မြတ်ဝေ

ကဗျာ၊ ကဗျာဆရာ နှင့် ခေတ်

1675days since
ခေတ်ကျန်ကဗျာများ စဖွင့်တာ

Recent site activity

မြန်မာကဗျာရဲ့ အသက်ဓာတ်

မောင်ချောနွယ်

ဗမာမလေး

2942days since
မြတ်ဝေ(ဂန့်ဂေါ) ကလောင်နဲ့ ရယ်စရာရသစုံမဂ္ဂဇင်းမှာ ကဗျာစပါတာ

ပိတောက်ပွင့်သစ် ကဗျာခေတ်

2722days since
လရောင်ကိုပျိုးသော ချစ်သူ၏နှုတ်ခမ်းရာများ pamphlet ကဗျာစာအုပ်လေး စထုတ်တာ

2473days since
`သူ့ဆံနွယ်လေးအဝေးမှာ´ pamphlet ကဗျာစာအုပ်လုပ်ဖြစ်တာ

1958days since
`တဖြည်းဖြည်းနဲ့ဝေးသွား´ pamphlet ကဗျာစာအုပ် ထုတ်ဖြစ်တာ

1659days since
`နောက်ထပ်ရောက်ရှိမလာသေးမီ´ pamphlet ကဗျာစာအုပ်ထုတ်တာ

1571days since
ခေတ်ပြိုင် မြန်မာလူငယ်ကဗျာဆရာများနှင့် ကဗျာဒိုင်ယာလော့ဂ် Teen မဂ္ဂဇင်းမှာပါတာ

ဟိန်းမြတ်ဇော်



နံရံမှာ လူငယ်တစ်ယောက်ရဲ့ဇာတ်ရှိန်နဲ့ ခရမ်းရောင်ဖွဲ့နွဲ့မှုတွေရှိတယ်


အိပ်မပျော်တဲ့ညတွေမှာ တိုးတိုးလေးရေရွတ်နေတယ်
ညတာရှည်လွန်းတဲ့ ချောက်ချားဖွယ်အတွေးတွေနဲ့သူ့ ညထဲ
ဂျပန်ဓားအဟောင်းကြီးတစ်လက်ကိုချိတ်ဆွဲထားတယ်
သူ့ မှတ်တမ်းစာအုပ်ကြီးကို ဖွင့်လိုက်တယ်
အခန်းတစ်ခန်း အပိုရထားတဲ့ အလွမ်းက
ဖယောင်းတိုင်မီးအလင်းရောင်နဲ့
သူ့နှုတ်ခမ်းတွေတဆတ်ဆတ်တုန်လို့
တစ်ခန်းလုံး အမှောင်ကျသွားတဲ့အထိ ငိုတယ်
မင်းတို့ကို ဒီစကားတွေ ဘယ်သူပြောခိုင်းလိုက်တာလဲလို့
ခေါင်းမဖော်ရဲတဲ့ အလွမ်းဘဝနဲ့
သူ့အိပ်ရာသူဓားနဲ့ ခွဲချရင်းပြောလိုက်တယ် ။

ဆောင်းတွင်းကြီးထဲထိုင်လို့
နွေဦးရာသီထဲရောက်သွားတယ် ။

ဟိန်းမြတ်ဇော်
မိုးများရွာသွန်းပြီးနောက်ကဗျာစာအုပ်မှ

ဒီကဗျာ ဒီမှာဆုံးပါတယ်

အမှတ်မထင်
ဝင်တိုက်မိတဲ့မထင်မှတ်မှုကနေ
နာမည်တစ်လုံးရလာတယ်။
ဘ၀တစ်လျှောက်လုံး
ခင်ဗျားတို့ချည်းပဲ
မီးနဲ့အဆေးခံနေရတယ်လို့ မထင်နဲ့။
ကျွန်တော့်မှာ အကြံပေးစရာမရှိဘူး။
လမ်းလယ်ကောင်မှာ ရပ်ရင်း
လမ်းခွဲခံရတဲ့စိတ်နဲ့ ၀ါယာတွေရှော့ခ်ဖြစ်လို့
ခင်ဗျားမလိုတာတွေ အကုန်လုံး
ကျွန်တော်ကိုယ်မှာ ပျားစွဲလို့
မတော်တဆမှုနဲ့ တရားဘယ်နှကြိမ်
နေ့ပေါင်း၊ ညပေါင်း၊ လူငယ်ဘ၀အပေါင်း (+) (-)
ခွေးများ၊ သွားများ၊ စိပ်များ
မနက်ဖြန်မှာ ကျွန်တော်လာလို့မရဘူး။
မေ့ဆေးနဲ့အပက်ခံရတယ်
အထူးသဖြင့် အခုလို ၂၁ ရာစု
အသက်ရှုဖို့မေ့နေတဲ့ ဒီကဗျာ။
ဒီမှာဆုံးရမယ်လို့
လျှောကျသွားတဲ့ နေလုံးကြီးကိုကြည့်ပြီး
ဒီကဗျာ ဒီမှာဆုံးလိုက်တယ်။ ။

၂၀၀၇-မတ်လ-ရုပ်ရှင်တေးကဗျာ


မိတ်ဆွေများသို့ 


လေထဲမှာ ကြိုးကြာငှက်တွေပျံဝဲလို့
ခင်ဗျားတို့တယ်လည်း ကြိုးစားကြပါလား
…………မှ
……………. ဟိန်းမြတ်ဇော်

ဟိန်းမြတ်ဇော်
မတ်လ ၂၀၀၉
ပိတောက်ပွင့်သစ်မဂ္ဂဇင်း။


Comments