလ်ခရီးစဉ်မှာ စာနယ် ဇင်းတွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေအပြင် ကုသိုလ်ပါ ဝင်ကြတဲ့ စေတနာရှင်အလှူရှင်တွေလည်း လိုက်ပါ ကုသိုလ်ယူကြတာ ဖြစ်တော့ စာနယ် ဇင်းတွေအနေနဲ့ သူ တို့ကို ဦးစားပေး၊ ဧည့်ဝတ်ကျေပွန် ရမယ်၊ လိုအပ်တာတွေကို ပံ့ပိုးကူ ညီရမယ်၊ အနစ်နာခံစရာရှိရင် ကိုယ့်ဘက်ကပဲ အနစ်နာခံရမယ်ဆို တာတွေကိုသေသေ ချာချာရှင်းလင်း ပြထားကြပါတယ်။တောင်တက်အစ မှာပဲ တံတားတစ်ခုဖွင့်ပွဲနဲ့ ကြုံနေပြီး စာနယ်ဇင်းသမားတွေကို ဖဲကြိုးဖြတ် အဖွင့်ခိုင်းတော့ မင်္ဂလာခရီးရဲ့အစ ကနဦးကိုက မင်္ဂ လာရှိနေပြီပေါ့။
    စာရေးဆရာတွေကို ချစ်ခင် လေးစားတဲ့ ဆရာမောင်ဆွေသက် နဲ့ ဆရာမ မသက်ဆွေ  (သရက်) တို့ လည်း အလှူပါဝင်ပြီး ဒီခရီးစဉ်မှာ လိုက်ပါ လာကြပါတယ်။ ဆရာ မောင်ဆွေ သက်တို့ ဇနီးမောင်နှံက ပေါ်ပြူလာနယူးစ်ဂျာနယ်ရဲ့ အကြံ ပေးပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ ဆရာ မောင်ဆွေသက်ဆိုရင် နိုင်ငံ့ တာဝန် ကို ရာထူးကြီးကြီးမားမား အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အသက်အားဖြင့်၊ ဂုဏ်အားဖြင့် ကြီးမြင့်သူများဖြစ် ပေမယ့် လည်း 'ပြည့်သောအိုး'များ ထုံးကို နှလုံးမူပြီး လူတကာကို အထူးယဉ်ယဉ်ကျေး ကျေး၊ နှိမ့် နှိမ့်ချချ ပေါင်းသင်းတတ် ကြလို့ သူတို့နဲ့ ဆက်ဆံရသမျှ ပုဂ္ဂိုလ် အားလုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်း သာ ရှိလှပါတယ်။
    ''ဒါက စာရေးဆရာမမိချမ်းဝေ လေ။ ဒါက ဆရာမောင်ရွှေစွန်၊ ဒါက ဆရာအကြည် တော်၊ ဒါက လေးဇီးကလပ်က ကိုနိုင်ဇော်''
    ကျွန်တော်က ဆရာမောင် ဆွေသက်၊ ဆရာမ မသက်ဆွေတို့ကို စာရေးဆရာတွေနဲ့ မိတ်ဆက်ပေး တိုင်း သူတို့ဇနီးမောင်နှံက ဝမ်း မြောက်ဝမ်းသာဖြစ်ပြီး ချက်ချင်းပဲ တရင်း တနှီး စကားလက်ဆုံပြောလို့ မကုန် ရင်းနှီးသွားကြပါလေရော။
    ''ကျွန်မက ငယ်ငယ်ကတည်း က ရုပ်ရှင်မင်းသား၊ မင်းသမီးလည်း  မသိချင်ဘူး၊ အဆို ကျော်လည်း မသိ ချင်ဘူး၊ စာရေးဆရာဆို သိပ်မြင်ဖူး တွေ့ဖူးချင်၊ သိကျွမ်းရင်းနှီးချင်တာ ပဲ''ဆိုတဲ့ ဆရာမမသက်ဆွေ ပြော သော စကားကို ကြားမိလို့ ကိုယ် တိုင်လည်း စာနယ် ဇင်းမှာကျင်လည် နေသူပီပီ ပီတိကြီးစွာဖြစ်မိပါတယ်။
    ''ရင်ပြင်တော်ပေါ်မှာ တီးတာ၊ မှုတ်တာ မလုပ်ရဘူးလို့ကြားရပါ တယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာ မှာ ဖျော်ဖြေရ၊ ဖျော်ဖြေရ၊ ကျွန် တော် တတ်စွမ်းသမျှ ဖျော်ဖြေပေးဖို့ လိုက် လာတာပါ''
    ကိုနိုင်ဇော်(လေးဇီးကလပ်) က ပြောတယ်။ သူတီးတာတွေ အများ ကြီး နားထောင်ဖူး တဲ့အပြင် သူရေး တဲ့ ဆောင်းပါးတွေကို နံနက်ခင်း ဂျာနယ်မှာ ဖတ်ရတဲ့အခါ ကြိုက်လို့ ''ပေါ်ပြူလာမှာလည်း ဝင်ရေးပါဦး ဗျာ''လို့ကျွန်တော်ဆောင်းပါးတောင်း ဖူးတယ်။ ခေတ် ပေါ်ဂီတသမားဆို ရင် ထောင့်မကျိုးသူများတယ်လို့ အပြောများတဲ့ကာလမှာ ကိုနိုင်ဇော် ကတော့ တကယ်ပဲ ယဉ်ကျေးသိမ် မွေ့ပြီး ဆက်ဆံရေးအထူးပြေပြစ်သူ ဖြစ်နေပါတယ်။
    ကျိုက်ထီးရိုးရင်ပြင်ပေါ်မှာ ရောက်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် ပဲ ကိုနိုင်ဇော်ရေးခဲ့ဖူးတဲ့ ကျိုက်ထီးရိုး ဘုရားဖူးခြင်း ဆောင်းပါးကို သွား သတိရမိတယ်။ သူ ဆယ်တန်း ကျောင်း သားဘဝက ကျိုက်ထီးရိုးကို ရထားတစ်တန်၊ ကားတစ်တန်ဖြင့် ပင်ပန်းတကြီးလာခဲ့ပုံ၊ အ ထမ်းသမား တစ်ဦးကို ကူညီရင်း လက်ပတ်နာရီ ကျပျောက်ခဲ့ပုံ၊ သူတစ်ပါးကြဲချသော ပိုက် ဆံများကို ကြိုးစားပမ်းစား လိုက် ကောက်ကာ နာရီဖိုးပြန်ရှာခဲ့ပုံတွေ။ ကျွန်တော် ကျိုက် ထီးရိုးစေတီတော် ကို အကြိမ်ကြိမ် အဖန်ဖန် ရောက်ဖူး တယ်။ ညကြီးမင်းကြီး မီးတုတ် တွေ ကိုင်စွဲလို့ ဘုရားဖူးရတဲ့ကာလတွေ၊ တောင်ပေါ်မှာ သုံးလေးရက်ကြာအောင်နေဖူး၊နေ ရာအနှံ့သွားဖူးခဲ့ တယ်။ ဒါပေမဲ့ တစ်ခါမှ ကျိုက်ထီး ရိုးဘုရားဖူးဆောင်းပါး မရေးဖြစ်ခဲ့ဖူး ပါ။ ကိုနိုင်ဇော်ဆောင်းပါးကို ဖတ်ပြီး ကိုယ့်ဘာသာကိုယ်တောင် အား မလို အားမရ ဖြစ်မိ ပါ တယ်။
    ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ စာနယ်ဇင်းသမားအားလုံးဟာ တစ်ဦးနဲ့တစ်ဦး နဂိုကတည်း က ခင်မင်ရင်းစွဲ ရှိကြပြီးသားတွေပါ။ ဦးမြတ်ခိုင်နဲ့ ကျွန်တော်ဆိုတာ ကတော့ တစ်ဆရာ တည်း တပည့် တွေဖြစ်ကြတဲ့အပြင် ပြည်တွင်း ပြည်ပခရီးစဉ်တော်တော်များများ အတူတူ တွဲ သွားနေကျ၊ တစ်အိပ်ရာ တည်း အိပ်နေကျ ရဲဘော်ရဲဘက် တွေပါပဲ။ ကိုအောင်သျှံဝိုင်း၊ ကိုနွယ် ဦးလှိုင်၊ ကိုကျော်သီဟ (ဟင်္သာတ) တို့ဆိုရင် စာနယ်ဇင်းလောကမှာ ဝါရင့်ပုဂ္ဂိုလ် တွေပါပဲ။ ဘုရား တရား လည်း ကြည်ညိုကြသူတွေပါ။ ကျွန် တော့်ဆီက ဘုရားတွေ တောင် သူ တို့အိမ်တွေမှာပင့်ပြီး ပူဇော်ဖူးကြပါ တယ်။ ကိုအောင်စိုးသူဆိုရင် 'စတိုင် သစ်' မဂ္ဂဇင်းကို နှစ်ပေါင်းများစွာ အောင်မြင်စွာ လုပ်ကိုင်ခဲ့သူဖြစ်တဲ့ အပြင် အခုk First ဂျာနယ် ကိုလည်း လှုပ်အောင်လုပ်နိုင်သူပါပဲ။ သူကိုယ် တိုင်ကလည်း သူ့ရပ်ကွက်မှာ ဘုရား တွေ တည်ပြီး ဘုရားဒကာအဖြစ်ပါ ကုသိုလ်ယူနေသူပေါ့။ လာဘ်မိုးဆွေက ဦးသန့်ဆိုရင်တော့ ဘာသာရေး စာအုပ်တွေ တစ်မျိုးပြီးတစ်မျိုး ထုတ် ပြီး တကယ်ပဲကြီးပွားလာသူပါ။ အလှူ အတန်းဆိုလည်း ရက်ရောတဲ့ သူပဲ။ အခုခရီးစဉ်မှာ သူပဲအပင်ပန်း ဆုံးပါ။ အလင်းတန်းက ကိုလင်းနိုင် ဦးတို့ မိသားစုလဲ ဘုရားဖူးလိုက်လာ ကြပါတယ်။
    သရုပ်ဆောင်သစ်လေးတွေ ဖြစ်တဲ့ နောင်နောင်တို့၊ ပြည့်စုံတို့၊ စိုးရန်အောင်တို့လည်း လိုက်လာကြ တယ်။ သူတို့အားလုံး ယဉ်ယဉ် ကျေးကျေး ရည်ရည်မွန်မွန်လေးတွေ ချည်း ပါပဲ။
    အမျိုးသားစာပေဆုရ ဆရာမ မိချမ်းဝေတို့၊ ရောင်းအကောင်းဆုံး စာရေးဆရာအကြည် တော်တို့လည်း ဒီခရီးစဉ်မှာ တက်တက်ကြွကြွပါလာ ကြပါတယ်။ ဟာသဝတ္ထုတွေနဲ့ အခု နာမည်ကြီးနေတဲ့ ပဉ္စမံဒီရိုင်းနဲ့ လျှပ် တစ်ပြက်အယ်ဒီတာကိုလွမ်းဝေနိုင် တို့ကတော့ ကျွန် တော့်ရဲ့တကယ့် လူရင်းကြီးတွေလေ။သူတို့ကို စာပေနယ်ထဲ ဆွဲခေါ်လာခဲ့မိတဲ့ ကျွန် တော့်အနေနဲ့ သူတို့ရဲ့အောင်မြင်မှု တွေကိုပီတိဖြစ်လို့မဆုံးရှိနေရပါတယ်။ သရော်စာအ ရေးကောင်းတဲ့ ဆရာ မာဂျေဆိုရင်ညလုံးပေါက်နီးပါးကို တရားထိုင်၊ပုတီးစိပ်ကာ သူ့ လောက် ဇွဲသတ္တိ ဘယ်သူမှမရှိကြပါဘူး။
    တပေါင်းလပြည့် ညနေ ၅ နာရီခွဲလောက်မှာ ကျိုက်ထီးရိုးရင် ပြင်အောက်ခြေမှာ ဆီမီး ၁၈ဝဝဝ  စတင်ပူဇော်ကြပါတယ်။ Press ကို ဆီမီးတိုင်တွေနဲ့ စာလုံးပေါင်းပြီး ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးကို ကျွန်တော်တို့ စာနယ်ဇင်းတွေ ပူဇော်ခဲ့ကြပါတယ်။မနက် အရုဏ်မှာပဲ ဆံတော်ရှင်ကြီးကို အရုဏ်ဆွမ်းတွေနဲ့ ပူဇော်ခဲ့ကြတာ သိပ်ကို ကြည်နူးစရာ ကောင်းလှပါ တယ်။ အပြန်ခရီးရသေ့တောင် စခန်းမှာ မြိုင်ကြီးငူဆရာတော်ကြွ လာတာ ကိုဖူးရတာကလဲ ပီတိ အဟုန် ပြောပြ၍မကုန်လောက် အောင်ပါပဲ။ ဒါကပထမဆုံးနှစ်ပဲရှိ ပါ သေးတယ်။ ဒီအစဉ်အလာကို ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ နှစ်ရှည်လများ ကု သိုလ်ယူပူဇော် တဲ့ အစဉ်လာကို ဆက်လက်ထိန်းသိမ်း သွားကြရပါမယ်။

မြန်မာ့စဉ့်အိုးများ ဥရောပနိုင်ငံများအထိ ဈေးကွက်တိုးချဲ့လျက်ရှိ
 စဥ့်အရည်သုတ် စဥ့်အိုးထုတ် လုပ်မှု နည်းပညာများကို ဒေါက်တာ အောင်ဘိုနှင့်အဖွဲ့က ပြည်ပ နည်း ပညာများဖြင့် မြန်မာပြည်အထက် ပိုင်းတွင် တွင်ကျယ်စွာ လုပ်ကိုင်နိုင်ခဲ့ သည်။ ထို့ပြင် တွံတေးအိုးလုပ်ငန်း ကိုလည်း ပြည်ပနည်းပညာများဖြင့် ပူးပေါင်း၍ အရည် သွေးမြင့်မား အောင် စတင်ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်းကို သိရသည်။
    မြန်မာ့ရိုးရာ လက်မှုအနုပညာ လုပ်ငန်းတစ်ခုဖြစ်သော စဥ့်အိုးထုတ် လုပ်မှုမှာ ပြန်လည် ဦးမော့လာကာ ပြည်ပဈေးကွက်များသို့ တင်ပို့လာ နိုင်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့ စဥ့်အိုးများကို ပြည်ပနိုင်ငံများ ဖြစ် သော ထိုင်း၊ ဂျပန်၊ ဗီယက်နမ် အရှေ့တောင်အာရှနိုင်ငံ များသို့ တင် ပို့လျက်ရှိပြီး ဥရောပ၊ ဂျာမနီနိုင်ငံ ဈေးကွက်များထိ တင်ပို့ရန် တိုးချဲ့ ထား ကြောင်း၊ ပြည်ပနိုင်ငံများက စဥ့်အိုးများကို မှာထားကြောင်း သိရ သည်။
    ''အခုဆိုရင် မြန်မာ့စဥ့်အိုး ထုတ်လုပ်မှုတွေ ကောင်းမွန်လာ တယ်။ ပြည်ပဈေးကွက်တွေ ကို ထိုး ဖောက်လာနိုင်တယ်။ ဒေါက်တာ အောင်ဘိုတို့ရဲ့ နည်းပညာတွေနဲ့ ပူး ပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ပြည်ပဈေးကွက်ကို ကွန်တိန်နာ ၃ လုံးခန့် ပေးပို့နိုင်ခဲ့ပါတယ်။ ကွန်တိန် နာ ၁ လုံးမှာ စဥ့်အိုး ၄ဝဝ လောက် ပါပါတယ်။ ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ လမှာ ပထ မဦးဆုံး တင်ပို့ ခဲ့တာပါ'' ဟု မြန်မာနိုင်ငံ စဥ့်လုပ်ငန်းရှင် အသင်း ဒု-ဥက္ကဋ္ဌ ဦးဇော်သန်းက ပြောကြားခဲ့သည်။
    တွံတေးအိုးဖိုစု လုပ်ငန်းကြီးမှာ မိရိုးဖလာ ထုံးတမ်းအစဉ်အလာအရ ထုတ်လုပ်မှုများကို ယခင်ကတည်း က ကျယ်ပြန့်စွာလုပ်ဆောင်ခဲ့၍ ၂ဝဝ၈ ခုနှစ် မေ ၃ ရက်တွင် နာဂစ် မုန် တိုင်းကြောင့် အိုးဖိုထည်အလုပ် ရုံကြီး ပျက်စီးဆုံးရှုံးခဲ့သည်။ ယခု အခါ NGO  များ၏ ကူ ညီပံ့ပိုးမှုဖြင့် မ,တည်ငွေ ကျပ်သိန်း ၃ဝဝ ကို ဘဏ်တွင် အပ်နှံကာ ဘဏ်တိုးငွေ များဖြင့် အိုးဖိုစုလုပ်ငန်းကြီး ပြန် လည်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။              

တတိယစီးရီးအတွက်ပြင်ဆင်နေသလိုယခုနှစ်အတွင်းအိမ်ထောင်ပြုဖို့
စဉ်းစားနေသူ

    မိုးမိုးနဲ့ ဆုံဖြစ်ခိုက် 'တနင်္ဂနွေမိုး ရေစက်များ' ရဲ့ ဗီစီဒီအခြေအနေ တတိယအယ်လ်ဘမ် အကြောင်း များပေါ်မူတည်ပြီး အခုလို မေးမြန်း ခဲ့ပါတယ်။
    အငြိမ့်ကတုန်းက ဖြစ်ခဲ့တဲ့ခြေ ထောက်ဒဏ်ရာ သက်သာသွားပြီ လား။
    ဟုတ်ကဲ့၊ တော်တော်လေး ကောင်းနေပါပြီ။ အဲဒီနေ့က နေ တိုးတို့၊ ဟိန်းဝေယံတို့၊ ကို ကျော်ကျော်ဗိုတို့ အားလုံးကျွန်တော့် အတွက် စိတ်ပူသွားကြတယ်။ ပါးပါး လေးပါ။ ဒါမျိုး ကဖြစ်တတ်ပါတယ်။
    နောက်ပိုင်း အငြိမ့်နဲ့ပတ်သက် ပြီး လှုပ်ရှားမှုတွေများလာတော့မှာ ပေါ့။
    ကျွန်တော်တို့Team နဲ့ပဲရိုက် တယ်ဆိုရင်တော့ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ကတဲ့ လက်တွဲနေကျ သူငယ်ချင်းတွေချည်းပဲ ဆိုရင်တော့ ကဖြစ်မှာပါ။
    City FM က ပထမဆုသီချင်းကို ဖန်တီးတာ မိုးမိုးရဲ့ စိတ်ကူးလား။
    ပြောရမယ်ဆိုရင်တော့ ကျွန် တော်နဲ့စိုင်းစိုင်း ၂ ယောက်ပေါင်း စိတ်ကူးလေးပေါ့လေ။
    တတိယတစ်ကိုယ်တော် အတွက် ပြင်ဆင်နေပြီလား။
    ဟုတ်၊ ပြင်ဆင်နေပါပြီ။ တချို့ သီချင်းတွေဆိုရင် ပြီးသလောက်ရှိ နေပါပြီ။ ပထမ Titile ကို'ရည်းစား သမိုင်းကြောင်း' လို့ပေးထားတယ်။ ဒါပေမဲ့ ဒီနာမည်ကပြန်ပြောင်းသွား ဖို့ရှိ နေပါတယ်။ တစ်ကိုယ်တော် မထွက်ခင်မှာ 'တနင်္ဂနွေမိုးရေစက် များ' ဗီစီဒီ အရင်ထွက် လာပါလိမ့် မယ်။
    ၂ဝဝ၉ ခုနှစ်အတွင်းမှာ အိမ် ထောင်ပြုတော့မယ်ဆို။
    အဲဒီလိုတော့ စဉ်းစားထားပါ တယ်။ တကယ်တမ်းနီးကပ်လာပြီ ဆိုရင်အားလုံးကိုအသိ ပေးတော့မှာ ပါ။
    နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကား ကဘာလဲ။
    'ဘာညာအထာ' ဆိုတဲ့ကားပါ။ နေတိုးနဲ့လေ။ ကျွန်တော်ကနေတိုး နဲ့အရိုက်များတယ်။ နောက်ဇာတ် ကားတစ်ခုမှာ ကျွန်တော်ရေးတဲ့ သီချင်းကို နေတိုးကဇာတ်ဝင်ခန်း သီချင်း ဆိုထားပါသေးတယ်။

ကျန်းမာရေးလည်း စိတ်ချရ လက်ဖက်မှာဆို နေလ
    လက်ဖက်ဆိုတာ မြန်မာလူမျိုး တိုင်းရဲ့အလှူမင်္ဂလာ ပွဲထိုင်ဧည့်ခံ အစားအစာဖြစ်ပါ တယ်။ ဧည့်သည် ဧည့်ခံရုံတင်မက ထမင်းဝိုင်း၊ စကား ဝိုင်း၊ စားသောက်ဝိုင်းတွေမှာလည်း လက်ဖက်ဟာ တွဲဖက်တည်ခင်း စရာ ဖြစ်ပါတယ်။
    အဲဒါကြောင့်လည်း ဈေးကွက် ထဲမှာ လက်ဖက်ကို ခေါင်းစဉ်အမျိုးမျိုး၊ အမည်နာမအ မျိုးမျိုးနဲ့ ရောင်း ချခဲ့ကြပါတယ်။ စားသုံးသူတွေက လည်း ကိုယ့်အစွဲနဲ့ကိုယ် နှစ်သက် ရာ ကို ရွေးချယ်စားသုံးကြတာပါပဲ။
    မကြာခင်ကတော့ ကျန်းမာ ရေးဌာနက ဈေးကွက်တွင်းက လက် ဖက်တွေကို စစ်ဆေးတဲ့အခါ အတော်များများဟာ ဓာတုဆိုးဆေး တွေပါဝင်ပြီး ကျန်းမာရေးနဲ့ မညီ ညွတ်တာကို တွေ့ရှိရကြောင်း ကြေ ညာခဲ့ပါတယ်။
    အဲဒီအထဲမှာ နေလတံဆိပ် အကြိတ်ချဉ်စပ်လက်ဖက်လည်း ပါ ဝင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ် သက်ပြီး နေလလက်ဖက်မိသားစုက စားသုံးသူတွေအတွက် စိတ်မ ကောင်းဖြစ်ပြီး အဖြစ်မှန်ကို ဖွင့် ပြောပြပါတယ်။    
    နေလလက်ဖက်ဟာ အကြိတ် ချဉ်စပ်နဲ့ အညွန့်ချဉ်စပ် နှစ်မျိုး ရောင်းချရာမှာ အကြိတ်ချဉ်စပ် အတွက် လက်ဖက်ကို ကိုယ်တိုင် မထုတ်ဘဲ ကြိတ်စက်တွေက မှာယူ ရောင်းချခဲ့တာဖြစ်ပြီး ခုမှ ဆိုးဆေး တွေပါဝင်ကြောင်း သိရတဲ့အတွက် အခုဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အကြိတ်ချဉ်စပ်ကို ကိုယ်တိုင်ထုတ် လုပ်ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေ ပြီလို့ စားသုံးသူတွေ စိတ်ချလက်ချ စားသုံးနိုင်ဖို့ သတင်းစကားဆိုလိုက် ပါတယ်။
    နေလလက်ဖက်ရဲ့ အဓိက ထားရောင်းချတဲ့ ဇယန်းလက်ဖက် ညွန့်၊ ရှယ်နှစ်ပြန်ကြော်တွေကိုတော့ ဇယန်းကြီးရွာကထွက်တဲ့ ဇယန်း လက်ဖက်စစ်စစ်ရဲ့ အညွန့်လေးတွေ ကိုသာ ရွေးချယ်သုံးစွဲထားပြီး ရှယ် နှစ်ပြန်ကြော်ကို ပဲဆီစစ်စစ်နဲ့ ကြော် ထားတာကြောင့် တာရှည်ခံပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အတွက် သံသယရှင်းရှင်း စားသုံး နိုင်ကြောင်း နေလလက်ဖက်မိသားစု က ရှင်းပြပါတယ်။
    အခုလက်ရှိဈေးကွက်ထဲမှာ ကျန်းမာရေးနဲ့လျော်ညီတဲ့ နေလ အမှတ်တံဆိပ် ဇယန်းလက်ဖက် ညွန့် အချိုနှပ်၊ ဇယန်းလက်ဖက် ညွန့် အစပ်နှပ်၊ ပွဲထိုင်ဂျင်း(ချင်း)နု နှပ်၊ ဂျပန်ဂျင်း(ချင်း)နုနှပ်၊ ရှယ်နှစ် ပြန်ကြော်နဲ့ ဒင်္ဂါးကြက်သွန်ဝိုင်း ကြော်တို့ကိုသာ အဓိကထားရောင်း ချပြီး ဆိုးဆေးပါဝင်ကြောင်း ကြေ ညာခံရတဲ့ အကြိတ်ချဉ်စပ်က တော့ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ကတည်း က နယ်ဈေးကွက်နဲ့ စူပါမားကက် တွေကို ဖြန့်ချိခြင်းမပြုခဲ့ဘူးလို့ ဆိုပါ တယ်။
    ဒါကြောင့် နေလလက်ဖက်က ထုတ်တဲ့ လက်ဖက်အမျိုးမျိုးကို စား သုံးသူတွေ စိတ်ချလက်ချစားသုံးနိုင် ပါကြောင်း၊ ဆိုးဆေးကင်းပါကြောင်း ကတိစကားနဲ့အတူ အလှူမင်္ဂလာ ဧည့်ခံပွဲတွေအတွက် လက်ဖက် အော်ဒါဆောင်ရွက်ပေးလျက်ရှိပါ တယ်။
    ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေလလက်ဖက်ကို ဆက်သွယ်ချင် ရင် ဆိုင်အမှတ်-ဃ/၃၊ လမ်း ၃ဝ နဲ့ ၃၁ လမ်းကြား၊ အဆင့်မြင့် မင်္ဂလာဈေး၊ မန္တလေးမြို့၊ ဖုန်း-ဝ၂-၇၂၄၅၃၊ ဝ၉ ၂ဝ ၂၁ဝ၃၉ နဲ့ အမှတ်-၆၃/ဘီ၊ လှည်းတန်းလမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ဝ၁-၆၁၃၁၃၈၊ ၇၂၇၃၅၄၊ ဝ၉ ၅ဝ ၄၁ဝ၅၇၊ ဝ၉ ၅၁ ၄ဝ၈၉၆ တို့ကို ဆက်သွယ်မှာယူနိုင်ကြောင်းသတင်း ကောင်း ပေးလိုက်ပါတယ်။