Site owners

  • Thar Lay

Page authors

  • Thar Lay
    March 30, 2014
Road Works‎ > ‎

ပလက်ဖောင်းတုံးများ နှင့် လူသွားစင်္ကြန်များ

ကျနော်ဒီနေ့တင်ချင်တဲ့ postက Kerbs and pedestrians Platforms (လူသွားစင်္ကြန် နဲ့ ပလက်ဖောင်းတုံးတွေ) အကြောင်းပါ။


မနေ့က ကျနော်ပန်းဆိုးတန်းဘက်ရောက်တော့ ပဒုမ္မာဆိုင်နံဘေးမှာ စည်ပင်က ပလက်ဖောင်းနဲ့ ရေမြောင်း အသစ်လုပ်နေတယ်။ ပလက်ဖောင်းက လမ်းထက် ()ပေအမြင့် အကျယ်()ပေ၊ ရေမြောင်းက ()ပေကျယ်၊ ()ပေခန့်နက်တယ်။

မကျွမ်းကျင်တဲ့ကားတစ်စီးက နောက်ဆုတ်တော့ ကားအောက်က အိတ်ဇောနဲ့ မဆာလာမခြောက်သေးတဲ့ တုံးနဲ့ တိုက်မိပြီး တုံးသဏ္ဍာန်စီထားတဲ့ အုတ်ရိုးငယ်က ပြိုသွားရော။

Why this accident happen..?

အဖြေကို ကြိုးစားရှာကြည့်တော့ ဒါတွေသွားတွေ့တယ်။

(၁) ကားငယ်ရဲ့နောက်ဘီးနဲ့ ပလက်ဖောင်းတုံးတိုက်မိသည်အထိ ကားရဲ့နောက်မြီးဟာ ပလက်ဖောင်းရဲ့ အထက်မှာ လွတ်နေသင့်တယ်။

(၂) တကယ်လို့ ပလက်ဖောင်းရဲ့အမြင့်ဟာ ယခုပမာဏရှိမှရမယ့် ခြွင်းချက်အခြေအနေရှိနေရင် ကာ နောက်ဆုတ်ချိန် ပလက်ဖောင်းနဲ့ ကားနောက်မြီးမတိုက်မိအောင် ဘီးကိုတားထားမယ့်တုံး ခံထားပေး ရမယ်။

(၃) ကားမောင်းသမားဟာ နောက်မှာပလက်ဖောင်းရှိတာကို အသေအချာသိရဲ့သားနဲ့ ကားနဲ့ပလက်ဖောင်း နီးကပ်လာချိန်မှာ မျက်စိဖြင့် တည့်ကြည့်ဘို့ (နောက်ကြည့်မှန်မှတစ်ဆင့်မဟုတ်ဘဲ) ပျက်ကွက်ခဲ့တယ်။

(၄)ကားပါကင်ခကောက်ခံသူက အခြားကားတစ်စီးကို ငွေကောက်ခံနေချိန်ဖြစ်လို့ ကားဆုတ်ချိန် ကြည့်ပေးဘို့ ပျက်ကွက်ခဲ့တယ်။

ကားမောင်းသမားလား ? ကားရပ်နားခကောက်ခံသူလား? ပလက်ဖောင်းခင်းနေတဲ့ ပန်းရန်ဆရာလား ? အနားမှာကြီးကြပ်နေတဲ့ စည်ပင်အရာရှိလား ?

တစ်ဦးမှ မဟုတ်ပါဘူး။

စံနစ်ပါ။

စည်ပင်သာယာရေးအဖွဲ့လက်စွဲ စံချိန်စံညွှန်းသတ်မှတ်ချက် ( Municipal Construction Standards ) မရှိတာ (သို့မဟုတ်) ရှိရဲ့သားနဲ့ ချောင်ထိုးထားတာပါ။


လူသွားစင်္ကြန်

လူသွားစင်္ကြန်တွေ ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။


() သာမာန် ကွန်ကရိခင်းစင်္ကြန်

() အလှဆင်ထားသော စင်္ကြန်

() အရိပ်အာဝါသ ဖန်တီးပေးထားသော စင်္ကြန်

() မိုးပျံစင်္ကြန် ( Overhead pedestrian bridge )

() မြေယာအလှဆင်ထားသော စင်္ကြန်စသည်ဖြင့် ရှိနိုင်ပြီး

အခြားသောပုံစံတွေလည်း ရှိနိုင်ပါသေးတယ်။

ဒီနေရာမှာကျနော် အဓိကတင်ပြချင်တဲ့ စင်္ကြန်အမျိုးအစားက အမှတ်စဉ်()ပါ သာမာန်စင်္ကြန်မျိုးပါ။

 



() သာမာန် ကွန်ကရိခင်းစင်္ကြန်


အကျယ်အ၀န်း နှင့် အတိုင်းအတာ

အကျဉ်းဆုံးဆိုတဲ့ စင်္ကြန်တစ်ခုဟာ ()ပေထက်တော့ မကျဉ်းသင့်တော့ပါဘူး။ ဒါဟာ လူသွားလူလာ အင်မတန် နည်းတဲ့နေရာမှပါ။

ပုံမှန်မြို့လည်ခေါင် လူသွားပလက်ဖောင်းတစ်ခုဟာ (၁၀)ပေစံထားသင့်ပါတယ်။ ဒါတောင် ပလက်ဖောင်းပေါ် ဈေးသည်တွေကို ထည့်မတွက်ထားသေးဘူး။

ကုန်တိုက်နဲ့ စတိုးတွေအများဆုံးရှိတဲ့ Business District တွေမှာ ဘေးကအဆောက်အဦးတွေရဲ့ ဆင်ဝင်ဧရိယာမပါ လမ်းဘေးဈေးသည်တွေရဲ့ဈေးဆိုင်နေရာမပါ (၂၀) ပေ စံထားသင့်ပါတယ်။

ဘတ်(စ)ကားဂိတ် ရှိတဲ့နေရာတွေမှာ ရပ်စရာနေရာ ချန်ပေးသင့်ပါတယ်။

အမြင့်


ပလက်ဖောင်းတစ်ခုကို (၇)လက်မ အမြင့်သာ စံထားရပါမယ်။ 
ထို့ထက်ပို၍ (၈)လက္မ အထိ အချို့နေရာများတွင် သုံးနိုင်ပါသေးသည်။

အကြောင်းက ဘတ်(စ)ကားဂိတ်ထဲ ကားဝင်လာတဲ့အခါ ၉-လက်မ၀န်းကျင်ရှိတဲ့ ဘတ်စကားအောက်ပိုင်းနဲ့လွတ်အောင်လို့ပါ။

နောက်တစ်ကြောင်းကလည်း လူစီးယာဉ်ငယ်များနောက်ဆုတ်တဲ့အခါ ကားအိတ်ဇောပေါက်နဲ့ လွတ်အောင်လို့ပါ။


 
ကျနော်တို့ရွှေမြို့တော်ကြီးမှာတော့ အမြင့်(တစ်)ပေကို စံထားလုပ်နေတာကို မြို့အနှံ့တွေ့နေရပါတယ်။

သာမာန်လူတွေတောင်မှ (၉)လက်မထက် ကျော်တဲ့ လှေခါးကိုဆင်းရတာ ခက်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေအဖို့ တစ်ပေထုရှိတဲ့ ပလက်ဖောင်းပေါ်ကဆင်းဘို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။


Safety

မော်တော်ယာဉ်များ အရှိန်ပြင်းပြင်းမောင်းနှင်နေတဲ့ လမ်းမကြီးတွေရဲ့ တစ်ဖက်တစ်ချက်မှာရှိတဲ့ လူသွားစင်္ကြန်တွေဟာ သံမဏိဆိုင်းကြိုး တွေနဲ့ကာရံထားပေးရပါမယ်။ ဒီလိုကာရံထားခြင်းအားဖြင့် ကားလမ်းပေါ်လူဆင်းလျှောက်ခြင်း၊ ခြေချော်ပြီး လမ်းပေါ်ကျခြင်းကို ကာကွယ်ရန်ပါ။ အကုန်အကျ သက်သာအောင်လို့ ပုဏ္ဍရိတ်ပင်တွေကို စည်းရိုးသဖွယ် စိပ်စိပ်စိုက်ထားလို့လည်းရပါတယ်။ ဟိုင်းဝေးလမ်းတွေပေါ်က အလယ်ကျွန်းတုံးတွေပေါ်မှာလည်း ပုဏ္ဍရိတ်ပင်စည်းရိုးဟာ အသုံးဝင်ပါတယ်။ လမ်းတစ်ဖက်က ကားတွေရဲ့ မီးကြီးကြောင့် အခြားတစ်ဖက်က ယာဉ်မောင်းတွေမျက်စေ့ မပြာရအောင် ကာကွယ်ပေးပါတယ်။




ဆင်ခြေလျှော

ပလက်ဖောင်းတစ်ခုရဲ့တစ်ဖက်တစ်ချက်စီဟာ ဆင်ခြေလျှောနဲ့ အဆုံးသတ်ပါတယ်။ ဒီဆင်ခြေလျှောဟာ (၁၅) ဒီဂရီထက်ပိုမမတ်သင့်ပါဘူး။ မိုးတွင်းအခါ ခြေချော်ကျခြင်းမှိခန့်သာရိ ကာကွယ်ရန် အဖုကြမ်းကလေးများပါသော ကြမ်းခင်းကြွေပြားခင်းထားပေးသင့်ပါတယ်။ အများအားဖြင့်တော့ ပလက်ဖောင်းတစ်လျှောက် ဆင်ခြေလျှောများသည် ၁၀ ဒီဂရီသာ ထားရှိတတ်ကြပြီး၊




တည်ဆောက်ပုံ

ပလက်ဖောင်းများ ကို ရေရှည်တည်တံ့ခိုင်မြဲဖို့ သံကူကွန်ကရိ ဆလပ်များ ခင်းထားလေ့ရှိကြပါတယ်။
သတ်မှတ်ထားသော ပလက်ဖောင်းမျက်နှာပြင်အပေါ်မှ အနည်းဆုံး(၆)လက်မထုအထိ မြေကြီးကို လွှာထုတ်ပြီး
(၂)လက်မထုသဲခင်းကာ leveling (ပြင်ညှိခြင်း) လုပ်ရပါတယ်။ ပြီးရင် သဲများသိပ်သွားစေရန် ရေပါးပါးဖြန်းပြီး
(၁)လက်မထု (၂)လက်မ ပတ်လည်ရှိတဲ့ ကြိုတင်လောင်း ကွန်ကရိတုံ:လေးများကို သံကူဇကာကွက်အောက်ခြေမှာ သင့်သလို နေရာချပေးရပါမယ်။

B-5 အရွယ်ရှိတဲ့ သံဇကာကွက်ကို လိုအပ်သလိုဖြတ်တောက်ပြီး ခင်းကာ အောက်ခံဘလောက်တုံးငယ်များဖြင့် တွဲဆက်ပေးရပါမယ်။

သက်ဆိုင်ရာ QC အရာရှိကစစ်ဆေးပြီးရင်လောင်းရန်အသင့်ဖြစ်ပါပြီ။
လောင်းရမယ့်ထုက (၄)လက်မ ထုပါ။


ပလက်ဖောင်းတုံးများ



ပြီးခဲ့တဲ့ (၂၀၁၁)ခုနှစ်အတွင်း ဟိုင်းဝေးလမ်းမကြီးများပေါ်မှာ ပြန်လည်ပြုပြင်ခဲ့တဲ့ လမ်းလယ်ကျွန်းကိုကာရံထားတဲ့ တုံးတွေဟာ ပြုလုပ်နေဆဲကာလမှာဘဲ နေရာတော်တော်များများမှာ ပြန်လည်ပြိုကျခဲ့တာကို သတိထားမိပါတယ်။ နေ့ခင်းဆိုရင် မြင်သာထင်သာရှိသော်ငြားလည်း ညအခါမှာတော့ အန္တရာယ်ရှိလို့ အတွေ့အကြုံရှိတဲ့ ယာဉ်မောင်းတွေဟာ အလယ်ကျွန်းတုံးနဲ့ ယာဉ်ကြောတစ်ကြောစာ ခွာပြီးမောင်းကြရပါတယ်။ အခုဆိုရင် ကျွန်းလယ်မှာစိုက်ထားတဲ့ အပင်တွေဟာ မြင့်တက်လာပြီဖြစ်လို့ တစ်ဖက်ယာဉ်ကြောမှ ကားများက မီးကြီးထိုးထားတဲ့အခါ လမ်းကို ပြတ်ပြတ်သားသားမမြင်ရတော့ပါဘူး။ ထိုအခါ အလယ်ကျွန်းတုံးတွေ ဘယ်နေရာမှာ ပြိုကျနေမှန်းမသိနိုင်တာမို့ ခွာပြီးမောင်းကြရတာပါ။ အတွေ့အကြုံနည်းတဲ့ ယာဉ်မောင်းများအဖို့ အန္တရာယ်ကြီးလှပါတယ်။

မေးခွန်းက ဘာလို့ အသစ်စက်စက်ကျွန်းတုံးတွေဒီလိုပျက်စီးရတာလဲလို့ပါ။

ကျွန်းတုံးတွေကိုပြုပြင်ဘို့ ပြည်သူ့ဆောက်လုပ်ရေးက ဒေသခံပန်းရန်အဖွဲ့များကို ငှားရမ်းတာဝန်ပေးပါတယ်။ လိုအပ်တဲ့ ပစ္စည်းကိုဋ္ဌာနမှပံ့ပိုးပါတယ်။
ထိုကျွန်းတုံးများကို ကတ္တရာလမ်းပေါ် ဘိလပ်မြေမဆလာခင်းကာ သာမာန်အုတ်ရိုးစီသလိုစီပါတယ်။ တစ်တုံးနဲ့ တစ်တုံးကြားကို နှာပေါက်ပိတ်ပါတယ်။ ၂၅၀ကီလိုလောက်လေးတဲ့ အဲဒီဘလောက်တုံးဟာ မလုံလောက်တဲ့ တွဲဆက်မှုတွေနဲ့ ထောင်ရက်သားကလေးရှိနေပါတယ်။ ကားကြီးတွေဘီးနဲ့ ပွတ်မိတာကြောင့်ဘဲဖြစ်စေ၊ လမ်းရဲ့တုန်ခါမှုကြောင့်ဖြစ်စေ တွဲထားတဲ့မဆလာသားနဲ့ ကွာထွက်သွားပြီး လမ်းပေါ်ကို လဲကျလာပါတော့တယ်။
ငွေကြေး၊ အချိန်၊ ပစ္စည်း အားလုံးဆုံးရှုံးပြီးရင်း ဆုံးရှုံးရပါတယ်။

ဆိုလိုချင်တာက ထိုကျွန်းတုံးမပြိုကျအောင် သေချာတဲ့ဖောင်ဒေးရှင်းတစ်ခုအတွင်း ကျွန်းတုံးအောက်ခြေကို ထည့်သွင်းမြှပ်နှံပေးရပါမယ်။

ရန်ကုန်မြို့နေရာအနှံ့မှာ ပြင်ဆင်နေတဲ့ ပလက်ဖောင်းတုံးတွေကတော့ ပုံစံစုံပါဘဲ။ တစ်ချို့နေရာမှာ ကြိုတင်ပုံလောင်း ကွန်ကရိဘလောက်တွေသုံးသလို အချို့နေရာတွေမှာလည်း အုတ်ရိုးစီပြီး ပလက်ဖောင်းလုပ်နေကြပါတယ်။
တူတာတွေကတော့ အမြင့်ဟာ (၁)ပေ စံထားပြီး လမ်းပုခုံးသားပေါ်တင်စီနေတာပါဘဲ။

တည်ဆောက်ပုံ



ပလက်ဖောင်းတွေကို တည်ဆောက်တဲ့အခါ ပလက်ဖောင်းအပြင်နှခမ်းမှ (၆)လက်မ၊ အတွင်းနှခမ်းမှ (၆)လက်မ၊ ပလက်ဖောင်းတုံး၏ဗျက် (၆)လက်မ ၊ စုစုပေါင်း(၁၈)လက်မ ကျယ်ပြီး အနက်(၁)ပေရှိတဲ့ကျင်းကို ပလက်ဖောင်းတုံးစီမယ့် လမ်းကြောင်းတစ်လျှောက်တူးပေးရပါမယ်။
 ပြီးရင်အဲဒီကျင်းတစ်လျှောက် readymixed concrete ကိုလမ်းနှခမ်းမှ ၁လက်မခွဲ ၂လက်မလောက် ဟိုက်ပြီး ဖြည့်ထားရပါမယ်။

 ပြီးရင် ပလက်ဖောင်းတုံးတွေကို လူနှစ်ယောက်က သံချိတ်(၂)ချောင်းစီဖြင့်မပြီး  ကျင်းထဲကို ချပေးရပါမယ်။ အဲဒီဘလောက်တုံးကိုမှ လိုအပ်တဲ့ လမ်း မျက်နှာပြင်မှအမြင့် (၆)လက်မရောက်အောင်ညီသွားအောင် သံတူရွင်းနဲ့ ညှိပေးရပါမယ်။
 နောက်ဆုံးအဆင့်ကတော့ တုံး(၂)တုံးကိုခွပြီး ၂x၁ လက်မတုံးနဲ့ အလျားအတိုင်းညီအောင်တူနဲ့ သာသာထုကာ ညှိပေးရပါတယ်။ တစ်တုံးနဲ့တစ်တုံးကြားဟနေတဲ့ လက်မ၀က်နေရာကိုတော့ နောက်တစ်နေ့ ကွန်ကရိခြောက်သွားမှ နှာပေါက်သိပ်ပေးရုံပါဘဲ။

အခုအခါ လမ်းထက် (၆)လက်မမြင့်တဲ့ ပလက်ဖောင်းတုံးများကို ရရှိပါပြီ။

ဒီနောက်တော့ ရေမြောင်းနဲ့ ပလက်ဖောင်းတုံးကြားမြေပြင်ကို မြေညှိပြီး ပန်းစိုက်မြက်ခင်းဖြစ်စေ၊ သံဇကာခင်းပြီး ပလက်ဖောင်းဖြစ်စေ  အလိုရှိသလို အသုံးချနိုင်ပါပြီ။


တကယ်တော့ ဒီနည်းဟာအဆန်းမဟုတ်ပါဘူး။ အခုအသစ်လုပ်ဘို့ ပလက်ဖောင်းတုံးအဟောင်းတွေကို ပြန်ဖော်နေတဲ့နေရာတွေမှာ အထက်ပါနည်းစံနစ်နဲ့ အလားတူ ပြုလုပ်ထားတာကို တွေ့ရပါတယ်။