ခန့်မင်းထက်

        မနူဟာ

လွတ်မြောက်ခြင်း မလွတ်မြောက်ခြင်းမှာ
တရားရှာဖွေတွေ့ခဲ့လေသလား ...
သစ္စာပန်းများဟာ
မြတ်ဘုရားရှေ့မှာ။ ။

ခန့်မင်းထက်
PERFECT မဂ္ဂဇင်း၊၂၀၀၉


တိတ်တိတ်ဆိတ်ဆိတ်


အိပ်မပျော်သေးတာမို့

ငယ်ဘ၀ဟာ

စက္ကူဖြူတစ်ရွက်လို

အဝေးမှာကျန်ခဲ့

အထီးကျန်ခြင်းဟာ

ပက်ကျိတစ်ကောင်လို

တရွေ့ရွေ့တက်လာမယ်။

 

အမှောင်ထဲ

မမြင်နိုင်တဲ့ ဇာတ်သိမ်းတစ်ခုရှိနေမလား။

တိတ်ဆိတ်ခြင်းမှာ လောင်တဲ့မီးဟာ

ကိုယ့်ကို နာနာကျင်ကျင် ချိန်ထားတဲ့

နေ့ရက်တွေချည်းပဲ။

 

လွမ်းမိတဲ့စိတ်မှာ မှားယွင်းမယ်

လွမ်းမိတဲ့စိတ်မှာ ပျော်ရွှင်မယ်

နေ့မြင် ညပျောက်ဆိုတဲ့ အဓိပ္ပာယ်

နားလည်သွားတဲ့ သူတစ်ယောက်

ဒီလမ်းနဲ့ဒီစခန်းမှာ ကြေကွဲစရာချည်းပဲ။

 

လွတ်ကျသွားတဲ့ တစုံတရာဟာ

ရည်ရွယ်ချက်ပါတယ်။

လေထဲလွင့်တက်လာတဲ့ အသံဟာ အတိုင်းသား

မေ့မရတဲ့ မနက်ဖြန်မှာ

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။   ။

                                    ခန့်မင်းထက်

                                    ဒီဇင်ဘာ၊ ၂၀၀၆၊ ဧကရာဇ်မဂ္ဂဇင်း

ဇာတ်လမ်းပမာ

စိတ်ကူးနဲ့တင် ပျက်ကျတော့တာပဲ ကိုယ့်မှာ

တောက်ထုတ်လိုက်တော့

အမှန်တရားက ခင်ဗျားလက်ကို မီးစွဲနေပြီ။

 

တရွေ့ ရွေ့ ဆိုတာ

နောက်ကျောကို ထိုးမယ့်ဓား

ဒီမှာကိုယ့်လူ

ခင်ဗျားကသာ လွမ်းနေရတာ

သူ့ခမျာ လေ လေးများတောင် ချွန်လို့။

 

နှစ်ပေါင်းများစွာ

ဘ၀ပေါင်းများစွာ

ကိုယ်တို့ကြည့်ချင်တဲ့ ရုပ်ရှင်ဟာ

စွယ်တော်ရွက်ကလေးလို့ ခေါင်းစဉ်တပ်ထားတယ်။

 

ရွှေတောင်ပံတွေလဲ မလိုတော့ပါဘူး

ခေတ်ကခေတ်လိုလွင့်ပါစေသား

အချစ်က အချစ်လို ပွင့်ပါစေသား။        

ခန့်မင်းထက်

Comments